Mar
23

2010 -အာနိုးကလပ်စစ်ပြိုင်ပွဲ ကိုင်ဂရီန်းထပ်မံဗိုလ်စွဲ

Home > နိုင်ဦး စာမျက်နှာ > 2010 -အာနိုးကလပ်စစ်ပြိုင်ပွဲ ကိုင်ဂရီန်းထပ်မံဗိုလ်စွဲ

တင်ဆက်သူ – နိုင်ဦး(119)(intensemuscle@gmail.com)


ပြီးခဲ့တဲ့မတ်လ 6-ရက်နှင့်7 -ရက်နေ့ က အဆင့်အမြင့်ဆုံး ဆုကြေးစားကာယဗလပြိုင်ပွဲ ဖြစ်တဲ့ အာနိုးကလပ်စစ်ပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပါပြီ။ သတင်းအနှစ်ချုပ် တင်ပြရလျင်တော့ ပထမဆုကို ယမန်နှစ် အာနိုးကလပ်စစ် ချန်ပီယံကိုင်ဂရီန်းကပဲ ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကိုင်ဂရီန်းဟာ ယခုနှစ်ပြိုင်ပွဲအတွက် နောက်ကျော ၀င်းကြွက်သားကို 6-ထပ်ကွမ်း မောင်အိုလံပီယာဟောင်း ဒိုရီယံရိတ်၏ လမ်းညွန်ချက်အတိုင်းကို ဒိုရီယံကိုယ်တိုင် နည်းပြ အဖြစ်ပြုလုပ်ကာ လေ့ကျင့်စေ ခဲ့သောကြောင့် ယခုနှစ်တွင် နောက်ကျောပြင် ကြွက်သား မာဆယ်ထောင့်စုံမှု၊ ကျယ်ပြန့် မူ၊ထု ထည်နှင့် ယခင်က ပါးချပ်ချပ်ဖြစ်နေသော ရင်အုပ်အပေါ်သား၊ ဂုတ်ကြွက်သားတို့ ကိုအားဖြည့် ကာ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားထားသောကြောင့် နာမည်ကျော်ဖီလ်းဟိသ်ကို ကျော်ဖြတ်ကာ အောင်ပန်းဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖီလ်းဟိသ်မှာ နာမည်ကြီး ထမင်းငတ်ကိန်း ဆိုက်ခဲ့ရသော ပွဲဖြစ်သည်။ prejuding နေ့ မှာ ဦးဆောင်နေခဲ့သော်လည်း final နေ့ တွင်ကိုင် ဂရီန်းက မာဆယ် ပိုမိုခြောက်သွေ့ ကာ ပိုမိုကောင်းခဲ့သောကြောင့် သူရူံးခဲ့ရခြင်းဖြစ်သည်။ အတော်ကြီးကို အောင့်သက်သက် ခံစားခဲ့ရသူပါ။ ကျွန်တော့်အမြင်တွင်တော့ ဖီလ်းဟိသ်သာ ချန်ပီယံဖြစ်ထိုက်သူဟု ထင်ပါသည်။ သူသည် အဖက်ဖက်က ထောင့်စုံအောင် ကောင်းလာသည် သာမက မာဆယ်ကွာလတီရော ထုထည်ပါ ကောင်းလာသူဖြစ်သည်။

တတိယဆုရှင် ဘရန့် ဝါရန့် ကတော့ ယခင်နှစ်ကလည်း တတိယရခဲ့သူပါ။ 2009-အိုလံပီယာပြိုင်ပွဲမှာ ဒုတိယရခဲ့သောကြောင့် သူ့ကို လူအများက ယခုနှစ် အာနိုးကလပ်စစ်ချန်ပီယံအဖြစ် ထင်ကြေးပေးထားသူ ဖြစ်သည်။ ကျွန်တော့် အမြင်မှာတော့ သူနှင့်ဒီဆုသာ အထိုက်တန်ဆုံးဖြစ်သည်။ ဘာဖြစ်လို့ လည်းဆိုတော့ မလှပသော သူ့ဘော်ဒီအချိုးအစားနှင့် ဘယ်လောက်မာဆယ် ကောင်းကောင်း၊ ထုကောင်းကောင်း ဒီလောက် သာသင့်လျော်သည်ဟု ထင်ပါသည်။

