Sep
1

အောင်အောင်ဆိုသော ကျွန်တော်

Home > Aung Aung's Profile > အောင်အောင်ဆိုသော ကျွန်တော်

တင်ဆက်သူ — အောင်အောင်(aungaung.aung24@gmail.com)


အောင်အောင်ဆိုတဲ. ကျွန်တော်( ၆.၅.၁၉၈၄) တနင်္ဂနွေ နေ.မှာ, လူလောကထဲကို ရောက်ရှိခဲ.ပြီး ယခုအချိန်ထိ, ကျွန်တော်ဘ၀ရဲ. အဓိကကျေးဇူးရှင် မိဘနှစ်ပါးကတော. အဖေ ဦးလှမြင်.၊ အမေ ဒေါ်အုန်းခင်ပေါ. ကျွန်တော်တို.က မိသားစုလေးယောက်ထဲဗျ။ ကျွန်တော်က အကြီးဆုံး, ကျွန်တော်ညီက ကျွန်တော်ထက် အသက်(၈) နှစ်ငယ်တယ်။ နာမည်ကတော., ဖြိုးအောင်လို.ခေါ်တယ်။ သူကတော. ကျွန်တော်လို ကာယဗလ ၀ါသနာမပါဘူးဗျ။ ဘောရူးပေါ.ဗျာ။ အားနေရင် မန်ချက်စတာ, အကြောင်းပဲ ပြောနေတဲ. ကောင်တွေပေါ.။ ဒါတွေထားလိုက်ပါ။ ကျွန်တော်အကြောင်း ဆက်ပြောတာပေါ. ကျွန်တော်ရဲ. မူလတန်းအဆင်.ကို အိမ်နဲ. နီးနီး နားနား အမက(၉)လှိုင်မှာ သင်ကြားခဲ.ပြီး လေးတန်းအောင်တော., ကျွန်တော်ပြောင်းတဲ. အလယ်တန်းကျောင်းက (၅၃)လမ်း အဲဒီ အချိန်က, ကျွန်တော်တို.လှိုင်မှာ စည်းကမ်းရှိတဲ. ကျောင်းတစ်ခုပေါ.ဗျာ။ အတွင်းရေးမှုး(၁)ရဲ. ကျောင်းဆိုရင်လည်း မမှားဘူးပေါ.။ မိဘမဲ့ ကလေးတွေကိုလည်း အဲဒီကျောင်းမှာပဲ အစိုးရက ပြုစုစောင်.ရှောက်ထားတာပေါ.ဗျာ။ ကျွန်တော် အဲဒီမှာ(၈)တန်းအထိ ပညာသင်ကြားပြီး ဂုဏ်ထူး(၂) ဘာသာနဲ. ကျွန်တော်ကို အ.ထ.က(၂) လှိုင် ကို ကျောင်းအုပ်ဆရာမကြီး, ဒေါ်ခင်စောမူ က ပြောင်းရွှေ. ခိုင်းခဲ.ပေမယ့် ကျွန်တော်အနေနဲ. အဲဒီအချိန်က  မိသားစု စီးပွားေ၇း အခြေအနေ အရ ဈေး နှုန်းသက်သာပြီး အခြေခံ, လူတန်းစားတွေများတဲ. အ.ထ.က (၁) လှိုင် မှာဆက်လက်ပြီး အထက်တန်း ပညာ ကို သင်ကြားခဲ.တယ်။ ကျောင်းကလည်း သိတဲ.အတိုင်း အခြေခံ လူတန်းစားတွေ ဆိုတော. အပေအတေများတယ်ပဲ ပြောရမှာပေါ.။ ကျွန်တော်လည်း သူတို.နဲ.ေ၇ာပြီး အပေအတေ လုပ်လိုက်တာ ဆယ်တန်း ပထမ တစ်နှစ်ကျပါလေရော။

