May
12

2010-ခုနှစ်အတွက် မြန်မာ့လက်ရွေးစင် ကာယဗလမောင်များ ရွေးချယ်လိုက်ခြင်း

Home > Training and Contest, နိုင်ဦး စာမျက်နှာ > 2010-ခုနှစ်အတွက် မြန်မာ့လက်ရွေးစင် ကာယဗလမောင်များ ရွေးချယ်လိုက်ခြင်း

တင်ဆက်သူ – နိုင်ဦး (119)(intensemuscle@gmail.com)

ယခုနှစ် 2010 -သြဂုတ် (သို့) အောက်တိုဘာလအတွင်း စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်

ခံကျင်းပမည့် အာရှကာယဗလပြိုင်ပွဲသို့ စေလွတ်ယှဉ်ပြိုင်စေရန် မြန်မာ့ကာယဗလအဖွဲ့ 

ချုပ်မှ အားကစားသမားများကို ရွေးချယ်ကာ စခန်းသွင်းလေ့လျက်ရှိပြီဖြစ်သည်။ ယခင်ကလက်

ရွေးစင်အားကစားသမားသုံးဦး အပြင်မျိုးဆက်သစ် လူငယ်နှစ်ဦးကိုလည်း ရွေးချယ်စခန်းသွင်း

လိုက်ပြီဖြစ်သည်။မျိုးဆက်သစ်လူငယ်နှစ်ဦးမှာ ယခုနှစ်မောင်မြန်မာအငယ်တန်းချန်ပီယံ

မင်းဇော်နှင့် ဒုတိယရရှိသူထွန်းဝင်းနိုင်တို့ ဖြစ်သည်။ ထိုပြိုင်ပွဲတွင်အောင်ဆွေနိုင်ကို 80-ကီလို

တန်း၊အောင်ခိုင်ဝင်းကိုယခင် 70-ကီလိုတန်းမှ ယခု75-ကီလိုတန်းသို့ တက်ခိုင်းပြီး၊မောင်ကျော်

(ခ)ထွန်းမင်းကို ယခင်အတိုင်း 60-ကီလိုတွင်လည်းကောင်း၊မင်းဇော်ကို 70-ကီလိုနှင့်ထွန်းဝင်း

နိုင်ကို 65-ကီလိုတန်းတို့ အတွက်လျာထားကာစခန်းသွင်းလေ့ကျင့်ပေးခြင်းဖြစ်သည်။လေ့ကျင့်

စားရိတ်အနေနှင့်တစ်နေ့ လျင်မြန်မာကျပ်ငွေလေးထောင်ထောက်ပံ့ပေးကြောင်းသိရသည်။

ကျွန်တော့်အမြင်တွင်တော့တစ်နေ့ ကိုထို့ ထက်ပိုပြီးထောက်ပံ့ပေးသင့်သည်ဟုထင်ပါသည်။

ထို့ အပြင်မာဆယ်အလွန်ကောင်းပြီးအလားအလာအလွန်ကောင်းသော၊အသက်အရွယ်အရ

လည်းငယ်ရွယ်သောခင်မောင်ကျော်ကိုမေ့မထားသင့်ဟုထင်ပါသည်။ခင်မောင်ကျော်ကိုသာ

ရွေးချယ်ပါကပိုကောင်းသောရလာဒ်များကိုဖန်တီနိုင်မည်ဟုယုံကြည်ပါသည်။အဖွဲ့ ချုပ်မှလူကြီး

များကိုဆရာလုပ်ခြင်းမဟုတ်ပါ။ကျွန်တော့်အမြင်နှင့်နိုင်ငံတော်အတွက်စေတနာကိုသာတင်ပြ

ခြင်းဖြစ်ပါသည်။လက်ရွေးစင်များကိုတစ်ဦးခြင်းဝေဖန်ပါကအောင်ဆွေနိုင်သည်ယခင်ကထက်

ယခုနှစ်မောင်မြန်မာပြိုင်ပွဲတွင်များစွာတိုးတက်လာသော်လည်းရင်အုပ်အပေါ်ပိုင်းနှင့်နောက်

ကျောပြင် ကြွက်သားများမှာတော့ အားနည်းနေဆဲဖြစ်သည်။ ထိုအားနည်းချက်များကို ပြင်ဆင်နိုင်ပါက ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံတစ်ကာပြိုင်ပွဲတွင် ရွေတံဆိပ်ဆုရှင်တစ်ဦး တိုးလာမည်ဟု ယုံကြည်ပါသည်။

