2010 Crusher ပြိုင်ပွဲအကြောင်း တစေ့တစောင်း
Home > Training and Contest > 2010 Crusher ပြိုင်ပွဲအကြောင်း တစေ့တစောင်းတင်ဆက်သူ – အောင်အောင်
ကျွန်တော်တို. မျှော်လင်.နေတဲ. မြန်မာပြည်မှာ ဒုတိယ အကြီးကျယ်ဆုံးလို. ဆိုနိုင်တဲ. အဆိုပါပြိုင်ပွဲကို (၁၇.၇.၁၀)စနေနေ.မှာ ရန်ကုန်မြို. မင်းဓမ္မလမ်းမှာ တည်ရှိတဲ. မြန်မာ ကွန်ဗန်းရှင်းစင်တာ (MCC)မှာ ကျင်းပခဲ.ပါတယ်။ ပြိုင်ပွဲ မစတင်မီမှာ တေးဂီတ ဖျော်ဖြေမှုကို တင်ဆက်ခဲ.ပြီး အဆိုတော်တွေကတော. စည်သူလွင်၊ ဆုန်သင်းပါရ်၊ မေခလာ၊ ချောစုခင်၊ ဟေမာနေ၀င်းတို. ဖြစ်ပါတယ်။ ပြိုင်ပွဲကို နေ.လည် ၁၂နာရီမှာ စတင်ပြီး ပထမဦးဆုံးအနေနဲ. သက်ကြီးတန်း အပိုင်းမှာ မောင် (၁၁)ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ. ပါတယ်။ ပါဝင်တဲ.မောင်တွေကတော.
ခါးနံပါတ် မောင်အမည်
(၁) ဦးအောင်ဒင်
(၂) ဦးချစ်ခင်
(၃) ဦးနီ
(၄) ဦးဆန်းညွန်.
(၅) ဦးသန်းအေး
(၆) ဦးပြား
(၇) ဦးစိန်မြင်.ဇော်
(၈) ဦးခွန်တင်မောင်မောင်
(၉) ဦးကျော်ညွန်.
( ၁၀) ဦးအောင်သန်းစိန်
(၁၁) ဦးတင်မောင် တို.ဖြစ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်တဲ. သက်ကြီးမောင် (၁၁)ယောက်ထဲကမှ ဆန်ကာတင်(၆)ဦးကို ရွေးချယ်ပြီး တစ်ဦးချင်း ကိုယ်ဟန်ပြစေကာ ထို (၆)ဦးထဲမ ပထမ၊ဒုတိယ စသည်ဖြင်. ရွေးချယ်ပေးခဲ.ပါတယ်။ သက်ကြီးတန်းမှာ နှစ်စဉ် ပထမဆု ချိတ်နေတဲ. ဦးပြား ကတော. ဒီနှစ်မှာ ဒုတိယ နေရာကို ရောက်ရှိသွားခဲ.ပြီး အငြိမ်းစား ရဲအရာရှိ ဦးခွန်တင်မောင်မောင်က ပထမဆုကို ရရှိသွားခဲ.ပါတယ်။ ပြိုင်ပွဲ မစခင်ကတည်းက အားလုံးရဲ. ထင်မြင်ချက် အရဆို ဒီနှစ်လည်း ဦးပြား လို.ပဲ ထင်ထားကြပါတယ်။ ဒါပေမယ်.နောက်ဆုံး ဆုကြေငြာချိန်မှာ အများ ထင်မှတ်ထားသလို ဦးပြားက ပထမ မရရှိခဲ.ပဲ ဒုတိယနေရာကို ဆင်းသွားခဲ.ပါတယ်။ ဘာတွေ ဖြစ်ကုန်သလဲ ဆိုတာတော. ဘုရားသခင်ပဲ သိပါလိမ်.