သတ်မှတ်ကိုယ်ဟန် (၇)မျိုး
Home > Training and Contest > သတ်မှတ်ကိုယ်ဟန် (၇)မျိုးPost written by Aung Aung (aungaung.aung24@gmail.com)
ပြိုင်ပွဲဝင်ကာယဗလ အားကစားသမားတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမှု ရှိသော အကောင်းဆုံး ကိုယ်ဟန်ပြကွက်များကို ထုတ်ဖော်ပြသနိုင်စေရန်နှင့် ကိုယ်ဟန်ပြသရာတွင် တေးဂီတနှင့်အညီ အံဝင်ခွင်ကျ ကိုယ်ဟန်ပြနိုင်ရန်လည်း အရေးကြီးပါသည်။
ကာယဗလသမားများသည် မိမိခန္ဓာကိုယ်အား အချိုးအစားကျနပြီး ကြွက်သားဆိုင်များ ပြည့်စုံစွာ ဖွံ့ဖြိုးအောင် ပထမကြိုးစားအားထုတ်ရမြဲဖြစ်သည်။ ထို့နောက် ကြွက်သားဆိုင်များ ပေါ်လွင်အောင် ကြိုးပမ်းရသည့် နောက်ဆုံးအဆင့်အဖြစ် ကြွက်သားဆိုင်များ ကွဲပြားပြက်သား လာအောင် ကြိုးပမ်းရပြန်လေ သည်။ ဤသို့ ပင်ပန်းကြီးစွာ လေ့ကျင့်ကြိုးပမ်း လေ့ကျင့်လာပြီးနောက် ပြိုင်ပွဲတွင် အချိုးအစား ကျနလှပသည့် မိမိ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ပြိုင်ပွဲတွင် ပရိသတ်ရှေ့မှောက် ကိုယ်ဟန်ပြသပြီး ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို ရယူ၍ မှတ်ကျောက်အတင်ခံကြလေသည်။ သို့ဖြစ်၍ ကိုယ်ဟန်ပြသမှုသည် နောက်ဆုံးအချိန် အရေးပါလှသည့် အတတ် ပညာရပ်တစ်ခု ဖြစ်လာပေသည်။ ကိုယ်ဟန်ပြသမှုသည် အနုပညာတစ်မျိုးပင် ဖြစ်သည်။ အကပညာဖြင့်လည်း နှီးနွယ်လျက်ရှိပေသည်။ အစောဆုံး ကျင်းပခဲ့သည့် မောင်စကြ၀ဠာပြိုင်ပွဲ (1948) ခုနှစ်က မောင်စကြ၀ဠာဘွဲ့ရရှိ ခဲ့သည့် ဂျွန်ဂရိမက်ခ်တို့၏ ကိုယ်ဟန်ပြကွက် များကိုကြည့်လျှင် ရှေးဂရိ၊ ခေါမ၊ ရောမခေတ်များက ထုလုပ်ခဲ့သည့် ကျောက်ဆစ်ရုပ်ထုသဏ္ဍာန် အတုယူပြသခဲ့သည့် ပြကွက်များကို တွေ့ရှိရသည်။ ရုပ်ထုသဏ္ဍာန် ကိုယ်ဟန်ပြကွက် များမှ ကလဲရင့်စီရော့စ်၊ စတီးရီဗ် စသူတို့ကဲ့သို့ အလှဟန်ကို အသားပေးသည့် ပြကွက်များ၊ ထုထည်နှင့် အားမာန် ပါသော ကိုယ်ဟန်ပြကွက်များ စသည်ဖြင့် အမျိုးမျိုး ကိုယ်ဟန်ပြကွက်များ တီထွင်လာခဲ့ကြလေသည်။ ကိုယ်ဟန် ပြခြင်း၏ အဓိက ရည်ရွက်ချက်မှာ မိမိ၏ခန္ဓာကိုယ် ဖွံ့ဖြိုးလှပမှုအား ဂုဏ်ရှိန်မြင့်မားအောင် သက်သေပြသည့် ဆောင်ရွက်ချက်ပင် ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် မိမိခန္ဓာကိုယ်လှပမှုအား ဂုဏ်ရှိန်မြင့်မားအောင် သက်သေ ပြသသည့် ဆောင်ရွက်ချက်ပင် ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် မိမိ၏ ခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်ညီသော ခန္ဓာကိုယ်နှင့် ကြွက်သား ဖွံ့ဖြိုးမှု အခြေအနေနှင့် လိုက်ဖက်ညီသော ကိုယ်ဟန်ပြကွက်များကို ရွေးချယ်ပြသလေ့ ရှိကြသည်။ အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း ကိုယ်ဟန်ပြကွက်များသည် ကကွက်များ သဘောပင်ဖြစ်ရာ ဥပမာ အားဖြင့် မြန်မာအများတွင် ခန္ဓာကိုယ်နှင့် စရိုက်ကိုလိုက်၍ မင်းသား အကဟန်နှင့် ဘီလူး အကဟန်တို့ကိုကြည့်လျှင် ထင်ရှားပေမည်။ မင်းသားအကတွင် မင်းသား၏ ရုပ်ဆင်းတင့်တယ်မှု၊ ခန္ဓာကိုယ်အချိုးအစား သေးသွယ်ပြေပြစ်မှု တို့နှင့် နူးညံ့သိမ်မွေ့သည့် စရိုက်ကိုလိုက်၍ မင်းသားအကသည် ညက်ညောခြင်း၊ ပျော့ပျောင်းခြင်း၊ သွက်လက်ခြင်း စသည့် အချက်များကို တွေ့မြင်နိုင်သကဲ့သို့ ဘီလူးအကတွင် ဘီလူး၏ ကြမ်းတမ်းခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ကြီးထွားခြင်း၊ ခန့်ထည်ခြင်းစသည့် အချက်အလက်များကို တွေ့ရှိရသည်။ တီးလုံးများ၊ တေးဂီတများသည် လည်း ယင်းအချက်တို့နှင့် လိုက်လျောညီထွေ ရှိသောကြောင့် ကြည့်မြင်ရသူတို့အတွက် ကျေနပ်မှုရသကို ရရှိစေလေသည်။ ထိုနည်းတူ ကိုယ်ဟန်ပြသရာတွင် မိမိ၏ရုပ်ဆင်း ခန္ဓာကိုယ်အချိုးအစားနှင့် ဖွံ့ဖြိုးမှုအနေအထား ပေါ်မူတည်၍ ပြကွက်များကို ရွေးချယ်ပြသသင့်ပေသည်။
ကိုယ်ဟန်ပြကွက်များ
