Dec
11

၂၀၀၉ မောင်အိုလံပီယာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်နှင့် ဘာကြောင့်လဲ?

Home > ကမ္ဘာ့သမိုင်းသို့ > ၂၀၀၉ မောင်အိုလံပီယာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်နှင့် ဘာကြောင့်လဲ?

Jay Cultler - The Mr. O

ပဏာမရှေ့ပြေး

မောင်အိုလံပီယာ သမိုင်း ၄၄နှစ်တွင် မောင်အိုလံပီယာဆုကို ဆွတ်ခူးနိုင်တာထက် ရှုံးသွားတာကို ပြန်နိုင်ဖို့က ပိုခက်သည်ဆိုတာ သက်သေပြထားပါသည်။ သည်နှစ်အထိ လေးယောက်သောသူများ ကြိုးစားခဲ့ကြရာမှာ – ဆာဂျီယို၊ ဖရန့်ဇိန်း၊ ဆန်မီယာဘန်နူးနှင့် ရော်နီကိုးလ်မင်းတို့ – သူတို့လေးယောက်စလုံး ရှုံးပြီးလျှင် ပြန်မယူနိုင်ခဲ့ပါ။ ၂၀၀၆ ခုနှစ် ရော်နီကိုးလ်မင်းကို ပြိုလဲစေပြီးကတည်းက ဂျေးကတ်တလာ နှနှစ်ဆက်တိုက်အောင်ပွဲခံခဲ့သည်။ သို့သော် မနှစ်ကတော့ သူ့သရဖူကို လက်လွတ်ခဲ့ရသည်။

ဤသို့ဖြင့် ၂၀၀၉ မောင်အိုလံပီယာပွဲရောက်တော့ ကတ်တလာသည် မဖြိုနိုင်ဟုဆိုသည့် ရော်နီကို ဖြိုနိုင်တာထက် ပိုခက်ခဲကြီးမားသည့် သူ့ဘ၀၏ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုကြီးနှင့် ထိပ်တိုက်တိုးလေသည်။  သူသည် မဖြစ်နိုင်သော သမိုင်းကို ဖြစ်အောင်ဖန်တီးရတော့မည်။

2009 Mr.Olympia

Jay Cutler

၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၈ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၁ နာရီ ၅ မိနစ်

မောင်အိုလံပီယာ ပြိုင်ပွဲအပြီးမှာ ဟောပြောစင်မြင့်က ထိုင်ခုံမှာ ထိုင်နေသည်။ နေကာမျက်မှန်တပ်ထားပြီး ခေါင်းက အနည်းငယ် စိုက်နေသည်။ လွန်ခဲ့သည့် ၄၈နာရီက ဖြစ်ပျက်သွားတာတွေကြောင့် မောဟိုက်နေသည်။ သူသည် သောကြာည အကြိုစစ်ဆေးပွဲနှင့် စနေနေ့ နောက်ဆုံးပြိုင်ပွဲကြားမှာ သူ့ဆုကို သူပြန်ထိန်းနိုင်အောင်ဆိုပြီး ၁၂ ပေါင်တောင်ကျအောင် လုပ်ခဲ့သည်။ ထိုစဉ် ပရိသတ်များထံမှ တီးတိုးသံများညံလာသည်။ ကတ်တလာ ခေါင်းထောင်ကြည့်လိုက်တော့ မောင်အိုလံပီယာ အသစ်စက်စက် ဒတ်စတာဂျက်ဆင်က အော်လီရန်း ဟိုတယ်နှင့် ကာဆီနို၏ ဘောလ်ရွမ်း ခန်းမကို ပရိသတ်ကြားမှ တိုးပြီး ပြန်သွားတာကိုး။ ပရိသတ်တွေကလည်း သြဘာပေးကြ၏။ ကတ်တလာ မျက်မှောင်ကြုတ်နေသည်။

နောက်တစ်ပတ်ထိ ကတ်တလာသည် သူ ၁၈နှစ်လောက်ချစ်မြတ်နိုးခဲ့သည့် သူ့ဘ၀ဖြစ်ခဲ့သည့် သည်အားကစားကို စွန့်ခွာဖို့ စဉ်းစားနေသည်။ သူ့ရဲ့ အနီးစပ်ဆုံး အကြံပေးသူများနှင့် စကားပြောပြီး အနားယူဖို့ ဆွေးနွေးနေသည်။ သို့သော် သူကြားချင်နေသော အကြံပေးစကားမှာ တစ်ခုတည်းသာဖြစ်သည်။ “မင်းပြန်လာရမယ်။ မင်းနောက်တစ်ကြိမ် ထပ်ကြိုးစားရမယ်” ဟူ၍။ နောက်ဆုံးတော့ သူနားထောင်ခဲ့သည်။ သူပြန်လာမည်။ သူနောက်တစ်ကြိမ် ထပ်ကြိုးစားမည်။

“နောက်ဆုံးတော့ မောင်အိုလံပီယာ အသစ်သည်….”

အရာအားလုံး ငြိမ်ကျသွားသည်။ အချိန်တွေ ရပ်တန့်သွားသည်။ ကြွက်သားတွေ အေးခဲသွားသည်။ ရှိရှိသမျှ နားတွေသည် မဖြစ်စဖူး သတိဝီရိယနှင့် မလွတ်သွားအောင်နားထောင်နေကြသည့်ပုံစံပင်။ နာမည်တစ်လုံးတောင်မလို၊ ပထမဆုံးထွက်လာမည့် အသံလေးတစ်သံသည် ကာယဗလလောက၏ ဘုရင်အသစ်ကို ဖော်ထုတ်ပေးပေမည်။ တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေ၊ ပေးဆပ်မှုတွေ၊ အိပ်မက်တွေ အားလုံး သည်နေရာမှာ အဆုံးအဖြတ်ပေးတော့မည်။ ၄၅ကြိမ်မြောက် မောင်အိုလံပီယာပွဲမှာ လူနှစ်ဆယ့်သုံးယောက်ပြိုင်ခဲ့သည်။ သမိုင်းမှာ ပထမဆုံးအကြိမ် ကြုံရသည်မှာ အဲသည့်မောင်များထဲမှာ အနည်းဆုံးခြောက်ယောက်လောက်ဟာ မောင်အိုလံပီယာဆွတ်ခူးဖို့ တကယ်အဆင့်ရှိသည့် ပြောင်မြောက်သော မောင်တွေချည်းဖြစ်သည်။ အခုတော့ စင်မြင့်အလယ်မှာ နှစ်ယောက်တည်းသာ ကျန်နေသည်။ ဘယ်သူမှ မမှန်းခဲ့သည့် အတွဲတစ်တွဲ။ ကာယဗလလောကကြီး သူ့ရဲ့ အသက်တွေကို အောင့်ပြီး နားစွင့်နေသည်။ တစ်ယောက်သည် သူပြန်ပေးလိုက်ရသော ကာယဗလ၏ အမြင့်မားဆုံးဆုကို ပြန်ယူဖို့စောင့်နေသည်။ နောက်တစ်ယောက်ကလည်း မောင်အိုလံပီယာဆုကို အောက်ကနေ အထက်တိတက်ပြီး အားလုံးကို နှိမ်နှင်းကာ တစ်ခါတည်း သိမ်းပိုက်သွားမည့် ပုဂ္ဂိုလ်ဖြစ်သည်။ မျှော်တလင့်လင့်နှင့် တစ်နှစ်လည်း ပြီးဆုံးခဲ့ပြီ။ ထိတ်လန့်မှုတွေ၊ မျှော်လင့်မှုတွေ ရောပြွန်းနေသည့် လွန်ခဲ့သည့် သုံးရက်ကလည်း ၀ါးမြိုပြီးသွားပြီ။ စိတ်အစေသည် တအုံနွေးနွေးဖြစ်ရာမှ ဆူပွက်လာသည်။ အခုတော့ ပေါက်ကွဲထွက်မတတ်ဖြစ်နေပြီ။

Branch Warren and Jay Cutler!

၂၀၀၉ စက်တင်ဘာ ၂၅ ရက် သောကြာနေ့ မနက်စောစော ၅ နာရီ ၃၀ မိနစ်

လူနာတင်ကားတစ်စီးသည် ဟိုတယ်ရှေ့မှာ ထိုးရပ်ပြီး ဆရာဝန်များသည် ဖီးလ်ဟိသ်အခန်းကို တွန်းထိုးပြေးကြသည်။

သောကြာ ည ၇ နာရီ ၁၅ မိနစ်

ခါးနံပါတ်တစ်သည် စင်မြင့်နောက်က ဖယောင်းပုဆိုး ကြမ်းခင်းရှည်ကြီးပေါ်မှာ စိမ်ပြေနပြေ လမ်းလျှောက်သွားနေသည်။ သူသည် ဗရန့်ခ်ျ ၀ါရန် ဖြစ်သည်။ အာနိုးကလပ်စ်မှာ တတိယချိတ်ပြီးသည့်နောက်မှာ ဟောကိန်းထုတ်သူများသည် ကာယဗလ၏ အတင်းတွန်းထိုး ကစားသမားကြီးကို လျှော့မတွက်ကြတော့ပါ။ သို့သော် ဒီနှစ်၏ ပွဲကျပ်ပုံနှင့် မောင်အိုလံပီယာ ထိပ်ဆုံးခြောက်ယောက်ထဲ တစ်ခါမှ မ၀င်ဖူးသော ၀ါရန်ဆိုသည့် နာမည်ကို ထိပ်ပိုင်းကို ရွှေ့ဖို့ဆိုသည်မှာ ခက်ခဲနေကြသည်။ ပြီးတော့ သွေးပူလုပ်သည့် အခန်းထဲမှ မီးခိုးရောင် ကော်ဇော်ကြမ်းခင်းကြီးပေါ်လှဲလိုက်သည်။ နောက်မိနစ်နှစ်ဆယ်အတွင်း ကျန်တဲ့ မောင်အများစုသည် အဲသည့်အခန်းထဲလာပြီး ခုံတန်းရှည်တွေပေါ် ခြေထောက်တွေတင်ပြီးလှဲနေကြသည်။ ဂျေးကတ်တလာက အာလူးစားသည်။ ဒတ်စတာဂျက်ဆင်က ကိတ်မုန့်စားသည်။ ဒန်းနစ် ၀ုဖ်က ချောကလတ်စားနေကြသည်။