အဲဒိလိုကျလိုက်တာက ကျွန်တော်အတွက် ကာယဗလ ပိုးစ၀င်တာပဲဗျို.။ ဘာလို.လဲဆိုတော. ကျွန်တော်မြို.ထဲ ဆိပ်ကမ်းသာလမ်းမှာ ကျူရှင်တက်ရတယ်။ အပြင်ဖြေလေဗျာ။ အပြင်ဖြေဆိုတော. ကျူရှင်တက်မယ် ပြောပြီး အိမ်ကနေ စောစောထွက် မြို.ထဲမှာ သူငယ်ချင်းနဲ. လျှောက်သွားရင်းနဲ. ပန်းဆိုးတန်း လမ်းမှာ စာအုပ်အဟောင်းဆိုင် နားလည်း ရောက်ရော သူငယ်ချင်းက စာအုပ်တစ်အုပ်ရှာရင်းနဲ. ကျွန်တော်လည်း ဟိုလှန်ဒီလှန်ပေါ.။ အဲဒီမှာ ဘာစာအုပ်သွားတွေ.လဲဆိုတော. ‘အာနိုး သို.မဟုတ် ကိုးတောင်ကျား’ ဆိုတဲ. စာအုပ်လေးပေါ.။ ကျွန်တော်လည်း မုန်.ဖိုးရထားတဲ. ပိုက်ဆံလေးနဲ. စာအုပ်ကို တစ်ထောင်ပေးပြီး ၀ယ်လိုက်တယ်။ သူငယ်ချင်းကပြောတယ် မင်းဘာလုပ်မှာလဲ ဒီစာအုပ်ကြီးဝယ်ပြီးတော. ငါ ဖတ်ကြည်.ချင်လို.ကွ။ အာနိုး, အကြောင်းရေးထားတာ ဆိုတော. စိတ်ဝင်စားတယ်လို့ ပြောပြီး အဲဒိနေ. အိမ်, လည်းပြန်ရောက်ေ၇ာ ကျွန်တော် ညဘက်အားတဲ.အချိန် ဖတ်ကြည်.လိုက်တဲ.အခါ, အာနိုးရဲ.အောင်မြင်မှုတွေ ဘယ်လို၇ရှိခဲ.တယ် ဆိုတာေ၇ာ ဘယ်လို ကြိုးစားခဲ.ရတယ် ဆိုတာတွေ သိခဲ.ရပါတယ်။ နောက်နေ.က စပြီးသွားလေရာ, အဲဒိစာအုပ်လေး ခါးကြားထိုးပြီး အချိန်ရတာနဲ. ဖတ်တာပဲ။ ကြာတော., သူငယ်ချင်းတွေက မင်းကလည်း ဒီစာအုပ်ကို ဖတ်လို.မပြီးဘူး။ တွေ.တိုင်း, ဒိစာအုပ်ပဲ ဖတ်နေတာဘဲလို.တောင် ဝေဖန်ကြပါတယ်။ သူတို. ပြောချင်ရာပြော ကျွန်တော်ကတော. အဖတ်မပျက်ပါဘူး။

ဒီလိုနဲ. တစ်လ လောက်ကြာတော. မတွေ.တာကြာတဲ. သူငယ်ချင်း တစ်ယောက်နဲ. တွေ.ပါတယ်။ သူက တော်တော်လေးကို ပြောင်းလဲသွားတယ်ဗျ။ အရင်တုန်းက သူကိုယ်ခန္ဒာက ကျွန်တော်လို သေးသေးပိန်ပိန် အခုတွေ.တော. ပြည်.ပြည်.ဖြိုးဖြိုးနဲ. တော်တော်ကို ကြည်.ကောင်းပါတယ်။ မင်းဘာတွေလုပ်လို. ဒိလောက် တောင်.တာလဲ မေးတော. ငါအခု ငါ.အကိုနဲ. ၀ိတ်လိုက်မတယ်ကွ။ ဘယ်မှာလဲလို. မေးတော. မြို.ထဲမှာကွ။ လူငယ်.ရိပ်သာစခန်း လို.ခေါ်တာပဲတဲ. သူကတော. သေသေချာချာ, သိပုံမပေါ်ဘူး။ သင်တန်းကြေးကကော လို.