၁။           ။အောင်ဆွေနိုင်

၂။           ။အောင်ခိုင်ဝင်း

သူကတော့ကျွန်တော်တို့ နိုင်ငံအတွက် 2007-ခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် 70-ကီလိုတန်းမှရွှေတံ

ဆိပ်ရယူပေးခဲ့သူပါ။သူ့ ကိုယခုမှ 75-ကီလိုတက်ပြိုင်ခိုင်းခြင်းကနည်းပါးသောအချိန်အတွင်းမှာ

ထုတင်ပြီးရင်မာဆယ်ခွဲစသောမလွယ်လှသောတာဝန်တစ်ရပ်ဟုထင်ပါသည်။သို့ သော်သူ့ အ

အကြောင်းကျွန်တော်သိပါသည်။အလွန်ဇွဲ၊၀ီရိယနှင့်ပြည့်စုံသောသူဖြစ်သောကြောင့်ရလာဒ်

ကောင်းနိုင်ပါသည်ဟုထင်ပါသည်။

၃။           ။ထွန်းမင်း(ခ)မောင်ကျော်


သူကတော့ နိုင်ငံခြားပြိုင်ပွဲဆို၍ထိုင်းတွင်တစ်ခါသာပြိုင်ဖူးပါသည်။အမြဲတမ်းမာဆယ်ကောင်း

နေသူဖြစ်သည်။ဥပမာ-မောင်အိုလံပီယာဒက်တာဂျက်ဆင်ကဲ့သို့ ပင်ဖြစ်သည်။ထို့ ကြောင့်သူ့ 

ကိုလည်းမျော်လင့်လို့ ရနိုင်ပါသည်။

၎။           ။မင်းဇော်

ယခုနှစ်မောင်မြန်မာအငယ်တန်းချန်ပီယံဖြစ်သော်လည်းအချိုးအစားသိပ်မလှပပေ။ထို့ အပြင်

အောင်ခိုင်ဝင်း၏နေရာကိုဆက်ခံပြီး70-ကီလိုကိုယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်သူ့ အတွက်ပွဲ

ကျပ်ဖြစ်ပေဦးမည်။သို့ သော်အလွန်ကောင်းသောအတွေ့ အကြုံတစ်ခုတော့သေချာပေါက်သူ

ရနိုင်မည်ဟုထင်ပါသည်။

၅။           ။ထွန်းဝင်းနိုင်

မာဆယ်အလွန်ကောင်းကာအကောင်သေးသောပြသနာရှိသူဖြစ်သည်။ထို့ အပြင်သူ့ ရဲ့ ထင်

ရှားသောအားနည်းချက်မှာလက်မောင်းသေးလွန်းခြင်းဖြစ်သည်။သူကိုယ်စားပြုပြိုင်ရမည့်

65-ကီလိုတန်းမှာလည်းတစ်ကဲ့ဖိုက်တာများနှင့်ဖိုက်ရမည်ဖြစ်သောကြောင့်သူလည်းမလွယ်လှ

ပေ။သို့ သော်ပထမခြောက်ယောက်ထဲဝင်ပါကသူ့ အတွက်ရွှေရောင်အနာဂတ်ဖြစ်သည်ဟု

ပြောချင်ပါသည်။

ခင်ဗျားတို့ ကရော ကျွန်တော်တို့ အားကစားသမားများအတွက်ဘာဆန္ဒပြုချင်ပါသလဲ။

စပွန်ဆာများရောပေးချင်ပါသလား၊။အားလုံးကိုမပေးနိုင်ရင်လည်းမိမိကြိုက်တဲ့သူကိုရွေး

ပြီးပေးနိုင်ပါတယ်။

တင်ပြသူ——

နိုင်ဦး—–119

Email—-intensemuscle@gmail.com

Related posts:

  1. 2010 စင်္ကာပူ ပြိုင်ပွဲမှ အောင်ပွဲခံ မြန်မာများ၏ ပုံရိပ်အချို့
  2. ဘာတွေဖြစ်ကုန်တာလဲ 2010 – မောင်မြန်မာပြိုင်ပွဲ ?
  3. 2010 Crusher ပြိုင်ပွဲအကြောင်း တစေ့တစောင်း
  4. 2010- Mr.Crusher ပြိုင်ပွဲကို ကြိုတင် ခံစားကြည့်ခြင်း
  5. 2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?