သောကြာ ည ၇ နာရီ ၃၅ မိနစ်

ဖီးလ်ဟိသ် တံခါးပေါက်က၀င်လာပြီး ကတ်တလာ ဘေးမှာ ဘုတ်ခနဲ လှဲချသည်။ မနှစ်က ဒုတိယ ကတ်တလာနှင့် တတိယ ဟိသ်တို့ တိုးတိတ်စွာ စကားပြောနေကြသည်။ ထုံးစံအတိုင်း မယ်လ်ဗင်း အန်သိုနီသည် အာအကျယ်ဆုံးဖြစ်သည်။ သူသည် ဒတ်စတာဂျက်ဆင်နှင့် ဒန်းနစ် ဂျိမ်းစ်တို့ကို သူ့၏ ရိုးရာဓလေ့တီးလုံးများကို အမှတ်ရကြောင်း၊ ထိုတီးလုံးများကို ရောသမမွှေကာ အခု ဘယ်လိုကိုယ်ဟန်ပြခဲ့ရကြောင်း စသည်ဖြင့် ဝေေ၀ဆာဆာပြောကာ ချူပ်ထားလေသည်။

သောကြာ ည ၈ နာရီ ၁၀ မိနစ်

အန်သိုနီနှင့် ဂျက်ဆင်တို့သည် ဆန်ကိတ်မုန့်များကို မြုံ့နေကြသည်။  (Rice cakes – calories: 35, carbs: 7 grams, taste: 0)။ ထိုစဉ်တွင် ဟိသ်သည် ဒိန်ခဲတုံးကြီးကို တ၀က်လောက်စားသည်။ ထို့နောက် ငှက်ပျောသီး ထောပတ်သုတ်ထားသည့် ပေါင်မုန့်တွေကို တ၀တပြဲစားနေသည်။ “ဒီပစ္စည်းတွေနှင့် မင်းတော့ ပျို့အန်ကုန်တော့မှာပဲ။” အန်သိုနီက သတိပေးသည်။ ထိုအတောအတွင်းပင် စင်မြင့်နောက် ကိုက်တစ်ရာလောက်အကွာ ဟောလ်ခန်းကြီးမှာ ခါးနံပါတ်တစ်သည် အ၀တ်အစားတွေချွတ်ပြီး ဆေးလိမ်း၊ ဆီလိမ်းနေသည်။

ခါးနံပါတ် တစ် ဘရန့်ခ်ျ ၀ါရန် (ဒုတိယရသူ – Branch Warren)

2nd Place- Branch Warren

2 Branch Warren

2 Branch Warren's Back Double Biceps!

ကိုယ်ကာယတစ်မျိုးကို ကြည့်ရသည်မှာ အရှိုက်ကို ခပ်ပြင်းပြင်းဆောင့်ထိုးတာ ခံလိုက်ရသလိုဖြစ်သွားသည့် အချိန်တွေရှိသည်။ ဒါသည် စင်မြင့်အလယ်မှာ ဘရန့်ခ်ျ ၀ါရန် ညှစ်သည့်အချိန်မျိုးမှာ ကြုံရသည်။ သူသည် ပို့စ်ဒေါင်းကိုတောင် ပါဝင်ယှဉ်ပြိုင်နိုင်မည်သာမက သူ့နောက်မှာ ပြိုင်ကြသည့် မောင်၂၂ ယောက်ကို စဉ်းစားပြီးသည့်အခါ ထိပ်ဆုံးသုံးယောက်အတွင်းတောင် ၀င်နိုင်သည်ဟူ၍ ချက်ချင်းကို သိသာသွားသည်။ ၅ ပေ ၇ လက်မနှင့် ၂၄၈ပေါင်ရှိသူသည် ဘယ်ထုထည် အမျိုးအစားကိုမဆို ယှဉ်ပြိုင်အနိုင်ယူနိုင်သည်။ သူ၏ နောက်ကျောသည် သုံးနှစ်အတွင်းမှာ အားနည်း လိုအပ်နေသော အနေအထားမှ အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် တရိပ်ရိပ်ပြောင်းလဲလာခဲ့သည်။ မနှစ်က အိုလံပီယာနှင့် (၂၀၀၆၊ ၁၂ ချိတ်ပြီး) သည်နှစ် ကြားမှာ အကွာခြားကြီး ကွာခြားသွားစေသည်။ သူ၏ အားသာချက်မှာ ဘီလူးကြီးလို ထုထည်ကြီးမားမှုဖြစ်ပြီး အဲသည့်အပေါ်မှာ ကြွက်သားများ အသေးသေးအမျှင်မျှင် ကွဲပြားပေါ်လွင်နေမှုတွေနှင့် လှည့်စားထားပါသေးသည်။ သူ့ လက်မောင်းနောက်သားနှင့် လက်ဖျံတို့သည် အားနည်းပြီး သူ့နောက်ကျောနှင့် ဆုံများ သည့်ထက်ကွဲပြားလျှင် ပိုကောင်းသွားပါမည်။ သို့သော် သူ၏ ထုထည်ကြီးမားမှုကြီးက အားနည်းချက်တွေအားလုံးကို ကျော်လွှားသွားသည်။ အိုင်အဖ်ဘီဘီ ဒိုင်လူကြီးတစ်ယောက်ဖြစ်သည့် စတီးဖ် ၀ီအင်ဗာဂါ က နောက်ပိုင်းမှာ ပြောခဲ့သည်။ “ဘရန့်ခ်ျသည် တနည်းဆိုရလျှင် စိတ်ချောက်ချားသွားစေပါသည်။” ဟူ၍။

ခါး နံပါတ် ၄ ဗစ်တာ မာတီနက်စ် (ဆဌမရသူ – Victor Martinez)

6th place Victor Martinez

6 Victor Martinez's Side Chest

6th place Victor Martinez

ဗစ်တာ မာတီနက်စ်ကတော့ စိတ်တော့ သိပ်မချောက်ချားစေ၊ သို့သော် လေးစားခံ့ညားစရာကောင်းပေသည်။ သူသည် ထုထည်နှင့် အချိုးအစားလှပမှု နှစ်ခုလုံးကို ပေါင်းစပ်ဖော်ပြနိုင်ခဲ့သည်။ ၂၀၀၇တွင် ထိုပေါင်းစပ်မှုသည် သူ့အား နယူးယောက်ကို မောင်အိုလံပီယာ ဒိုင်းဆုကြီး ပြန်ယူနိုင်ခါနီးအထိ ဖြစ်သွားစေသည်။ သို့သော် သူ၏ ဒူးခွဲစိတ်မှုသည် သူ့အား မနှစ်က ပုံမှန်အ၀တ်အစားနှင့်သာ နေသွားစေသည်။ သည်တစ်ခေါက်တော့ သူ့ အောက်ပိုင်းများ သိသိသာသာကို အားနည်းနေသည်။ အားနည်းပြီး အစင်းစင်းများပေါ်လွင်မှုလည်း လျော့ကျသွားတာကြောင့် ပေါင်ချိန် ၂၅၀ ရှိသောသူ့ကို သရဖူကနေဝေးဝေးကို ရောက်သွားစေသော်လည်း အချိုးအစားလှသည့် သူ့အပေါ်ပိုင်းထုကြီးက သူ့အား အောက်ထိပြုတ်မကျအောင်လည်း ဆွဲတင်နိုင်ခဲ့သည်။

Making Olympia History

ခါးနံပါတ် ၉ ကိုင် ဂရင်း(စတုတ္ထ- Kai Greene)

4th place Kai Greene

4 Kai Greene's front double biceps

4 Kai Greene

လွန်ခဲ့သည့် ခြောက်လလောက်က အာနိုးကလပ်စစ်ကို သူနိုင်ခဲ့ပြီးနောက် ကိုင်ဂရင်း အကြောင်း မကြားရတော့ပါ။ ဘယ်လောက်ပဲ သူ့ကိုယ်ကာယ အဆန်းတကြယ်ဖြစ်နေပါစေ သူ့အကြောင်းသိပ်မကြားရတော့ပါ။ သူ့ဝင်းတွေသည် ကြမ်းပြင်ကိုထိမတတ် တွဲကျနေသည်။ လက်မောင်းရှေ့သားများသည် မို့မောက်လွန်းတော့ ခေါင်မိုးကိုပင်ထိတော့မလား ထင်ရသည်။ သူ့ခြေထောက်များမှ အစင်းကြောင်းတွေသည် ‘စစ်နှင့် ငြိမ်းချမ်းရေး’ စာအုပ်မှ စာကြောင်းတွေထက်များနေသလိုပင်။ သူသည် အကောင်းဆုံး ကိုယ်ခန္ဓာအစိတ်အပိုင်းမျာကို တပ်ဆင်ထားသော်လည်း အားလုံးစုလိုက်လျှင် ချောမွတ်ပြေပြစ်မှုကျ အားနည်းနေသည်။ ပြီးတော့ သူစင်ပေါ်မှာ သက်သောင့်သက်သာ အနေအထားဖြင့် ရပ်နေလျှင် သူ့ခြေများကို ကပ်ထားသောကြောင့် သေးငယ်သလို ထင်နေရသည်။ (ကတ်တလာ၏ ပေါင်ကားရပ်ခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သိသာ၏) ၂၅၇ ပေါင်ရှိသော ကိုင်ဂရင်းသည် ပရိသတ်ကို ‘၀ိုး’ ဆိုသော အသံများဆူညံသွားစေသည်။ သို့သော် မတ်လက အိုဟိုင်းအိုး၊ ကိုလံဘတ်စ်က ပွဲလောက်တော့ မဆူညံခဲ့ပါ။

ခါးနံပါတ် ၁၂ ဂျေးကတ်တလာ (ပထမ -Jay Cutler)

Mr. Olympia Jay Cutler!

