2010-ခုနှစ်အတွက် IFBB မှကာယဗလမောင်များကမ္ဘာ့အဆင့်သတ်မှတ်ချက်
Home > Training and Contest, နိုင်ဦး စာမျက်နှာ > 2010-ခုနှစ်အတွက် IFBB မှကာယဗလမောင်များကမ္ဘာ့အဆင့်သတ်မှတ်ချက်တင်ဆက်သူ – နိုင်ဦး (119)(intensemuscle@gmail.com)
2010-ခုနှစ်အတွင်း ပရော်ဖက်ရှင်နယ် ကာယဗလမောင်များ၏ အဆင့်အတန်းများကို အပြည်ပြည်ဆိုင်ရာ ကာယဗလအဖွဲ့ ချုပ်မှ သတ်မှတ်ကြေငြာ ပေးလိုက်ပြီ ဖြစ်သည်။ ထိုစာရင်းကို ကာယဗလ၀ါသနာအိုးများ ဗဟုသုတရစေရန် တင်ပြပေးလိုက်ပါသည်။ ကျွန်တော်တို့ ဆိုက်မင်ဘာများ အကျိုးအတွက်သာဖြစ်ပါသည်။
အဆင့် အမည် နိုင်ငံ
၁ ဂျေးကတ်လာ အမေရိကန်
၂ ကိုင်ဂရီန်း အမေရိကန်
၃ ဖီလ်းဟိသ် အမေရိကန်
၎ ဘရန့် ခ်ျဝါရန် အမေရိကန်
၅ ဒက်တာဂျက်ဆင် အမေရိကန်
၆ ဗစ်တာမာတီးနက်စ် အမေရိကန်
၇ တိုနီဖရီးမင်း အမေရိကန်
၈ ရွန်နီရာကယ် ဂျာမဏီ
၉ ရိုလီဝင်ကလာ နယ်သာလန်
၁၀ ဟီဒီတာဒါယာမာဂီရှီ ဂျပန်
၁၁ မယ်လဗင်အန်ထော်နီ အမေရိကန်
၁၂ မိုးအလ်မူဆာဝီ နယူးဇီလန်
၁၃ အီဗန်ဆင်တိုပီနီ အမေရိကန်
၁၄ ဆီဗီယိုဆင်မြူရယ် စပိန်
၁၅ ဂူစတာဗိုဘာဒဲလ် ပွာတိုရီကို
၁၆ ကီဗင်အင်္ဂလိပ် အမေရိကန်
၁၇ ဒင်းနစ်ဂျိမ်း အမေရိကန်
၁၈ မားကပ်စ်ရူးလ် ဂျာမဏီ
၁၉ ဒေးဗစ်ဟင်နရီ အမေရိကန်
၂၀ ဒင်းနစ်ဝုဖ် ဂျာမဏီ
၂၁ ဂရီဂိုရီအတိုရန် အမေရိကန်
၂၂ ထရွိုင်အလ်ဗ် အမေရိကန်
၂၃ ဘီဝီလ်မိုး အမေရိကန်
၂၄ ဂျိုးလ်စတဗ် ဘဟားမတ်စ်
၂၅ ဖိုးဝ်အဘိတ် ကနေဒါ
—-ဖော်ပြပါအဆင့်သတ်မှတ်ချက်များကို IFBB မှကျင်းပသော ကာယဗလပြိုင်ပွဲများ၏ ရလဒ်များနှင့် လက်ရှိအောင်မြင်မူ့ များအပေါ်မူတည်ပြီး သတ်မှတ်ထားခြင်း ဖြစ်သည်။ အယောက်နှစ်ရာလောက်၏ အဆင့်များကို သတ်မှတ်ဖော်ပြထားသော်လည်း အကုန်လုံးကို ဖော်ပြရန် အခက်အခဲရှိသောကြောင့် ပထမ 25-ဦးကိုသာ ဖော်ပြပေးရခြင်း ဖြစ်ပါသည်။ လုံလောက်မည်ဟု ထင်ပါသည်။ ထူးခြားချက်မှာ 9အဆင့်ကို ရရှိသူ ရိုလီဝင်ကလာမှာ ယခုနှစ်မှ ပရော်ဖက်ရှင်နယ် ဖြစ်လာသော်လည်း