2010-ခုနှစ်အတွက် မြန်မာ့လက်ရွေးစင် ကာယဗလမောင်များ ရွေးချယ်လိုက်ခြင်း
Home > Training and Contest, နိုင်ဦး စာမျက်နှာ > 2010-ခုနှစ်အတွက် မြန်မာ့လက်ရွေးစင် ကာယဗလမောင်များ ရွေးချယ်လိုက်ခြင်းတင်ဆက်သူ – နိုင်ဦး (119)(intensemuscle@gmail.com)
ယခုနှစ် 2010 -သြဂုတ် (သို့) အောက်တိုဘာလအတွင်း စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်
ခံကျင်းပမည့် အာရှကာယဗလပြိုင်ပွဲသို့ စေလွတ်ယှဉ်ပြိုင်စေရန် မြန်မာ့ကာယဗလအဖွဲ့ 
ချုပ်မှ အားကစားသမားများကို ရွေးချယ်ကာ စခန်းသွင်းလေ့လျက်ရှိပြီဖြစ်သည်။ ယခင်ကလက်
ရွေးစင်အားကစားသမားသုံးဦး အပြင်မျိုးဆက်သစ် လူငယ်နှစ်ဦးကိုလည်း ရွေးချယ်စခန်းသွင်း
လိုက်ပြီဖြစ်သည်။မျိုးဆက်သစ်လူငယ်နှစ်ဦးမှာ ယခုနှစ်မောင်မြန်မာအငယ်တန်းချန်ပီယံ
မင်းဇော်နှင့် ဒုတိယရရှိသူထွန်းဝင်းနိုင်တို့ ဖြစ်သည်။ ထိုပြိုင်ပွဲတွင်အောင်ဆွေနိုင်ကို 80-ကီလို
တန်း၊အောင်ခိုင်ဝင်းကိုယခင် 70-ကီလိုတန်းမှ ယခု75-ကီလိုတန်းသို့ တက်ခိုင်းပြီး၊မောင်ကျော်
(ခ)ထွန်းမင်းကို ယခင်အတိုင်း 60-ကီလိုတွင်လည်းကောင်း၊မင်းဇော်ကို 70-ကီလိုနှင့်ထွန်းဝင်း
နိုင်ကို 65-ကီလိုတန်းတို့ အတွက်လျာထားကာစခန်းသွင်းလေ့ကျင့်ပေးခြင်းဖြစ်သည်။လေ့ကျင့်
စားရိတ်အနေနှင့်တစ်နေ့ လျင်မြန်မာကျပ်ငွေလေးထောင်ထောက်ပံ့ပေးကြောင်းသိရသည်။
ကျွန်တော့်အမြင်တွင်တော့တစ်နေ့ ကိုထို့ ထက်ပိုပြီးထောက်ပံ့ပေးသင့်သည်ဟုထင်ပါသည်။
ထို့ အပြင်မာဆယ်အလွန်ကောင်းပြီးအလားအလာအလွန်ကောင်းသော၊အသက်အရွယ်အရ
လည်းငယ်ရွယ်သောခင်မောင်ကျော်ကိုမေ့မထားသင့်ဟုထင်ပါသည်။ခင်မောင်ကျော်ကိုသာ
ရွေးချယ်ပါကပိုကောင်းသောရလာဒ်များကိုဖန်တီနိုင်မည်ဟုယုံကြည်ပါသည်။အဖွဲ့ ချုပ်မှလူကြီး
များကိုဆရာလုပ်ခြင်းမဟုတ်ပါ။ကျွန်တော့်အမြင်နှင့်နိုင်ငံတော်အတွက်စေတနာကိုသာတင်ပြ
ခြင်းဖြစ်ပါသည်။လက်ရွေးစင်များကိုတစ်ဦးခြင်းဝေဖန်ပါကအောင်ဆွေနိုင်သည်ယခင်ကထက်
ယခုနှစ်မောင်မြန်မာပြိုင်ပွဲတွင်များစွာတိုးတက်လာသော်လည်းရင်အုပ်အပေါ်ပိုင်းနှင့်နောက်
ကျောပြင် ကြွက်သားများမှာတော့ အားနည်းနေဆဲဖြစ်သည်။ ထိုအားနည်းချက်များကို ပြင်ဆင်နိုင်ပါက ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံတစ်ကာပြိုင်ပွဲတွင် ရွေတံဆိပ်ဆုရှင်တစ်ဦး တိုးလာမည်ဟု ယုံကြည်ပါသည်။