Jay Cutler's Most Muscular!

1st Place Jay Cutler

ဂျေးကတ်တလာလောက် ဘယ်သူမျှ ပရိသတ်ကို မဖမ်းစားနိုင်ခဲ့ပါ။ သူဝင်ပေါက် က စ၀င်လာကတည်းက သူတော်တော်ကောင်းနေသည်ဆိုတာ သိသာထင်ရှားသည်။ ၂၇၁ ပေါင် ကွဲပြဲပေါ်လွင်နေသော ကြွက်သားများနှင့်။ သူသည် ပိုမိုကွဲပြားပေါ်လွင်စေရန်အတွက် သူ့ နောက်ကျောထုထည်ကိုတော့ အနည်းငယ်ပေးဆပ်လိုက်ရသည်။ သို့သော် သူ့ပေါင်ရှေ့သားများသည် တခါမျှမဖြစ်စဖူးသော လိုင်းစင်းများနှင့် ပြည့်နေသည်။(ပေါင်အတွင်းသားတွေတောင် အစင်းစင်းများ အမြှာင်းလိုက်မြင်နေရသည်။) သူကျောဘက်လှည့် ပြလိုက်သောအခါ သူသည် အသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ တင်ကြွက်သား အစင်းလိုက်ထင်းနေခြင်းဖြစ်သည်။ သူ့၏ ခါးနောက်သည် အရင်နှစ်များက အရေပြားထူနေသော်လည်း သည်နှစ်တော့ ပေါ်လွင်လာသည်။ နောက်ပိုင်းတွင် သူပြောသည်။ “ကျွန်တော်တစ်ခါမှ မယူလာဖူးသော အကောင်းဆုံးကို ယူလာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ဒါသည် ကျွန်တော့်ကို အကျိုးကျေးဇူးသေချာပေါက်ကို ပေးလိမ့်မည်ဟု သိထားလို့ပါ။” အကျိုးကျေးဇူးကို သူသိမ်းပိုက်နိုင်ခဲ့သည်။

ခါးနံပါတ် ၁၉ ဖီးလ် ဟိသ် (ပဉ္စမ – Phil Heath)

5th Place Phil Heath

5 Phil Heath's Side Triceps!

5 Phil Heath's Back Double Biceps!

ဟိသ်လည်းဘဲ တစ်နှစ်ပတ်လုံး သူ့ကိုယ်ကာယ ပြောင်းလဲတိုးတက်ဖို့သာ အချိန်ပေးခဲ့သည်။ သူများထက် အသာစီးရအောင် ကြိုးစားပြင်ဆင်ခဲ့သည်။ လူအတော်များများ – ဒိုင်အကြီးအကဲ ဂျင်မ် ရော့ခ်ကဲ အပါအ၀င် – တို့သည် ဖီးလ်ဟိသ်သည် မနှစ် သူ့ပေါင်ချိန် ၂၂၇ ပေါင် စွန်းတုန်းက မောင်အိုလံပီယာရနိုင်သည်ဟု ခံစားမိကြသည်။ The Gift ဟု နာမည်ရသော ဖီးလ်ဟိသ်သည် မနှစ်ကအတိုင်း ကွဲပြဲပေါ်လွင်သည့်အတိုင်းကို ပေါင်နှစ်ဆယ်လောက် ထပ်တိုးနိုင်ခဲ့လျှင်လည်း ဘာမျှငြင်းပယ်စရာမရှိဟု ယုံကြည်ထားသည်။ ကြာသပတေးညကတော့ သူ ၂၄၀ ပေါင်ရှိသည်။ သောကြာညကျ ၂၂၇ ပေါင်ပြန်ဖြစ်သွားသည်။ သူ့ဝင်းများသည် ပိုပြန့်ကားလာသည်။ သို့သော် ပေါင်များက ပိုကျဉ်းသွားသည်။ အစင်းတွေကတော့ ရှိမြဲပါပဲ။ သို့သော် မနှစ်ကလောက် မနက်နဲတော့ပဲ အနည်းငယ် ပေါ့သွားသည်။ အကယ်၍ သင့်ကိုသာ The Gift လို့ နာမည်ပေးထားခဲ့လျှင် သင်သည် စင်ပေါ်က တခြားလူတွေနှင့် ယှဉ်ရုံသာမက အလွန်မြင့်မားသော မျှော်လင့်ကြီးစွာ စောင့်ကြည့်နေကြခြင်းတွေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ခါးနံပါတ် ၂၃ ဒတ်စတာ ဂျက်ဆင် (တတိယ – Dexter Jackson)

3rd Place Dexter Jackson

3 Dexter Jackson's Side Chest

3 Dexter Jackson

ဒတ်စတာကို မှန်းထားကြသည်မှာလည်း မနှစ်ကထက်များပါသည်။ သူတကယ်မနိုင်ခင်အထိ သူနိုင် နိုင်တယ်ဆိုတာ သူဘယ်တော့မှ မယုံကြည်ခဲ့ပါ။ သို့သော် အခုတော့ သူနောက်တစ်ကြိမ်ထပ်နိုင်ရမည်ဆိုသည်ကို သူယုံကြည်မှုရှိသည်။ The Blade (ဓားသွား)ဟု နာမည်ရသော ဒတ်စတာသည် ကြိုးစားပြသခဲ့ပါသည်။ သို့သော် မနှစ်ကအခြေအနေလောက် မကောင်းခဲ့ပါ။ အသိသာဆုံးသည် ကျောဘက်လှည့် လက်မောင်းညှစ်ပြသည့် ကိုယ်ဟန်ပြပုံတွင်ဖြစ်သည်။ ကွာခြားသွားသည်မှာ မစို့မပို့နှင့် ပါးသွားခြင်းဖြစ်သည်။ သူ့ရှေ့က မောင် ၂၂ ယောက်ကို ကြည့်ပြီးနောက် သူသည် ဒုတိယအောက်ကို ကျသွားလိမ့်မည်ဟု သံသယများဖြစ်လာကြသည်။

ထိပ်ဆုံးခြောက်ယောက် အကြိုစစ်ဆေးမှု နှင့် နိုင်းယှဉ်ခြင်း

Top six prejudging comparisonsTop six prejudging comparisonsTop six prejudging comparisonTop six prejudging comparisonTop six prejudging comparisonTop six prejudging comparisonTop six prejudging comparisonTop six prejudging comparison

ပထမ ခေါ်ထုတ်ညှစ်ခိုင်းခြင်း

1st Callout!

ပြိုင်ပွဲတစ်ပွဲတွင် သတိမမူမိကြသော အပိုင်းသည် ညှစ်ခိုင်းသည်ဆိုကတည်းက တူရာတူရာကိုသာ ညှစ်ခိုင်းခြင်းဖြစ်သည်။ ပထမဆုံးမြင်ကွင်းကို ကြည့်ကြစို့။ ဘယ်မှ ညာသို့ (ခါးနံပါတ်ကိုတော့ ပြောင်းပြန်စဉ်အတိုင်းခေါ်ထားသည်) – ဂျက်ဆင်၊ ဟိသ်၊ ကတ်တလာ၊ ဂရင်း၊ မာတီနက်စ်၊ နှင့် ၀ါရန် တို့ဖြစ်ကြသည်။

ဂျက်ဆင်သည် အထူးသဖြင့် ရှေ့ဘက်နှင့် ကျောဘက်လှည့် သက်သောင့်သက်သာ အနေအထားတွေမှာ ထုအကျယ်နှင့် ပြည့်ဝမှုတို့တွင် ဟိသ်ထက် ကောင်းသည်။ ထို့ပြင် ဟိသ်သည် သူ့ညာဘက်က ၄၄ ပေါင်ပိုသော ကတ်တလာ၏ ထုထည်ပြည့်ဝပြီး ပေါင်ရှေ့သားများ ကွဲပြားပေါ်လွင်နေမှုနှင့် ကျယ်ပြန့်သော ပခုံးတို့ကြောင့်လည်း ကြားညှပ်နေသည်။ ၂၀၀၈တုန်းက ကတ်တလာသည် တင်ပါးဆုံကျဉ်းသော လူကောင်သေးသူများကြားတွင် ဧရာမ သေတ္တာကြီးတစ်လုံးနှင့် တူနေခဲ့သည်။ သည်အချိန်မှာတော့ သူ့ဘေးမှာ ဂရင်းက ကပ်ကျနေသောကြောင့် ကြည့်ရသည်မှာ ပိုပြီးချောချောမွေ့မွေ့ရှိနေပါသည်။ ထိုစဉ်တွင် ၀ါရန်၏ လက်မောင်းတွေ၊ ပေါင်တွေ၏ ကြီးမားမှု ပေါ်လွင်မှုတို့သည် မာတီနက်စ်ကို လွှမ်းမိုးသွားသည်။ သို့သော် ၀ါရန်သည် ဘယ်ဖက်က မောင်များကိုသာ အာရုံစိုက်နေကြသောကြောင့် သတိမမူမိမည့် အန္တရာယ်ရှိနေသည်။

ဒုတိယ ခေါ်ထုတ်ညှစ်ခိုင်းခြင်း

2nd Callout-Silvio Samuel, Moe El Moussawi, Melvin Anthony, Toney Freeman, Ronny Rockel, Hidetada Yamagishi