ကိုယ်ဟန်ပြကွက်များကို ခြုံ၍ကြည့်ပါက အဓိကအားဖြင့် “ဟန်” ကို ဦးစားပေးသော ကိုယ်ဟန်ပြကွက်နှင့် “မာန်” ကို ဦးစားပေးသော ပြကွက်ဟူ၍ (၂)မျိုးနှစ်စား တွေ့မြင်နိုင်လေသည်။ တစ်ဖန် ဟန်ကို ဦးစားပေးသော ပြကွက် တွင် အကဟန် (ရှေ့ဖက်အနေအထား ခြေခွဲ၊ မောင်းကွေးပြီး ခါးချိုးပြသရသော အကွက်မျိုး) ကဲ့သို့သော ပြကွက်မျိုးနှင့် ခွန်အားစိုက်ထုတ် ရခြင်းမရှိသော လေးပစ်ဟန်၊ လက်မြှောက်ဟန် စသည့်ပြကွက်မျိုးများနှင့် မာန်ကို ဦးစားပေးသော ပြကွက်မျိုးတွင် ရုပ်ထုကိုယ်ဟန်ပြခြင်းနှင့် ခွန်အားစိုက်ထုတ်၍ ကြွက်သားထုကို ညစ်ထုတ်ပြသ ရသော လုပ်ငန်းခွင့်ကိုယ်ဟန် ပြကွက်များ (ရေထဲမှငါးကို မှိန်းဖြင့်ထိုးဟန်၊ ကြိုးဆွဲဟန်)စသည့် ကိုယ်ဟန်ပြကွက်များ ပါတတ်လေသည်။ ကိုယ်ဟန်ပြသရာတွင် ခြေထောက်ကို ပုံသေထားပြီး အပေါ်ပိုင်းကိုသာ အနေအထား ပြင်ဆင်ပုံ ပွားထုတ်ဖော်ပြီး အပေါ်ပိုင်းပြကွက်များ ကုန်ဆုံးမှ ခြေအနေအ ထားပြောင်းပြီး ထပ်မံ၍ အပေါ်ပိုင်းပုံများကို ထပ်မံပုံပွား ဖော်ထုတ်ခြင်းဖြင့် ကိုယ်ဟန်ပြကွက်များ ထုတ်ဖော်ခြင်းသည် ကိုယ်ဟန်ပြကွက်ကို ညက်ညောစေသည်။
ကိုယ်ဟန်ပြကွက် ပြသရာတွင် ပြကွက်မပါဘဲ အသားလွတ် ခြေထောက် အတက်အဆုတ် လုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ခြေအတက်အဆုတ်နှင့် အလှည့်အပြောင်းများသည် ကိုယ်ဟန်ပြကွက်များသည် သွက်လက်သည့် ကိုယ်ဟန်ပြကွက်များ ဖြစ်တတ်သော်လည်း ဟာကွက်များ ပေါ်လွင်တတ်သည်ကို သတိပြုရမည် ဖြစ်ပေသည်။ ကိုယ်ဟန်ပြသရာတွင် ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းဟူသော ထုံးကို နှလုံးမူသင့်သည်။ ပျော့ပျောင်းသက်သာမှု ရှိရမည်ဖြစ်၍ ထိုပြကွက်များတွင် လက်သီးဆုတ်ခြင်း မောင်းကွေးခြင်း စသည်တို့မှ ခြေဖျား တည်ခြင်း၊ ရွေ့ပြောင်းခြင်း၊ နောက်လှည့်ခြင်း စသည်တို့တွင် မိမိ၏ခန္ဓာကိုယ် “ဟန်ချက်” ကို ကောင်းစွာထိန်းသိမ်း နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဟန်ချက်ထိန်းသိမ်းနိုင်စွမ်း မရှိသော ကိုယ်ဟန်ပြကွက်များ ညက်ညောမှုကို များစွာအရုပ်ဆိုး စေသည်။ ထိုနည်းတူ မာန်ကိုဦးစားပေးသောပြကွက်များတွင် ကိုယ်ဟန်ပြကွက် ရွေ့ပြောင်းရာတွင် မြန်ဆန်ရမည် ဖြစ်သော်လည်း ပြသရာတွင် ကြွက်သားဆိုင်များကို အတုံးလိုက် အတစ်လိုက် အမြှင်းလိုက်၊ အမြှောင်းလိုက် ကွဲပြား ပြတ်သားလာအောင် ညှစ်ထုတ်ပြသရခြင်းဖြစ်၍ အနည်းငယ် အချိန်ယူပြီး ပြသရန် လိုအပ်ပေသည်။ တစ်ချိန်တည်း မှာပင် ဤသို့ညှစ်ထုတ်ပြသနေရသည့်ကြားမှ မျက်နှာအမူအယာ ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့ခြင်း မဖြစ်ပွားစေရန်လည်း သတိပြုထိန်းချုပ်သင့်ပေသည်။ ပြိုင်ပွဲဝင် ကာယဗလသမားများအနေဖြင့် မဖြစ်မနေ ပြသရမည့် အခြေခံကိုယ်ဟန် ပြကွက် (၇)မျိုး သတ်မှတ်ထား၏။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ရှေ့ဘက်အနေအထား လက်နှစ်ဖက် မောင်းကွေးပြသခြင်း (ကိုယ်ဟန်ပြကွက်-၁) (Front Double Biceps)
ယင်းကိုယ်ဟန်ပြကွက်သည် ခန္ဓာကိုယ်အချိုးအစား အထက်အောက် မျှတမှုရှိမရှိနှင့် ကြွက်သားပြည့်စုံမှု ရှိမရှိကို မှတ်ကျောက်တင်သည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ ရင်အုပ်ကြွက်သားထု ရှိမရှိ၊ လက်မောင်းရှေ့သား ရှိမရှိ နှင့် ပေါင် ခြေသလုံးတို့ကို အထင်းသား ပကတိ လိမ်ညာခြင်းမရှိဘဲ ပြသရသည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ ယင်း အချက်တို့ကို အဓိကထား၍ အကဲဖြတ်ရခြင်းဖြစ်ရာ နည်းပြဖြစ်သူသည် မိမိ၏ ကာယဗလသမားအား ဤပြကွက်ဖြင့် ကြည့်ရှုပြီး အားနည်းချက်ကို အလွယ်တကူ တွေ့မြင်နိုင်ပြီး ပြုပြင်ရမည်ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် အကြောအချဉ်များကို မလိုအပ်ဘဲ အားထည့်ထားရန် မလိုပါ။ မောင်းကွေးရာတွင် လက်မောင်းရှေ့သားကိုသာ အာရုံ ပြုရန်ဖြစ်ပြီး လက်မောင်းအုံသား၊ ပခုံးသားများကို ဖျော့ထားရမည်ဖြစ်သည်။ သို့မဟုတ်က လက်မောင်းကွေးရာတွင် မလိုအပ်ဘဲ ပခုံးများမြင့် တက်လာတတ်သည်။ ခန္ဓာကိုယ်အောက် ပိုင်းကိုပါ အားထည့်ပြီး ကြွက်သားများကို ညစ်ထား ရမည်။ ပေါင်သားများ ညစ်ထုတ်ရာတွင် ဒူးနှစ်ဖက်ကို မသိမသာ အားပြုပြီး အနည်းငယ်ညှစ်၍ ညှစ်ထုတ်ရသည်။
