နှစ်လအတွင်း ထုတက်စေမည့် နိုင်ဦး—119၏ ပရိုရမ်
Home > နိုင်ဦး စာမျက်နှာ > နှစ်လအတွင်း ထုတက်စေမည့် နိုင်ဦး—119၏ ပရိုရမ်တင်ဆက်သူ — နိုင်ဦး(119)(intensemuscle@gmail.com)
ကျွန်တော်တို့ ကာယဗလသမားများ၏ ရည်ရွယ်ချက်မှာ မည်သည့် အဆင့်ပဲ ရောက်ရောက်ကြီး
ထွားလိုသည်ထက် ကြီးထွားလိုသည်မှာ သဘာဝဖြစ်သည်။ အခြေခံအဆင့်များ မဆိုထားနှင့်
အဆင့်မြင့် ကာယဗလသမားများပင် ထိုလောဘ ရှိတတ်ကြသည်မှာ သဘာဝဖြစ်သည်။ သို့ 
သော် သင်တစ်ကယ်လိုချင်သော ထုတင်သည့် ပရိုဂရမ်ကို မည်သူပေးနိုင်ပါသနည်း။ မိတ်ဆွေ
ကျွန်တော်သည်ကမ္ဘာကျော်ကာယဗလပရိုဂရမ်များစွာကိုလေ့လာကာစမ်းသပ်ခဲ့ဖူးပါသည်။
အချို့ မှာကျွန်တော်တို့ အတွက်လုံးဝမသင့်လျော်ဘဲ၊အချို့ မှာအနည်းငယ်ထူးခြားပြီး၊အချို့ မှာ
အလွန်ကောင်းပါသည်။သို့ သော်ထိုကောင်းလွန်းပါသည်ဆိုသောပရိုဂရမ်သည်ကျွန်တော်
တို့ အတွက်လက်တွေ့ တွင်သိပ်အကျိုးမပြုသည်ကိုကျွန်တော်သတိထားမိပါသည်။အဖြေ
မှာအာဟာရခြင်းမတူသောကြောင့်ဖြစ်သည်။ထို့ ကြောင့်ကျွန်တော်တို့နိုင်ငံရှိမည်သည့်အဆင့်
ရှိကာယဗလသမားများအတွက်မဆိုသင့်လျော်သောပရိုဂရမ်တစ်ခုကိုကျွန်တော်တီထွင်ထား
ပါသည်။ထိုပရိုဂရမ်ဖြင့်ကျွန်တော်သည်တစ်လခွဲအတွင်းခြောက်ပေါင်လောက်ထုတက်ခဲ့ပါ
သည်။ကျွန်တော့်သင်တန်းမှသင်တန်းသားအများစုကိုလည်းစမ်းသပ်လေ့ကျင့်စေခဲ့ရာ
အလွန်အကျိုးထူးသည်ကိုတွေ့ ရပါသည်။အကြိမ်ကြိမ်စမ်းသပ်ပြီးသောပရိုဂရမ်ဖြစ်သည်။
ဤပရိုဂရမ်၏အဓိကထူးခြားချက်မှာလေ့ကျင့်မှု့ ပမာဏ(training volume) ကိုသိပ်မများ
စေပဲသင့်လျော်သောညှစ်အား(medium intensity )ဖြင့်သာလေ့ကျင့်ခြင်းကြောင့်များစွာ
မပင်ပန်းဘဲကယ်လိုရီလောင်ကျွမ်းမှု့ လည်းနည်းသောကြောင့်အာဟာရပိုင်းအားနည်းသော
ကျွန်တော်တို့ ကာယဗလသမားများအတွက်အထူးသင့်လျော်ပါသည်။သို့ သော်ထိုပရိုဂရမ်ကို
နှစ်လလောက်သာလေ့ကျင့်သင့်ပါသည်။မည်သည့်ပရိုဂရမ်မဆိုနှစ်လလောက်သာ
သင့်ကြွက်သားကအလုပ်လုပ်သည်။ထို့ ထက်ပိုပါသင့်ကြွက်သားများက adapt မလုပ်တော့ပါ။ထို့ 
ကြောင့်အကျိုးမပြုပါ။ကျွန်တော့်ပရိုဂရမ်ကိုယုံကြည်သူများလေ့ကျင့်နိုင်ပါသည်။မယုံကြည်သူ
များအတွက်ကားပြောစရာမရှိပါ။အကောင်းဆုံးသောအရာကိုအပင်ပန်းခံကာသင်တို့ အတွက်