ဟီဒီတာဒါ ရာမာဂီရှီ၊ ရော်နီ ရော့ခ်ခလ်၊ တိုနီ ဖရီးမန်း၊ အန်သိုနီ၊ မိုး အလ် မိုဆာဝီနှင့် ဆီလ်ဗီယို ဆမ်မြူယလ် တို့သည် ထိပ်ဆုံး ၁၀ နေရာအတွက် ကျန်ရှိနေသေးသော လေးနေရာအတွက် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ရာမာဂီရှီသည် သူ့ ပေါင်၂၁၀ထက် ပိုကြီးနေသယောင် ထင်ရသည်။ သူ့အောက်ပိုင်းသည် နက်ရှိုင်းသော ကွဲပြားပေါ်လွင်မှုတွေ မရှိသော်လည်း ဘေးဘက်လှည့် ရင်အုပ်ညှစ်လိုက်သည့်အခါနှင့် မို့စ်မာစကူလာ ပြကွက်များတွင်တော့ ဖုထစ်လာတတ်သည်။ ၂၂၂ ပေါင်ရှိသော ရော့ခ်ခလ်သည် သူ့ဘ၀၏ အကောင်းဆုံးအခြေအနေတွင် ရှိနေသည်။ အရင်ကဆို သူသည် ရှေ့ဘက်လှည့်ပြပါက မီးဖွင့်သလိုဖြစ်ပြီး နောက်ဖက်လှည့်ပြပါက မီးပိတ်သလို ဖြစ်နေသည်အထိ နောက်ကျောအားနည်းခဲ့သည်။ အခုတော့ သူ့နောက်ကျောဝင်းသည် သိသိသာသာ ကောင်းလာသည်။

Toney Freeman, Ronny Rockel, Hidetada Yamagishi

၂၈၉ ပေါင်ရှိသော ဖရီးမန်းသည် မကြာမီက ဒူးထိခိုက်ဒဏ်ရာရခဲ့ပြီး အကောင်းဆုံးအခြေအေနမှာ မရှိနေပါ။ သို့သော် ယခု သူသယ်ဆောင်လာသော ကိုယ်ကာယသည် မနှစ်ကသာဆိုလျှင် ထိပ်ဆုံးခြောက်ယောက်အတွင်းမှာ နေရာရလောက်သည်။ ဖရီးမန်းထက် ၆၂ ပေါင် နည်းသောအန်သိုနီသည် ဆူရှီစာဖိုးမှုးထက် အဖြတ်အတောက်ပိုများသည်။ သူ့ပေါင်ရှေ့သားများ ဖြန့်ပြလိုက်သည့်အခါတွင် အသိသာဆုံးဖြစ်သည်။ သို့သော် သူအစားရှောင်တာတွေသိပ်များသွားသည်။ သူ့ရင်အုပ်များ ပြည့်ဖောင်းမနေတော့ပါ။ မနှစ်က ဆန်မြူယလ် သည်အရခွံနွှာထားသလို ကောင်းနေပြီး နံပါတ်၇ ရခဲ့သည်။ သည်နှစ်မှာလည်း ထိုနည်းနည်းကောင်းပါသော်လည်း ထိပ်ပိုင်း၁၀ယောက်ထဲဝင်ဖို့ ခက်ခဲပါလိမ့်မည်။ အယ်လ် မိုဆာဝီလ်သည် ယခုခေါ်ညှစ်ခိုင်းသည့်အချိန်တွင် ထုထည်နှင့် ကွဲပြားပေါ်လွင်မှု (သူ့ပေါင်များကိုကြည့်) လိုနေပါသည်။ သူ့နေရာတွင် ဂတ်စတာဗို ဗတ်ဒယ်လ် ရောက်သင့်သည်။

8th Place Toney Freeman

တတိယအကြိမ် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

ဤသည်မှာ ပထမအကြိမ်ခေါ်ထုတ်ထားသည့်သူများကိုပင် ထပ်ခေါ်ခြင်းဖြစ်သည်။ သို့သော် အစီအစဉ်ပြောင်းလဲ စီထားသည်။ ဤအစီအစဉ်တွင် ဟိသ်မှာ အနည်းငယ်မှေးမှိန်နေသလိုထင်ရပြီး ဂရင်းမှာ ပိုမာကျောလာသလိုထင်ရသည်။

လေးကြိမ်မြောက် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

ရောခ်ခလ်၊ ဒန်းနစ်ဝုဖ်၊ မားကပ်စ် ရူး၊ ဂျိမ်းစ်၊ ဘတ်ဒလ်နှင့် ဖရီးမန်းတို့ဖြစ်ကြသည်။ ၀ုဖ်သည် ကြီးလည်းမကြီး သေးလည်းမသေး၊ သို့သော် သြချရလောက်သော ကိုယ်ကာယနှင့်ဖြစ်သည်။ သူသည် ပါးသွားပြီး ပြေပြစ်သွားသည်။ သူ့အားနည်းချက်များကတော့ တိုးတက်မလာခဲ့။ (၀င်းအောက်သားများ၊ ပေါင်နောက်သားများ၊ နှင့် ခြေသလုံးများ)။ သူ့ရဲ့အားသာချက်များ (ဆုံနှင့် ပေါင်ရှေ့သားများ) ကတော့ ပျောက်ကွယ်သွားခဲ့သည်။ မောင်အိုလံပီယာဆုရှင်ဖြစ်နိုင်သူဟု အမွှမ်းတင်ခံရသောသူသည် အခုတော့ ဆုမချိတ်နိုင်သူအဖြစ်သာ တင်စားခံရတော့သည်။ မားကပ်စ်ရူးသည် ဗီးဂပ်စ်တွင် အကြီးဆုံးလူသားဖြစ်သည်။ သို့သော် သူ၏ ပေါင်နောက်သားနှင့် လက်မောင်းနောက်သားများမှာ ပျောက်ကွယ်နေသည်။ နောက်ပြီး သံသယဖြစ်စရာ ဆေးထိုးထားသည့် အဖုအကြိတ်တွေ တွေ့နေရသည်။

10th Place Moe El Moussawi

ဂျိမ်းစ်သည် လွန်ခဲ့သည့် လများက ပြိုင်ပွဲနှစ်ပွဲကို နိုင်ထားခဲ့ပြီး အခုပြိုင်ပွဲမှာ နာမည်ကြီးနေတဲ့ မောင်အချို့ဟာ သူ့အောက်ရောက်သွားလိမ့်မည်ဟု အစည်းအဝေးတစ်ခုမှာ သူကိုယ်တိုင်ပြောခဲ့ပြီး ခန့်မှန်းခဲ့သည်။ (သူပြိုင်ခဲ့သည့် မောင်အိုလံပီယာ ရှစ်ပွဲတွင် သည်ပွဲကျမှ ပထမဆုံးအကြိမ် ဆယ်ယောက်ထဲက ပြုတ်ခဲ့ရသည်။) အတတ်လန်းတစ် စီးတီး ပြိုင်ပွဲတွင် ကပ်ရှုံးခဲ့သော ဘတ်ဒလ်၏ အောက်ပိုင်းသည် လွန်ခဲ့သော နှစ်များက အောက်ပိုင်းလိုမဟုတ်ပါ။ သို့သော် သူ့အပေါ်ပိုင်းကတော့ ကောင်းပါသည်။ သူသည် နံပါတ်တစ်ဆယ်အတွင်းဝင်အောင် ယှဉ်ပြိုင်သင့်သည်။ (သူ၏ မောင်အိုလံပီယာ ပြိုင်ပွဲ ခြောက်ပွဲတွင် ပထမဆုံးအကြိမ် ၁၀ယောက်အတွင်း မ၀င်ခဲ့ခြင်းဖြစ်သည်။)

ခုနှစ်ကြိမ်မြောက် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

မာတီးနက်စ်၊ ရော့ခ်ခလ်၊ ဖရီးမန်းနှင့် ဂျိမ်းစ်တို့ဖြစ်ကြသည်။ ဤအကြိမ်သည် ရော့ခ်ခလ် သို့မဟုတ် ဖရီးမန်းတို့ မာတီးးနက်စ်ကို အမိဖမ်းနိုင်ဖို့ အခွင့်အရေးဖြစ်သည်။ ရော့ခ်ခလ်သည် သူရှုံးခဲ့သော ကိုယ်ဟန်ပြများတွင် ပြန်ဆယ်နိုင်ခဲ့သည်။ နောက်ဆုံး မို့စ်မာစကူလာ ကိုယ်ဟန်ပြကွက်တွင် မာတီးနက်စ်မှာ သူ့ ဘယ်ဖက်ပေါင်က ဒေါင်လိုက် အမြှောင်းတွေကို အပေါ်ပေါ်အောင် စုဝေးနေရပြီး ရင်အုပ်ပေါ်က အစင်းတွေကိုတောင် အနိုင်နိုင်ဖော်နေရစဉ် ဂျာမန်ကြီး ရော့ခ်ခလ်ကတော့ လည်ပင်းကနေ ခြေသလုံးအထိ ကြွက်သားအစင်းစင်းတွေ အမြှောင်းလိုက်ပေါ်လာအောင် ညှစ်နိုင်ခဲ့သည်။