အဆင့်လေးရသော ဒက်တာဂျက်ဆင်ကတော့ စိတ်ပျက် ခဲ့ရသူပါ။ သူက အာနိုးကလပ်စစ် ချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးပြီး မောင်အိုလံပီယာတစ်ကြိမ် ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ ဘယ်တော့လာလာ ဒီဘော်ဒီ၊ ဒီကိုယ်ဟန်ပြကွက် တို့ က ဒိုင်များကို ငြီးငွေ့ စေခဲ့သော ကြောင့်ဟု ထင်ပါသည်။ နောက်ပြီး ပြိုင်ဖက်အားလုံးက ကောင်းသည်ထက် ကောင်းလာသော ကြောင့်လည်းဖြစ်သည်။ အဆင့်ငါးရသူ တိုနီဖရီးမင်းကတော့ အတော်ကြီး တိုးတက်လာသူဖြစ် သည်။ သူ့အသက်အရွယ်ကြီးနှင့် အိမ်ထောင်ကျကာစ ဆိုသော်လည်း ကြွက်သားများ အထူး သဖြင့် ပေါင်နှင့်ရင်အုပ်ကို အထူးပြု ကောင်းမွန်အောင် ပြုလုပ်နိုင်သောကြောင့် သူရသောအဆင့် နှင့်ထိုက်တန်သူဟု ဆိုချင်ပါသည်။

အဆင့်ခြောက်နေရာမှ ရွန်နီရာကယ် ကိုအတိုးတက်ဆုံးသော ကာယဗလမောင်ဆုကို ပေးချင်ပါသည်။ ဘာဖြစ်လို့ လည်း ဆိုတော့ ဘယ်တော့မှ ဆယ်ယောက် အထက်ကို မရဖူးသောသူ ဖြစ်သောကြောင့်ပါ။ ယမန်နှစ်က အိုလံပီယာမှာ အဆင့်7ရခဲ့ခြင်းကစ ပြီး သူအောင်ပွဲဆက်တိုက် ခံလာတာပါ။ ဒါကြောင့် ကျွန်တော်ပြောတာပေါ့ ဘယ်ကာယဗလသမား ကိုမဆိုအထင်မသေးပါနဲ့ လို့ ။ သူကတော့ ကိုယ်ဟန်ပြမှာ ညံ့နေဆဲပါ။ အဆင့်7နေရာကိုတော့ ယခုနှစ်မှ ပရော်ဖက်ရှင်နယ်အဆင့် ရောက်လာသူ ရိုလီဝင်ကလာ ကရရှိခဲ့ပါတယ်။ သူလည်းသ တိထား စောင့်ကြည့်ရမဲ့သူပါ။ အဆင့် 8-ကိုတော့ ကျွန်တော်တို့ အာရှသား ဟီဒီတာဒါယာမာဂီရှီ ကရရှိခဲ့ပါတယ်။ အဆင့်ကိုးကိုတော့ ယခုနှစ်ဦးပိုင်းမှာ ကျင်းပခဲ့တဲ့ phoenix pro ပြိုင်ပွဲချန်ပီယံ မယ်လဗင်အန်ထော်နီက ရရှိခဲ့ပြီး၊ ရောဘတ်ပီယို ကော့ကာဝဇ်က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ကိုယ်ဟန်ပြဆုကို ချန်ပီယံကိုင်ဂရီန်းက ရရှိကာ၊ မာဆယ်အကောင်းဆုံးဆုကို ဘရန့် ခ်ျဝါရန်က ရရှိပါတယ်။

2010-ခုနှစ်အတွက် တစ်သက်တာကြံ့ ခိုင်မူ့ ဆုကိုတော့ ရုပ်ရှင်မင်းသားကြီးဆီဗက် စတာ စတားလုံးက ရရှိပါတယ်။ 2010- အာနိုးကလပ်စစ် ပြိုင်ပွဲသတင်း အကျဉ်းချုပ်ကတော့ဒီ လောက်ပါပဲ။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာပုံလေးတွေကို ဖော်ပြပေးလိုက်ပါ တယ်။ ကိုယ်ဖာ့သာဝေဖန်ကြည့်ပါဦး။ ပြီးရင် comment ရေးပြီးဝေဖန်ပေးကြပါဦး။ ——–

comment ရေးတဲ့ပရိတ်သတ်ထဲက ကိုအောင်အောင်ကို လေးစားပါတယ်ဗျာ။ ခင် ဗျားရေးတဲ့ commentတွေက ထိတယ်ဗျာ။ တခြားပရိတ်သတ်များကိုလည်း အဲဒီလိုပွင့် ပွင့်လင်းလင်း ရေးပါလို့ ပြောချင်ပါတယ်ဗျာ။ အဲဒီလိုရေးလို့ ကျွန်တော်တို့ ဆိုက်ကိုပိတ် စရာအကြောင်း မရှိပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ ကစေတနာနဲ့ ဝေဖန်တာ မို့ ပါ။ စေတနာက ရောင်ပြန်ဟပ်ပါတယ်။