ယခုနှစ် အာနိုးကလပ်စစ်ပြိုင်ပွဲတွင် အဆင့်-7ရခဲ့သောကြောင့် ဖြစ်သည်။ 8-ထပ်ကွမ်း မောင်အိုလံပီယာဟောင်း ရွန်နီကိုလ်းမင်သည် အဆင့်-56သို့ ရောက်ရှိသွားသည်မှာ အနားယူလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ အတူ ခရစ်ကော်မီယာမှာ အဆင့်-100 ဖြစ်ပြီး၊ လီးပရက်စ်မှာအဆင့် 101-ဖြစ်သည်။ ဘောလုံးအသင်းများ၏ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်ကိုသာ သိသောမြန်မာကာယဗလ ၀ါသနာရှင်များအတွက် ဤဆောင်းပါးမှာအထူးအကျိုးပြုမည်ဟု ထင်ပါသည်။
——ယခုပရော်ဖက်ရှင်နယ်အဆင့် မောင်များ၏ အဆင့်သတ်မှတ်ချက်ကို ဖော်ပြပေးလိုက်ပြီးနောက် မြန်မာကာယဗလ ၀ါသနာအိုးများအတွက် မြန်မာ့ကာယဗလမောင်များကို ကျွန်တော် နိုင်ဦး—119 ၏ စိတ်ကြိုက် သတ်မှတ်ပေးလိုက်ပါသည်။ ဤသတ်မှတ်ချက်များသည် ကျွန်တော်အကြိုက်ဖြစ်၍ ခင်ဗျားတို့ ဝေဖန်နိုင်ပါသည်။ comment—–များများရေးပေးကြပါ။
ကျွန်တော့်စိတ်ကြိုက် မြန်မာ့ကာယဗလမောင်များ၏ အဆင့်သတ်မှတ်ချက်
အဆင့် အမည်
၁ အောင်ဆွေနိုင်
၂ အောင်ခိုင်ဝင်း
၃ ထွန်းမင်း (ခ)မောင်ကျော်
၎ ခိုင်လင်း
၅ ကျော်ဆန်းမောင်
၆ ခင်မောင်ကျော်
၇ သန်းနိုင်
၈ မင်းဇော်
၉ အောင်ချမ်းလင်း
၁၀ ဇော်ဝမ်း
——-ကျွန်တော့်အကြိုက်နဲ့ ခင်ဗျားတို့ အကြိုက်တူမတူ ဝေဖန်ပေးကြပါဦး။
တင်ပြသူ———
နိုင်ဦး——119
Email—–intensemuscle@gmail.com
Related posts:







ကြိုက်တယ်ဗျာ.. အထူးသဖြင့်တော့ မြန်မာ့ကာယဗလမောင်များ list ကိုပါပဲ။ ဒီလူတွေပဲ ရှိတော့တာပါပဲ။ သည်နှစ်သာ မဟုတ်ရင် ကိုအောင်ခိုင်ဝင်းကတော့  ထိပ်ဆုံးက ရှိနေမှာပါ။ သည်နှစ်လည်း သူ အကောင်းဆုံး ကြွက်သားတွေနဲ့ ပြန်လာဦးမယ်လို့ ထင်ထားတယ်။ ဘာsponsor မှ မရှိဘဲ ရတဲ့နည်းနှင့် ကြိတ်မှိတ်ကစားလာတဲ့ သူက အပျံစား ကိုအောင်ဆွေနိုင်ကို အရင်နှစ်တွေက ဆက်တိုက်နိုင်လာတာပဲဗျာ။ နောက်နှစ်တော့ ဘယ်သူထိပ်ကလဲဆိုတာ ကြည့်ရဦးမှာပေါ့..