၁၀ ကြိမ်မြောက် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

ဒိုင်ခေါင်းဆောင်ကြီးက ဟိသ်၊ ၀ါရန်နှင့် ဂရင်းတို့ကို စင်မြင့်အလယ်ခေါ်လိုက်သောအခါ ပရိသတ်သည် လူကောင်အကြီးကြီးနှစ်ကောင်ကြား ဟိသ်ကို ၀န်းရံထားမှု၏ အဓိပ္ပာယ်ကို တွက်ချက်ကြပြီး ပူညံပူညံသံများပေါ်လာလေသည်။ သက်သောင့်သက်သာ အနေအထားသည် ဟိသ်သည် ကျဉ်းမြောင်းနေသည်။ ဂရင်းကို အလယ်ခေါင်ရွှေ့လိုက်တော့ ပွက်လောညံသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ငှင်းသည် ဂရင်းကို မြင့်တင်လိုက်ပြီး ဟိသ်ကို လျှော့ချလိုက်သော သဘောနှင့် တူလေသည်။ သို့သော်လည်း ဟိသ်သည် ကျောဘက်လှည့် လက်မောင်းညှစ်နှင့် ဘေးတိုက်လက်မောင်းနောက်သားညှစ် ကိုယ်ဟန်ပြတို့တွင် အပြေပြစ်အလှပဆုံးဖြစ်သည်။ ဂရင်းနှင့် သူ တတိယနေရာလုရတော့မည်ဟု ယူဆကြတော့သည်။

၁၁ ကြိမ်မြောက် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

ဤအကြိမ်သည် ပရိသတ်များနှင့် မတူသော ဒိုင်များ၏ ပထမဆုံးအကြိမ် ရှုမြင်ပုံဖြစ်သည်။ ဟိသ်သည် ပြန်ခေါ်ခံရပြီး ဂျက်ဆင်က စင်မြင့်အလယ်မှာဖြစ်ပြီး ၀ါရန်နှင့် ဂရင်းတို့က ၀န်းရံထားပြန်သည်။ ဆူညံသံများပေါ်လာပြန်သည်။ ဂျက်ဆင်ကို ကတ်တလာကနေ ခွဲခွာလိုက်ခြင်းသည် သည်နှစ် မောင်အိုလံပီယာ အသစ်ဖြစ်ပေါ်စေတော့မည်လား?။ ဟိသ်က ပြုတ်ကျပြီး ၀ါရန်က တက်လာတာလား?။ ဒိုင်ခေါင်းဆောင်ကြီးက “ဒိုင်တစ်ဦးက ကြည့်ချင်ပါသည်” ဟုဆိုပြီး ခေါ်လိုက်သည်။ ဒိုင်ရှစ်ယောက်ကတော့ ထိုင်နေကြသည်။ အမှတ်ပေးဖို့ပင်ဖြစ်သည်။ ဤယှဉ်ပြိုင်ခြင်းတွင် ဂျက်ဆင်နှင့်ပတ်သက်ပြီး ထင်ရှားသည်မှာ သူသည် ကျန်သည့်သုံးယောက်နှင့် ယှဉ်လျှင် လက်မောင်းများက အကောင်းဆုံးဖြစ်နေပြီး အောက်ပိုင်းမှာတော့ အညံ့ဆုံးဖြစ်နေသည်။ ပြီးတော့သူသည် ထုထည်ကြီးများ၏ လွှမ်းမိုးမှုကိုလည်း ကောင်းကောင်းခံနေရသည်။ သို့သော် သူသည် ရှေ့ဘက်လှည့် လက်မောင်းညှစ်ကဲ့သို့သော အချိုးအစားဦးစားပေးသည့် ကိုယ်ဟန်ပြများမှာတော့ အသာစီးရခဲ့သည်။

၁၂ ကြိမ်မြောက် ခေါ်ထုတ်ညှစ်ခိုင်းခြင်း

12th Callout Jay and Dexter!

နောက်ဆုံးခေါ်ယူခြင်းသည် ပြီးခဲ့သော မောင်အိုလံပီယာ သုံးပွဲမှ ဆုရမောင်နှစ်ယောက်၏ တိုက်ပွဲဖြစ်သည်။ ပေါင်လေးဆယ်လောက် နည်းသော ဂျက်ဆင်ကို ကတ်တလာသည် ကိုယ်ဟန်ပြတစ်ကွက်ပြီးတစ်ကွက်မှာ ဖြုတ်ချပစ်ခဲ့သည်။ ‘ဓားသွား’ ၏ သေးသိမ်သော ခါးနှင့် ကွဲပြားနေသော အရေးအကြောင်းများကို အားထားနေသော သူများရှိနေသည်။ သို့သော်လည်း ငှင်းတို့ထဲက အတော်များများကို ကတ်တလာကလည်း စင်ပေါ်ယူပြနိုင်သောအခါ မငြင်းနိုင်ကြတော့ပါ။ ကတ်တလာသည် ထုထည်သာ သာသည်မဟုတ်၊ ကွဲပြားပေါ်လွင်မှုမှာလည်း သာပါသည်။ အထူးသဖြင့် ကျောဘက်လှည့် ကိုယ်ဟန်ပြကွက်များတွင် ကတ်တလာသည် ပေါင်နောက်သားအမြှောင်းများ ပေါင်းလန်နေအောင်များပြားနေသည်မှာ သိသာထင်ရှားလှသည်။ ဒိုင်များသည် ကတ်တလာကို ပထမတွေသာ ပေးပြီး ဂျက်ဆင်ကို ဒုတိယတွေသာ ပေးလိုက်မည်မှာ သိသာလှသည်။ မောင်အိုလံပီယာ ဒိုင်းဆုရှင်နှစ်ဦးစလုံးမှာ သူ့နေရာနှင့်သူ အခြေချလိုက်ပြီဆိုတာ သေချာသလောကပါပင်။ သို့သော် စနေနေ့ရောက်တော့ ဘယ်နေရာမှ မတည်မြဲဘဲ အရာရာ ဖြစ်နိုင်သည်ဆိုတာ တွေ့ရတော့မည်။

သောကြာည ၁၁နာရီ ၁၀မိနစ်

အကြိုစစ်ဆေးပြိး မိနစ်၂၀လောက်တွင် မောင်နှစ်ယောက်သာ စင်မြင့်နောက်မှာ ကျန်ခဲ့သည်။ ဂရင်းသည် သွေးပူလုပ်သည့်အခန်းမှ ပလက်စတစ်ထိုင်ခုံတစ်ခုပေါ်ထိုင်နေသည်။ သူသည် ပြိုင်ပွဲဝင်ဘောင်းဘီအနီရောင်ကိုသာ ၀တ်ဆင်ထားဆဲဖြစ်ပြီး ကြမ်းခင်းကော်ဇော်ကို ငေးနေသည်။ လုံးဝသတိမမူမိမည်မှာ သူနှင့် ပေနှစ်ဆယ်လောက်အကွာက ထိုင်ခုံအလွတ်တွေ၏ နောက်ကွယ်တွင် လိုက်ကာတ၀က်ကို လိပ်ထားပြီး ဟိသ်လှဲနေသည်။ မျက်လုံးတွေမှိတ်နေပြီး မောဟိုက်နေသည်။ သူတို့နှစ်ယောက်လုံးသည် ဖြစ်ပျက်သွားတွေကို ပြန်လည်စီစဉ်ကြည့်နေကြသည်။

စနေနေ့ ညနေ ၆ နာရီ

တဖန်။ ၀ါရန်သည် အရင်ဆုံးရောက်နေပြန်သည်။ တဖန်သူသည် သွေးပူအခန်းက ကော်ဇော်ပေါ်လှဲနေပြီး သူ့ကံကြမ္မာကို စောင့်မျှော်နေသည်။ အ၀တ်အစားခန်းက ထိုင်ခုံပေါ်ထိုင်နေသည့် ၀ုဖ်က ထိပ်ဆုံးခြောက်ယောက်ထဲ ၀င်သည့်အကြောင်းကို ဟာသလုပ်နေပြီး သူ၏ အာဟာရဗေဒပညာရှင် ချက် နီခိုးလ်ကို ထုတ်တော့မည့်အကြောင်းပြောနေသည်။ ဂျိမ်းစ်သည် နောက်လာမည့် နေ့တွေမှာ သူ့မိန်းမချက်ကျွေးမည့် ထိုင်းအစားအစာများအကြောင်းပြောပြီး တခြားသူများကို နှိပ်စက်ကလူနေသည်။ ဆမ်မြူယလ်က လည်ပင်းနောက်ကို ခေါက်ထိုင်ခုံတစ်ခုခံထားပြီး ကြမ်းခင်းပေါ်လှဲနေသည်။ ကတ်တလာနှင့် ဂျက်ဆင်တို့က မျက်နှာချင်းဆိုင် ထိုင်ခုံတစ်ခုစီပေါ်ထိုင်နေကြသည်။ သူတို့ အခွင့်အရေးများအကြောင်းမေးသောအခါ “ကျွန်တော်တို့ တွေ့ရမှပေါ့” ဟုသာ နှစ်ယောက်စလုံးဖြေကြသည်။ သူတို့၏ နောက်ထပ်မောင်အိုလံပီယာဆုမှာ သူတို့၏ ယုံကြည်မှုတွေကို သစ္စာဖောက်မည့် အပြုံးတွေနှင့် ဖြေကြပါသည်။

Jay and Dexter!