၁။ ။အောင်ဆွေနိုင်
၂။ ။အောင်ခိုင်ဝင်း
သူကတော့ကျွန်တော်တို့ နိုင်ငံအတွက် 2007-ခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် 70-ကီလိုတန်းမှရွှေတံ
ဆိပ်ရယူပေးခဲ့သူပါ။သူ့ ကိုယခုမှ 75-ကီလိုတက်ပြိုင်ခိုင်းခြင်းကနည်းပါးသောအချိန်အတွင်းမှာ
ထုတင်ပြီးရင်မာဆယ်ခွဲစသောမလွယ်လှသောတာဝန်တစ်ရပ်ဟုထင်ပါသည်။သို့ သော်သူ့ အ
အကြောင်းကျွန်တော်သိပါသည်။အလွန်ဇွဲ၊၀ီရိယနှင့်ပြည့်စုံသောသူဖြစ်သောကြောင့်ရလာဒ်
ကောင်းနိုင်ပါသည်ဟုထင်ပါသည်။
၃။ ။ထွန်းမင်း(ခ)မောင်ကျော်
သူကတော့ နိုင်ငံခြားပြိုင်ပွဲဆို၍ထိုင်းတွင်တစ်ခါသာပြိုင်ဖူးပါသည်။အမြဲတမ်းမာဆယ်ကောင်း
နေသူဖြစ်သည်။ဥပမာ-မောင်အိုလံပီယာဒက်တာဂျက်ဆင်ကဲ့သို့ ပင်ဖြစ်သည်။ထို့ ကြောင့်သူ့ 
ကိုလည်းမျော်လင့်လို့ ရနိုင်ပါသည်။
၎။ ။မင်းဇော်
ယခုနှစ်မောင်မြန်မာအငယ်တန်းချန်ပီယံဖြစ်သော်လည်းအချိုးအစားသိပ်မလှပပေ။ထို့ အပြင်
အောင်ခိုင်ဝင်း၏နေရာကိုဆက်ခံပြီး70-ကီလိုကိုယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်သူ့ အတွက်ပွဲ
ကျပ်ဖြစ်ပေဦးမည်။သို့ သော်အလွန်ကောင်းသောအတွေ့ အကြုံတစ်ခုတော့သေချာပေါက်သူ
ရနိုင်မည်ဟုထင်ပါသည်။
၅။ ။ထွန်းဝင်းနိုင်
မာဆယ်အလွန်ကောင်းကာအကောင်သေးသောပြသနာရှိသူဖြစ်သည်။ထို့ အပြင်သူ့ ရဲ့ ထင်
ရှားသောအားနည်းချက်မှာလက်မောင်းသေးလွန်းခြင်းဖြစ်သည်။သူကိုယ်စားပြုပြိုင်ရမည့်
65-ကီလိုတန်းမှာလည်းတစ်ကဲ့ဖိုက်တာများနှင့်ဖိုက်ရမည်ဖြစ်သောကြောင့်သူလည်းမလွယ်လှ
ပေ။သို့ သော်ပထမခြောက်ယောက်ထဲဝင်ပါကသူ့ အတွက်ရွှေရောင်အနာဂတ်ဖြစ်သည်ဟု
ပြောချင်ပါသည်။
ခင်ဗျားတို့ ကရော ကျွန်တော်တို့ အားကစားသမားများအတွက်ဘာဆန္ဒပြုချင်ပါသလဲ။
စပွန်ဆာများရောပေးချင်ပါသလား၊။အားလုံးကိုမပေးနိုင်ရင်လည်းမိမိကြိုက်တဲ့သူကိုရွေး
ပြီးပေးနိုင်ပါတယ်။
တင်ပြသူ——
နိုင်ဦး—–119
Email—-intensemuscle@gmail.com
Related posts:











ဟုတ်ပါတယ် ကိုနိုင်ဦး။ ကိုခင်မောင်ကျော်လည်း ပါသွားသင့်တယ်လို့ ကျွန်တော်လည်း ထင်တာပဲ။ အမြဲတမ်းလိုလို ဦးဆုံး သတင်းတွေနှင့် ရေးသားပေးနေတဲ့ ကိုနိုင်ဦးကို ကျွန်တော်တို့ အထူးတလည် ကျေးဇူးတင်ရမှာပါ။ သို့မဟုတ်လျှင် ဘယ်သူ ဘယ်အတန်းက ဆိုတာ ကျွန်တော်တို့ တော်တော်နှင့် သိဦးမည် မဟုတ်။
