အာရှသား ဗိုလ်စွဲသွားတဲ့ 2010 -ဥရောပချန်ပီယံများရဲ့ ပြိုင်ပွဲ
Home > ကမ္ဘာ့သမိုင်းသို့, နိုင်ဦး စာမျက်နှာ > အာရှသား ဗိုလ်စွဲသွားတဲ့ 2010 -ဥရောပချန်ပီယံများရဲ့ ပြိုင်ပွဲတင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
မကြာသေးမှီကမှ ကျင်းပ ပြီးစီးသွားတဲ့ ကမ္ဘာကျော် ပရော်ဖက်ရှင်နယ် ကာယဗလပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ဥရောပ ချန်ပီယံများရဲ့ ပြိုင်ပွဲ(Europa show of champions )မှာ ကျွန်တော်တို့ အာရှကာယဗလ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ ဂျပန်နိုင်ငံသား ဟီဒီတာဒါယာမာဂီရှီိက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ 202-ပေါင်အောက်ပြိုင်ပွဲမှာတော့ ဘရာဇီလ်းနိုင်ငံသား အီဒူရာဒိုဒါဆေလ်းဗားကအနိုင်ရပါတယ်။ သတင်းဓါတ်ပုံအကျဉ်းချုပ်ကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
၁။ ။ဟီဒီတာဒါယာမာဂီရှီ
၂။ ။မားကပ်စ်ဟေလီ
၃။ ။ယူဂျင်းမီရှင်
၎။ ။မိုက်ကယ်ကီဖာလီယာနိုစ်
၅။ ။ကွန်စတန်တီနော့စ်
202-ပေါင်အောက်ချန်ပီယံ—
၁။ ။အီဒူရာဒိုဒါဆေလ်းဗား
၂။ ။ရော့ဇ်ရှားဗားဇ်
၃။ ။ဂျိုဆေးရေးမွန်
ပရိတ်သတ်များခင်ဗျာ-
ခင်ဗျားတို့ သတိထားမိမှာပါဒီပြိုင်ပွဲဝင်တွေအားလုံးရဲ့ နာမည်တွေကိုကြည့်ရင်လူသစ်တွေဖြစ်
နေတာကိုပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံကမောင်တွေဘယ်တော့များမှဒီလိုပြိုင်ပွဲတွေပြိုင်ခွင့်ရ
ကြမှာပါလဲ။ကျွန်တော်တစ်ကယ်ဖြစ်စေချင်တာပါဗျာ။ကျွန်တော်တို့ နိုင်ငံမှာကာယဗလအားက
စားဘယ်တော့မှထွန်းကားနိုင်မှာလဲဗျာ။အင်မတန်အလှမ်းဝေးနေပါသေးတယ်ဗျာ။ဒီတော့ခင်
ဗျားရောကျွန်တော်တို့ အားလုံးပါဝင်ကြိုးစားကြပါစို့ ဗျာ။
တင်ပြသူ——
နိုင်ဦး—119
Related posts:














ဟုတ်တယ်ဗျို့..ကျွန်တော့်တို့ နိုင်ငံမှာ ကာယဗလအားကစားသမားတွေအတွက် ထိုက်တန်တဲ့ ဆုကြေးတွေ ချီးမြှင့်ပြီ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင် ကာယဗလ အားကစားကို မြှင့်တင်ပေးစေချင်ပါတယ်။
ဟုတ်ပါ့။ kawhmu. ကျွန်တော်တို့ ကမ္ဘာ့အဆင့်မှီအောင် ကြိုးစားရမယ်။
အခုပွဲမှာဆိုရင် ကိုနိုင်ဦးပြောသလို လူသစ်တွေချည်း ပါပဲ။ Hidetada Yamagishi ကို ကျွန်တော်တို့ အားကျရမယ်။ သူသည် အာရှအတွက် စံပြသူရဲကောင်းကြီး ဖြစ်နေပြီ။
ဒီလိုသတင်းတွေ ဖတ်ရတဲ့အတွက်ရော ပညာဗဟုသုတတွေ ရတဲ့အတွက်ရော ဒီဆိုက်ကို နေ့တိုင်းနီးပါးရောက်ဖြစ်တာပါပဲ။ အခု ဒီပို့စ်လေးကို ဖတ်ပြီး နဲနဲပြောချင်စိတ်လေး ပေါက်လာလို့ဗျာ။ ကိုနိုင်ဝေရေ… ကျနော်တို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေပါ။ လူငယ်တော်တော်များများက ကာယဗလလေ့ကျင့်တာကို လုံးဝဝါသနာမပါကြဘူး။ ကိုယ့်ကိုကိုယ်နှိပ်စက်တဲ့အလုပ်လို့တောင် ပြောကြတယ်ဗျာ။ နောက်တခုက တခြားနိုင်ငံတွေမှာ state ကျောင်းသားဘဝမှာကတဲက လေ့ကျင့်ရတာတွေ ရှိတယ်။ ဝါသနာပါရာပေါ့ဗျာ။ (ကောင်မလေးတွေကလဲ ဝိတ်မတဲ့သူမကြိုက်ပဲ ဝိတ်ပေါလို့ ပြောလို့ ကောင်လေးတွေက မဆော့တာလဲ ဖြစ်မယ်ထင်တယ်။း)) ယောက်ကျားလေး တယောက်မှာ ရှိသင့်ရှိထိုက်တာတော့ ရှိသင့်တယ်လို့ ကျနော်တော့မြင်တယ်။ ရေးကောင်းကောင်းနဲ့ ရေးနေတာ တော်တော်ရှည်နေပြီ။းD
ကိုနိုင်ဝေတို့ ဒီလို ပြိုင်ပွဲမျိုးတွေဝင်ပြိုင်နိုင်ပြီး ဆုတွေလဲ ရပါစေဗျာ… မြန်မာနိုင်ငံမှာလဲ ကာယဗလ အားကစား တိုးတက်အောင်မြင်ပါစေ….
