၈ ထပ်ကွန်း လီဟေနီ၏ ၀မ်းဗိုက်လေ့ကျင့်ခန်း
Home > Gym Bag, Training and Contest > ၈ ထပ်ကွန်း လီဟေနီ၏ ၀မ်းဗိုက်လေ့ကျင့်ခန်းတင်ဆက်သူ — အောင်အောင် (aungaung.aung24@gmail.com)
ကျွန်တော်တို. ဒီတစ်ခေါက် လေ.လာရမှာတော. မောင်အိုလံပီယာ ပြိုင်ပွဲမှာ (၈) ကြိမ် ဆက်တိုက်ဗိုလ်စွဲခဲ.တဲ. လီဟေနီ ရဲ. ၀မ်းဗိုက်သား ကစားနည်းလေးပါ။ လီဟေနီဟာ ဆိုရင် မောင်အိုလံပီယာဆု အပါအ၀င် အခြားကာယဗလနဲ. ပတ်သက်တဲ. ဆုပေါင်း (၂၀) ကျော်ဆွတ်ခူး ခဲ.သူပါ။ ဆုရရှိခဲ.တဲ.ပြိုင်ပွဲတိုင်းမှာလည်း အနိမ်.ဆုံး တတိယ အဆင်.ပါပဲ။ များသောအားဖြင်. ပထမဆု ချည်းပဲ ဆွတ်ခူးခဲ.သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ ၀မ်းဗိုက် လေ.ကျင်.ခန်းနဲ. ပတ်သက်ပြီး ဘယ်လို ပြောထားသလဲ ဆိုတော. ကာယဗလ သမားတွေဟာ လက်မောင်းရှေ.သားကို ကြီးသည်ထက် ကြီးအောင် ကစားချင်ကြတယ်။ ဒါပေမယ်. ၀မ်းဗိုက်သားကိုကျတော. မေ.နေကြတယ်လို. ပြောကြားပါတယ်။ တစ်ချို.ကျ ပြန်တော.လည်း ၀မ်းဗိုက်သား ကို ဖြစ်ကတတ်ဆန်း နည်းနည်းပါးပါးပဲ အပေါ်ယံ ကစားတတ်ကြတယ်လို. သူက ပြောကြားပါတယ်။ ပြီးတော. တစ်ချို.ဆိုရင် ပြိုင်ပွဲနားနီးမှ ကစားတတ်ကြတယ်။ ဒီလို ကစားကြတာဟာ အမှားကြီး မှားနေတယ် လို.လည်း အကြံပေးထားပြီး သူအနေနဲ. ၀မ်းဗိုက်သားကို တစ်ပတ်မှာ သုံးကြိမ်ကစားဖို. တိုက်တွန်း ထားပါတယ်။ သူရဲ. ၀မ်းဗိုက် လေ.ကျင်.ခန်း ကိုတင်ပြပေးလိုက်ပါတယ်။
ဝမ်းဗိုက် လေ.ကျင်.မှု
ပြိုင်ပွဲဝေး။ ။တစ်ပတ် ၃-၄ကြိမ်
ပြိုင်ပွဲနီး။ ။တစ်ပတ်၅-၆ကြိမ်
လေ.ကျင်.ခန်းများ အကြိမ် အကျော.
