Jan
19

6-ထပ်ကွမ်း မောင်အိုလံပီယာ ဒိုရီယံရိတ်၏ လက်မောင်းနောက်သား ကစားနည်း

Home > နိုင်ဦး စာမျက်နှာ > 6-ထပ်ကွမ်း မောင်အိုလံပီယာ ဒိုရီယံရိတ်၏ လက်မောင်းနောက်သား ကစားနည်း

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

မေး။            ။သင့်ရဲ့အကောင်းဆုံးလက်မောင်းနောက်သားကစားနည်းကဘာလဲ?

ဖြေ။            ။သင့်ရဲ့အမေး အတွက်အကောင်းဆုံးအဖြေ ကျွန်တော့်မှာရှိတယ်။ လက်မောင်းနောက်ကစားချိန်မှာ ကျွန်တော် အမြဲတမ်းကေဘယ်လ်ကြိုး လက်မောင်းနောက်သားဖိနှင့် စတယ်။ အလေးပေါ့ပေါ့နဲ့ 12-ကြိမ်၊ 15-ကြိမ်လောက် သွေးပူ ကစားတယ်။ ပြီးတော့မှ အလေးနိုင်သမျှများများနဲ့ တစ်ကျော့ကို နိုင်သလောက်ညှစ်ပြီး အိတ်သွန်ဖာမှောက် ကစားပါတယ်။ ဒုတိယလေ့ကျင့်ခန်းကတော့ E-Z barနဲ့ ပက်လက်အိပ် လက်မောင်းနောက်သားဆန့်ကို ကစားးတယ်။ ပြီးတော့ တတိယလေ့ကျင့်ခန်းကတော့ ဒမ်ဘယ်နှင့် တစ်ဖက်ချင်း လက်မောင်းနောက်သားဆန့် ပါတယ်။ ကျွန်တော်အကြံပြုချင်တာက သင်တို့အနေနှင့် မိမိ၏တစ်ကိုယ်လုံး ကြွက်သားတည်ဆောက်ပုံနှင့် လေ့ကျင့်ခန်းများကို ပုံကျပန်းကျ ဖြစ်အောင် မည်ကဲ့သို့လေ့ကျင့်ရမည်ကို လေ့လာထားသင့်ပေသည်။ ထိုဗဟုသုတမရှိဘဲနှင့် သင်သည် မိမိလေ့ကျင့်သောကြွက်သားကို ထိရောက်အောင်မည်သို့မှ လေ့ကျင့်နိုင်မည်မဟုတ်ပေ။ ကစားရာတွင်လည်း အကြိမ်အကျော့ သိပ်မများစေဘဲ တစ်ကျော့နှင့် တစ်ကျော့ကြား နားချိန်ကိုလည်း သိပ်မများပါစေနှင့်။ ကာယဗလဆိုသည်မှာ အလေးများ၊ အကြိမ်အကျော့များမှ မဟုတ်ပါ။ ကြွက်သားတို့၏ ခံနိုင်ရည်နှင့် အစွမ်းကုန်ညှစ် ကစားခြင်းကို ဆိုလိုသည်။ ဒါကြောင့် ကာယဗလသည် အရေအတွက်မဟုတ်ပါ၊ အရည်အချင်းသာဖြစ်သည်။ ထိုအရာကိုသဘောပေါက်မှသာ သင်သည် အမြဲတမ်းကြီးထွားသည်ထက် ကြီးထွားသန်မာလာပေမည်။

ဒိုရီယံရိတ်၏ လက်မောင်းနောက်သား ကစားနည်း

–ဒိုရီယံသည် ပထမတစ်ကျော့၊ နှစ်ကျော့၊ကို အလေးပေါ့ပေါ့ဖြင့် သွေးပူကစားပြီး နောက်ဆုံးတစ်ကျော့ကိုသာအလေးများများဖြင့် မီးကုန်ယမ်းကုန် အိတ်သွန်ဖာမှောက် ကစားသောနည်းစနစ် high intensity training ကို ကျင့်သုံးသည်။ သို့သော် လူသစ်များအနေဖြင့် သင့်တင့်သောအလေးဖြင့် သုံးကျော့စီ ကစားရန် အကြံပြုထား
သည်။

ဘာသာပြန်ဆိုတင်ပြသူ—–

နိုင်ဦး—119

Email—-intensemuscle@gmail.com

Related posts:

  1. ၈-ကွမ်း မောင်အိုလံပီယာ လီဟေးနီရဲ့  ရင်အုပ် ကစားနည်း
  2. လေးထပ်ကွမ်း မောင်အိုလံပီယာ ဂျေးကတ်လာ၏ ပေါင်ကြွက်သား ကစားနည်း
  3. ထရစ်ကီဂျက်ဆင်၏ ၀မ်းဗိုက်ကြွက်သား ကစားနည်း
  4. စီဒရစ်မက်မီလန်၏ နောက်ကျော ၀င်းသား ကစားနည်း
  5. အာမက်ဟိုင်ဒါ (Ahmed Haider) ရဲ့ လက်မောင်းရှေ့ ကစားနည်း ပရိုဂရမ်