အမြဲအားပေးတဲ့အတွက် ကျေးဇူးပါ saisai။
တခြားနိုင်ငံတွေမှာတော့ သည်လို ထင်ကြမယ်လို့ ကျွန်တော်မထင်မိဘူးဗျ။ ၀ိတ်ပေါလို့ သည်က မိန်းကလေး(ယောက်ျားလေးတွေ ရောပဲ)တွေ ခေါ်ကြတာလည်းကျွန်တော်တို့ ကာယဗလက သည်မှာ ဘာမှကို popular မဖြစ်လို့ပါ။ ကျွန်တော်တို့ ဘာလုပ်လဲဆိုတာ နှမ်းစေ့လောက်တောင် မသိကြဘူးခင်ဗျ။ ကျွန်တော်တို့ ဗလကြီးတွေ ဟာ ဆေးတွေသုံးထားတာ၊ အလကားနေရင်း ကြီးလာတာလို့ပဲ ထင်နေကြတာ။ ကျွန်တော်တို့ ပေးဆပ်ထားတာတွေကို ဘာမှကို မသိတာခင်ဗျ။ (သည်မှာ ဘာဆိုဘာမှကို မသိတာအမှန်ပါ) သည်ကြားထဲ အဆင့်မရှိတဲ့ တချို့ Media သမားတွေကလည်း တမှောင့်။ လက်မောင်းလေး နည်းနည်းလောက်ကစားပြီး ပိုက်ဆံရပြီးရော ရုပ်ရှင်ဝင်ရိုက်နေတဲ့ ဟိုဆံရှည်လိုကောင်(အဲသည့်ကောင် နာမည်မေ့နေလို့ခင်ဗျ) တွေကလည်း တဖန် ၀ိုင်းနှိမ့်လေတော့ ပြီးရောပေါ့ဗျာ။ သူတို့က ဗလ(လက်မောင်းလေး) နည်းနည်းပါးပါး ရှိတဲ့ကောင်တွေကို အခြောက်တွေ ပုံစံလုပ်ပြတာဗျ။ ဒါလည်း အိမ်က ယောက္ခမက ဗီဒီယိုဖွင့်ထားလို့ ကြုံလို့ မြင်သွားတာခင်ဗျ။ တကယ်တော့လည်း ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်သာ ဆက်လုပ်ရုံပါပဲ။
Stay cool,
Naingwai
ကိုလုပ်တဲ့လုပ်ငန်းကို တစ်စိုက်မက်မက်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင်ဆီသို့ အရောက်လှမ်းတက်ကြပါစို့။တွေ့ကြုံရမယ့် အခက်အခဲ ဟူသမျှကိုလည်း အကောင်းဆုံး ရင်ဆိုင်ပြီး ဘ၀ခရီးကို လျှောက်လှမ်းကြပါစို့။…
Right ကိုနိုင်ဝေ…း) ကျနော်တို့ ကိုယ့်အလုပ်ကို ဆက်လုပ်ပြီး ဝါသနာပါတဲ့သူတွေကို လက်ဆင့်ကမ်းပေးတာ အကောင်းဆုံးပါပဲ…
အစ်ကိုတို့ရေ ကျနော်လဲ လူငယ်တစ်ယောက်ပါ ကျနော့် ခန္ဒာကိုယ် မကြီးထွားရာက စပြီး လေ့ကျင့်ရင်းက ဝါသနာပါသွားတယ်ဗျို့
ဒီက လူတွေရဲ့  အဓိက က … အစားအစာ ကို စနစ်တကျစားဖို့ဘဲ … ဖြည့်စွက်အားဆေးတွေလည်းသုံးသင့်တယ်… တားမြစ်ဆေး ပြောတာမဟုတ်ဘူး နော် ..
calsium 90 လိုမျိုးအားဆေးတွေပြော တာ…
ဒီမှာ က ကျန်တော့် အသိ ပြိုင်ပွဲ ၀င်မောင်ဘမာ တွေတောင် … အလေးဘဲ ဖိတွန်းတာ .. အစားကို သိပ်ဂရုမစိုက်ကြဘူး … ဒါမျိုးနဲ့ ကဘာကို ဘယ်ယှဉ်နိုင်မလဲ…
လိုအပ်တာတွေအားလုံးလုပ်သင့်တာပေါ့ …
calsium90 ma hoat par buu…casilan 90 par.
is just casein protein.