မယ်။ ကျွန်တော်ကတော. ဦးပြားကို မှန်းထားတာပါ။ သူရဲ. ဘော်ဒီဟာ လူငယ် တစ်ယောက် နီးပါး တင်းတင်းရင်းရင်း ရှိပါသေးတယ်။ မာဆယ်လည်း ကောင်းပါတယ်။ ဒါတွေထားပါတော. ကျွန်တော်ဆုရရှိခဲ.တဲ. ဇယားလေးကို တင်ပြပါမယ်။ ဒီနှစ်မှာတော. အရင်နှစ်တွေနဲ. မတူ ၀င်ရောက်ယှဉ်ပြိုင်တဲ. မောင်(၁၁)ဦးထဲမှ ဆန်ကာတင် (၆)ဦး အပါအ၀င် နောက်ထပ်(၄)ဦး ကိုပါ နှစ်သိမ်.ဆု သဘောမျိုး ချီးမြှင်.ခဲ.ပါတယ်။ စုစုပေါင်း(၁၀)ဦး ပေါ.ဗျာ။
ပထမဆု ခါးနံပါတ်(၈) ဦးခွန်တင်မောင်မောင်
ဒုတိယဆု ခါးနံပါတ်(၆) ဦးပြား
တတိယဆု ခါးနံပါတ်(၇) ဦးစိန်မြင်.ဇော်
စတုတ္တဆု ခါးနံပါတ်(၅) ဦးသန်းအေး
ပဉ္စမဆု ခါးနံပါတ်(၁၀) ဦးအောင်သန်းစိန်
ဆဌမဆု ခါးနံပါတ်(၉) ဦးကျော်ညွန်
သတ္တမဆု ခါးနံပါတ်(၃) ဦးနီ
အဌမဆု ခါးနံပါတ်(၂) ဦးချစ်ကောင်း
န၀မဆု ခါးနံပါတ်(၁၁) ဦးတင်မောင်
ဒသမဆု ခါးနံပါတ်(၁) ဦးအောင်ဒင် တို.ကရရှိခဲ.ပါတယ်။
ဆုကြေးငွေအနေနဲ. ပထမဆုကို ငွေကျပ် (၁)သိန်းခွဲ၊ ဒုတိယဆု ငွေကျပ် (၁)သိန်း၊ တတိယဆုကို ငွေကျပ် (၇)သောင်း ခွဲ ချီးမြှင်.ခဲ.ပြီး ကျန်(၆)ဦးကိုတော. ဆုငွေ ဘယ်လောက် ချီးမြှင်.မှုရှိခဲ.တယ် ဆိုတာ မကြေငြာခဲ.ပါဘူး။ ဒါကတော. သက်ကြီးတန်း အပိုင်းနဲ. ပတ်သက် တာလေးတွေပေါ.။ အသက်(၅၀)အထက် ဆိုတဲ. အတိုင်း ၀င်ရောက် ယှဉ်ပြိုင်တဲ. မောင်ကြီးတွေဟာ အသက်(၆၀) ကျော်တွေပါ။ ရန်ကုန်တင်မက နယ်အစုံက လာရောက် ယှဉ်ပြိုင်ကြတာပါ။ မန္တလေး၊ သထုံ၊ ကရင်ပြည်နယ် အစရှိသည်ဖြင်. ၀ါသနာပိုးကို မသတ်နိုင်ကြတဲ. အားကစားသမား တွေကိုတော. ချီးကျူးပါတယ်ဗျာ။ ကျွန်တော်အနေနဲ. သက်ကြီးတန်းမောင်တွေကိုတော. လေးစားမိတာ အမှန်ပါပဲ။ နောက်ပြီးတော. မောင် အငယ်တန်းကို တင်ဆက်ရမယ် ဆိုရင်တော. အငယ်တန်းမှာ မောင်လောင်း(၁၀)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ.ပါတယ်။ တစ်ဦးချင်းကို ဖော်ပြပေးရမယ် ဆိုရင်တော.