မေးတော., သူလည်း၇ှင်းပြပါတယ် သင်တန်းကြေးကို။ မင်းဘယ်နေ. သွားကစားမှာလဲဆိုတော. ငါ, မနက်ဖြန်သွားမယ် မင်းလိုက်မလားတဲ. ကျွန်တော်လည်း လိုက်မယ်ကွာဆိုပြီး, နောက်နေ. ညနေပိုင်းလောက် ရောက်သွားပါတယ်။ ဟိုလည်းရောက်ေ၇ာ ကျွန်တော်တို. အရွယ်တွေရော၊ ကျွန်တော်တို.ထက်ကြီးတဲ. အရွယ်တွေရော အကုန်လုံး ချွေးတ၇ွဲရွဲနဲ. မနေလိုက်ကြတာ ကျွန်တော်တော်တော် အားရသွားတယ်။ ဒါနဲ. ကျွန်တော်လည်း ကစားမယ်ကွာဆိုပြီး ဓာတ်ပုံပေး သင်တန်းကြေး၊ အသင်းဝင်ကြေး အကုန်သွင်းပြီး မတော.တာပဲ။ ဘယ်သူမှလည်း နည်းပြမရှိပေါ.။ ကိုယ်သဘောနဲ.ကိုယ် သူငယ်ချင်းက သူအကိုနဲ. ကစားတုန်းက ဟာလေးတွေ မှတ်ထားပြီး ကျွန်တော်ကို မခိုင်းပါတယ်။ ကျွန်တော်လည်း တော်တော်လေးတော. အဲဒီနေ.က ဟိုဟာနည်းနည်း ဒိဟာနည်းနည်းနဲ., ကစားလိုက်တာ မိုးချုပ်ပါလေရော။ အိမ်လည်းအရောက် အမေ က ဘယ်တွေ, လျှောက်သွားနေတာလဲ ဆိုတော. ၀ိတ်သွားမနေတာအမေ ပိန်နေတာ, ကြည်.မကောင်းလို. ဆိုတော. နင်က ဘာလည်း နိုင်းနိုင်း(ရုပ်ရှင်မင်းသား), အားကျလို.လားတဲ. ကျွန်တော်ကိုမေးပါလေရော။ အမေကလည်း ဘယ်သူမှ အားမကျဘူး။, ကိုယ်ကို ကိုယ် အားမရလို.ဆိုပြီး အဖြေပေးပြီး ရေမိုးချိုး ထမင်းစားပြီး, ညအိပ်ရာဝင်ခဲ.တာ မနက်လည်းလင်းရော တစ်ကိုယ်လုံး, ကိုက်ခဲနေတာ မခံစားနိုင်ပါဘူး။ ကျူရှင်လည်း မသွားနိုင်တော.ပဲ, ဆေးသောက်ပြီး မှိန်းနေတုန်း သူငယ်ချင်းဆီက ဖုန်းက လာပါလေရော။ သွားကစားဖို.ချိန်းတာ သူ.အကိုလည်းပါတယ်။ ထွက်လာခဲ.ပေါ.ဆိုပြီး ကျွန်တော်လည်း, ဖုန်းထဲကနေ ဘာမှမပြောဘဲ ထွက်လာခဲ.တာပေါ.။ ဟိုရောက်မှ ငါ, ဒီနေ.တော. မကစားနိုင်ဘူး။ မင်းတို.ကစားတာ လိုက်ကြည်.မယ် ဆိုပြီး, လိုက်သွားပါတယ်။

ဟိုလည်းရောက်ရော သူတို.ကစားတာ ထိုင်ကြည်.နေတုန်း, လူကြီးတစ်ယောက်က ကျွန်တော်နားလာရပ်ပြီး မင်းမကစားဘူးလားတဲ.။ ကျွန်တော်လည်း, ၇ှင်းပြလိုက်တော. မင်းဒီနေ.မနားနဲ. ထပ်ကစားလိုက်ဆိုပြီး အကြံပေးပါတယ်။ ဟာ, မဖြစ်ဘူးလို.ဆိုတော. ဖြစ်တယ် ကစားဆိုပြီး အတင်း ကစားခိုင်းတော.တာပဲ။ သူကတော., နောင်တစ်ချိန်မှာ ကျွန်တော်ရဲ. ဆ၇ာဖြစ်လာတဲ. မောင်ဗမာ, ဦးသာအောင်ပေါ.ဗျာ။ စတွေ.