ဟုတ်တယ် ကိုနိုင်ဦးရေ…အခုလို သတင်းတွေကို ဦးဦးဖျားဖျား ရေးသားပေးတဲ့အတွက် ကျွန်တော်တိုလို ကာယဗလ ခရေဇီတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းတွေပါပဲ။ သူတို့လိုပဲ ကိုနိုင်ဦးတို့၊ ကိုနိင်ဝေတို့ကို လဲ နိုင်ငံတကာပြိုင်ပွဲတွေမှာလဲ မြင်ချင်ပါတယ်။ အစ်ကိုတို့ကို အားကျအတုယူရင်း အမြဲတမ်း အားပေးလျက်
ုkawhmu
ဟုတ်ကဲ့။ kawhmu
ကြိုးစားရမယ်ဗျာ။
Thanksfully,
Naing Wai
ခင်ဗျားပြောသလိုပါပဲ kawhmu ရေ၊ ကျွန်တော်တို့ လည်း ကြိုးစားနေပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ရဲ့ စတား နိုင်ေ၀၀င်းကိုအဖွဲ့ ချုပ်က လက်ကမ်းကြိုနေတယ်ဗျ။ သူကသာ ကမ့်မ၀င်တာပါ။ သူ့ အတွက်ကတော့ welcome ပါပဲဗျ။ ကျွန်တော်ကတော့လေ ကိုယ်တစ်ဦးတည်း အောင်မြင်မှု့ ထက် မြန်မာ့ကာယဗလလောကကို အောင်မြင်မှု့ တွေ အများကြီယူပေးချင်သူပါ။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့လေ။ ဥပမာ-ကျွန်တော့်မှာ လုပ်ပိုင်ခွင့်တွေရှိရင်ပေါ့ဗျာ။ ကျွန်တော်တို့ တစ်တွေ တတ်နိုင်သလောက် ကြိုးစားကြတာပေါ့ဗျာ။
နိုင်ဦး—-119
ကိုနိုင်ဦး ပြောသလိုအရဆို ကိုနိုင်ဝေ အတွက် ဂုဏ်ယူစရာပဲဗျာ။ ကိုနိုင်ဦးရဲ့ ကိုယ် တစ်ဦးတည်း အောင်မြင်မှုထက် မြန်မာ့ ကာယဗလ လောက အောင်မြင်မှုတွေကို ယူပေးချင်သူ ဆိုတာသိရလို့ ကိုနိုင်ဦးရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကို လေးစားတယ်ဗျာ၊ဂုဏ်လဲယူပါတယ်။ ပြီးတော့ ကိုနိုင်ဦး ဆီမှာ ဒီထက်မက လုပ်ဆောင်ခွင့်တွေရနိုင်ပါစေလို့ ကျွန်တော်တို့လဲ ဆုတောင်းပေးနေမှာပါ။ နောက်ပြီး ကျွန်တော်တို့လဲ http://myanmarfitness.com ရေရှည်တည်တံ့စေဖို့၊မြန်မာ့ ကာယဗလလောက ဒီထက်မက တိုးတက်စေဖို့၊ လူသားတိုင်း စိတ်ဝင်စားသော အားကစားနည်းဖြစ်စေဖို့ ၊ ကိုတက်နိုင်တဲ့ဘက်ကနေ လက်ဆင့်ကမ်း စည်းရုံးမှုတွေနဲ့ စိတ်အားထက်သန်စွာ တစ်ဖက်တစ်လမ်းကနေ အကူအညီများ ပေးသွားမှာပါ။
ကိုနိုင်ဦးရဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်တို့ ရဲ့ ပူးပေါင်းမှုနဲ့ ဆို ကျွန်တော်တို့ရဲ့ ကာယဗလလောက ဒီ့ထက် မက အောင်မြင်လာမှာပါ။
brothers.. Cheers!