(၂) ရှေ့ဖက်အနေအထား ၀င်းသား ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၂) (Front Lat Spread)
ယင်းကိုယ်ဟန်ပြကွက်သည် ကိုယ်ဟန်ပြကွက်-၁ အတိုင်း ခန္ဓာကိုယ်အောက်ပိုင်းကိုမပြင်ဘဲ အထက်ပိုင်း ကိုသာ ခါးထောက်၍ ၀င်းသားကို ညှစ်ထုတ်ပြသရခြင်း ဖြစ်သည်။ အပေါ်ပိုင်းနှင့်အောက်ပိုင်း အချိုးအစားမျှတမှုကို အထူးပေါ်လွင်စေသော ပြကွက်ဖြစ်သည်။ ၀င်းသားပြန့်ကားမှု၊ ထုထည်ကြီးမားမှုနှင့် နံစောင်းကြွက်သားများကို အဓိကထားကြည့်ရှုအကဲခတ်မည့် ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပေါင်၊ ခြေသလုံး စသည့် အောက်ပိုင်းကိုပါ အပေါ်ပိုင်းနှင့်ယှဉ်၍ မျှတမှု ရှိ၊ မရှိ၊ ကြွက်သားထုထည်နှင့် အရည်အသွေးကို အကဲဖြတ်သွားရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် ကာယဗလသမားများအနေဖြင့် ၄င်းထုတ်ရာတွင် လက်မ/လက်ညှိုးဖြင့် နံစောင်းဘေးသား (ခါးကို ညှပ်ဆွဲ၍ သာမန်အချိန် လေ့ကျင့်ရာတွင် ထုတ်ဖော်ပြသလေ့ရှိရာ ပြိုင်ပွဲတွင် ဆီလိမ်းထားရသောအခါများတွင် ညှစ်ဆွဲခြင်းထက် ခါးထောက်များကို ပိုမိုအားပြုသင့်သည်။ ညှစ်ဆွဲရာတွင် အဆင်မသင့်က လက်ချော်၍ ထွက်သွားတတ်သောအကြောင့် ဖြစ်သည်။
(၃) ဘေးဘက်အနေအထား မောင်းကွေး ရင်အုပ်ကြွက်သားပြကွက် ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၃)
(Side Chest)
ယင်းကိုယ်ဟန်ပြကွက်သည် ခန္ဓာကို အထက်အောက် ထုထည်ရှိမရှိနှင့် မျှတမှုရှိမရှိ ဆန်းစစ်သော ပြကွက် ဖြစ်သည်။ အထူးသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း ရင်အုပ်ကြွက်သားများ မောက်ကြွား ပွင့်ကားမှု ရှိမရှိ၊ နံရိုးအိမ် ပွင့်ကားမှု ရှိမရှိနှင့် လက်မောင်းသား ဘေးတိုက်မောင်း ကွေးအနေအထားတွင် ပြည့်စုံမှု ရှိမရှိကို အဓိကထား အကဲဖြတ်ရမည့် ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာတွင် အောက်ပိုင်း ပေါင်၊ ခြေသလုံးများ၏ ဘေးတိုက် အနေအထားကိုပါ ကြွက်သား ပြည့်ဖြိုးမှုနှင့် ကြွက်သားအရည်အသွေးကိုပါ ဆန်းစစ် အကဲဖြတ်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ကာယဗလသမား အနေဖြင့် ယင်းပြကွက်တွင် ဘေးတိုက်အနေအထား သာ ခြေဖျားထောက်၍ ၀ဲဘက်ပေါင်ဖြင့်သာ ပေါင်ကိုထိကပ်ပြီး ပေါင်တံနှင့် ခြေသလုံးကြွက်သားများကို ညှစ်ထုတ်ရမည်။ ခန္ဓာကိုယ်အထက်ပိုင်း ရင်အုတ်ကြွက်သားများကို နံရိုးအိမ်ပင့်တင်ကာ ညှစ်ထုတ်ပြီး ညာလက်မောင်းကို ကွေးတင်၊ ၀ဲလက်ဖြင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ညှစ်ထုတ်ပြသရမည် ဖြစ်သည်။ ၀မ်းဗိုက် ရှိုက်လျက်ဖြစ်စေ၊ ကြွက်သားညှစ်ထုတ်လျက်ဖြစ်စေ ကိုယ်ဟန်ပြသနိုင်သည်။ အဓိကမှာ လက်မောင်းကြွက်သားများ၊ ရင်အုပ် ဖွံ့ဖြိုးမှုနှင့် ပေါင်ဘေး ကိုယ်အနေအထား ထုထည်ကြီးမားမှုနှင့် ခြေသလုံး ကြွက်သားများ ပေါ်လွင်ရန်သာ အဓိကဖြစ်သည်။
(၄) နောက်ဘက်အနေအထား လက်မောင်းနှစ်ဘက် မောင်းကွေးပြသခြင်း (ကိုယ်ဟန်ပြကွက်-၅)
(Back Double Biceps)