ပေးဆပ်ခြင်းကိုလက်မခံပါကလည်တီဆရာတော်ပြောသကဲ့သို “့အခွင့်သာခိုက်မှမလိုက်ချင်
လျင်အမိုက်နင့်အပြင်ရှိလိမ့်လေလား “လို့ သာမေးလိုက်ချင်ပါသည်။
ကျွန်တော့်ပရိုဂရမ်ကတော့လေးရက်ကစားသုံးရက်နားဖြစ်ပါတယ်။လေးရက်စလုံးကို
တစ်ဆက်ထဲမကစားဘဲနှစ်ရက်ကစားတစ်ရက်နား၊နောက်နှစ်ရက်ကစားနှစ်ရက်နားပါ။
ဒါမှကြွက်သားများဟာလုံလုံလောက်လောက်အနားရပြီးကြီးထွားလာမှာပါ။
ပထမနေ့ —–ရင်အုပ်+ပခုံး+လက်မောင်းနောက်
ရင်အုပ်—–ဘားရှည်ရင်အုပ်တွန်း ၃ကျော့ 12,10,8 ကြိမ်
Barbell bench press
ဘားတိုရင်အုပ်ပူးဆွဲ ၃ကျော့ 12,10,8 ကြိမ်
Dumbbell pullover
ပခုံး—–ဘားတိုဆုံတွန်း ၃ကျော့ 12,10,8 ကြိမ်
Seated dumbbell press
ဘားတိုခါးကိုင်းငှက်ပျံ ၃ကျော့ 12,10,8 ကြိမ်
Bent over lateral raise
လက်မောင်းနောက်—–
ခုံနှစ်ခုံအတွင်းလက်ထောက်တွန်းတင် ၃ကျော့ 12,10,8 ကြိမ်
Bench dips
ထိုင်လျက်ဘားတိုတက်ဖက်ချင်း ၃ကျော့ 12,10,8 ကြိမ်
လက်မောင်းနောက်သားဆန့် 
Seated one arm dumbbell tricep extension
ဒုတိယနေ့ —–ပေါင်+ခြေသလုံး+၀င်း+ လက်မောင်းရှေ့ 
ပေါင်——-အလေးထမ်းအပြည့်ထိုင်ထ ၃ကျော့ 12,10,8 ကြိမ်
Barbell full squat
မှောက်လျက်အိပ်ပေါင်နောက်ကွေး ၃ကျော့ 12,10,8 ကြိမ်
Lying leg curl
ခြေသလုံး—–အလေးထမ်းခြေဖျား ၃ကျော့ 12,10,8 ကြိမ်
ထောက်ကြွ
Standing calf raise
ဝင်း——စက်သီးကြိုးခေါင်းနောက်ဆွဲချ ၃ကျော့ 12,10,8 ကြိမ်
Cable pull down to back
T-bar ခါးကိုင်းဆွဲ ၃ကျော့ 12,10,8 ကြိမ်
T-bar row
လက်မောင်းရှေ့ —ဘားရှည်လက် ၃ကျော့ 12,10,8 ကြိမ်
မောင်းရှေ့ ကွေး
Standing barbell curl
ဘားတိုလက်မောင်းအပြင်ကွေး ၃ကျော့ 12,10,8 ကြိမ်
Dumbell hammer curl
တတိယနေ့ ————-နားပါ
Rest
စတုတ္ထနေ —-့ရင်အုပ်+ ပခုံး+ ဂုတ်+် လက်မောင်းနောက် +လက်ဖျံ +၀မ်းဗိုက်
ရင်အုပ်—–ဘားရှ ည်ရင်အုပ်အပေါ်တွန်း ၃ကျော့ 12,10,8 ကြိမ်
Incline barbell press
နှစ်တန်းဘားတွန်းတင် ၃ကျော့ 12,10,8 ကြိမ်
Parallel bar dips
ပခုံး—–ဘားရှည်ဆုံတွန်း ၃ကျော့ 12,10,8 ကြိမ်
Barbell military press
ဘားတို ဘေးတိုက်ပျံ ၃ကျော့ 12,10,8 ကြိမ်
Dumbbell lateral raise