Naingwai
အခု မြန်မာ့လက်ရွေးစင်အတွက်ေ၇ွးထားတဲ့ မောင်တွေထဲမှ မင်းဇော်နဲ့ ထွန်းဝင်းနိုင် တို့ရဲ့ အခုမြင်နေရတဲ့ အနေအထားကိုတော့ အားမရဘူးဗျာ။အဲ့နေရာမှာ ဖြစ်သင့်တာက ကိုနိုင်ဝေ တို့လို ထုထည်နဲ့ body structure တည်ဆောက်ပုံ ကောင်းတဲ့သူတွေအတွက်ပဲဖြစ်သင့်ပါတယ်။
ကိုနိုင်ဦးတို.ကိုနိုင်ေ၀၀င်းတို.လည်း ဒီထက်မက ပိုစ် . ကောင်းကောင်းလေးတွေတင်နိုင်ပါစေ ကျွန်တော်လည်းတစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက် ကူညီပေးပါမယ် ဒီဆိုက်ကြီး ရေရှည်တည်တံ.ဖို.ဆိုတာ တစ်ယောက်ကောင်း နှစ်ယောက်ကောင်းနေရုံနဲ.မပြီးဘူးလို.ထင်ပါတယ် ကျွန်တော်လည်း gymတွေမှာ တတ်နိုင်သလောက် လူငယ်တွေကို ဒီဆိုက်ထဲ ၀င်လေ.လာဖို. နောက်ထပ်လည်းဒီပြင် ကိုယ်သူငယ်ချင်းတွေကို လက်ဆင်.ကမ်းပြောကြားဖို.အမြဲတမ်းတိုက်တွန်းနေပါတယ် အချိန်ရရင်လည်း ကျွန်တော် လေ.လာဖူးသလောက်ကို ဒီဆိုက်ထဲမှာဖြန်.ဝေပေးနေပါတယ် အပေါ်က အကိုတစ်ယောက် ပြောသလိုပါပဲ မင်းဇော် တို. ထွန်းဝင်းနိုင်တို.ဆိုတာ လူကောင်သေးတယ်လို.ထင်ပါတယ် မင်းဇော်က မောင်မြန်မာ ပြိုင်ပွဲမ၀င်ခင် ကျွန်တော်တို. mr.smart gymမှာ သူ. သူငယ်ချင်းကနည်းပြလုပ်နေတော.အဲဒီမှာ ၃ပတ်လောက်လာနေတော. အနီးကပ်လို.မြင်ဖူးတာတော.သိပ်တော.အားမရပါဘူး ကျွန်တော်က တော. ခင်မောင်ကျော် တို. ကိုနိုင်ေ၀၀င်း တို.ကို ပါစေချင်တာတကယ်ပါ ဒါမှလည်း စင်ပေါ်မှာ မြန်မာပြည်က မောင်မြန်မာတွေလည်း ထွားကျိုင်းပါတယ်ဆိုတာမြင်ရမှာလေ ဒါပေမယ်.လည်းကိုယ်သဘောမှမဟုတ်တာဗျာ သူတို.သဘောဆိုတော.ဘာလုပ်လို.ရမှာလဲ တစ်နေ. ၄၀၀၀ ဆိုတာ တကယ်တမ်းကျတော.နည်းပါတယ်အကိုရာ အားကစားသမားတစ်ယောက်ကို ပံပိုးပေးတာ တစ်လလုံးမှ တစ်သိန်းကျော်ဆိုတော. မပြောချင်ပါဘူးဗျာ ဒီပြင် အားကစားမှာပံပိုးနေတာတွေရဲ.အဆ တစ်ထောင်မှာ တစ်ပုံလောက်ပဲရှိပါတယ် ကာယဗလ လောကကြီးကတော.တွေးမိရင်မလွယ်ပါဘူးဗျာ စပွန်ဆာကောင်းကောင်းပေးနိုင်တဲ. သူဌေးတစ်ယောက်လောက်တော. ခန်.ထားမှရမယ်ထင်တယ်ဘယ်သူမှလည်း လုပ်မယ်မထင်ပါဘူး ၀ါသနာလည်းစကားပြောတာပေါ. ဘိုင်ဘိုင်