ယင်းပြကွက်သည် နောက်ကျောသား၊ လက်မောင်းအုံ၊ ရှေ့သား အထွေထွေပြည့်ဖြိုးမှု၊ ကြွက်သားဆိုင် ထုထည်နှင့် ကြွက်သားကွဲပြားမှုကို မှတ်ကျောက်တင်သည့် အဓိကပြကွက်ဖြစ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခြေသလုံးကြွက်သားများကို ပေါ်လွင်ထင်ရှားစေ သည်။ ရှေ့ဘက် ကိုယ်ဟန်ပြကွက်နည်းတူ မလိုလားအပ်ဘဲ လက်မောင်းအုံများ မြင့်တက်နေခြင်းနှင့် မောင်းကွေးညှစ်ထုတ်ရာတွင် လက်နှစ်ဘက်ကို လိုအပ်သည်ထက် နောက်သို့ လှန်၍ ညှစ်ထုတ်ခြင်းကြောင့် နောက်ကျောသား ကြွက်သားများကို ကွဲပြားစွာ မဖြစ်ပေါ်စေဘဲ ကျောညပ်သွားသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်တတ်သည်။ နောက်ကျောသား ညှစ်ထုတ်ရာတွင် လက်မောင်းအုံနှင့်တကွ ကျောပြင် အထက်အောက် တစ်ခုလုံးကို အာရုံပြုညှစ် ထုတ်ရန်လိုသည်။ ဤကိုယ်ဟန်ပြကွက်ကို နောက်ကျောသား ပြည့်ဖြိုး သူများအနေဖြင့် လိမ်ညာမှုမပါ အရှိကို အရှိအတိုင်း ပြသရခြင်းဖြစ်၍ အနည်းငယ်အချိန်ယူ၍ အားပါးတရ ညှစ်ထုတ် ပြသရန် ဖြစ်သည်။
(၅) နောက်ဖက်အနေအထား နောက်ကျောသား (၀င်းသား) ညှစ်ထုတ်ပြန့်ကားပြခြင်း (ကိုယ်ဟန်ပြကွက်-၄)
(Back Lat Spread)
ယင်းကိုယ်ဟန်ပြကွက်သည် နောက်ကျောသားပြန့်ကားမှု၊ ပုံစံကျနမှု၊ နောက်ကျောသား ဘယ်ညာ ညီညွတ်မှု၊ ခန္ဓာကိုယ်အထက်ပိုင်းနှင့်အောက်ပိုင်း အချိုးအစားကျနမှု၊ ခြေသလုံးကြွက်သား ပြည့်ဖြိုးကြီးထွားမှု၊ ပုံစံ ကျနမှု၊ ကြွက်သားအရည်အသွေး စသည်တို့ကို ဆန်းစစ် အကဲဖြတ်သည့် ပြကွက်ဖြစ်ပေသည်။ နောက်ကျောသား ပြသရာတွင် ကြွက်သားဆိုင်ပေါ်လွင်မှုထက် ကြီးထွားပြန့်ကားမှုနှင့် ပုံစံကျနမှုကို အဓိကထား ကြည့်ရှုအကဲဖြတ်ခြင်း ဖြစ်သည်။ ကိုယ်ဟန်ပြသသူအနေဖြင့် သက်တောင့် သက်သာအရှိဆုံး ကိုယ်ဟန်ပြကွက်ဖြစ်သည်။ အောက်ပိုင်း ခြေသလုံးကို စုံရပ်၍လည်းကောင်း၊ နှစ်သက်ရာခြေတစ်ဖက်ကို နောက်ဆုပ်ခြေဖျား ထောက်၍လည်းကောင်း ပြသ နိုင်သည်။ ခါးထောက်၍ ၀င်းသားညှစ်ထုတ်ရာတွင် ထိုထိန်းထားသည့်လက် ချော်ထွက်သွားခြင်းမပြုရန် သတိထား ပြသရန် လိုအပ်ပါသည်။
(၆) ဘေးဘက် အနေအထား လက်မောင်းနောက်သား ညှစ်ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၆)
(Side Triceps)
ယင်းကိုယ်ဟန်ပြကွက်သည် လက်မောင်းနောက်သား ကြွက်သားထုထည်နှင့် အရည်အသွေးကွဲပြား ပြတ်သားမှု၊ လက်မောင်းအုံသား ပြည့်ဖြိုးမှုတို့ကို အဓိကထား အကဲဖြတ်သည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရင်အုပ်ပိုင်းနှင့် ခန္ဓာကိုယ်အချိုးအစား မျှတမှုကိုပါ အကဲဖြတ်သည့် ပြကွက်ဖြစ်သည်။ ကိုယ်ဟန် ပြသသူအနေဖြင့် အောက်ပိုင်းကို ညာခြေရှေ့ဘက်၌ဖြစ်စေ၊ နောက်ဆုတ်၍ဖြစ်စေ၊ ၀ဲဘက်ပေါင်နှင့် ကပ်လျှက် ဘေးတိုက်အနေ အထားဖြစ်စေ ဟန်ချက်ရယူပြီး အပေါ်ပိုင်းကိုမူ လက်မောင်းကို ၀င်းသားဖြင့်ကပ်လျက် လက်ဝဲလက်မှ ယာလက်မောင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် အောက်သို့ လက်တစ်ဆန့် ဆန့်ချ လှစ်ထုတ် ပြသရသည့် ပြကွက်ဖြစ်သည်။ မိမိ၏လက်မောင်းနောက်သားထုထည်နှင့် လက်မောင်းအုံသား၏ ကြွက်သားဆိုင် ပြည့်ဖြိုးမှု၊ ကွဲပြားပြတ်သားမှုကို အစွမ်းကုန်လှစ်ထုတ်ပြသရမည်ဖြစ်သည်။
(၇) ရှေ့ဘက်အနေအထား ၀မ်းဗိုက်ကြွက်သားနှင့် ပေါင်သား ညှစ်ထုတ်ပြသခြင်း (ကိုယ်ဟန်ပြကွက်-၇)
(Abdomens & Thighs)
ယင်းကိုယ်ဟန်ပြကွက်သည် ၀မ်းဗိုက်ကြွက်သား ကြီးထွားပေါ်လွင်မှု၊ ပြတ်သားမှုနှင့် ပေါင်သား တွင်း/ပြင် (ရှေ့နောက်)ပြည့်ဖြိုးမှု၊ ကြွက်သား ကွဲပြားပြတ်သားမှု စသည်တို့ကို အကဲဖြတ်နိုင်ရန် ညှစ်ထုတ်ပြသသည့် ပြကွက် ဖြစ်သည်။ အကဲဖြတ်ရာတွင် ကာယဗလသမားအနေဖြင့် ၀မ်းဗိုက်ကြွက်သား တကယ်လေ့ ကျင့်မှု ရှိမရှိ၊ အဆီ ၀င်မ၀င် ကို အလွယ်ကူဆုံး သိနိုင်သည့် ပြကွက်ဖြစ်သည်။ ပေါင်သားဖြန့် ထုတ်ပြသရာတွင် ဘယ်ညာ ခြေနှစ်ချောင်းကို နှစ်သက်သလို ရှေ့သို့ခြေဖျား ဆန့်ထုတ်၍ ပေါင်/ခြေသလုံး ကြွက်သားများကို ပြသနိုင်သည့် ခန္ဓာကိုယ်အထက်ပိုင်း လက်မောင်းနှစ်ဘက်ကို စုံမြှောက်ပြီး ဇက်ပိုးကို အုပ်ကိုင်လျက် ၀မ်းဗိုက်ကြွက်သားကို အာရုံပြုညှစ်ထုတ်ထားရသည်။ ဤပြကွက်သည် အဓိကအားဖြင့် ၀မ်းဗိုက်ကြွက်သားနှင့် ပေါင်သားအတွက် အကဲဖြတ်ရသည့် ပြကွက်ဖြစ်သည်။