ခါးနံပါတ် မောင်လောင်းအမည် ကိုယ်အလေးချိန် (ကီလို)
(၁) မင်းသူအောင် ၅၉.၇၀
(၂) ဆလိုင်းကျော်မင်း ၈၂.၄၀
(၃) ထွန်းဝင်းနိုင် ၆၃.၀၀
(၄) ၀င်းမော် ၆၁.၇၀
(၅) မောင်မျိုး ၆၆.၅၀
(၆) သက်ဖူး ၅၇.၆၂
(၇) သိန်းထွန်းဦး ၆၅.၃၀
(၈) နိုင်မင်းသိန်း ၆၁.၀၀
(၉) သံမဏိသစ်မောင် ၆၉.၉၀
(၁၀) ဇင်ကိုနိုင် ၇၀.၀၅… တို.ပဲဖြစ်ပြီး သက်ကြီးတန်းမောင်မှာ ရွေးချယ်ခဲ.သလိုပဲ ဆန်ကာတင်(၆)ဦး ရွေးချယ်ပြီး ဗိုလ်လုပွဲ တက်စေခဲ.ပါတယ်။ ဒီပွဲမှာ အများထင်ထားသလို ယခင်နှစ် ချန်ပီယံ ထွန်းဝင်းနိုင်က ရရှိခဲ.ပါတယ်။ ထွန်းဝင်းနိုင်ဟာ မြန်မာ.လက်ရွေးစင် အဖြစ်လည်း ရွေးချယ်ခံထားရသူပါ။ ဒီနေရာမှာ တင်ပြစရာ တစ်ခုက အငယ်တန်းမှာကော အကြီးတန်းမှာပါ ဆန်ကာတင်(၆)ဦး ခါးနံပါတ်(၂၊၃။၎။၅၊၇၊၉) အပြင် နောက်ထပ် (၄)ဦးကိုပါ ဆုချီးမြှင်.ပေးခြင်းဟာ ဒီနှစ်ရဲ.ထူးခြားမှု တစ်ခု ဆို၇င်လည်း မမှားပါဘူး။ အငယ်တန်းမောင်တွေရဲ. ဆုရရှိမှု ဇယားကို တင်ပြရမယ် ဆိုရင်တော.
ပထမဆု ခါးနံပါတ်(၁) ထွန်းဝင်းနိုင်
ဒုတိယဆု ခါးနံပါတ်(၂) ဆလိုင်းကျော်မင်း
တတိယဆု ခါးနံပါတ်(၇) သိန်းထွန်းဦး
စတုတ္တဆု ခါးနံပါတ်(၅) မောင်မျိုး
ပဉ္စမဆု ခါးနံပါတ်(၄) ၀င်းမော်
ဆဌမဆု ခါးနံပါတ်(၉) သံမဏိသစ်မောင်
သတ္တမဆု ခါးနံပါတ်(၁၀) ဇင်ကိုနိုင်
အဌမဆု ခါးနံပါတ်(၁) မင်းသူအောင်
န၀မဆု ခါးနံပါတ်(၆) သက်မှုး
ဒသမဆု ခါးနံပါတ်(၈) နိုင်မင်းသိန်း
ခါးနံပါတ် မောင်လောင်းအမည် ကိုယ်အလေးချိန်
(၁) ဇော်ဝင်းမောင် ၆၇.၉၀
(၂) အောင်ချမ်းလင်း ၇၃.၄၄
(၃) ထွန်းမင်း ၆၂.၈၀
(၄) စိုးမိုးအောင် ၆၄.၅၀
(၅) အောင်ဆွေနိုင် ၈၅.၅၀
(၆) ဇော်မင်း ၅၆.၃၀
(၇) အက်(စ)်တူးနန်း ၆၀.၃၀
(၈) သန်းနိုင် ၆၂.၃၀
(၉) နေဇော်ဦး ၆၁.၆၀
(၁၀) အောင်ခိုင်ဝင်း ၇၄.၁၀
(၁၁) အောင်ဆန်းဦး ၅၉.၅၅ အစရှိတဲ. မောင်လောင်း(၁၁)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ.ပြီး ဆန်ကာတင် (၆)ဦး ကိုတော. ခါးနံပါတ် (၁)မှ (၆) ထိရွေးချယ်ကာ တစ်ဦးချင်း ကိုယ်ဟန်ပြစေကာ ထိုအထဲမှ ခါးနံပါတ် (၃။၎၊၅၊၁၀) တို.ကို နောက်ထပ် တစ်ကြိမ် ဒိုင်များက ကိုယ်ဟန်ပြဖို. ရွေးချယ်ခဲ.ပြီး ထိုလေးဦးထဲမှပဲ ပထမ၊ ဒုတိယဆု အစရှိတဲ. သူတွေကို ရွေးချယ် ပေးခဲ.ပါတယ်။ ကိုသန်းနိုင် ကတော. ကံဆိုးစွာဖြင်. ဆန်ကာတင်(၆)ဦး စာရင်းမှာ မပါခဲ.ပါဘူး။ ဆုရရှိသူတွေကို တင်ပြရမယ် ဆိုရင်တော.