ကျေးဇူးပါပဲ အစ်ကိုရေ.. အခုလို ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ဖော်ပြပေးထားတဲ့အတွက်ရော၊အစ်ကို့ရဲ့ အကြိုက်ဆုံး ကာယဗလ မောင်တွေရဲ့ list ကိုရော သိရတဲ့ အတွက် ကျေးဇူးအထူးပါ။ မြန်မာ ကာယဗလ မောင်တွေရဲ့ ပုံတွေရော၊ သူတို့ တစ်ဦး ချင်းစီရဲ့ အားနည်းချက်၊အားသာချက်တွေကိုလဲ ဖော်ပြပေးစေလိုပါတယ်..အစ်ကိုရေ
ဒါနဲ့ နိုင်ေ၀၀င်းက ဘာလို့ မပါတာလဲ ခင်ဗျ။
ဟုတ်ကဲ့ အားပေးတာ ကျေးဇူးတင်ပါတယ်။
နောက်နှစ်မှာ သည်စာရင်းထဲ ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ဦးကိုလည်း ကျေးဇူးပါ. ကျနော်ကတော့ ကိုဇော်သိန်းနိုင်ကြီးကို အားကျတယ်ခင်ဗျ။ သူ့ကိုလည်း အကောင်းဆုံးစာရင်းထဲမှာ ထည့်သင့်တယ်။ ဒါမယ့် သူက အခုတလော မကစားဘူးလို့ ကြားထားတယ်။ ဒါကြောင့် မထည့်တာလား?
Hmm.. I would like to see your name in the list, brother Naing Wai. I guess you didn’t impress Ko Naing Oo much yet… haha… Keep pushing the limit!!!
Thanks for this information!
ကိုနိုင်ဝေရဲ့ နာမည်ကို နောက်နှစ်စာရင်းမှာ တွေ့ချင်တယ်ဗျိုး…
း)
(နိုင်ငံတကာက ကာယဗလသမားတွေကတော့ နာမည်ရိုက်ထည့်ပြီး အင်တာနက်မှာရှာလိုက်ရင် သူတို့ ဓါတ်ပုံတွေ တွေ့နိုင်ပါတယ်။ မြန်မာကာယဗလအားကစားသမားများကို အကုန်မတွေ့ဖူးပါဘူး။ ကျနော်တို့လို ပွဲတွေကို လာမကြည့်နိုင်တဲ့သူတွေကျတော့ ဘယ်သူ ဘယ်ဝါဆိုတာ နာမည်လောက်ပဲ ကြားဖူးပါတယ်။ အဲဒါကြောင့် အဆင်ပြေမယ်ဆိုရင် ဓါတ်ပုံတွေပါ တွဲတင်ပေးဖို့ အကြံပြုပါတယ်အကိုရေ…။)
ကိုနိုင်ဦး၇ဲ. စာရင်းအရဆိုရင်တော. တစ်ချိန်က ရွှေထီးဆောင်းခဲ.တဲ.ကိုမင်းဇော်ဦး တို. ဇော်သိန်းနိုင်တို.ကတော. သနားစရာပါပဲ ကောင်းပါတယ် ကိုနိုင်ဦးရဲ. စာရင်းအရကတော. လက်ရှိ ကာယဗလလောကမှတော. နာမည်ကြီးတွေပါပဲ တစ်ခုပဲ စိတ်မကောင်းတာကတော. ကျွန်တော် အကြိုက်ဆုံးမောင်တစ်ယောက်ဖြစ်တဲ. ကိုအောင်ခိုင်ဝင်းကြီးကို ထိပ်ဆုံးမှာ မမြင်၇တာပေါ.ဗျာ လာမဲ.ပွဲမှာတော. ကိုအောင်ခိုင်ဝင်း အောင်မြင်မှု ကိုပြန်လည် ဆွတ်ခူးနိုင်ပါစေလို.ဆုတောင်းပါတယ်ဗျာ ဒါပေမယ်.လည်းဗျာ ပြီးခဲ.တဲ.ပွဲမှာ ကိုအောင်ဆွေနိုင် (ခ) ကိုဝိုင်းချစ်ကလည်း တော်တော်ကောင်းနေတယ်လို.ထင်ပါတယ် ကိုနိုင်ေ၀၀င်းပြောသလိုပါပဲ စပွန်ဆာ ကောင်းကောင်းရထားတာလည်းပါတာပေါ.