ကတည်းက မောင်းလိုက်တဲ. အမောင်းဟာ နောက်ပိုင်းသူ့ကို အနီးကပ်ပြခိုင်းတော.မှ ပိုဆိုးတာပဲ။ ကျွန်တော် နှစ်လပဲခံပြီး, ပြန်ပြေးလာရပါတယ်။ တော်တော်ကို မောင်းတာပါ။ သူမောင်းတာ ခံဖူးတဲ. လူ ဆို, နားလည်သွားမှာပါ။ ကျွန်တော်သူငယ်ချင်းဆို ဖျားပြီး, ဆေးခန်းတောင် သွားလိုက်ရပါတယ်။ အဲဒိလိုနဲ. စာမေးပွဲ နီးတော., ခဏနားလိုက်ရပါတယ်။ စာမေးပွဲပြီးတဲ. အထိဆို (၅), လလောက်ကြာပါတယ်။ နောက်တော. သူငယ်ချင်း နောက်တစ်ယောက်က ငါတို.နဲ. လိုက်မ, ဆိုပြီး ရပ်ကွက်က ၀ါသနာရှင် ဦးလေးကြီးတွေနဲ. ကစားခဲ.ပါတယ်။ လူကတော. (၈), ယောက်လောက်ပေါ.။ ကျွန်တော်တို.က အလေးမနိုင်တော. တော်တော်လေး, ကသီပါတယ်။ ကစား၇တာ ကျွန်တော်တို.မခါနီး, အလေးတွေ ဖြုတ်လိုက် နောက်လူတွေမရင် ပြန်တပ်လိုက်ပေါ.။ ဒိလိုနဲ.ကစားလာတာ တော်တော်လေးကြာပါတယ်။ အောင်စာရင်းထွက်တဲ. အချိန်ထိဆိုတော.(၄)လကျော်လောက်ရှိမယ်။ လူလည်း နည်းနည်း, ဟိုက မာဆယ်လေးထွက် ဒိက မာဆယ်လေး ထွက်ပေါ.ဗျာ။

တစ်နေ. အတူတူ ကစားတဲ.အထဲက, လူတစ်ယောက်က တက္ကသိုလ်မှာ မောင်ပြိုင်ပွဲ ရှိတယ်။ သွားကြည်.ရအောင်တဲ.။ ကျွန်တော်ကလည်း ကြည်.ချင်တယ်။ လိုက်လို.ရမလားပေါ., သူတို.ကလည်းလိုက်ခဲ.ဆိုတော. သွားကြည်.ဖြစ်ပြီး ဟိုလည်းရောက်ရော, ကျွန်တော်တို. အသက်သာသာ လေးတွေ ၀င်ပြိုင်နေကြတာတွေ.တော., အရမ်းအားကျမိပါတယ်။ ငါလည်း ဒီလို, ပြိုင်ချင်တယ်ပေါ. ဆိုပြီးအတွေးမျိုးနဲ. ပြိုင်ပွဲအပြီး နောက်နေ.ကစပြီး ညနေ, စောင်းတာနဲ. ၀ိတ်မ ဖို.ကို ရွပိုးထိုးနေတတ်တာ အလုပ်တစ်ခုဖြစ်လာပါတယ်။, ၀ိတ်မ မရမှာစိုးလို. တက္ကသိုလ် ကို စီးပွားရေး မေဂျာ ကို အဝေးသင်, တက်ခဲ.ပါတယ်။ ဒီလိုနဲ. ကျွန်တော်တို.မ လာတာ နှစ်လလောက် ထပ်ကြာတော. အဲဒီအိမ်က, အိမ်ရှင်က အိမ်ရောင်းတာနဲ. ကျွန်တော်တို.လည်း ဘုံပျောက်, သွားခဲ.ပါတယ်။ လောလောဆယ် ၀ိတ်မ မရတော. သူငယ်ချင်းတွေစုပြီး ချစ်တီး, ဘုရားကွင်း ထဲမှာ ဘောလုံးကန် ပြီးရင်၊ တပ်တွင်း ဘုန်းကြီးကျေင်းမှာ, ရေချိုးကြပါတယ်။ ရေချိုးရင်းနဲ. အုတ်ကန်နားမှာ ဘုန်းကြီးတွေမတဲ., ကားဘီးတုန်းကြီးတွေကို, မနိုင်တနိုင်မပြီး လောလောဆယ် ပိုးထကြတာပေါ.။ သူငယ်ချင်းတစ်ယောက်လည်းပါ, ပါတယ်။ သူ.နာမည်က ဇော်ဇော် ပေါ.။ အခု သူလည်း အလုပ်တစ်ဖက်နဲ. မ, မဖြစ်တော.ပါဘူး။