ဂုတ်—-ဘားရှည်ဆုံကျုံ့  ၃ကျော့ 12,10,8 ကြိမ်
Barbell shrug
လက်မောင်းနောက်——ပက်လက်မအိပ် ၃ကျော့ 12,10,8 ကြိမ်
ez bar လက်မောင်းနောက်သားဆန့် 
Ez-bar tricep extension
စက်သီးကြိုးလက်မောင်းနောက်သားဖိချ ၃ကျော့ 12,10,8 ကြိမ်
Cable press down
လက်ဖျံအပြင်ကွေး ၃ကျော့ 15,12,10 ကြိမ်
Reverse wrist curl
ဝမ်းဗိုက်—-တန်းခိုခြေမြှောက် ၃ကျော့ 25-20 ကြိမ်
Hanging leg raise
ပဉ္စမနေ့ —–ပေါင် +ခြေသလုံး +၀င်း +လက်မောင်းရှေ့  +လက်ဖျံ +၀မ်းဗိုက်
ပေါင်—ပက်လက်အိပ်ပေါင်ကန် ၄ကျော့ 12,10,8,12ကြိမ်
Leg press
ခုံပေါ်တက်ပေါင်နောက်
ခါးကိုင်းဆွဲဆန့်  ၃ကျော့ 12,10,8 ကြိမ်
Stiff leg dead lift
ခြေသလုံး—-ခါးကိုင်းခြေဖျားထောက်ကြွ ၃ကျော့ 12,10,8 ကြိမ်
Donkey calf raise
ဝင်း—-လက်ပက်လက်စက်သီးကြိုး ၃ကျော့ 12,10,8 ကြိမ်
ခေါင်းရှေ့ ဆွဲချ
Underhand girp cable pull down
ဘားတိုတစ်ဖက်ချင်ဝင်းဆွဲ ၃ကျော့ 12,10,8 ကြိမ်
Dumbbell row
လက်မောင်းရှေ့ —ခုံစောင်းမှီဘားတို ၃ကျော့ 12,10,8 ကြိမ်
လက်မောင်းရှေ့ တစ်ဖက်ချင်းကွေး
Dumbbell peacherl curl
လက်ပက်လက်အကျဉ်းတန်းခို ၃ကျော့ 12,10,8 ကြိမ်
Close girp underhand pull-ups
လက်ဖျံ —လက်ဖျံကွေး ၃ကျော့ 15,15,12ကြိမ်
Wrist curl
ဝမ်းဗိုက်—အိပ်ထမတင် ၃ကျော့ 20,25 ကြိမ်
Crunch
ဆငှမနေ့ —–နား
သတ္တမနေ့ —နား
ပရိတ်သတ်များခင်ဗျာ-အခုကျွန်တော်ရဲ့ ထုတင်နည်းပရိုဂရမ်ပြီးပါပြီ။ခင်ဗျားတို့ သိချင်တာများ
ရှိပါကကျွန်တော့်မေးလ်းကိုဆက်သွယ်နိုင်ပါသည်။personal training များအတွက်သိရှိလိုပါ
ကဖုန်း -722046 သို့ နံနက် 8-နာရီမှ ည 9-နာရီအတွင်းဆက်သွယ်နိုင်ပါသည်။
တင်ဆက်သူ—-
နိုင်ဦး—-119
Related posts:













။ကျွန်တော် ဒီလမှာ မဆယ်တိုးတက်မှုမရှိဘူး။ဒါကြောင့် ပရိုဂမ်ကို ပြောင်း ကစားကြည့်ချင်နေတာ။(ကြိုက်တယ်)ကိုနိုင်ဦး ပရိုဂမ် အတိုင်း ကျွန်တော်ကစားမယ်ဗျာ။ တိုးတက်မှုရှိလျင် ဒီပရိုဂမ်ကို ကာယဗလသမားများအတွက် တစ်ဆင့် မျှဝေမယ်။ ကာယဗလ အကျိုးပြုလုပ်ငန်းများတွေ အပင်ပန်းခံ ရေးသားပေးတဲ့ ကိုနိုင်ဦးတို့ကို
ထာဝရအားပေးလျက်
kawhmu
