2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?
Home > နိုင်ဦး စာမျက်နှာ > 2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
မြန်မာနိုင်ငံ ကာယဗလအဖွဲ့ ချုပ် (Myanmar bodybuilding fedration)
မှ 2010- မောင်မြန်မာပြိုင်ပွဲကျင်းပမည့်ရက်ကို သက်မှတ်လိုက်ပြီး ဖြစ်သည်။ မောင်မြန်မာပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်း နှစ်တန်းခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။ မယ်မြန်မာပြိုင်ပွဲကိုလည်း အကြီတန်း၊ အငယ်တန်း နှစ်တန်း ခွဲထားသည်။ ပုံမှန်ကာယဗလပြိုင်ပွဲများ ကျင်းပနေကျ Myanmar convention centre တွင် ကျင်းပမည် ဖြစ်သည်။ ထို့အပြင် အနုပညာရှင်များ၏ဖျော်ဖြေမူများနှင့် ကာယဗလ၀ါသနာရှင်များကို တင်ဆက်ပေးမည်ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲသည် အလွန်ထူးခြားသောပြိုင်ပွဲ ဖြစ်သည်။ အကြီးတန်းတွင် ချန်ပီယံဟောင်း မောင်မြန်မာအောင်ခိုင်ဝင်းသည် မနှစ်က လက်လွတ်ခဲ့ရသော ချန်ပီယံဆုအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသူ ဖြစ်သည်။ လက်ရှိချန်ပီယံ၊ တကျော့ပြန်ချန်ပီယံဟောင်းခိုင်လင်း သည်လည်း မိမိ၏ ချန်ပီယံသရဖူကို ကာကွယ်ရန်အတွက် မည်သည့်ပြိုင်ပွဲမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ အထူးလေ့ကျင့်ထားသူဖြစ်သည်။ ထို့အတူ နာမည်ကျော်၊ နှစ်တိုင်း ဒုတိယ၊ တတိယနှင့်သာ ကျေနပ်ခဲ့ရသော၊ ပရိတ်သတ်၏ အထူးအားပေးခြင်းခံရသော အောင်ဆွေနိုင်သည်လည်း အထူး ပြင်ဆင် လေ့ကျင်ထားသောသူ ဖြစ်သည်။ ကြွက်သား ကွာလတီ အလွန်ကောင်းသော၊ ပြိုင်ဖက်များကို ခြိမ်းခြောက်နိင်သော ဇော်သိန်းနိုင်သည်လည်း ပါဝင်လာနိုင်သည်။
ထို့အပြင် ဘာလီကျွန်းတွင် မြန်မာ့ဂုဏ်ဆောင် ခဲ့ဖူးသော ကာယဗလချန်ပီယံဟောင်း မင်းဇော်ဦးသည်လည်း ယှဉ်ပြိုင်မည်ဟု သိရသည်။ ထို့အတူ မြန်မာ့လက်ရွေးစင်အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ဖူးသူများ ဖြစ်သော၊ ကျော်ဆန်းမောင်၊ ဇော်ဝမ်း၊ သန်းနိုင်တို့အပြင် နာမည်ကျော် လူငယ်လူသစ်များ ဖြစ်သော ထွန်းမင်း၊ အောင်ချမ်းလင်း၊ ခင်မောင်ကျော်တို့လည်း ပါဝင်သောကြောင့် ယခုနှစ် အကြီးတန်းတွင် ပထမဆု မဆိုထားနှင့် ခြောက်ဦးထဲတွင် ပါဝင်ရန်ပင် မလွယ်ကူသော အကြိတ်အနယ်ပွဲကြီး ဖြစ်သည်။
အငယ်တန်းကိုပြန်ကြည့်ပါကလည်း ယခုနှစ်စတားများ ဖြစ်သော ထုထည် အလွန်ကောင်းသူ နိုင်ေ၀၀င်း၊ ကြွက်သား ကွာလတီ အလွန်ကောင်းသော ထွန်းဝင်းနိုင်၊ ပြည့်စုံတို့နှင့် အခြားသော အထူးပြင်ဆင်ထားသူ လူငယ်များအတွက် အသေအကြေယှဉ်ပြိုင်ရမည့် ပြိုင်ပွဲကြီး ဖြစ်သည်။ထို့ကြောင့် ယခုနှစ် 2010 မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲဟုသာ မေးလိုက်ချင်ပါသည်။
နေ့ ရက်။ ။30-1-2010(စနေနေ့ )
အချိန်။ ။နေ့ လည်-12-နာရီ
နေရာ။ ။Myanmar convention centre ၊အင်းစိန်။
ဝင်ကြေး။ ။ရိုးရိုတန်း—-700 ကျပ်
အထူးတန်း—1000 ကျပ်
—နောက်ထပ် ပြိုင်ပွဲဝင်များနှင့် တွေဆုံမေးမြန်းခန်းများကိုလည်း တင်ပြပေးပါဦးမည်။
နိုင်ဦး—–119
Related posts:







hello , ဆ ရာ ..ကို နိုင် ဝေ ၀င်း ခင် ဗျာ ..
မ င်္ဂ လာ ပါ ..
အ ခု လို .. အ ကျိုး ရှိ တဲ့  ဆိုဒ် လေး အ တွက် .. ကျေး ဖူး ပါ ..
ဒီ ဆိုဒ် မှ .. တ ချို့  သော .. ဆောင်း ပါး များ ကို .. ကျ နော် တို့  .. malaysia မြန် မာ များ ရဲ့ ..
ဧ ဒင် ဆို တဲ့  .. ဆိုဒ် က လေး မှာ .. ဘ လော့  အ ဖြစ် တင် ခွင့် ပြု မယ် ဆို ရင် ..
ကျ နော့  .. အီး မေးလ် ကို .. တစ် ဆိတ် စာ ပြန် ပေး ပါ နော် .. ။
ကျ နော် လဲ .. ဆ ရာ့  ဆီ .. စာ ပို့  ထား ပါ တယ် ..
လှယဉ်ကျေးမယ်နဲ့ ပတ်သက်တာတွေလည်း တင်စေချင်ပါတယ်
ဟုတ်ကဲ့ honeylay ကျွန်တော်တို့ ကြိုးစား တင်ပါ့မယ် ခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။