ကဲအခု ခင်ဗျားတို့  commentရေးလို့ ရအောင် နဲနဲ တော့ ရေးလိုက်ချင်ပါတယ်။ ဝေဖန်ပေးကြပါဦးဗျာ။ ခင်ဗျားတို့ ကထင်မယ် ကိုနိုင်ဦး ဒီတစ်ခါတော့ အာနိုးကလပ်စစ်ပြိုင်ပွဲပြီးတာ ကြာမှသတင်းရလို့  ရေးတာလို့ ထင်ပါလိမ့်မယ်။ လုံးဝမဟုတ်ပါဘူးဗျာ။ ifbb ဦးစီးပြီး ကျင်းပမဲ့ တစ်နှစ်အတွင်း ပြိုင်ပွဲ တွေရဲ့ သတင်း အတိအကျ ကျွန်တော့်ဆီမှာ ရှိပါတယ်ဗျာ။ အာနိုးကလပ်စစ် ပြီးပြီးချင်း မရေးတာ ကတော့ ကျွန်တော် လူတစ်ယောက်ကို တွယ်ဖို့ စောင့်နေတာပါ။ သူကတော့ ပြည်တွင်းက နာမည် ခပ်ကြီးကြီး ဘောလုံးဂျာနယ်တစ်ခုမှာ အယ်ဒီတာဆိုလား ဘာလားပဲဗျာ။ ပြီးတော့ ပြည်တွင်းကာယဗလပြိုင်ပွဲ သတင်းတွေ နဲ့ အိုလံပီယာပြိုင်ပွဲသတင်းတွေကို ထင်သလို ရေးတတ်သူပါ။ ဥပမာ- 2008 အိုလံပီယာသတင်းမှာ ဆိုပါတော့ဗျာ ဂျေးကတ်လာနဲ့ ဒင်းနစ်ဝုဖ်ဟာ ဘော်ဒီတိုက်ချင်းတူ တယ် ဆိုတာမျိုး၊ 2010 မောင်မြန်မာချန်ပီယံ အောင်ဆွေနိင်ဟာ အာရှရဲ့ ကာယဗလမောင်ဖြစ် တယ်ဆိုတာမျိုး ပြီးရင် ပြောစရာတွေ အများကြီးပါ။ ကျွန်တော်သိပ်ပြီး မပြောချင်ပါဘူး။ အခုနှစ် လည်း အာနိုးကလပ်စစ်က အရင်နှစ်တွေထက် စောလုပ်တာ သူမသိဘဲသိတာ နောက်ကျတာ ကိုဘယ်လို အကြောင်းပြချက်နဲ့ ဘာတွေအာဘော်များဦးမလဲဆိုတာ သိချင်လို့ ပါဗျာ။ ခင်ဗျား တို့ လည်း စောင့်ကြည့်ကြပါဦး။ သူ့ အာဘော်ကို။ ကျွန်တော်ပြောချင်တာက ကာယဗလဆောင်း ပါးကို ကာယဗလသမားပဲ ရေးပါလို့ ။ ပရိတ်သတ်ကြီးရေ ခင်ဗျားတို့ ရဲ့ အာဘော်ကိုလည်း မျော်နေမယ်ဗျာ။ ကျွန်တော့်ရဲ့  myanmar Bodybuilding manual ဆိုတဲ့ e book လေးကိုလည်းဝေဖန်ပေးကြပါဦး။

စီစဉ်တင်ဆက်သူ——

နိုင်ဦး——–119

Email—–intensemuscle@gmail.com

Related posts:

  1. 2010-အိုလံပီယာပြိုင်ပွဲ ဘယ်သူတွေ ပြိုင်ကြမှာလဲ?
  2. အာနိုးကလပ်စစ် နှစ်ထပ်ကွမ်း ချန်ပီယံ ကိုင်ဂရီန်းရဲ့ အကြံပြုချက်များ
  3. ဘာတွေဖြစ်ကုန်တာလဲ 2010 – မောင်မြန်မာပြိုင်ပွဲ ?
  4. 2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?
  5. အာရှသား ဗိုလ်စွဲသွားတဲ့ 2010 -ဥရောပချန်ပီယံများရဲ့ ပြိုင်ပွဲ