ဗျာ သူလောက်ဆေးမှီဝဲနိုင်တာ မြန်မာကာယဗလလောကမှာ ဘယ်သူမှမရှိပါဘူး ပြိုင်ပွဲဝင်တစ်ချို.တောင်မှ သူဆီကနေ ပြန်လည် ၀ယ်ယူသုံးစွဲနေရပါတယ် သူလိုမျိုး ဆေးဝါးကောင်းကောင်းတွေမှီဝဲနိုင်ဖို.ဆိုတာ နောက်ခံငွေအင်အားလိုပါတယ် ဒီဆေးဝါးဆိုတာဈေးကြီးပါတယ် အနည်းဆုံး တစ်ပေါင်ကို ၄သောင်းခွဲ ၅သောင်းမှာရှိပါတယ် သာမန်ကာယဗလမောင်တစ်ယောက်အနေနဲ. ၀ယ်ယူ သုံးစွဲဖို.ဆိုတာမလွယ်ပါဘူး သင်တန်းတစ်ခုမှာနည်းပြလုပ်လို.၇တဲ.လစာလေး ၆သောင်း၇သောင်းနဲ. ဒီဆေးဝါး မှီဝဲနေရင် လိုအပ်တဲ. အသုံးစရိတ်ဆိုတာ ရှိမှာမဟုတ်တော.ပါဘူး အိမ်ထောင်ရှင်ဆိုရင် ပိုဆိုးတာပေါ.ဗျာ ဒါကြောင်.ထိပ်တန်းမောင်တစ်ယောက်ဖြစ်ဖို.ဆိုတာ အလေးမနေရုံနဲ.မပြီးပါဘူးလိုအပ်တဲ.ဆေးဝါး အစားအသောက်တေါအများကြီးလိုပါတယ် ဒါတွေကလည်း နောက်ကနေ အင်အားတောင်.တင်းနေမှကောင်းတာပေါ.ဗျာ အခုလက်ရှိ ၀င်ရောက်ယျဉ်ပြိုင်နေတဲ. မောင်မြန်မာအများစုဟာ သင်တန်းမှ လခစား နည်းပြတွေကများပါတယ် ကိုယ်ပိုင်ဖွင်.နိုင်တဲ. မောင်ကတော. လက်ချိုးရေလို.ရပါတယ် ဥပမာအနေနဲ. ကိုခိုင်လင်း။ ကိုအောင်ဆွေနိုင် ။ ကိုအောင်ခိုင်ဝင်း။ ခင်မောင်ကျော်။ ကျော်ကျော်စိုး ။ ကျန်ကျောင်း တို.လောက်ပဲရှိပါတယ်။ ဒါကြောင်. ကွယ်လွန်သွားပြီဖြစ်တဲ. တစ်ချိန်က မောင်မြန်မာဟောင်းကြီး ဦးသာအောင် ပြောခဲ.သလိုပါပဲ မြန်မာပြည်မှာ မောင်ဖြစ်ချင်ရင်တော. စပွန်ဆာ ကောင်းကောင်းအရင်ရှာ ဒါမှမဟုတ်ရင် ပိုက်ဆံများများရမဲ.စီးပွားရေးတစ်ခုလောက် ကိုယ်မှာရှိမှ ၀င်ပြိုင်တဲ. နောက်မို.ဆိုရင်တော.မင်းမလွယ်ဘူးတဲ. ဒီနှစ် ၀င်ရောက်ယှဉ်ပြိုင် ခဲ.တဲ. မင်းဇော်ဆိုရင် တော်တော်လေးကို အကုန်အကျ ခံလိုက်ရပါတယ် သူရဲ.ပြောစကားအရဆို ၁၂ သိန်းလောက် ကုန်တယ်လို.ပြောပါတယ်အဲဒီပွဲမှာရတဲ. ဆုကြေးနဲ.ဆို စဥင်္းစားကြည်.ကျပေါ.ဗျာ ကြေ မကြေ ဆိုတာ ဒါကြောင်.၀င်ရောက် ယှဉ်ပြိုင်တဲ. မောင်မြန်မာတွေရဲ ဘ၀ဟာ သနားစရာကောင်းပါတယ် ၀ါသနာအရ ဆုမ၇နိုင်မှန်းသိရက်နဲ. ၀င်ရောက်ယှဉ်ပြိုင်နေကြတာကိုတော.ချီးကျူးပါတယ်ဗျာ အပေါ်က ဘော်ဒါတစ်ယေက်ရဲ. ကွန်မန်းကလိုပဲမာင်မြန်မာ တစ်ယောက်ချင်းစီ၇ဲ. အားနည်းချက် အားသာချက် တွေကို ဖော်ပြပေးစေချင်ပါတယ် see you again
ဟုတ်ကဲ့ kawmhu နှင့် saisai ကျွန်တော်တို့ အခွင့်ကြုံတိုင်း မြန်မာ့ ကာယဗလမောင်များရဲ့ ပုံတွေ ထည့်ဖို့ ကြိုးစားပါ့မယ် … Thank all of you for pushing me including my brother!