အရမ်းကောင်းပါတယ်အကို ကျေးဇူးလည်းအများကြီးတင်ပါတယ်အကိုတို. သုံးယောက်စလုံးကို တော်တော်လေး ချီးကျူးပါတယ်ဗျာ အမြဲတမ်းလည်း အားပေးနေပါတယ် ဒီထက်မက ဒီဆိုဒ်ကြီးလည်း အောင်မြင်ပါစေ ကိုအောင်အောင် ရဲ. ပြိုင်ပွဲ ဆောင်းပါလေးက တော်တော် ကောင်းပါတယ်အသေးစိတ်ကို ရေးထားတာ လေးစားတယ်ဗျာ အကိုတို.ကို ဒီလိုစိတ်ဓာတ်မျိုးက ရှားပါတယ် အပင်ပန်းခံပြီးပြုစု ပေးထားတာတွေအတွက် ကျေးဇူးပါ နောင်လည်း ဒီလို ပို.စ် ကောင်းကောင်း လေးတွေ တင်ပါ ဘော်ဒါတွေလည်း ပြောလိုက်ပါမယ်
ကောင်းပါတယ်ကိုနိုင်ဦး နည်းစနစ်ပိုင်းတွေနဲ.ပတ်သက်ပြီး အခုလိုမျိုးတင်ပြပေးတာအများကြီးကျေးဇူးတင်ပါတယ် အကိုလိုမျိုးလေ.လာမှုအားကောင်းတဲ.လူ ဟာရှားပါတယ် မြန်မာပြည်ကနာမည်ကြီးနည်းပြတွေတောင်မှ အကိုလောက် ဗဟုသုတ ရှိမယ်လို.မထင်ပါဘူးကောင်းတယ်ဗျာ အခုလိုမျိုး ပရိုဂရမ် လေးတွေ ချပြပေးတာကျေးဇူးအများကြီးတင်ပါတယ် အကိုအနေနဲ.အလုပ်တစ်ဖက်မအားလပ်တဲ.ကြားက ရေးသားပေးတာကိုလည်းအများကြီးချီးကျူးပါတယ် နောင်ကိုလည်း ဒီလိုမျိုး ပို.စ် ကောင်းကောင်းလေးတွေ တင်ပါလို. တိုက်တွန်းလိုက်ပါတယ် ကျွန်တော်တို. ဆိုဒ်လည်း အရင်နဲ.မတူ ၀င်ရောက်လေ.လာသူတွေ များလာတာဟာလည်းဝမ်းသာစရာ တစ်ခုပါပဲ အင်ရှာအလာလ် ကျွန်တော်တို. ဆိုဒ်ကြီး ဒီထက်မက အောင်မြင်ပါစေလို.
ဒီပရိဂမ်ကို ၂ လပဲကစားရမယ်ဆိုတော့ ၂ လပြီးရင်ရော
ဘယ်လိုဆက်ကစားရမလဲဆိုတာ ညွှန်းကြားပေးပါအုံး
ကျေးဇူးတင်ပါတယ်
ဒီပရိုဂရမ် 2 လ ပြီးရင်ကျွန်တော့်ကိုဆက်သွ.ယ်ပါ။နောက်ပရိုဂရမ်တစ်ခုပေးပါ့မယ်။
နိုင်ဦး–119
ဒီပို့မှာ ရှိတဲ့ကစားနည်းလေးတွေကို ပုံလေးတွေနဲ့ဖြည့်စွက်ပေးနိုင်မယ်ဆို self-study စပြီးကစားတဲ့သူအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်၊ကျေးဇူးတင်ပါတယ်။
မင်္ဂလာပါကိုနိုင်ဦး ကျွန်တော်က မန်းလေးက ဇော်ဟိန်းပါ ကျွန်တော်သိချင်တာက ပထမဆုံးစပြီး ကစားတဲ့
ကာယဗလ အခြေခံနည်းလေးတွေကို သိချင်ပါတယ် အဲဒီအခြေခံနည်းတွေကို စကစားတဲ့သူအနေနဲ့ ဘယ်နှစ်လ ကစားရမလဲ ဆိုတာလည်း သိချင်ပါတယ် ပြီးတော်စပြီး ကစားမဲ့သူအတွက် အခြေခံကစားနည်းကရော ဘယ်နှစ်မျိုးရှိပါသလဲ
ကျွန်တော့်ကို အဲတာလေးတွေ ကူညီပါအုံး ကိုနိုင်ဦး
ကျွန်တော် တကယ်လိုချင်လို့ အကူအညီ တောင်းတာပါ ကိုနိုင်ဦး