မှန်ပါ့ဗျာ။ မှန်ပါ့။ ကျွန်တော်တို့ အတူတကွ ကြိုးစားမှသာ အောင်မြင်နိုင်မှာပါ။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဒီထက်မက ကောင်းအောင်ကြိုးစားရပါမယ်။ ကိုယ့်ကိုယ်ကို အရည်အချင်းမပြည့်မှီသေးလို့ လို့ပဲ ယူဆထားပါတယ်။ စပွန်ဆာ ဆိုတာကလည်း ဟုတ်ပါတယ်။ တကယ်ကာယဗလမောင် တစ်ယောက် အသုံးစရိတ်ဆိုရင် တစ်ရက် တစ်သောင်းနီးနီးထိ ကုန်နိုင်ပါတယ်။ ကိုဝိုင်းချစ်ဆို တစ်သောင်းကျော် ကုန်တယ်လို့ တခါက ပြောဖူးပါတယ်။ ဒါမယ့်လည်း အခုမောင်တွေ ရှိသလောက်နဲ့ ရအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေရှိတာ ချီးကျူးစရာပါပဲ။ အထင်ရှားဆုံးကတော့ မောင်ကျော်လို့ ထင်တာပါပဲ။ ကိုအောင်အောင် ပြောသလို ၀ါသနာပါ စိတ်ပါတဲ့ စပွန်ဆာပေးမည့် သူဌေးတွေကိုပဲ အခုလောလောဆယ်တော့ မျှော်လင့်နေရဦးမှာပါ…
Good luck
Naing Wai
စပွန်ဆာကတော့ နိုင်ေ၀၀င်းပဲ လုပ်လိုက်ပါဗျာ။ အလကားစတာပါဗျာ။ အဓိကကတော့ လုပ်ငန်းရှင် အများစုကတော့ ကာယဗလကို စပွန်ဆာပေးရကောင်းမှန်း မသိသေးဘူးဗျ။ သူတို့ က ဘောလုံးလောက်တာ စိတ်ဝင်စားကြတာဗျ။
တစ်ကယ်တော့ ဘယ်အားကစားကပဲ ရွေးရွေး၊ နိုင်ငံတော်အတွက် ရွေးရတာပါပဲဗျာ။
နိုင်ဦး—-119
ကောင်းပါတယ်ဗျာ။ ဗဟုသုတတွေအများကြီးရပါတယ် ကိုအောင်အောင်ကို အဲဒီလောက်လေ့လာမယ်လို့ မထင်ထားဘူးဗျာ အရမ်းကောင်းပါတယ။် မတွေ့တာလည်း တော်တော်ကြာပြီနော် အကိုဘယ်မှာကစားနေလဲ တစ်ချက်လောက် ကျွန်တော်မေးလ်ထဲပို့ပေးပါ လိပ်စာလေးလာလို့ရအောင်။
နိုင်ငံ့ အတွက် ရွှေရောင် အနာဂတ်တွေ ဖြစ်ပါစေဗျာ……………….