ရိုးရိုးအိပ်ထမတင်။ ။(၁၅-၂၅) (၄)
ခြေထောက်ထောင်ကြွ။ ။(၁၅-၂၅) (၃)
တန်းခိုခြေမြှောက်။ ။(၁၅-၂၅) (၄)
ဒူးခြေမြှောက်တင်။ ။(၁၅-၂၅) (၃)
ခါးလှည်.ခြင်း။ ။(၁၅-၂၅) (၃)
ကျွန်တော် တင်ပြခဲ.တာလေး ကတော. လီဟေနီ၏ လေ.ကျင်.ခန်း ဇယားလေးပါ။ သူရဲ. လေ.ကျင်.ခန်းနဲ. ပတ်သက်ပြီး ဘယ်လို ပြောကြားထားသလဲ ဆိုရင် ကျွန်တော်ဟာ ၀မ်းဗိုက်လေ.ကျင်.ရာမှာ အကျော.တွေ အကြိမ်တွေ အများကြီး မကစားပါဘူး။ အဲဒီလို ကစားတာကိုလည်း အားမပေးဘူးတဲ.။ တစ်ချို. မောင်အိုလံပီယာ သမားတွေ အပါအ၀င် ကာယဗလ သမားအများစုဟာ ၀မ်းဗိုက်အတွက် တစ်နေ. အကြိမ် (၅၀၀) လောက် လေ.ကျင်.တယ်လို. ကျွန်တော်ရှေ.မှာ လာပြောရင် ကျွန်တော် ဟားတိုက် ရယ်မောလိုက်တယ်။ ဒီလူတွေ ဘယ်လိုလေ.ကျင်.လို ဒီလောက် အကြိမ် အများကြီး လေ.ကျင်.နိုင်ကြတာလည်း လို.လည်း သံသယ ၀င်မိတာ အမှန်ပဲလို. ပြောပါတယ်။ ကျွန်တော် ၀မ်းဗိုက်ကစားရင် အကြိမ်တိုင်းကို အစွမ်းကုန် ညှစ်ကစားတယ်။ ခေါင်းက အပေါ်မှာ ထောင်နေတဲ. အနေအထား ရောက်တာတောင် ၀မ်းဗိုက်ကို ညှစ်ကစားတယ်။ ဒါက ဘာအတွက်လဲဆိုရင် ပိုမိုထိရောက်အောင် ညှစ်ကစားတာပေါ.ဗျာ။ ကျွန်တော်ပြောတာ မယုံရင် ခင်ဗျား ညှစ်ပြီး လေ.ကျင်.ကစားကြည်.ပါလား? အကြိမ် (၂၀-၂၅) ထက် မပိုစေရဘူးလို.လည်း ရဲရဲဝံ့ဝံ့ ပြောကြားထားပါတယ်။
ပြီးတော. သူရဲ. လေ.ကျင်.ခန်းမှာ အလေးဝန် အပိုဆောင်းပြီး မလေ.ကျင်.ဘူး။ အလေးနဲ. လေ.ကျင်.မဲ. အစား တန်းဘားမှာ တွဲလောင်းခိုပြီး သူရဲ.ပေါင်တွေကို ၀န်ဆောင်တဲ.အလေး အဖြစ်ကစားတယ်။ အလေ.အကျင်.မရှိရင် ၄-၅ကြိမ် ရဖို.တောင် မနည်းလို. ပြောသွားတယ်။ ဒါတွေကို လေ.လာကြည်.လိုက်ရင် ကျွန်တော်တို. တစ်တွေ ၀မ်းဗိုက်သားကို အကြိမ်ရေ ရာကျော် ကစားနေကြတာဟာ မှားယွင်းမှုတစ်ခုလို. ဆိုရမလိုပါပဲ။ သူပြောသလို ညှစ်ပြီး ကစားကြည်.တာ ကောင်းမယ်လို. ထင်တယ်လို. အကြံရမိပါတယ် ဆိုတာ တင်ပြရင်း အားလုံးကျန်းမာစွာနဲ. အားကစား လေ.ကျင်.ခန်းကို မပျက်မကွက် လေ.ကျင်.နိုင်ကြပါစေ။
Related posts:










မှတ်သားစရာတစ်ခုပေါ.ဗျာ ကျွန်တော်တို.လွဲမှားနေတာလည်းဖြစ်မှာပေါ.အကိုအောင်အောင် အခုလို ချန်ပီယံတွေရဲ. ကစားနည်းတင်ဆက်မှုလေးတွေကောင်းပါတယ်ဗျာ အားပေးနေပါတယ် ကိုနိုင်ေ၀၀င်း ပို.စ် တင်တာမတွေ.ဘူးနော်အကိုတို.ရေ
This is my first visit and i found that this site is truly amazing.
Great contents and i believe it’s been followed by many..love it:)
Haha.. Fazrul.. it’s you! I am sure you can’t see any of the Myanmar words we write. Anyway, thanks a lot for visiting. I’ll come around your fabulous art site. Regarding your comment, we’ll have to consider about English Version. Innshallah we’ll try. See you, Fazrul!
Cheers!