တင်ဆက်သူ။ ။အောင်အောင်(aungaung.aung24@gmail.com)
ပြိုင်ပွဲဝင်ကာယဗလ အားကစားသမားတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမှု ရှိသော အကောင်းဆုံး ကိုယ်ဟန်ပြကွက်များကို ထုတ်ဖော်ပြသနိုင်စေရန်နှင့် ကိုယ်ဟန်ပြသရာတွင် တေးဂီတနှင့်အညီ အံဝင်ခွင်ကျ ကိုယ်ဟန်ပြနိုင်ရန်လည်း အရေးကြီးပါသည်။
ကာယဗလသမားများသည် မိမိခန္ဓာကိုယ်အား အချိုးအစားကျနပြီး ကြွက်သားဆိုင်များ ပြည့်စုံစွာ ဖွံ့ဖြိုးအောင် ပထမကြိုးစားအားထုတ်ရမြဲဖြစ်သည်။ ထို့နောက်ကြွက်သားဆိုင်များ ပေါ်လွင်အောင် ကြိုးပမ်းရသည့် နောက်ဆုံးအဆင့်အဖြစ် ကြွက်သားဆိုင်များ ကွဲပြားပြက်သားလာအောင် ကြိုးပမ်းရပြန်လေသည်။ ဤသို့ ပင်ပန်းကြီးစွာ လေ့ကျင့်ကြိုးပမ်းလေ့ကျင့်လာပြီးနောက် ပြိုင်ပွဲတွင် အချိုးအစားကျနလှပသည့် မိမိ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ပြိုင်ပွဲတွင် ပရိသတ်ရှေ့မှောက် ကိုယ်ဟန်ပြသပြီး ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို ရယူ၍ မှတ်ကျောက်အတင်ခံကြလေသည်။ သို့ဖြစ်၍ ကိုယ်ဟန်ပြသမှုသည် နောက်ဆုံးအချိန်အရေးပါလှသည့် အတတ် ပညာရပ်တစ်ခု ဖြစ်လာပေသည်။ ကိုယ်ဟန်ပြသမှုသည် အနုပညာတစ်မျိုးပင် ဖြစ်သည်။ အကပညာဖြင့်လည်း နှီးနွယ်လျက်ရှိပေသည်။ အစောဆုံးကျင်းပခဲ့သည့် မောင်စကြ၀ဠာပြိုင်ပွဲ (1948) ခုနှစ်က မောင်စကြ၀ဠာဘွဲ့ရရှိ ခဲ့သည့် ဂျွန်ဂရိမက်ခ်တို့၏ ကိုယ်ဟန်ပြကွက်များကိုကြည့်လျှင် ရှေးဂရိ၊ ခေါမ၊ ရောမခေတ်များက ထုလုပ်ခဲ့သည့် ကျောက်ဆစ်ရုပ်ထုသဏ္ဍာန် အတုယူပြသခဲ့သည့် ပြကွက်များကို တွေ့ရှိရသည်။ ရုပ်ထုသဏ္ဍာန်ကိုယ်ဟန်ပြကွက် များမှ ကလဲရင့်စီရော့စ်၊ စတီးရီဗ် စသူတို့ကဲ့သို့ အလှဟန်ကို အသားပေးသည့် ပြကွက်များ၊ ထုထည်နှင့် အားမာန် ပါသော ကိုယ်ဟန်ပြကွက်များ စသည်ဖြင့် အမျိုးမျိုးကိုယ်ဟန်ပြကွက်များ တီထွင်လာခဲ့ကြလေသည်။ ကိုယ်ဟန် ပြခြင်း၏ အဓိကရည်ရွက်ချက်မှာ မိမိ၏ခန္ဓာကိုယ်ဖွံ့ဖြိုးလှပမှုအား ဂုဏ်ရှိန်မြင့်မားအောင် သက်သေပြသည့် ဆောင်ရွက်ချက်ပင် ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် မိမိခန္ဓာကိုယ်လှပမှုအား ဂုဏ်ရှိန်မြင့်မားအောင် သက်သေ ပြသသည့် ဆောင်ရွက်ချက်ပင်ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် မိမိ၏ခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်ညီသော ခန္ဓာကိုယ်နှင့် ကြွက်သား ဖွံ့ဖြိုးမှုအခြေအနေနှင့် လိုက်ဖက်ညီသော ကိုယ်ဟန်ပြကွက်များကို ရွေးချယ်ပြသလေ့ ရှိကြသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကိုယ်ဟန်ပြကွက်များသည် ကကွက်များသဘောပင်ဖြစ်ရာ ဥပမာ အားဖြင့် မြန်မာအများတွင် ခန္ဓာကိုယ်နှင့်စရိုက်ကိုလိုက်၍ မင်းသားအကဟန်နှင့် ဘီလူးအကဟန်တို့ကိုကြည့်လျှင် ထင်ရှားပေမည်။ မင်းသားအကတွင် မင်းသား၏ ရုပ်ဆင်းတင့်တယ်မှု၊ ခန္ဓာကိုယ်အချိုးအစား သေးသွယ်ပြေပြစ်မှု တို့နှင့် နူးညံ့သိမ်မွေ့သည့် စရိုက်ကိုလိုက်၍ မင်းသားအကသည် ညက်ညောခြင်း၊ ပျော့ပျောင်းခြင်း၊ သွက်လက်ခြင်း စသည့် အချက်များကို တွေ့မြင်နိုင်သကဲ့သို့ ဘီလူးအကတွင် ဘီလူး၏ ကြမ်းတမ်းခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ကြီးထွားခြင်း၊ ခန့်ထည်ခြင်းစသည့် အချက်အလက်များကို တွေ့ရှိရသည်။ တီးလုံးများ၊ တေးဂီတများသည်လည်း ယင်းအချက်တို့နှင့် လိုက်လျောညီထွေရှိသောကြောင့် ကြည့်မြင်ရသူတို့အတွက် ကျေနပ်မှုရသကို ရရှိစေလေသည်။ ထိုနည်းတူ ကိုယ်ဟန်ပြသရာတွင် မိမိ၏ရုပ်ဆင်း ခန္ဓာကိုယ်အချိုးအစားနှင့် ဖွံ့ဖြိုးမှုအနေအထားပေါ်မူတည်၍ ပြကွက်များကို ရွေးချယ်ပြသသင့်ပေသည်။
ကိုယ်ဟန်ပြကွက်များ