ကျွန်တော့်မေးက zawhein411983@gmail.com ပါ
ကျွန်တော်ကိုနိုင်ဦးရဲ့ replyကိုမျှော်နေပါ့မယ်
မင်္ဂလာပါကိုနိုင်ဦး
ဒီနှစ်လအတွင်း ထုတက်တဲ့ ပရိုဂရမ်ကို စပြီးကိုင်မဲ့သူက အခြေခံကို ဘယ်နှစ်လ အရင်ကစားရမလဲ တခါတည်းတန်းပြီး ကိုင်ရမှာလား ဒါမှမဟုတ်သူ့ အရင် အခြေခံက ဘယ်လောက်ရှိရပါမလဲဆိုတာ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး ကိုနိုင်ဦး
ကိုဇော်ဟိန်းရေ-
ပြန်ဖြေတာ နောက်ကျတာ ခွင့်လွတ်ပါဗျာ။ ကျွန်တော် သိပ်မအားလို့ ပါဗျာ။ အခြေခံ 2လလောက် ကစားပြီးရင် ကျွန်တော့် ပရိုဂရမ်ကို စကစားလို့ ရပါပြီ။ ဘယ်အစိတ်အပိုင်းတွေက ပိုအတက်မြန်လဲ၊ ထုဘယ်လောက်တက်လဲ.ဆိုတာ မေးလ်းပို့ပြီးပြောပါဗျာ.
ကောမင့် အတွက် ကျေးဇူးပါ
နိငိဦး–119
ကျေးဇူးပါကိုနိုင်ဦး
မင်္ဂလာပါကိုနိုင်ဦး
ကျွန်တော်နဲနဲမေးချင်လို့ အခုကျွန်တော် ကစားနေတာက အပေါ်ပိုင်း နှစ်ရက် အောက်ပိုင်း တစ်ရက်ဗျာ အဲသုံးရက်ပြီး
ရင်တစ်ရက်နားတယ် အဲတာ ကောင်းလားပြီးတော့  ကျွန်တော်က၀တယ် လူဆိုတော့ ဆော့တဲ့ သုံးရက်လုံးမှာနေ့ တိုင်းပါတာက ဗိုက်နဲ့ ခါးအတွက် ငါးမျိုးပါ အဲတာတွေက
1.ပခုံးပေါ် တုတ်တင်ပြီး ခါးလှည့်
2.တစ်ဖက်ကိုင် ၀ိတ်တုန်းနဲ့ ခါးစောင်းပြီး ဘေးချ
3. ဘားရှည် ၀ိတ်ပြားနဲ့ ခါးကိုင်းရှေ့ဆွဲချ
4.ဗယ်ရီရိုက်
5. ပက်လက်အိပ်ပြီး ခြေထောက်ပေါက်
ကျွန်တော်က အပေါ်ပိုင်းရော အောက်ပိုင်းရော ဆော့တဲ့ရက်တိုင်း အဲငါးမျိုးကို တွဲထားတယ် သုံးရက်
ပြီးလို့နားတဲ့နေ့ မှာ အဲငါးမျိုးရော နားသင့်သလား မနားပဲ ဆော့ရင်ရော ဘာဖြစ်နိုင်လဲ ဒါမှမဟုတ် ငါးမျိုးထဲက
အလေးမပါတဲ့ဟာကို ရွေးဆော့ရမလား အဓိကကတော့ ၀တဲ့လူတွေ အဆီချတာနဲ့ ထုတင်တာ တွဲထားတဲ့လူတွေ ပေါ့ကြွက်သားပြီးလို့ နားတဲ့ရက်မှာ ဗိုက်နဲ့ ခါးကို ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိဘူး ဖြစ်နေတယ်ဗျ အဲတာလေး ကူညီပါအုံး ကိုနိုင်ဦး
ကျေးဇူးတင်ပါတယ်