ခါးနံပါတ် ၁

ပထမဆုံးပြသွားသည့် ကိုယ်ဟန်ပြအစီအစဉ်သည် သည်ည၏ အကောင်းဆုံးပင်ဖြစ်သည်။ ပြီးတော့ဤလှပသော ကိုယ်ဟန်ပြပုံသူသည် ခြေဖျားလေးတွေထောက်ပြီး ကပြသူတစ်ယာက်က မဟုတ်ဘဲ ၀က်ထီးတွေလိုက်ဖမ်းတတ်သူ တစ်ယောက်က ပြသွားသည့် ကိုယ်ဟန်ပြပုံများဖြစ်သည်။ ၀ါရန်၏ နောက်ခံတီးလုံးနှင့် ကိုယ်ဟန်ပြပုံများသည် သူ့ကိုယ်ကာယနှင့် အကိုက်ညီဆုံးဖြစ်သည်။ သူသည် Conan the Barbarian ဇာတ်ကားနောက်ခံတီးလုံးမှ အထူးခြား၊အကာင်းမွန်ဆုံးကိုယ်ဟန်ပြကွက်များနှင့်စပြီး Kid Rock ၏ ‘American Bad Ass’ သီချင်းကို အသုံးပြုပြီး ပေါင်များကို လှုပ်ခါပြီး မို့စ်မာစကူလာ ပြကွက်တွေကို ပြောင်းလဲပြသည်။ ၀ါရန်သည် သူစင်မြင့်ပေါ်စ၀င်ကတည်းက အမဲလိုက်သူသဖွယ် စိတ်ဆိုးမာန်ဆိုးနှင့် လက်သီးလက်မောင်းတန်းကာဝင်လာခြင်းသည် သူ၏ ကိုယ်ပိုင်ဟန်ပန်ပြကွက်ဖြစ်လာသည်။ ပရိသတ်သည်လည်း တခဲနက်အားပေးကြသည်။ သူသည် ကိုယ်ဟန်ကောင်းကောင်းပြရာမှာ က တတ်ဖို့မလိုဘူးဆိုသည်ကို သက်သေပြနိုင်ခဲ့သည်။

ခါးနံပါတ် ၎

Boyz II Men၏ ‘It’s So Hard To Say Goodbye To Yesterday’ သီချင်းနှင့် စီးဆင်းပြီး Diddy နှင့် Faith Evans’တို့၏ ‘I’ll Be Missing You’ သီချင်းကို ပြောင်းလဲဖျော်ဖြေခဲ့သော မာတီးနက်စ်သည် လွန်ခဲ့သည့် နှစ်လက အသတ်ခံခဲ့ရသော သူ့ညီမအား ရည်ရွယ်ပြီး ပြသခဲ့ခြင်းဖြစ်သည်။

ခါးနံပါတ် ၅

11th Place Melvin Anthony

အန်သိုနီသည် သူ၏ ကိုယ်ပိုင်ထုံးစံအတိုင်း အလွန်ကြည့်လို့ကောင်းသော ကိုယ်ဟန်ပြပုံများနှင့် ကြမ်းပြင်ကို တဒုတ်ဒုတ်မြည်စေသော R&B သီချင်းများကို အသုံးပြုကာ ပြသသွားသည်။ သူ့ပြသပုံတွင် သူ့ကိုယ်ထဲကို ဗို့အား တစ်ထောင်လောက်စီးဝင်သွားသောကြောင့် တက်သွားသည့်ပုံစံများပြီးနောက် ပေါင်ဖြဲချသည့် ကိုယ်ဟန်ပြပုံများပါဝင်သည်။ သူသည် အကြိုစစ်ဆေးမှုအပြီးမှာ အဆင့် ၁၃သာရခဲ့သော်လည်း သူ့၏အခုကိုယ်ဟန်ပြပုံက သူ့ကို ၁၀နားရောက်အောင် တွန်းတင်နိုင်ခဲ့သည်။

ခါးနံပါတ် ၇

7th Place Ronny Rockel

လွန်ခဲ့သည့် နှစ်နှစ်ကအတိုင်းပင် ရော့ခ်ခလ်သည် သူ့ကိုယ်ကာယနှင့် မကိုက်ညီဆုံးကိုယ်ဟန်ပြပုံတွေသာ ပြခဲ့သည်။ သူ၏ ဂန္တ၀င်ဆန် ကိုယ်ကာယကို Rammstein ၏ နားကွဲမတတ် သီချင်းအပြင်းစားကြီး ‘Stripped’ နှင့် ပေါင်းစပ်ခဲ့သည်။ ဤကဲ့သို့ လှပပြေပြစ်သော သူ့ကိုယ်ကာယကို သဲကြီးမဲကြီးသီချင်းနှင့် မတော်မတန် ပေါင်းစပ်ပြသတော့ သူရရှိသည်မှာ ပရိသတ်ဆီက ဟားသံများသာဖြစ်သည်။

ခါးနံပါတ် ၉

“ကျွန်တော်သည် သည် မောင်အိုလံပီယာပွဲမှာ ကိုယ်ဟန်ပြတာသည် ဘယ်လောက်အရေးကြီးတယ်ဆိုတာ တကယ်ကို မသိခဲ့တာပါ။” ဂရင်းသည် နောက်ပိုင်းတွင် ၀န်ခံခဲ့သည်။ သူသည် သူ၏စိတ္တဇပြကွက်များကို မပြချင်ဘဲ ပြခဲ့ရသည်ဆိုသည်မှာ ထင်ရှားသည်။ သူ၏ ပြကွက်များတွင် ထုံးစံအတိုင်း တွားသွားသတ္တ၀ါလိုလမ်းလျှောက်သည့်ပုံစံနှင့် ပြောင်းပြန် လမ်းလျှောက်သည့်ပုံစံတွေပါသည်။ သို့သော် ဤသည်မှာလည်း ကိုင်ဂရင်း၏ ဒဏ္ဍာရီကိုယ်ကာယထက် သူ့ဘ၀ပုံစံနှင့် ပိုပတ်သက်နေပါသည်။

ခါးနံပါတ် ၁၂

ကတ်တလာသည် Fabulous ၏ “It’s My Time” သံစဉ်နှင့် ပရိသတ်၏ အားပေးမှုကို ဖော်ထုတ်နိုင်ခဲ့ပြီးThe Who ၏ “Baba O’Riley” သီချင်းကို ပြောင်းလဲကာ လှပထူးခြားသော ကိုယ်ဟန်ပြကွက်များနှင့် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် စင်မြင့်ကိုလက်ညှိုးထိုးပြီး ‘My House’ ဟု ဆိုကာ ‘I’m Back’ ဟု ကြွေးကြော်ပြီး နောက်ဆုံးမို့စ်မာစကူလာ ပြကွက်တစ်ခုကို ပြသောအခါ ဂျေး၏ ပရိသတ်များ အသံကုန်အော်ဟစ်ကြလေသည်။

ခါးနံပါတ် ၁၉

ဟိသ်၏ ကိုယ်ဟန်ပြစဉ်တွင်အသိသာဆုံးမှာ သူ၏ ပြောင်းလဲသွားသော ကိုယ်ကာယဖြစ်သည်။ သူသည် မနေ့ညကထက် ၆ ပေါင်တက်လာသည်။ ပိုပြည့်လာသည်။ ကွဲပြားပေါ်လွင်မှုလည်း လျော့မသွား။ ဒိုင်လူကြီးများသည် ပရိသတ်နည်းတူ သူ၏ ခြားနားသွားမှုကို သဘောကျကြသည်။ ဟိသ်သည် တတိယ အကြိမ်ခေါ်ထုတ်ညှစ်ခြင်းတွင် ဂရင်းနှင့် ဂျက်ဆင်ကို အသာစီးရခဲ့သည်။

ခါးနံပါတ် ၂၃

‘ဓားသွား’ ဒတ်စတာ ဂျက်ဆင်သည် သူ၏ အကွေးအကောက်များနှင့် အမြှောင်းမြှောင်းကြွက်သားတွေကို ဟစ်ပ်ဟော့ပ် တီးလုံးတွေနှင့် အတူဖော်ထုတ်နိုင်ခဲ့သည်။ သူသည် ဒုတိယနေရာကို ဆုတ်ကိုင်ထားသော်လည်း ဤအဆင့်တွင် စတုတ္ထအကောင်းဆုံးနေရာမှာသာ ရှိနေသည်။

9th Place Hidetada Yamagishi

11th Place Silvio Samuel

13th Place Gustavo Badell

14th Place Dennis James

15th Place Markus Ruhl

16th Place Dennis Wolf

ပို့စ် ဒေါင်း (Posedown)

ထိပ်ဆုံးခြောက်ယောက် သူတို့ မလုပ်မနေရ ညှစ်ထုတ်ခြင်းတွေလုပ်ရပြီးနောက် ခဏနားသည်။ ဗုဒ္ဓဟူးနေ့ အစည်းအဝေးကတည်းက ပြိုင်ပွဲဝင်များကို သတိပေးထားသည်မှာ စင်အောက်သို့ ခုန်မဆင်းရန်ဖြစ်သည်။ သုံးပေကျော်အမြင့်သည် စိတ်ချရသည်တော့မဟုတ်။ လှေကားတွေကိုသာ သုံးပါဟူ၍ဖြစ်သည်။ ထို့ကြောင့် ကတ်တလာက ခုန်ချသည်။ ပြီးတော့သူသည် ပြောင်ပြောင်တင်းတင်းပင် ပြုံးသည်။ ဒါသည် သူ၏ စင်မြင့်၊ သူ၏ ပြိုင်ပွဲ၊ သူ၏ ဆုဟု ယူဆသည့်ပုံပင်ဖြစ်သည်။ တခြားလူများလည်း သူ့နောက်က လိုက်လာကြသည်။ သို့သော် အကုန်လုံးသည် လှေးကားကိုသာ သုံးကြသည်။ တစ်လျှောက်လုံးတွင် ကိုယ်ဟန်များပြသွားကြသည်။ သူတို့သည် ကတ်တလာနောက်ကို မလှမ်းချင်လှမ်းချင်နှင့် လိုက်သွားကြပြီး စင်ပေါ်ပြန်တက်ရသည်။ နောက်ပြောစမှတ်ပြုစရာတစ်ခုက ဟိသ်သည် ဂရင်းနှင့် ဂျက်ဆင်တို့ကို ကျောဘက်လှည့် လက်မောင်းနောက်သားညှစ်သည့် ကိုယ်ဟန်ပြ ပြရန် စိန်ခေါ်လိုက်သည်။ ပခုံးအကျယ်မှာ နှစ်ယောက်လုံးထက် ကျဉ်းသော်လည်း ဟိသ်၏ နောက်ကျောသည် မနေ့ကထက်တောင် ကျယ်ပြန့်နေပြီး သူ၏ ခြေသလုံးမှသည် ဂုတ်သားအထိ အသေးစိတ်ပေါ်လွင်နေပုံမှာ ထိုနှစ်ဦးလုံးထက် သာပါသည်။ သူသည် ဤအဆင့်တွင် ထိုနှစ်ယောက်လုံးထက် သာလွန်ပြီး ၀ါရန်နှင့် ဒုတိယနေရာမှာ သွားချိတ်နေသည်။

Posedown!

