cardio လေ့ကျင့်ခန်း ထိထိရောက်ရောက်လုပ်ရန် နည်း (၇) နည်း
Home > Healthy Recipes, Weight Loss > cardio လေ့ကျင့်ခန်း ထိထိရောက်ရောက်လုပ်ရန် နည်း (၇) နည်းcardio ဆိုသည်မှာ aerobic exercise လို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အဆီချဖို့ဆိုသည်မှာ ဂျင်မ်(gym)ထဲမှာ များသောအားဖြင့် ကစားနေကြတဲ့ အလေးနဲ့လေ့ကျင့်ခန်းများ (static exercise) တွေနဲ့တင် မရပါ။Dynamic exerciseဆိုသည့် ရွှေ့လျားနေသော လေ့ကျင့်ခန်းများ (စက်ဘီစီး၊ လမ်းလျှောက်၊ တောင်တက်၊ ပြေး) က ပိုပြီး အဆီကို လောင်ကျွမ်းစေပါသည်။ သို့ဆိုပေမယ့် ဖော်ပြခဲ့သည့် အလေးနဲ့ တစ်နေရာတည်းလေ့ကျင့်ရသော လေ့ကျင့်ခန်းများကို စွန့်လွှတ်ဖို့ ဆိုလိုသည်မဟုတ်။ ထိုလေ့ကျင့်ခန်းများသည် ကြွက်သားတင်းအားကို အားပြုပြီးမှ အဆီကို ချရသော တစ်ချက်ခုတ် နှစ်ချက်ပြတ်ကစားနည်းများဖြစ်၏။ Cardio(Cardiovascular exercise)များကတော့ နှလုံးနှင့် သွေးလည်ပတ်မှု၊ တကိုယ်လုံးကို အားပြုပြီး အဆီချသော တစ်နည်းတည်းကိုသာ ထိရောက်စေသောကြောင့် အဆီချသည့်အခါ ငှင်းတို့က ပိုထိရောက်ပါသည်။

cardio က အေ၇းကြီးတယ်
ဥပမာ လူ၀၀ ဗိုက်ရွှဲကြီး တစ်ယောက်က အဆီချချင်သည်ဆို၍ ဗယ်လီကိုပဲ ရိုက်ခိုင်းနေသည်ဆိုလျှင် ထိုလူကြီး ဗိုက်ကျဖို့ လပေါင်းများစွာကို ကြာပေလိမ့်မည်။ ဗယ်လီသည် ဗိုက်ထဲက ကြွက်သားကို ရိုက်နေခြင်းဖြစ်သည်။ သူချချင်သည့် အပေါ်က ဖုံးနေသော အဆီတွေကို ရိုက်နေခြင်းမဟုတ်။ ထိုအခါ ခုတ်ရာတခြား၊ ရှရာတခြားဖြစ်ကုန်ပြီ။ အဆီချဖို့ဆိုသည်မှာ အစားအသောက်ကို ပထမထိန်းရမည်။ ပြီးတော့ cardio လုပ်ရမည်။ ပြီးမှ ဗယ်လီရိုက်ရမည်။ ထို့ကြောင့် ထိထိရောက်ရောက် cardio ဘယ်လိုလုပ်မလဲ။
၁. အချိန်ရွေးပါ။
Cardio လုပ်မည့်အချိန်သည် အရေးကြီးဆုံး ပထမအချက်ဖြစ်သည်။ စက်ဘီးစီး၊ လမ်းလျှောက်မယ်။ ဒါပေမယ့် နေ့လယ် ရေခဲမုန့် စားပြီးမှ လျှောက်မယ်။ ထိုအခါ ခြေထောက်ညောင်းရုံပဲရှိမည်။ ထို cardio အတွက် လိုအပ်တဲ့ energy ကို အဆီမှ မဟုတ်ဘဲ ရေခဲမုန့်ထဲက ယူရေပေသည်။
cardio လုပ်မည့် အချိန်နှင့် ပတ်သက်လာလျှင် အုပ်စုနှစ်စု ခွဲရပါလိမ့်မည်။
၁. ကြွက်သားကိုချန်ပြီး အဆီချချင်တဲ့သူလား။
ကျွန်တော်ကတော့ မနက်မိုးလင်းအိပ်ရာထတာနဲ့ မျက်နှာသစ်သွားတိုက်ပြီး ချက်ချင်းလမ်းလျှောက် ထွက်တာပါပဲ။ တခါတလေ ကော်ဖီ ပြင်းပြင်းတခွက်သောက်ပြီး တာနဲ့ လစ်တာပါပဲ(အချက် ၅ တွင် ကော်ဖီအကြောင်းကြည့်ပါ)။gym ထဲမှာ လေ့ကျင့်ချိန် (workout) မတိုင်ခင်နှင့် ကစားပြီးတဲ့ အချိန်တွေမှာ လုပ်ခဲပါတယ်။
၂. Bodyweight ၀ိတ်ကျချင်သူလား။