ကိုယ်ဟန်ပြကွက်များကို ခြုံ၍ကြည့်ပါက အဓိကအားဖြင့် “ဟန်” ကို ဦးစားပေးသော ကိုယ်ဟန်ပြကွက်နှင့် “မာန်” ကို ဦးစားပေးသော ပြကွက်ဟူ၍ (၂)မျိုးနှစ်စား တွေ့မြင်နိုင်လေသည်။ တစ်ဖန် ဟန်ကို ဦးစားပေးသော ပြကွက် တွင် အကဟန် (ရှေ့ဖက်အနေအထား ခြေခွဲ၊ မောင်းကွေးပြီး ခါးချိုးပြသရသော အကွက်မျိုး)ကဲ့သို့သော ပြကွက်မျိုးနှင့် ခွန်အားစိုက်ထုတ်ရခြင်းမရှိသော လေးပစ်ဟန်၊ လက်မြှောက်ဟန် စသည့်ပြကွက်မျိုးများနှင့် မာန်ကို ဦးစားပေးသော ပြကွက်မျိုးတွင် ရုပ်ထုကိုယ်ဟန်ပြခြင်းနှင့် ခွန်အားစိုက်ထုတ်၍ ကြွက်သားထုကို ညစ်ထုတ်ပြသ ရသော လုပ်ငန်းခွင့်ကိုယ်ဟန်ပြကွက်များ (ရေထဲမှငါးကို မှိန်းဖြင့်ထိုးဟန်၊ ကြိုးဆွဲဟန်)စသည့် ကိုယ်ဟန်ပြကွက်များ ပါတတ်လေသည်။ ကိုယ်ဟန်ပြသရာတွင် ခြေထောက်ကို ပုံသေထားပြီး အပေါ်ပိုင်းကိုသာ အနေအထား ပြင်ဆင်ပုံ ပွားထုတ်ဖော်ပြီး အပေါ်ပိုင်းပြကွက်များ ကုန်ဆုံးမှ ခြေအနေအထားပြောင်းပြီး ထပ်မံ၍ အပေါ်ပိုင်းပုံများကို ထပ်မံပုံပွား ဖော်ထုတ်ခြင်းဖြင့် ကိုယ်ဟန်ပြကွက်များ ထုတ်ဖော်ခြင်းသည် ကိုယ်ဟန်ပြကွက်ကို ညက်ညောစေသည်။
ကိုယ်ဟန်ပြကွက် ပြသရာတွင် ပြကွက်မပါဘဲ အသားလွတ် ခြေထောက် အတက်အဆုတ်လုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ခြေအတက်အဆုတ်နှင့် အလှည့်အပြောင်းများသည် ကိုယ်ဟန်ပြကွက်များသည် သွက်လက်သည့် ကိုယ်ဟန်ပြကွက်များ ဖြစ်တတ်သော်လည်း ဟာကွက်များ ပေါ်လွင်တတ်သည်ကို သတိပြုရမည် ဖြစ်ပေသည်။ ကိုယ်ဟန်ပြသရာတွင် ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းဟူသော ထုံးကို နှလုံးမူသင့်သည်။ ပျော့ပျောင်းသက်သာမှုရှိရမည်ဖြစ်၍ ထိုပြကွက်များတွင် လက်သီးဆုတ်ခြင်း မောင်းကွေးခြင်း စသည်တို့မှ ခြေဖျား တည်ခြင်း၊ ရွေ့ပြောင်းခြင်း၊ နောက်လှည့်ခြင်း စသည်တို့တွင် မိမိ၏ခန္ဓာကိုယ် “ဟန်ချက်” ကို ကောင်းစွာထိန်းသိမ်း နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဟန်ချက်ထိန်းသိမ်းနိုင်စွမ်းမရှိသော ကိုယ်ဟန်ပြကွက်များ ညက်ညောမှုကို များစွာအရုပ်ဆိုး စေသည်။ ထိုနည်းတူ မာန်ကိုဦးစားပေးသောပြကွက်များတွင် ကိုယ်ဟန်ပြကွက် ရွေ့ပြောင်းရာတွင် မြန်ဆန်ရမည် ဖြစ်သော်လည်း ပြသရာတွင် ကြွက်သားဆိုင်များကို အတုံးလိုက် အတစ်လိုက် အမြှင်းလိုက်၊ အမြှောင်းလိုက် ကွဲပြား ပြတ်သားလာအောင် ညှစ်ထုတ်ပြသရခြင်းဖြစ်၍ အနည်းငယ် အချိန်ယူပြီး ပြသရန် လိုအပ်ပေသည်။ တစ်ချိန်တည်း မှာပင် ဤသို့ညှစ်ထုတ်ပြသနေရသည့်ကြားမှ မျက်နှာအမူအယာ ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့ခြင်း မဖြစ်ပွားစေရန်လည်း သတိပြုထိန်းချုပ်သင့်ပေသည်။ ပြိုင်ပွဲဝင် ကာယဗလသမားများအနေဖြင့် မဖြစ်မနေ ပြသရမည့် အခြေခံကိုယ်ဟန် ပြကွက် (၇)မျိုး သတ်မှတ်ထား၏။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ရှေ့ဘက်အနေအထား လက်နှစ်ဖက် မောင်းကွေးပြသခြင်း (ကိုယ်ဟန်ပြကွက်-၁) (Front Double Biceps)
ယင်းကိုယ်ဟန်ပြကွက်သည် ခန္ဓာကိုယ်အချိုးအစား အထက်အောက် မျှတမှုရှိမရှိနှင့် ကြွက်သားပြည့်စုံမှု ရှိမရှိကို မှတ်ကျောက်တင်သည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ ရင်အုပ်ကြွက်သားထု ရှိမရှိ၊ လက်မောင်းရှေ့သား ရှိမရှိ နှင့် ပေါင် ခြေသလုံးတို့ကို အထင်းသား ပကတိ လိမ်ညာခြင်းမရှိဘဲ ပြသရသည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ ယင်း အချက်တို့ကို အဓိကထား၍ အကဲဖြတ်ရခြင်းဖြစ်ရာ နည်းပြဖြစ်သူသည် မိမိ၏ကာယဗလသမားအား ဤပြကွက်ဖြင့် ကြည့်ရှုပြီး အားနည်းချက်ကို အလွယ်တကူတွေ့မြင်နိုင်ပြီး ပြုပြင်ရမည်ဖြစ်သည်။ ကိုယ်ဟန်ပြသရာတွင် အကြောအချဉ်များကို မလိုအပ်ဘဲ အားထည့်ထားရန် မလိုပါ။ မောင်းကွေးရာတွင် လက်မောင်းရှေ့သားကိုသာ အာရုံ ပြုရန်ဖြစ်ပြီး လက်မောင်းအုံသား၊ ပခုံးသားများကို ဖျော့ထားရမည်ဖြစ်သည်။ သို့မဟုတ်က လက်မောင်းကွေးရာတွင် မလိုအပ်ဘဲ ပခုံးများမြင့်တက်လာတတ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းကိုပါ အားထည့်ပြီး ကြွက်သားများကို ညစ်ထား ရမည်။ ပေါင်သားများ ညစ်ထုတ်ရာတွင် ဒူးနှစ်ဖက်ကို မသိမသာအားပြုပြီး အနည်းငယ်ညှစ်၍ ညှစ်ထုတ်ရသည်။