Rizwan
သက်ကိုကိုရေ .. အဲသည့်မှာ http://myanmarfitness.com/gyms-in-afghanistan တင်လိုက်ပြီဗျာ။ အခုလိုမျိုး အမြဲတမ်းလာရောက်အားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။ ဟုတ်ပါတယ် ကိုအောင်အောင်တင်ဆက်ထားတာသည် ကိုယ်ကာယလေ့ကျင့်ကစားသူ အမျိုးသား၊ အမျိုးသမီး အားလုံးနီးနီးရဲ့ အယူအဆကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ သို့သော်လည်း ၎င်းသည်သာ အမှန်ဖြစ်သည်။ ဗယ်လီရိုက်ရာမှာ Quantity ထက် Quality က အဓိကကျတယ်ဆိုတာ ရှစ်ထပ်ကွမ်းမောင်အိုလံပီယာ ပြောသွားတာထက် ဘယ်ဟာက မှန်နိုင်ပါဦးမလဲ? ဗယ်လီရိုက်နေတုန်း တစ်ကြိမ်နှစ်ကြိမ်လို့ ရီနေရမယ့်အစား အပေါ်ရောက်သည့်အခါ ညှစ်မိရဲ့လား၊ အောက်ချတော့ရော တင်းနေရဲ့လား စသည်တို့ကိုသာ အာရုံထားပြီး အထိရောက်ဆုံးကစားသွားဖို့ တိုက်တွန်းသွားတာပါပဲ။
Stay hungry,
Naing Wai
ဒီနည်းအတိုင်း တကယ်မှန်တယ် တကယ်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်တွေ့ကိုယ်တွေ့ ကစားပြီး သိလာပါတယ်…း)
ကိုနိုင်ဝေတို့ ကိုအောင်အောင်တို့ ပြောခဲ့သလို. ဗယ်လီ ရိုက်တဲ့အခါ ၀မ်းဗိုက်ကြွက်သားတွေကို ညစ်ပြီး ကစားမှသာ တိုးတက်မှု တယ်ဆိုတာ ကျွန်တော် ကိုယ်တွေ့ပါ။ ကျွန်တော့်ရဲ့ ၀မ်းဗိုက်လေ့ကျင့်နည်းကတော့
လေ.ကျင်.ခန်းများ အကြိမ် အကျော.
ရိုးရိုးအိပ်ထမတင်။ ။(၃၀) (၄)
အလေးထမ်းခါးလှည်.ခြင်း။ ။(၃၀) (၃)
တစ်မျိုးကို တစ်ရက်နှုန်းဖြင့် တစ်ရက်ခြား ကစားပါသည်။
အကို တို.ပြောတာမှန်ပါတယ် ဘယ်ဟာပဲကစာစား ညှစ်ကစားရမယ်ဆိုတာသိပါပြီ ဗျာ ကျေးဇူးအထူးတင်ပါတယ် အကိုအောင်အောင်
@kawhmu ရေ အဲသည်လို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ ခင်ဗျားဗယ်လီတွေ ပြိုင်ပွဲဝင်တစ်ယောက်နီးပါး ကောင်းနေတာ ကျွန်တော်သတိထားမိပါတယ်။ ကြည့်ကြပါဦး။ အဲသည်လိုလူတစ်ယောက် ရိုက်တဲ့အကြိမ်ရေဟာ တစ်နေ့ကို တစ်ရာကျော်လေးပဲရှိပါတယ်။ တခြားလူတွေပြောတဲ့ အကြိမ်တစ်ထောင်တွေ၊ ခုနှစ်ရာတွေဆိုတာ ဘာအတွက် ရိုက်နေမှန်းကို မသိတော့ပါ။ ပြီးတော့ သူတို့ဗယ်လီတွေ kawhmu လောက်မကောင်းတာ အမှန်ပါ။
Good Luck
Naing Wai
ဟီးးးးးးးးးးကျေးဇူးပါ ကိုနိုင်ဝေ ကျွန်တော်လဲ ဗိုက်သားတွေမညီသေးလို့၊အတက်နိုင်ဆုံး ညီအောင် ကြိုးစားလေ့ကျင့်နေပါတယ်။ တိုးတက်မှု ရှိလာလျှင် ပိုစ့်ထက်တင်ပေးပါအုံးမယ်