သူတို့ကတော့ ပိုအချိန်ပေးရပါမယ်။ ခုနကလို မနက်မိုးလင်းလျှင်လည်း Cardio၊ မကစားခင်လည်း cardio၊ ကစားပြီးလည်း cardio အနည်းအကျဉ်းစီလုပ်သွားရပါမယ်။ ဖြစ်နိုင်ရင် ညနေပိုင်း၊ ညပိုင်းမှာလည်း cardio လုပ်ရပါမယ်။
၂. ဘယ်လောက်ကြာအောင် လုပ်မလဲ။
အဆီသက်သက်ချချင်သူအတွက် ၁နာရီဝန်းကျင်သည် အကောင်းဆုံးပါ။ ကျွန်တော်တို့ အစာမရှိဘဲ လမ်းလျှောက်နေစဉ်တွင် သွေးထဲမှ အချိုဓာတ် နည်းလာသည့်အတွက် ငှင်းကို အဆီမှ ပထမယူ၏။ နောက်ထပ် အကြာကြီးဆက်လုပ်လျှင် ကြွက်သားတွေထဲကပါ ယူတော့မည်ဖြစ်သည်။ ထိုအခါ ကြွက်သားပါလျှော့ရဲပြီး ကျသွားနိုင်သည်။
အလွန်ဝပြီး ဘော်ဒီဝိတ်ကျချင်သူများကတော့ မနက်ကို ၁နာရီခွဲ၊ ၂နာရီအထိ ကစားနိုင်သလို၊gym training မလုပ်ခင် နာရီဝက်မှ တစ်နာရီ၊ လုပ်ပြီး နာရီဝက်မှ တစ်နာရီ အထိကစားနိုင်ပါသည်။
၃. ဘယ်လောက် ပြင်းပြင်းထန်ထန် ကစားရမလဲ။
အလွယ်ကူဆုံးနည်းလမ်းကတော့ သင်ဆိုချင်သည့် သီချင်းစာသား တစ်ကြောင်း အသက်ရှုမပြတ်ဘဲ ဆိုနိုင်တဲ့ အထိပဲ လုပ်ပါ။ ပြေးဆိုတာနဲ့ တာတို အပြေးသမားလို လွတ်ပြေးလျှင်တော့ အဆီချခြင်း မဟုတ်တော့ဘဲ ပေါင်ကြွက်သားလေ့ကျင့်ခန်း ဖြစ်သွားပေသည်။ လမ်းလျှောက်လျှင် လက်ကို ကျဲကျဲလွှဲ၊ ခြေလှမ်းကျဲကျဲလှမ်း၊ ခေါင်းမတ်မတ်ထားပါ။ စက်ဘီးစီးလျှင်လည်း အပေါ်ပိုင်းတောင့်တောင့်ကြီး မထားပါနှင့်။ ထိုကဲ့သို့ ပြင်းအားလေးနဲ့ဘဲ တသတ်မတ်တည်း မနားဘဲ သတ်မှတ်ထားတဲ့ အချိန်ထိ ဆက်လုပ်သွားပါ။ သင့်တကိုယ်လုံး ပူထူပြီး ချွေးတွေ ရွှဲလာသည်ကို တွေ့ရပေမည်။ ဤသည်ပင် အဆီချခြင်းအတွက် လိုအပ်ချက်ပင်ဖြစ်၏။
၎. ဘယ်မှာ ကစားရမလဲ။
အကောင်းဆုံးသည် အပြင်ဘက် (outdoor) တွင် လုပ်ခြင်းပင်ဖြစ်သည်။ တကယ်တော့ ဘယ်မှာဘဲ လမ်းလျှောက်လျှောက် အတူတူပင် ထိရောက်ပါသည်။ အပြင်လေကောင်းလေသန့် ရှိတဲ့နေရာမှာ လမ်းလျှောက်တော့ ကိုယ့်အတွက် အဆီလည်းကျ၊ ငြီးငွေ့မှုလည်း ပြေပျောက်စေသည်။
၅. ပိုထိရောက်အောင် ကော်ဖီ သောက်ပါ။
cardio အလုပ်ခင် သောက်ပါ။ caffiene (ကော်ဖီထဲမှာ ပါသည့်) ဓာတ်သည် cardioလုပ်သည့်အခါ စွမ်းအင်ကို အဆီထဲမှ ပိုသုံးစေသည်။ ပိုလောင်ကျွမ်းစေသည်။ အချိုလျှော့ပြီး ခပ်ပြင်းပြင်း coffee ဆိုလျှင် ပိုကောင်းပါသည်။ တချို့က ထိုအထဲ သံပုရာသီးတွေ၊ ဘာတွေ ညှစ်ထည့်ပါသေးသည်။ ပိုထိရောက်စေသောကြောင့်ပါ။
၆. ကစားပြီးတော့ ဘာစားရမလဲ။
ဖြည်းဖြည်းချင်း ချေဖျက်နိုင်သည့် အစာတွေစားနိုင်လျှင် အကောင်းဆုံးပါ။ ဥပမာ အာလူး၊ ထမင်းဖြူ၊ ကောက်ညှင်းဆန်(ထမင်းမည်း)၊ ကံစွန်းဥ၊ အသားဓာတ်များ (အသား၊ ကြက်ဥ၊ ငါး၊…) စသည်တို့ကို စားပါ။ ရေများများသောက်ပါ။ သို့သော် အချိုရည်များ၊ လက်ဖက်ရည်ချိုများ၊ အချိုအသီးအနှံများ၊ ဂျုံများကိုတော့ cardio လုပ်ပြီး ရှောင်နိုင်လျှင် အကောင်းဆုံးပါ။
၇. မငြီးငွေ့အောင် အထောက်အကူတွေသုံးပါ။