အားလုံးမှားနေတယ်ဗျာ။ အဆီကျချင်ရင် အေရိုးဗစ် လေ့ကျင့်ခန်း များများ လုပ်သင့်ပါတယ်။ cardioပေါ့ဗျာ။ ခင်ဗျား ကစားနေတဲ့ အပေါ်ပိုင်းနှစ်ရက် အောက်ပိုင်းတစ်ရက် ပရိုဂရမ်က ဘာတွေကစားတယ်ဆိုတာ သိမှမှားတယ် မှန် တယ် ဆိုတာ အကြံပေးလို့ ရမှာ ပေါ့ဗျာ။ ၀တဲ့လူပိန်ချင်ရင် အစားအသောက်က အဓိကပါ။ ရေများများ သောက်ပါ။ အိပ်ရေး၀၀ အိပ်ပါ။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ ဘီယာအရက်ကို ရှောင်ပါ။ ၀မ်းဗိုက်ကို အလေးနဲ့ မကစားတာ ကောင်းပါတယ်။ အဲ့ဒါက ခင်ဗျားရဲ့ ခါးဘေးသားတွေကို ပိုပြီး တုတ်လာစေနိုင်ပါတယ်။ ၀မ်းဗိုက် လေ့ကျင့်ခန်းတွေကို သုံးမျိုးလောက်ကို တစ်မျိုးကို 75 ကြိမ်လောက်သာ ကစားပါ။ တစ်ပါတ်ကို သုံးရက် အများဆုံး ကစားပါ။ ဗိုက်လေ့ကျင့်ခန်း များများ လုပ်လို့ ဗယ်လီ မပေါ်လာပါဘူး။ ခင်ဗျားကိုယ်တွင် အဆီပမာဏ လျော့ကျသွားမှသာ ဗယ်လီပေါ်လာမှာပါ။ နားရက်မှာ ကောင်း ကောင်းနားပါ။ ၀ါဒီမများပါနဲ့ ဗျာ။ အစားကို အထူးဂရုစိုက်ပါ။ နားရက်မှာ အပီအပြင်နားပါ။ ကစားရက်မှာ အပီအပြင် ကစားပါ။
နိုင်ဦး—119
ကိုနိုင်ဦး ခင်ဗျာ… ကျနော် ၂ ပရိုဂမ်ကို ကစားနေတာ တစ်လ နဲ့ ၂ ပတ်၇ှီပါပီ….ကြွက်သားတိုးတက်မှူ၇ှိပ်ါတယ်…၂ လပြည့်သွား၇င်
ထပ်ကစား၇မယ့်.. ပ၇ို၈မ်လေး တင်ပေးပါအုံး…အခုလက်၇ှီ ၂လ ပ၇ိုဂမ်ကိုပဲ ဆက်ကစား၇င်ကော အဆင်ပြေမလား ?….အချိန်၇ရင် ဖြေကြားပေးပါအုံးခင်ဗျာ….
ကိုနိုင်ဦးခင်ဗျာ…
ကျွန်တော် အခုမှ စပြီးကစားတာပါ.. ကျွန်တော် က ၀ပါတယ် ဗိုက်က အဆီတွေများပါတယ် အဆီကိုချချင်တာပါ ဘယ်လိုလေ့ကျင့်ခန်းနဲ့ အဆီကို အမြန်ချ ရမယ်ဆိုတာကို လမ်းညွန်ပေးပါ
ကျွန်တော်အီးမေးက kyawthureinlwin@gmail.com ပါ
ကိုနိုင်ဦးရဲ့ reply ကို စောင့်နေပါ့မယ်
with regards,
kyawthureinlwin
ကိုနိုင်ဦးရေ ..
ဒီ workout မှာ Military Press or Barbell Shoulder Press က အရှေ့ပဲ ကစားရမှာလား .. ။ အနောက်ကော ကစားဖို့လိုလားခင်ဗျာ .. ။ ကျနော်မရှင်းတာ အဲဒီတချက်လေးပါပဲ .. ။
Thanks in advance
MTY
ကိုနိုင်ဦးရေဖြစ်နိုင်ရင်ကျွှန်တော့်ဆီကိုကာယပုံကိုပို့ပေးစေချင်ပါတယ်
ကိုနိုင်ဦးရေ ကျွန်တော့်ကို တခုလောက်ကူညီပါအုန်းဗျာ ကျွန်တော့်ခန္ဓာကိုယ်မှာ အဆီတွေများနေလို့ အဆီချလေ့ကျင့်နည်းတွေ ခန္ဓာကိုယ်ကျစ်လစ်အောင်လေ့ကျင့်နည်းလေးတွေကိုတင်ပေးစေချင်ပါတယ် နောက်ပြီးကိရိယာလွတ်လေ့ကျင့်နည်းလေး တွေပါတင်ပေးစေချင်ပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်ကအချိန်သိပ်မရလို့ပါ ကျေးဇူးတင်ပါတယ်ဗျာ