နောက်ပိုင်း ကျွန်တော် တက္ကသိုလ် ကျူရှင်တက်ရင်း, ဦးသာအောင်ဆီ ပြန်ရောက်သွားပါတယ်။ အဲဒီအချိန်မှာ ဆရာက စာအုပ်, တစ်အုပ်ဖတ်နေတာနဲ. ဆရာ ဘာစာအုပ်လည်း ဆိုတော. တံခွန် ဂျာနယ်, အဟောင်းပါကွာတဲ.ဆိုပြီး ကျွန်တော်ကိုပြပါတယ်။ ကာယဗလ အကြောင်းတွေလည်းပါ, ပါတယ်။ ဒါနဲ. စိတ်ဝင်စားသွားပြီး ကျွန်တော်ဌားပါလားဆိုတော. မင်း လိုချင်, ငါ.မှာ နောက်ထပ် လေး၊ ငါး စောင်ရှိသေးတယ်။ မိတ္တူဆွဲသွားပေါ.ဆိုတာနဲ. ဆွဲပြီး, ကျွန်တော် အိမ်ရောက်တော. ဖတ်ကြည်.တဲ.အခါ သူက ကာယဗလ သီးသန်.မဟုတ်ဘူးဗျ။ ဒိပြင် အကြောင်းတွေလည်း ပါတာပေါ.။ နောက်နေ. ဆရာ ဆီရောက်တော. ကာယဗလ သီးသန်., စာအုပ်မရှိဘူးလား ဆိုတော. ရှိတော.ရှိတယ် ရှားတယ် မင်း အဟောင်းဆိုင်တွေမှာ, ရှာကြည်.ပါလားတဲ. ငါ.မှာက နည်းနည်းပါးပါးပဲ ရှိတယ်။ တော်တော်လေးတောင်, ဟောင်းနေပြီ ဆိုပြီး ကျွန်တော်ကို ပြပါတယ်။ နောက်နေ., အဟောင်းဆိုင်တွေကို မေးတော.မှာထားမှ ရမယ်ပေါ.။ ဒါတောင်မကျိမ်းသေဘူး ပြောတာနဲ., ဖုန်းနံပါတ်ပေးပြီး မှာခဲ.တာ တစ်နေ. ဖုန်းဆက်ပါတယ်။ စာအုပ်တစ်အုပ်တော. ရှိတယ်ပေါ. လာကြည်.ပါလားတဲ.။ ဘာစာအုပ်လဲဆိုတော. ‘မြန်မာ.လူသန် ဦးဇော်ဝိတ်’ အကြောင်း ဖြစ်နေတယ်။ ဒါနဲ.ကျွန်တော်လည်း လူသန်အကြောင်းက ဘာလုပ်မှာလဲ မယူဘူးလို. ပြောပြီး, နေ.ခင်း ဆရာ ဆီရောက်တော.ပြောပြတော. ဆ၇ာက မင်းဘာလို.မ၀ယ်တာလဲ, ဦးဇော်ဝိတ်ဆိုတာ ကာယဗလ ဖခင်ကြိး လို.တောင် တင်စားလို.၇တယ်။ မင်းသိထား သင်.တယ်ဆိုတာနဲ. ကျွန်တော် ၀ယ်ပြီး လေ.လာကြည်.တာ တော်တော်ကို, မျိုးချစ်စိတ်၇ှိတဲ. ပုဂ္ဂိုလ်ကြီးမှန်း သိခဲ.ရပါတယ်။