(၂) ရှေ့ဖက်အနေအထား ၀င်းသား ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၂) (Front Lat Sprea)
ယင်းကိုယ်ဟန်ပြကွက်သည် ကိုယ်ဟန်ပြကွက်-၁အတိုင်း ခန္ဓာကိုယ်အောက်ပိုင်းကိုမပြင်ဘဲ အထက်ပိုင်း ကိုသာ ခါးထောက်၍ ၀င်းသားကို ညှစ်ထုတ်ပြသရခြင်း ဖြစ်သည်။ အပေါ်ပိုင်းနှင့်အောက်ပိုင်း အချိုးအစားမျှတမှုကို အထူးပေါ်လွင်စေသော ပြကွက်ဖြစ်သည်။ ၀င်းသားပြန့်ကားမှု၊ ထုထည်ကြီးမားမှုနှင့် နံစောင်းကြွက်သားများကို အဓိကထားကြည့်ရှုအကဲခတ်မည့် ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပေါင်၊ ခြေသလုံး စသည့် အောက်ပိုင်းကိုပါ အပေါ်ပိုင်းနှင့်ယှဉ်၍ မျှတမှု ရှိ၊ မရှိ၊ ကြွက်သားထုထည်နှင့် အရည်အသွေးကို အကဲဖြတ်သွားရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် ကာယဗလသမားများအနေဖြင့် ၄င်းထုတ်ရာတွင် လက်မ/လက်ညှိုးဖြင့် နံစောင်းဘေးသား (ခါးကို ညှပ်ဆွဲ၍ သာမန်အချိန် လေ့ကျင့်ရာတွင် ထုတ်ဖော်ပြသလေ့ရှိရာ ပြိုင်ပွဲတွင် ဆီလိမ်းထားရသောအခါများတွင် ညှစ်ဆွဲခြင်းထက် ခါးထောက်များကို ပိုမိုအားပြုသင့်သည်။ ညှစ်ဆွဲရာတွင် အဆင်မသင့်က လက်ချော်၍ ထွက်သွားတတ်သောအကြောင့် ဖြစ်သည်။
(၃) ဘေးဘက်အနေအထား မောင်းကွေး ရင်အုပ်ကြွက်သားပြကွက် ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၃)
(Side Chest)
ယင်းကိုယ်ဟန်ပြကွက်သည် ခန္ဓာကိုအထက်အောက် ထုထည်ရှိမရှိနှင့် မျှတမှုရှိမရှိ ဆန်းစစ်သော ပြကွက် ဖြစ်သည်။ အထူးသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း ရင်အုပ်ကြွက်သားများ မောက်ကြွားပွင့်ကားမှု ရှိမရှိ၊ နံရိုးအိမ် ပွင့်ကားမှု ရှိမရှိနှင့် လက်မောင်းသား ဘေးတိုက်မောင်းကွေးအနေအထားတွင် ပြည့်စုံမှု ရှိမရှိကို အဓိကထား အကဲဖြတ်ရမည့် ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာတွင် အောက်ပိုင်း ပေါင်၊ ခြေသလုံးများ၏ ဘေးတိုက်အနေအထားကိုပါ ကြွက်သား ပြည့်ဖြိုးမှုနှင့် ကြွက်သားအရည်အသွေးကိုပါ ဆန်းစစ်အကဲဖြတ်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ကာယဗလသမားအနေဖြင့် ယင်းပြကွက်တွင် ဘေးတိုက်အနေအထားသာ ခြေဖျားထောက်၍ ၀ဲဘက်ပေါင်ဖြင့်သာ ပေါင်ကိုထိကပ်ပြီး ပေါင်တံနှင့် ခြေသလုံးကြွက်သားများကို ညှစ်ထုတ်ရမည်။ ခန္ဓာကိုယ်အထက်ပိုင်း ရင်အုတ်ကြွက်သားများကို နံရိုးအိမ်ပင့်တင်ကာ ညှစ်ထုတ်ပြီး ညာလက်မောင်းကို ကွေးတင်၊ ၀ဲလက်ဖြင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ညှစ်ထုတ်ပြသရမည် ဖြစ်သည်။ ၀မ်းဗိုက် ရှိုက်လျက်ဖြစ်စေ၊ ကြွက်သားညှစ်ထုတ်လျက်ဖြစ်စေ ကိုယ်ဟန်ပြသနိုင်သည်။ အဓိကမှာ လက်မောင်းကြွက်သားများ၊ ရင်အုပ်ဖွံ့ဖြိုးမှုနှင့် ပေါင်ဘေး ကိုယ်အနေအထား ထုထည်ကြီးမားမှုနှင့် ခြေသလုံး ကြွက်သားများ ပေါ်လွင်ရန်သာ အဓိကဖြစ်သည်။
(၄) နောက်ဘက်အနေအထား လက်မောင်းနှစ်ဘက် မောင်းကွေးပြသခြင်း (ကိုယ်ဟန်ပြကွက်-၅)
(Back Double Biceps)
ယင်းပြကွက်သည် နောက်ကျောသား၊ လက်မောင်းအုံ၊ ရှေ့သားအထွေထွေပြည့်ဖြိုးမှု၊ ကြွက်သားဆိုင် ထုထည်နှင့် ကြွက်သားကွဲပြားမှုကို မှတ်ကျောက်တင်သည့် အဓိကပြကွက်ဖြစ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခြေသလုံးကြွက်သားများကို ပေါ်လွင်ထင်ရှားစေသည်။ ရှေ့ဘက် ကိုယ်ဟန်ပြကွက်နည်းတူ မလိုလားအပ်ဘဲ လက်မောင်းအုံများ မြင့်တက်နေခြင်းနှင့် မောင်းကွေးညှစ်ထုတ်ရာတွင် လက်နှစ်ဘက်ကို လိုအပ်သည်ထက် နောက်သို့ လှန်၍ ညှစ်ထုတ်ခြင်းကြောင့် နောက်ကျောသား ကြွက်သားများကို ကွဲပြားစွာ မဖြစ်ပေါ်စေဘဲ ကျောညပ်သွားသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်တတ်သည်။ နောက်ကျောသား ညှစ်ထုတ်ရာတွင် လက်မောင်းအုံနှင့်တကွ ကျောပြင် အထက်အောက် တစ်ခုလုံးကို အာရုံပြုညှစ်ထုတ်ရန်လိုသည်။ ဤကိုယ်ဟန်ပြကွက်ကို နောက်ကျောသား ပြည့်ဖြိုး သူများအနေဖြင့် လိမ်ညာမှုမပါ အရှိကိုအရှိအတိုင်း ပြသရခြင်းဖြစ်၍ အနည်းငယ်အချိန်ယူ၍ အားပါးတရ ညှစ်ထုတ် ပြသရန် ဖြစ်သည်။