Posedown

ခြောက်၊ ငါး၊ လေး

မာတီးနက်စ်သည် ခန့်မှန်းထားသည့်အတိုင်း အဆင့်ခြောက်ရသည်။ သို့သော် အဆင့်၅ကို ဟိသ်ဟု ကြေငြာလိုက်သောအခါ ဘူးဟူသော မကျေနပ်သံများပေါ်လာသည်။ သူသည် သောကြာနေ့ပြီးကတည်းက ထိပ်ဆုံးငါးယောက်ထဲမှာ ပါပြီးသားဖြစ်သည်။ (အဆင့်၎နှင့် ၈ မှတ်ကွာသည်။) စနေနေ့ကျတော့သူသည် အဆင့်၎နှင့် တစ်မှတ်သာကွာပြီး ဒုတိယနှင့် ၉မှတ်သာကွာသည်အထိ တိုးတက်လာသည်။ ဒိုင်တစ်ဦးဖြစ်သူ ၀ိန်းဘာဂါက အခိုင်အမာပြောသည်။ “ဟိသ်သည် ဒီနေ့မှာ အရမ်းကောင်းနေသည်။ မနေ့ကသာ သူ အဲသည်လိုမျိုးကောင်းခဲ့လျှင် ဘာဖြစ်သွားမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူး။” နောက် ထိတ်လန့်စရာသည် စတုတ္ထနေရာသည် ၀ါရန် မဟုတ်ဘဲ ဂရင်းဖြစ်သွားသည်။ အမှတ်ပေးဇယားကို ကြည့်လိုက်လျှင် ဂရင်းသည် အကြိုစစ်ဆေးမှုအပြီးတွင် တတိယဖြစ်ပြီး စနေနေ့ရောက်တော့ အဆင့်နှစ်ဆင့်လုံးတွင် ပဉ္စမဖြစ်နေသည်။

Who's on top?

တတိယ

သုံးယောက်ဘဲ ကျန်တော့သည့်အတွက် ပရိသတ်များသည် တတိယဆိုသည်မှာ ဘရန့်ခ်ျဝါရန်သာဖြစ်မည်ဟု ကြိုတွက်ထားကြသည်။ သို့သော် ဘော့ပ် ဆီချာရီလို ကြေငြာလိုက်သည်မှာ ဘရန့်ခ်ျဝါရန် မဟုတ်။ ‘ဒတ်စ်တာ ဂျက်ဆင်’ တဲ့။ ၀ါရန်သည် သူ့လက်သီးကို မြှောက်လိုက်သည်။ အော်လီရန်း အဲရီနာ ခန်းမကြီးသည် အသက်ရှုမှားလောက်သာ အော်သံတွေ၊ တက်ကြွနေသော အားပေးချီးကျူးသံတွေနှင့် ပွက်လောညံသွားသည်။ ဘာတွေဖြစ်ကုန်ပြီလဲ?။ မနေ့က ကြိုတင်ခန့်မှန်းတာကို ကြည့်လိုက်လျှင် ဒိုင်တွေက ဘာလို့ နှစ်ယောက်တည်းသာ ယှဉ်ညှစ်ခိုင်းတာလဲ.. ကိုးလ်မင်း မောင်အိုလံပီယာကို လွှမ်းမိုးစဉ်တုန်းက ပြိုင်ပွဲဝင်မောင်များ ဇယားကို ကြည့်ပြီး တွက်ချက်ကြည့်နိုင်သည်။ တတိယသည် ဘယ်သူလဲဆိုတာ။ အခုလည်းဘဲ မနှစ်က မောင်အိုလံပီယာကြီးသည် ပြိုင်ပွဲတိုင်းတွင် နံပါတ်ရှစ်သာ အများဆုံးရဖူးသူ၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီ။ ဘယ်သူမှ ဂျက်ဆင်လောက် ကြက်သေသေမသွားနိုင်ပါ။ ကြေးရောင် ဆွဲပြားသူ့ဂုတ်မှာ ဆွဲလိုက်တော့ သူသည် ထိတ်လန့်စွာနှင့်ပဲ သူ့မျက်ရည်များကို ထိန်းသော်လည်း မထိန်းနိုင်လိုက်ပါ။

“ကျွန်တော် မနှစ်က ရခဲ့တယ်လို့ ထင်ပါတယ်။” နောက်နှစ်ရက်အကြာမှာ ဂျက်ဆင်ကပြောသည်။ “သို့သော်လည်း အခု တတိယ…” သူ့အသံများ နစ်ဝင်သွားသည်။ ခေါင်းကို ရမ်းလိုက်သည်။ “မနှစ်က ပထမရတော့လည်း ကျွန်တော်အသက်ရှုမှားသွားသည်။ သည်နှစ်မှာ တတိယဆိုတော့ ပိုပြီးတော့တောင် အသက်ရှုမှားသွားသည်။ ကျွန်တော် သူ့ကို(၀ါရန်ကို) တကယ်မမြင်ခဲ့တာပါ။”

Dexter, Jay and Kai!

ဒုတိယ

ကျွန်တော်တို့၏ ဇာတ်လမ်းကြီး ဘယ်ကစလဲ ပြန်ကောက်ကြည့်ရအောင်။ အချိန်တွေ ရပ်တန့်သွားသည်။ ကြွက်သားတွေ အေးခဲသွားသည်။ ရှိရှိသမျှနားတွေသည် မဖြစ်စဖူး သတိဝီရိယနှင့် မလွတ်တမ်းနားထောင်နေကြသည့် ပုံစံပင်။ စင်မြင့်အလယ်မှာ နှစ်ယောက်တည်းသာကျန်တော့သည်။ စီချယ်ရီလို၏ “နောက်ဆုံးတော့ မောင်အိုလံပီယာ အသစ်သည်..” ဆိုပြီးနောက် အသစ်ဆိုသော စကားလုံးကို တစိမ့်စိမ့်တွေးအောင် အနားပေးထားလိုက်သည်။ လွန်ခဲ့သည့် သုံးယောက်တုန်းက ရသွားပုံတွေကို ကြည့်လိုက်လျှင် ဘာမဆိုဖြစ်သွားနိုင်ကြောင်း သိသာနေသည်။ ဒါသည် မောင်အိုလံပီယာ သမိုင်းမှာ အထိတ်လန့် အချောက်ချားဆုံးပွဲတစ်ပွဲဖြစ်သွားမလား?။ သို့သော် ကျွန်တော်ကြားလိုက်သော နာမည်သည် ဘရန့်ခ်ျဝါရန်တော့မဟုတ်လိုက်ပါ။ ၀ါရန်သည် ဝေးဝေးလံလံထိ တက်လာခဲ့သည်။ သို့သော် သည်အဆင့်မှာတော့ ရပ်သွားသည်။ မောင်အိုလံပီယာ သမိုင်းမှာ ထိပ်ဆုံးအဆင့်နားထိ အတိုးတက်ဆုံးသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ဂျက်ဆင်ကို တစ်မှတ်ဖြင့် ကပ်ဖြုတ်ကာ တက်လာခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ၀ါရန်၏အမှတ်တွေသည် နှစ်ရက်အတွင်းမှာ အနည်းငယ်ပြောင်းခဲ့သည်။ ဘာဖြစ်ခဲ့လဲဆိုလျှင် ဂရင်းနှင့် အထူးသဖြင့်ဂျက်ဆင်တို့ ယိုင်ယိုင်လဲလဲဖြစ်သွားခြင်းကြောင့်ပင်။ ဟိသ်သည် သူတို့နှစ်ယောက်စလုံးကို စနေနေ့မှာ နိုင်ခဲ့ပါသည်။ သို့သော် စုစုပေါင်း အမှတ်ကျတော့ အနည်းငယ်နောက်ရောက်သွားခဲ့သည်။ သို့သော် ဤအကြောင်းတွေသည် ၀ါရန်အတွက် ဒုတိယနေရာအထိ ကျော်ဖြတ်လာစရာ အကြောင်းတွေဖြစ်သည်။

ပထမ

ငြင်းခုံခွင့် အနည်းဆုံးသာ ရှိသော နေရာသည် ထိပ်ဆုံးမှာ ကတ်တလာ တည်ရှိနေခြင်းဖြစ်သည်။ တစ်နှစ်လောက် ပြည်နှင်ဒဏ်ပေးခံရပြီး တဖန် ကာယဗလဘုရင်အဖြစ် သရဖူဆောင်းခဲ့ရပြန်ပြီ။ မောင်အိုလံပီယာ သမိုင်း ၄၄နှစ်မှာ ပထမတွေတောက်လျှောက်ရပြီး ရှုံးကာ ပြန်နိုင်ခဲ့သော ပထမဦးဆုံး ကာယဗလမောင်ဖြစ်ခဲ့သည်။ မောင်အိုလံပီယာ သုံးကြိမ်ရသူ ကိုယ်ဟန်ပြတစ်ကွက်ညှစ်လိုက်သောအခါ ရောင်စုံစက္ကူစများ ရွာသွန်းလာပြီး ပရိသတ်ကြီးကလည်း ရုံကွဲလုမတတ်အော်ဟစ်အားပေးကြလေသည်။