စာလည်းတော်တော်ရှည်နေပြီ။ ကျော်လိုက်မယ်ဗျာ။ ကျွန်တော်လည်းကြားထဲမှာ, ကစားလိုက် နားလိုက်နဲ.ပေါ.။ အချိန်တွေကုန်ခဲ.တာ ၂၀၀၆ လောက်မှာ ကာယဗလ, ပြိုင်ပွဲ ကျင်းပတဲ. မြန်မာကွန်ဗင်းရှင်း စင်တာကို ရောက်သွားပါလေရော။ ဘယ်သူမှမပါ ဟိုမေးဒီမေးနဲ.ပေါ.။ ဟိုလည်းရောက်ရော လာကြည်.တဲ.လူတွေ ထဲမှာ, ဘယ်သူ.ကို သွားတွေ.လဲဆိုတော. ကျွန်တော်နဲ. ဦးသာအောင်မှာ ခင်ခဲ.တဲ., ကိုညီညီဇော် ကိုသွားတွေ.ပါတယ်။ သူလည်းပြိုင်မလို.တဲ. အဲဒိပွဲမှာ သူ တတိယ, လားမသိဘူး ရသွားတယ်ဗျ။ အသားက မဲမဲ နဲ. တော်တော် လေးကြည်.ကောင်းပါတယ်။ စင်ပေါ်မှာ။ အဲဒီအချိန်က ကိုမင်းဇော်ဦး တို. ကိုအောင်ခိုင်ဝင်းတို.ကို, ပထမဦးဆုံး မြင်ဖူးတာပေါ.။ ကိုဇော်ဝမ်းလည်း ပါပါတယ်။ အဲဒီနောက်ပိုင်း, ပွဲတိုင်းကို မပျက်မကွက်ကြည်.လာတာ တစ်နေ. ပြိုင်ပွဲနေ.မှာ အခု, ကျွန်တော်တို.ဆိုဒ်ရဲ. အဓိက ကလောင်ရှင် ကိုနိုင်ဦး, က ကိုအောင်ခိုင်ဝင်းရဲ. ဂိုးလ် ဂျင်မ် ကြော်ငြာ, စာရွက်ကလေးတွေ ဝေနေတာတွေ.ရပါတယ်။ အဲဒီအချိန်ထိကတော. ခပ်တန်းတန်းပါပဲ။ ပြိုင်ပွဲ, ခဏနားချိန် ရောက်တော.အနောက်ဖက်အခန်းထဲမှာ ကိုနိုင်ဦး ဆီကနေ ကျွန်တော်, အခွေတစ်ခွေ ၀ယ်ရာကနေ တစ်ယောက်နဲ.တစ်ယောက် မိတ်ဆက်ရင်း, သူဆီက လိပ်စာတောင်းပြီး တစ်ရက် မင်္ဂလာဈေးနားက, သူရောင်းတဲ. ဈေးဆိုင်သွားပြီး ဂျေ ကက်တလာ ရဲ. လူ, သစ်တွေအတွက် ကစားနည်းပရိုဂရမ်ကလေးကို သွားတောင်းခဲ.ပါတယ်။, ကိုနိုင်ဦးလည်း မှတ်မိမယ်လို. ထင်ပါတယ်။ ကျွန်တော် ဘ၀ ရဲ.ဆရာ တွေထဲမှာ, တစ်ယောက် အပါအ၀င်ပါပဲ။ အဲဒီအချိန်က လမ်းမှာ ကိုနိုင်ဦး က ခင်ဗျား မှာ, အီးမေးလ် လိပ်စာရှိလားတဲ.။ ကျွန်တော် ပွှင်းပွှင်.လင်းလင်းပဲ ပြောပြခဲ.ပါတယ်။, လုံးဝ မသုံးတတ်ပါဘူး။ ကွန်ပျူတာတောင် မသုံးဖူးဘူးလို. ပြောတော. ကိုနိုင်ဦး, က ခင်ဗျားဘွဲ.ရပြီးပြီ။ ဒါလေးတွေ သင်ထားပါလား။ အင်တာနက်မှာ ဆို, ဒီထက်ကောင်းတဲ. ကာယဗလ ဗဟုသုတတွေ ရှိတယ်လို.ပြောတော. ကျွန်တော် ကွန်ပျူတာ, သင်ချင်စိတ်တွေ ပေါ်လာပြီး အမေကို ပူဆာတာပေါ.။ သင်တန်းတက်မယ်ဆိုပြီး။,