ပထမဆု ခါးနံပါတ်(၅) ကိုအောင်ဆွေနိုင်
ဒုတိယဆု ခါးနံပါတ်(၁၀) ကိုအောင်ခိုင်ဝင်း
တတိယဆု ခါးနံပါတ်(၄) ကိုစိုးမိုးအောင်
စတုတ္တဆု ခါးနံပါတ်(၃) ကိုထွန်းမင်း
ပဉ္စမဆု ခါးနံပါတ်(၂) ကိုအောင်ချမ်းလင်း
ဆဌမဆု ခါးနံပါတ်(၁) ကိုဇော်ဝင်းမောင်
သတ္တမဆု ခါးန့ပါတ်(၈) ကိုသန်းနိုင်
အဌမဆု ခါးနံပါတ်(၁၁) ကိုအောင်ဆန်းဦး
န၀မဆု ခါးနံပါတ်(၆) ကိုဇော်မင်း
ဒသမဆု ခါးနံပါတ်(၇) ကိုအက်(စ)်တူးနန်း တို.ကရရှိခဲ.ပြီး ဆုကြေးငွေကိုတော. ပထမဆု ငွေကျပ် (၂)သိန်း ကိုသာ ကြေငြာခဲ.ပြီး ကျန်ဆုငွေများကိုတော. ဘယ်ရွှေ.ဘယ်မျှ ဆိုတာ မကြေငြာခဲ.ပါဘူး။ ဆုချီးမြှင်.မှုကိုတော. ညနေ(၄)နာရီ ခွဲခန်.မှာ ကျင်းပခဲ.ပြီး မြန်မာနိုင်ငံ ကာယဗလ အဖွဲ.ချူပ် ဥက္ကဌနှင်. ဒုတိယဥက္ကဌ MGS bevarage မှ တာဝန်ရှိသူတို.က ချီးမြှင်.ပေးခဲ.ပါတယ်။ ဆိုတာ တင်ပြရင်း ကျွန်တော်တို. မျှော်လင်.နေတဲ. အိုလံပစ် အထိမ်းအမှတ် ပြိုင်ပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေရရှိခဲ.တယ် ဆိုတာ ပြိုင်ပွဲကို လာရောက် မကြည်.ရှုနိုင်တဲ. ၀ါသနာပါ ညီအစ်ကိုတွေ ဖတ်ကြားဖို. အတွက် တင်ဆက် ပေးလိုက်ပါတယ်။ အားလုံး လိုရာပြည်. ကြပါစေလို. ဆုတောင်း ပေးလိုက်ပါတယ်။
Related posts:

























အခုလို ပြိုင်ပွဲဝင်မောင်တွေရဲ့ စာရင်းရော။ဆုရရှိတဲ့ မောင်စာရင်းရော အသေးစိတ် ရေးသားပေးတဲ့ ကိုအောင်အောင်ကို ကျေးဇူးအထူးပါ။နောင်လဲ များများတင်ပေးပါအုံး။
လေးစားစွာဖြင့်
kawhmu
မောင်ပြိုင်ပွဲဝင်တွေအတွက် အရင်နှစ်တွေနဲ့ မတူဘဲ အားလုံးကို ဆုချီးမြင့်ပေးခဲ့တဲ့ MGS beverage ကိုလည်း အထူးကျေးဇူးတင်ရပါမယ် ခင်ဗျာ။ ကြိုးစားပမ်းစား မှတ်သားရေးသားတဲ့ ကိုအောင်အောင်ကိုလည်း ကျေးဇူးပါ။
အရမ်းကောင်းတယ်ဗျာ ပြိုင်ပွဲ သွားချင်တာ မသွားတတ်တော. ဆောင်းပါလေး ဖတ်လိုက်၇ ပုံလေးကြည်.လိုက်ရတာ ကျေးဇူးတင်ပါတယ် အသေးစိတ်ကို ရေးပေးထားတာ ကျေးဇူးပါ ကိုအောင်အောင်
ဘယ်တုန်းကပြိုင်သွားမှန်းတောင်မသိဘူး၊ကျေးဇူးအများကြီးတင်ပါတယ်။