စနေနေ့ ည ၉နာရီ ၅၀မိနစ်

စင်မြင့်နောက်တွင် ဂျက်ဆင်သည် သူ၏ သွေးပူအ၀တ်အစားများကို ကောက်သိမ်းဖို့ ခဏလေးသာနားပြီး မြင်ကွင်းထဲမှ မလှမ်းချင်လှမ်းချင်နှင့် ကွယ်ပျောက်သွားသည်။ ၀ါရန်သည် ချီးကျူးဂုဏ်ပြုကြခြင်းကို လက်ခံနေသည်။ မာတီးနက်စ်က အ၀တ်အစားမြန်မြန်လဲနေစဉ်တွင် ဂရင်းကိုတော့ သွေးပူခန်းထဲက သူ၏ အထီးကျန်ထိုင်ခုံလေးမှာ ထိုင်နေသည်ကို ထပ်တွေ့နေရပြန်သည်။ အိမ်သာခန်းများထဲက လက်ဆေးကန်ပေါ်ထိုင်နေသည့် ဟိသ်က လွန်ခဲ့သည့် ၄၄နာရီကျော်က ဖြစ်ပျက်ခဲ့သည်ကို ပြန်လည်ရှင်းပြနေသည်။

သောကြာနေ့ မနက်အစောကြီး ၂ နာရီလောက်မှာ သူသည် စအန်တော့သည်။ နောက် သုံးနာရီခွဲကျော်အထိ ဆရာဝန်များ မလာခင်အထိ ရပ်မသွားခဲ့ပါ။ အကယ်၍ သွေးကြောထဲ ဒရစ်ပ်ပုလင်းတွေသာ ချိတ်နေရလျှင် သည်နှစ်မောင်အိုလံပီယာ ပြိုင်ဖို့ အိပ်မက်ကို စွန့်လွှတ်ရတော့မည်ကို သိ၍ သူနှင့် ဟန်နေရမ်းဘော့တ်တို့သည် ဆေးဝန်ထမ်းနှင့် ဆရာဝန်များကို ပြန်လွှတ်လိုက်သည်။ အိမ်သာကျင်းပေါ် ရစ်ဝဲနေရပြီး တစ်ညလုံးမအိပ်ခဲ့ရသော ဟိသ်သည် ၁၃ ပေါင်ကျသွားခဲ့သည်။ အကြိုစစ်ဆေးမှုမတိုင်မီတွင်သူစားခဲ့သော ပူတင်းတွေ၊ ဘာဂါတွေသည် သူ့ပျောက်ဆုံးသွားသော ဖောင်းတင်းမှုတွေကို ဖာထေးရန်အတွက်ဖြစ်လေသည်။ သူစားနိုင်သမျှ အသားကုန်စားပြီးနောက သူသည် စနေနေ့ညတွင် ၈၅%လောက် ပြန်ပြည့်လာခဲ့သည်။ “သင့်မှာ ပြိုင်ပွဲတစ်ခုရှိပြိး အဲသည်လို တစ်ခုခုဖြစ်ခဲ့လျှင် တကယ့်ပြဿနာပါပဲ။ သို့သော် (ပဉ္စမကိုကြေငြာတော့) ‘ဘူး’ ဟူသော အသံများကြားလိုက်ရခြင်းသည် ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်အများကြီးရှိပါသည်။ သည်လိုမျိုးရှုံးနိမ့်ခြင်းသည် ကျွန်တော့်ကို အကျဉ်းအကျပ်ဖြစ်စေတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ကို ဆီဖြည့်ပေးလိုက်တဲ့ သဘောပါပဲ။ အိုး ငါဟာ ပဉ္စမပါလား..” သူသည် သူ၏ ချက်လက်မှတ်ကြီးကို ရွံရှာမှုဖြင့် တစိမ့်စိမ့်ကြည့်နေသည်။ “ငါဟာ အဆင့် ငါး မဟုတ်ဘူး။ မနေ့ကသာ အဆင့်ငါးပါ။” ပြန်လည်ပေးဆပ်ခြင်းကို သူ မစောင့်နိုင်ပါ။ သူ့ပြိုင်ဖက် အပေါင်းအဖော်များက အားလပ်ရက်တွေကို ကောင်းကောင်းခံစားနေစဉ် သူသည် ဂျင်မ်ထဲ ပြန်ဝင်နေပြီး အောက်ပိုင်းတွေ စထိုင်လေ့ကျင့်နေပြီဖြစ်သည်။

Posedown!

စနေနေ့ ည ၁၀နာရီ ၃၅မိနစ်

ဂရင်းသည် သွေးပူခန်းထဲမှာ ထိုင်နေဆဲပင်။ ၂၀၀၇က ကိုးလ်မင်းကြီးနှင့် ဆင်တူယိုးမှားပင်။ သူသည် သူရခဲ့သော အတွေ့အကြုံကို အဆုံးသတ်မသွားချင်၍ ထွက်မသွားသေးပါ။ စင်မြင့်နောက်က ဓာတ်ပုံဆရာများကြားတွင် ကတ်တလာ ဖော်ပြနေသည်မှာ “ကျွန်တော် သုံးကြိမ်ရချင်တယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား။ အခုတော့ ကျွန်တော် သုံးကြိမ်ရနေပြီ။ ဒါဟာ အစစ်အမှန်ပါပဲ။ ဒါသည် ပထမဆုံးအကြိမ်ရတာထက် ပိုကြီးကျယ်နေပါတယ်။ ဘာကြောင့်ဆို ကျွန်တော်ရှုံးပြီးမှ တဖန်ပြန်နိုင်လို့ပါ။ ကျွန်တော်ဖြတ်သန်းခဲ့သော လမ်းတလျှောက်မှာ သည်တစ်ခါသည် ထုထည်ရော၊ ကွဲပြားပေါ်လွင်မှုရော အကောင်းဆုံးကိုယ်ကာယနှင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းပါ။ ကျွန်တော့်မှာ အကောင်းဆုံးအဖွဲ့လည်းရှိနေသည်။ ကျွန်တော့်မှာ ဟန်နေနှင့် ပထမဆုံးအကြိမ်ပူးတွဲ လုပ်ကိုင်ခဲ့သည်။ ကျွန်တော့် လေ့ကျင့်ဖော်များနှင့် ကျွန်တော့်ဇနီး (ကယ်ရီ) တို့သည် ကျွန်တော့်ကို အရင်နှစ်များမှာထက် ပိုကူညီခဲ့ကြသည်။ ကျွန်တော်သည် ကိုယ်ကာယအပိုင်းရော၊ စိတ်ဓာတ်အပိုင်းရော၊ ခံစားမှုအပိုင်းရော ထိပ်ဆုံးမှာ ပြန်ရောက်နေဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်။ ကျွန်တော်ပြုတ်ကျပြီးနောက် တဖန်ထိပ်ဆုံးကို ပြန်ရောက်လာခဲ့တာတွေဟာ အရမ်းကို စိတ်ထိခိုက်ရပါတယ်။”

2009 Mr. Olympia!

စနေနေ့ ည ၁၁ နာရီ

ကတ်တလာသည် စင်မြင့်နှင့် အပြင်ဘက်ကို ဆက်သွယ်ထားသော ဟောခန်းလမ်းမကြီးပေါ်မှာ အေးအေးလူလူလမ်းလျှောက်သွားပြီး သူ၏ ကာယဗလ၏ အထွတ်အထိပ်ဆုကြီးကို တဖန်ပြန်ကြည့်လိုက်သည်။ ပြီးတော့သူသည် သူ၏ အလေးကြီးများနှင့် အသားကုန်ကစားခဲ့ရသော ကစားချိန်တွေ၊ အလျှော့မပေးပဲ လုပ်ခဲ့ရသော ကာဒီရိုတွေ၊ သူမစားချင်ဘဲနှင့် အမြဲတမ်းစားခဲ့ရသော တစ်ကြိမ်ပြီးတစ်ကြိမ် စားနေရသော အစားအစာတွေ စသည့်မြင်ကွင်းတွေကို လျှပ်ခနဲလျှပ်ခနဲပြန်မြင်နေသည်။ ထို့နောက် သူသည် သူ့မြို့က သူ့အိမ်ဟု ယူဆထားသော ခန်းမကြီးမှ ထွက်၍ ညမိုးချုပ်ကြီးထဲလှမ်းပြီး စောင့်မျှော်နေကြသော သူ့သူငယ်ချင်းတွေ၊ ပရိသတ်တွေအုပ်စုလိုက်ကြီးကို မနှုတ်ဆက်ခင် ပြုံးလိုက်လေသည်။ သူဖြတ်ကျော်ခဲ့ရတာတွေ၊ သူဆုံးရှုံးခဲ့ရတာတွေ၊ သူပြန်ရခဲ့တာတွေ၊ သူ့နောက်ကွယ်မှာ အခုဘာတွေရှိနေလဲဆိုတာတွေ၊ သူ့ရှေ့မှာ ဘာတွေရှိလိမ့်မလဲ ဆိုတာတွေ တွေးပြီး သူပြုံးလိုက်လေသည်။

End of The Story!

Joe Weider's 2009 Mr. Olympia

Related posts:

  1. အစဉ်အဆက် မောင်အိုလံပီယာ ချန်ပီယံများ
  2. လီိဟေနီနဲ့ မောင်အိုလံပီယာ ပြိုင်ပွဲအပေါ် သူ့သဘောထား
  3. မောင်အိုလံပီယာ ပေါ်ပေါက်လာပုံ အကျဉ်းချုပ်
  4. မောင်အိုလံပီယာ ဆုတံဆိပ် ဖြစ်ပေါ်လာပုံ
  5. လေးထပ်ကွမ်း မောင်အိုလံပီယာ ဂျေးကတ်လာ၏ ပေါင်ကြွက်သား ကစားနည်း