၂၀၀၉ ပြည်နယ်နှင့် တိုင်း ကာယဗလနှင့် အလှပြိုင်ပွဲ
Home > Training and Contest > ၂၀၀၉ ပြည်နယ်နှင့် တိုင်း ကာယဗလနှင့် အလှပြိုင်ပွဲ
၂၉.၁၁.၀၉ တနင်္ဂနွေနေ့က နေ့လယ် ၁၂နာရီလောက်တွင MCC ခန်းမ၌ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှ တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲ စတင်ကျင်းပခဲ့သည်။ ဤပြိုင်ပွဲတွင် ပထမဒီနှစ်ရပါက နောက် နှနှစ် ဆက်တိုက်နားပြီးမှ ပြန်ပြိုင်ခွင့်ပေးသည့် ပြိုင်ပွဲမျိုးဖြစ်သည်။ သည်နှစ်တွင် ထူးခြားသည်မှာ အထူးသဖြင် ဘော်ဒီဝိတ်သေးသည့် အတန်းများတွင် အကုန်ကောင်းနေကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပထမရထားသည့် မောင်ဟောင်းများပြန်ဝင်လာကြခြင်းဖြစ်သည်။
ကျွန်တော်လည်း လွန်ခဲ့သည့် နှနှစ်က ပထမရထား၍ သည်နှစ်ပြန်ပြိုင်လို့ရပါသည်။ သည်နှစ်တွင် မန္တလေးတိုင်းတွင် ကိုဇော်ဝင်းအောင်လည်း ပြန်ပါသည့်အတွက် မန္တလေးဒိုင်းရနိုင်သည်ဟု မျှော်မှန်းကာ အတတ်နိုင်ဆုံးကြိုးစားယှဉ်ပြိုင်ခဲ့သည်။ သို့သော် ရန်ကုန်က အမှတ်အပြတ်အသတ်ဖြင့်ပင် ပထမရခဲ့သည်။ အမှတ်ကောင်းဖို့ ဆိုလျှင် တစ်တိုင်းစီ၏ အတန်းစေ့ ကောင်းနေမှ ရမည်သာဖြစ်သည်။ မန္တလေးမှ ဘော်ဒီဝိတ်သေးသည့်အတန်းများမှာ တော်တော်ရှုံးနိမ့်ခဲ့၍ မန္တလေးဒိုင်းပြုတ်ခဲ့ပြီ။ သို့သော် မန္တလေးမှ ဦးပြား နောက်နှစ်ပြိုင်မည်ဟု သတင်းရ၍ မျှော်လင့်ချက် နောက်နှစ်ရှိသေး၏။ နောက်နှစ်တွင် ကိုဇော်ဝင်းအောင်လည်း ပြိုင်လို့ရသေးသည်။ ထိုက်စုဝင်းလည်း ပြိုင်လို့ရသေးသည်။ နောက်နှစ်တော့ ကျွန်တော့် မန္တလေး သေချာရနိုင်ပါစေ။
ဤပြိုင်ပွဲနှင့် ပတ်သက်၍ ကိုဝိုင်းချစ်မှတ်ချက်ချသည်မှာ – “ပေါင်နောက်သားနှင့် ခြေသလုံး ဘယ်မောင်မှာမှ မရှိပါ။ သည်မှာ ကာယဗလမောင်တွေကျင့်သုံးနေသည်မှာ ဒိတ်အောက်ပြီး အလွန်ခေတ်နောက်ကျနေပါပြီ။ ပြောရမယ်ဆိုလျှင် အကုန်လုံးကို အားနည်းနေပါတယ်။ နည်းစနစ်ပိုင်းမှာ အလွန်ကို အားနည်းနေတယ်။ အကယ်၍ တိုးတက်ချင်တယ်ဆိုရင် အခုလေ့ကျင့်နေတဲ့ အခုကျင့်သုံးနေတဲ့ နည်းလမ်းတွေအားလုံးကို ပြောင်းပြန်လှန်လိုက်ပါ။ ဒါမှ ကမ္ဘာ့အဆင့်မှီမည်ဖြစ်သည်။ ဘာကြောင့်ဒီလိုဖြစ်နေသလိုဆိုလျှင် ကျွန်တော်တို့မှာ စပွန်ဆာ လုံးဝကို မရှိသလောက်ဖြစ်နေတာလည်း တစ်ချက်ပါဝင်ပါတယ်။” ကိုဝိုင်းချစ်အပြင် ကိုခိုင်လင်း၊ ကိုမင်းဇော်ဦးတို့လည်း လာရောက်အားပေးကြသည်။
အောက်ပါပုံလေးတွေကို ရှုစားကြပါ။ ကျွန်တော် နာမည်တွေအကုန်မမှတ်မိ၍ မဖော်ပြတော့ပါ။





















ပြိုင်ပွဲအတွက် ဆွေးနွေးချက်လေးတွေ လိုအပ်နေပါသည်။ အောက်မှာ နည်းနည်း ဖြစ်စေ၊ ဆွေးနွေးသွားပါ။
Related posts:






Congratulation ပါ အကိုနိုင်ဝေရေ…. ကျောင်းဖွင့်နေလို့ အခုမှ လိုက်ဖတ်ဖြစ်တယ်… ဒါတောင် အကုန်မဖတ်ရသေးဘူး…း)
နောင်ကျရင်ကျွန်တော် ပါပြိုင်နိုင်အောင် ကြိုးစားမယ်ဗျာ