(၅) နောက်ဖက်အနေအထား နောက်ကျောသား (၀င်းသား) ညှစ်ထုတ်ပြန့်ကားပြခြင်း (ကိုယ်ဟန်ပြကွက်-၄)
(Back Lat Spread)
ယင်းကိုယ်ဟန်ပြကွက်သည် နောက်ကျောသားပြန့်ကားမှု၊ ပုံစံကျနမှု၊ နောက်ကျောသား ဘယ်ညာ ညီညွတ်မှု၊ ခန္ဓာကိုယ်အထက်ပိုင်းနှင့်အောက်ပိုင်း အချိုးအစားကျနမှု၊ ခြေသလုံးကြွက်သား ပြည့်ဖြိုးကြီးထွားမှု၊ ပုံစံ ကျနမှု၊ ကြွက်သားအရည်အသွေး စသည်တို့ကို ဆန်းစစ်အကဲဖြတ်သည့် ပြကွက်ဖြစ်ပေသည်။ နောက်ကျောသား ပြသရာတွင် ကြွက်သားဆိုင်ပေါ်လွင်မှုထက် ကြီးထွားပြန့်ကားမှုနှင့် ပုံစံကျနမှုကို အဓိကထား ကြည့်ရှုအကဲဖြတ်ခြင်း ဖြစ်သည်။ ကိုယ်ဟန်ပြသသူအနေဖြင့် သက်တောင့်သက်သာအရှိဆုံး ကိုယ်ဟန်ပြကွက်ဖြစ်သည်။ အောက်ပိုင်း ခြေသလုံးကို စုံရပ်၍လည်းကောင်း၊ နှစ်သက်ရာခြေတစ်ဖက်ကို နောက်ဆုပ်ခြေဖျားထောက်၍လည်းကောင်း ပြသ နိုင်သည်။ ခါးထောက်၍ ၀င်းသားညှစ်ထုတ်ရာတွင် ထိုထိန်းထားသည့်လက် ချော်ထွက်သွားခြင်းမပြုရန် သတိထား ပြသရန် လိုအပ်ပါသည်။
(၆) ဘေးဘက်အနေအထား လက်မောင်းနောက်သား ညှစ်ထုတ်ပြခြင်း (ကိုယ်ဟန်ပြကွက်-၆)
(Side Triceps)
ယင်းကိုယ်ဟန်ပြကွက်သည် လက်မောင်းနောက်သား ကြွက်သားထုထည်နှင့် အရည်အသွေးကွဲပြား ပြတ်သားမှု၊ လက်မောင်းအုံသား ပြည့်ဖြိုးမှုတို့ကို အဓိကထား အကဲဖြတ်သည့် ကိုယ်ဟန်ပြကွက်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရင်အုပ်ပိုင်းနှင့် ခန္ဓာကိုယ်အချိုးအစား မျှတမှုကိုပါ အကဲဖြတ်သည့် ပြကွက်ဖြစ်သည်။ ကိုယ်ဟန် ပြသသူအနေဖြင့် အောက်ပိုင်းကို ညာခြေရှေ့ဘက်၌ဖြစ်စေ၊ နောက်ဆုတ်၍ဖြစ်စေ၊ ၀ဲဘက်ပေါင်နှင့်ကပ်လျှက် ဘေးတိုက်အနေအထားဖြစ်စေ ဟန်ချက်ရယူပြီး အပေါ်ပိုင်းကိုမူ လက်မောင်းကို ၀င်းသားဖြင့်ကပ်လျက် လက်ဝဲလက်မှ ယာလက်မောင်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် အောက်သို့လက်တစ်ဆန့် ဆန့်ချ လှစ်ထုတ် ပြသရသည့် ပြကွက်ဖြစ်သည်။ မိမိ၏လက်မောင်းနောက်သားထုထည်နှင့် လက်မောင်းအုံသား၏ ကြွက်သားဆိုင် ပြည့်ဖြိုးမှု၊ ကွဲပြားပြတ်သားမှုကို အစွမ်းကုန်လှစ်ထုတ်ပြသရမည်ဖြစ်သည်။
(၇) ရှေ့ဘက်အနေအထား ၀မ်းဗိုက်ကြွက်သားနှင့် ပေါင်သား ညှစ်ထုတ်ပြသခြင်း (ကိုယ်ဟန်ပြကွက်-၇)
(Abdomins & Thighs)

ယင်းကိုယ်ဟန်ပြကွက်သည် ၀မ်းဗိုက်ကြွက်သား ကြီးထွားပေါ်လွင်မှု၊ ပြတ်သားမှုနှင့် ပေါင်သား တွင်း/ပြင် (ရှေ့နောက်)ပြည့်ဖြိုးမှု၊ ကြွက်သားကွဲပြားပြတ်သားမှု စသည်တို့ကို အကဲဖြတ်နိုင်ရန် ညှစ်ထုတ်ပြသသည့် ပြကွက် ဖြစ်သည်။ အကဲဖြတ်ရာတွင် ကာယဗလသမားအနေဖြင့် ၀မ်းဗိုက်ကြွက်သား တကယ်လေ့ကျင့်မှု ရှိမရှိ၊ အဆီ ၀င်မ၀င် ကို အလွယ်ကူဆုံး သိနိုင်သည့် ပြကွက်ဖြစ်သည်။ ပေါင်သားဖြန့်ထုတ်ပြသရာတွင် ဘယ်ညာ ခြေနှစ်ချောင်းကို နှစ်သက်သလို ရှေ့သို့ခြေဖျားဆန့်ထုတ်၍ ပေါင်/ခြေသလုံး ကြွက်သားများကို ပြသနိုင်သည့် ခန္ဓာကိုယ်အထက်ပိုင်း လက်မောင်းနှစ်ဘက်ကို စုံမြှောက်ပြီး ဇက်ပိုးကို အုပ်ကိုင်လျက် ၀မ်းဗိုက်ကြွက်သားကို အာရုံပြုညှစ်ထုတ်ထားရသည်။ ဤပြကွက်သည် အဓိကအားဖြင့် ၀မ်းဗိုက်ကြွက်သားနှင့် ပေါင်သားအတွက် အကဲဖြတ်ရသည့် ပြကွက်ဖြစ်သည်။

Related posts:

အောင်အောင်ရေ……
ပြိုင်ပွဲစတက်မယ့်သူတွေအတွက် ရွှေအကြံဥာဏ်ပေးတဲ့ တင်ဆက်မှုဖြစ်တာကြောင့်
Beginner Bodybuilders များကိုယ်စား ကျေးဇူးအထူးတင်ပါတယ်နော်။