ကောင်းပါတယ်ဗျာ ကိုနိုင်ဦးရဲ listလေးက ယနေ. နာမည်ကျော် မောင်မြန်မာ တွေကိုတွေ.ရတာ လာမဲ.နှစ်မှာတော. ကိုအောင်ခိုင်ဝင်း နှင်. ကိုနိုင်ေ၀၀င်း တို.ကို ဇယား ရဲ ထိပ်မှာ တွေ.ချင်တယ်ဗျာ အပေါ်မှာေ၇း ထားတဲ. comment လေးလိုပါပဲ ယနေ.နာမည်ကျော် မောင်မြန်မာ တွေကို မမြင်ဘူးသူတွေအတွက်အကျိုးရှိအောင် ဓတ်ပုံလေးတွေနဲ. ဖော်ပြခိုင်းတာကောင်းပါတယ် ဒီဆိုဒ်ကြီး ရေရှည်တည်တံအောင် မန်ဘာတွေ ။ လေ.လာသူတွေကလည်း တစ်ဖက်တစ်လမ်းက အကြံညဏ်ကောင်းလေးတွေပေးကြပါ လို. ဒါမှလည်း လိုအပ်တာတွေသိရှိပြီး ပြုပြင်စရာရှိပြုပြင်လို.ရမှာပါဆိုဒ်ကြီးရေရှည်တည်တံဖို.ဆိုတာ အားလုံးအပေါ်မှာမူတည်နေတာမို.အားလုံးကို ကြိုဆိုပါတယ် လေ.လာချင်သူတွေ ၀ါသနာပါတဲ. ညီငယ်မောင်နှမ အစ်ကို ဦးလေးတို.ကိုလည်း လက်ဆင်.ကမ်းပြောပေးကြပါလို. တိုက်တွန်းရင်း။။။။။။။။။။။။။။။။။။။ ကျွန်တော် အရင်နေ.တွေက ဒီပို.စ်အောက်မှာ ကါန်မန်းရေးပါသေးတယ် ပြီးလည်းပြီးရော submitနှိပ်လိုက်တာ ကျွန်တော် ရဲ.စာတွေ အကုန်ပျောက်ကုန်ပါတယ် ဒါကြောင်.ဒီနေ.တော.တိုတိုနဲ. လိုရင်းပဲ ရေးလိုက်ပါတယ် အရင်နေ.က စာရှည်လို.နဲ.တူပါတယ် တစ်ခါမကပါဘူး သုံးကြိမ်တောင်ဖြစ်တာပါ ဒီလောက်ပါပဲ ။။။။။။။။။။။။။အားလုံး လိုရာပြည်.ကြပါစေ
ကိုအောင်အောင် ခင်ဗျား.. လွန်ခဲ့တဲ့ ရက်များက comment တွေ ပျောက် ကွယ်နေရသည့် အဖြစ်အတွက် အနူးအညွတ်ကို တောင်းပန်ပါတယ် ခင်ဗျာ။ ဆိုဒ်ကို သေချာ စစ်ဆေးမှုမရှိတဲ့ ကျွန်တော့် အပြစ်ပါခင်ဗျာ။ အကြောင်းတစ်ခုခုကြောင့် ကိုအောင်အောင် comment တွေ Spam ထဲဝင်သွားတာကို ကျွန်တော် သတိမထားလိုက်တာ အရမ်းကို ဆိုးလွန်းပါတယ်ခင်ဗျာ။ တော်သေးတာပေါ့ ကိုအောင်အောင် အီးမေးလ် ပို့ပေလို့။ နောက်နောင် အဲသည်လို အဖြစ်မျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ကျွန်တော် အသေအချာ ကတိပေးပါတယ်ခင်ဗျာ။ ခွင့်လွှတ်ပါ ကိုအောင်အောင်။ ကျွန်တော်တို့ တန်ဖိုး ရှိတဲ့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရမှာ အလွန်စိုးရိမ်မိပါသည်။
တောင်းပန်စွာဖြင့်
နိုင်ေ၀၀င်း