ကျွန်တော် အသိတစ်ယောက်ဆို လမ်းလျှောက်လျှင် သူ့ခွေးကို ခေါ်သွားတတ်၏။ ကျွန်တော်ကတော့ ကျွန်တော့် mp3 လေးပဲ အမြဲထည့်သွား၊ နားထောင်သွား၏။ ကိုယ့်အတွက် အဆင်ပြေမည့် အကူအညီနဲ့ ကိုယ်သွားပါ။ လမ်းလျှောက်မယ်ဆိုလျှင်လည်း နေရာတွေ လှည့်ပတ်လျှောက်ပါ။
ကျွန်တော်တို့တတွေ တိုးတက်လာသည်နှင့် အမျှ လှုပ်ရှားမှုတွေလည်း နည်းလာကြသည်။ gym ထဲမှာဘဲ လေ့ကျင့်လျှင် ကျွန်တော်တို့ အဆီချနိုင်မည်ဟုလည်း ထင်လာကြသည်။ ကျလည်း နည်းနည်းပဲပေါ့။ အဓိက က cardio လုပ်ဖို့ မမေ့ရန်ဘဲဖြစ်၏။ cardioကိုလည်း ထိထိရောက်ရောက် လုပ်တတ်ကြဖို့ အထက်ပါ အချက်များက အကူအညီ ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။
Related posts:






နံပါတ် ၆ မှာ ထမင်းဖြူလို့ ရေးထားတာ တွေ့လို့ပါ။
တစ်ချို့တွေက ထမင်းဖြူ (Jasmine Rice, Sticky Rice, etc.) ဟာ Carb တွေ သိပ်များတာမို့ မစားသင့်ဘူး..၊ ဆန်/ထမင်း စားချင်ရင် ဆန်လုံးညို (Brown Rice)ကိုတောင် 1/2 cup လောက်ပဲ စားသင့်တယ်လို့ ကြားဖူးလို့ပါ။
မြန်မာဆိုတော့လဲ ထမင်းဖြူကောင်းကောင်းလေးကို ဆီနဲ့ဆားနဲ့စားရင်တောင် မြိန်တာဆိုတော့ Fat loss အတွက်ဆိုရင် ထမင်းဖြူကို ရှောင်ရတာ သိပ်ခက်ပါတယ်။ အဲဒီလိုမျိုး Carb တွေ၊ Fat တွေ၊ Protein တွေ ဘယ်လိုအချိုးအစား စားသင့်တယ် ဘာညာဆိုတာမျိုးလေး အဆင်ပြေခဲ့ရင် ရေးပေးပါရှင့်။
ကျမကတော့ အမျိုးသမီးမို့ Muscle gain ထက် Fat loss တာကို ပိုစိတ်ဝင်စားမိပါတယ်။ Muscle ကလည်း တော်ရုံ Weight မ တာလောက်နဲ့ No Gain မိုလို့ တော်သေးတယ်။:)
ဒီ website အတွက် ကျေးဇူးအထူးတင်ပါတယ်။
ma PN..
ှူSlow digesting Carb ကို ကစားပြီးရင်တော့ စားနိုင်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ fat loss အတွက် လျှော့တာ ကောင်းပါတယ်။ ပုံမှန် ကစားနေတဲ့ လူတစ်ယောက်အတွက်တော့ Carb 50%, Healthy Fat 15% နှင့် Protein 35% တို့ကို နေ့စဉ် စားသုံးသင့်၏။
ဝင်ရောက် ဖတ်ရှုပြီး comment ရေးသည့်အတွက် ကျေးဇူးတင်ပါတယ်။
I don’t want to be like Arr Nole..
But I want to get good body building..
so it will be good if you post good exercise training..
thnks
Daniel >>>>> U WILL NEVER BE ARNOLD!!!!!!!!!!
NEVER NEVER….NEVERRRRRRRRRR !!!
DON’T WORRY ABOUT THAT.
N U DON’T KNOW WHAT’S BODYBUILDING..
AND NOT ARR NOLE . (ARNOLD SCHWARZENEGGER)
OKEY !!
သိပ်ကောင်းတယ်ဗျို့
ကျွန်တော်ဖေ့ဘုတ်မှာ ဒီထဲက စာသားလေးတွေကို အများအတွက် သိပြီး အကျိုးရှိအောင် ရှယ်သွားပါတယ်ခင်ဗျာ..ဘယ်စာသားတွေဘယ်က ရှယ်တယ်ဆိုတာပါ ရေးပြီး ရှယ်ယာ လုပ်ပေးထားပါတယ်….