တကယ်ဆို အရင်ကတည်းက အမေက ကျွန်တော်ကို တက်ခိုင်းတာ, ဘာလုပ်မှာလဲဆိုပြီး ကျွန်တော် မတက်ခဲ.တာ အခုမှ ဗြုန်းစားကြီး ဆိုတော အမေက, ဘာလို.လဲ မေးပါလေရော။ ဒီလိုဒီလိုပဲ လိုပြောပြလိုက်တော. နင်က ဘ၀ အတွက်, သင်ချင်တာ မဟုတ်ဘဲ ကစားတာ လေ.လာ ချင်လို.လား ဆိုပြီး ဆူပူ ခဲ.ပါတယ်။, ဒါပေမယ့်လည်း နောက်ဆုံးတော. တက်ခိုင်းခဲ.ပါတယ်။ သင်တန်းတက်ပြီး နောက်ပိုင်း, အင်တာနက် နဲ. ပတ်သက်တဲ. အပိုင်းတွေ သုံးပုံ သုံးနည်းတွေကို, သူငယ်ချင်းတစ်ယောက်ဆီမှ တော်တော် လေး အကုန်အကျခံပြီး သင်ခဲ.ရပါတယ်။ သူ.ကိုသင်တန်းကြေး မပေး၇ပဲနဲ. အင်တာနက်ခ ရှင်းပေးရတဲ. အဖိုးက, တော်တော်များခဲ.ပါတယ်။ ဒါပေမယ်လည်း, တော်တော်လေးလည်း အကျိုးရှိခဲ.ပါတယ်။ ဒိလိုနဲ. ကိုနိုင်ဦးပြောတဲ. ကာယဗလ, အကြောင်းတွေရှာဖွေ၊ ဆိုင်မှာ ပရင်.ထုတ် အိမ်ရောက်ရင် ဘာသာပြန်ဖို. အဘိဓာန်, ကြီးလှန်နဲ. အလုပ်ရှုပ်ခဲ့ နားမလည်ရင် ဘာသာပြန်ကောင်းတဲ. အသိဆရာကို ရှာပြီး, ဘာသာပြန်နဲ. တော်တော် ကို အလုပ်ရှုပ်နေခဲ.တာပါ။ တစ်နေ. MCCက ပြိုင်ပွဲမှာ, အခု ကျွန်တော်တို. ဆိုဒ်ရဲ. ဦးစီး ပဲ.ကိုင်ရှင် ကိုနိုင်ေ၀၀င်း ကပွဲ, မစခင် အနောက်ဖက်အခန်းထဲမှာ အထုပ်တစ်ထုပ်နဲ. ရောက်လာပါတယ်။ သူလည်းအဲဒီပွဲမှာ, ၀င်ပြိုင်ပါတယ်။ ကျွန်တော်လည်းသိတဲ. အတိုင်း ကာယဗလ နဲ. ပတ်သက်ရင် ဘာလေးပဲရရ, အမြဲတမ်းစုဆောင်း စပ်စုတတ်တဲ. ကောင်ဆိုတော. ကိုနိုင်ဝေ-၀င်း အကို, ဘာစာရွက်လေးတွေလည်း ဆိုတော. သူက ကျွန်တော် ၀ဘ်ဆိုဒ် ထောင်ထားတယ်တဲ.။ ကြော်ငြာစာရွက်လေးတွေ ဆိုပြီး ကွှန်တော်ကို တစ်ရွက်ပေးခဲ.ပါတယ်။ ကိုနိုင်ဦးလည်း အနားနားမှာ ရှိတော. ကိုနိုင်ဦး, ကိုလည်းစာရွက်ပေးရင်း အတူတူရေးဖို. ကမ်းလှမ်းနေတာ ကြားခဲ.ရပါတယ်။ မှတ်မှတ်ရရ, ၂၀၀၉ တိုင်းနှင်.ပြည်နယ်ပွဲနေ.ပေါ. ကျွန်တော် အရမ်းပျော်သွားပါတယ်။

ကိုယ်ဝါသနာပါတဲ. အားကစားကို မြန်မာ လို လေ.လာရတော.မယ် ဆိုတော. အရမ်းကို စိတ်ဝင်စားသွားပါတယ်။ တကယ်လည်း မြန်မာပြည်မှာ ဒီလိုမျိုးဝဘ် ဆိုဒ် ဆိုတာ, ဘယ်သူမှ မထောင်ဖူး ထောင်ဖို.လည်း ရည်ရွယ်ချက်မရှိတဲ. ဥစ္စာကို, အကိုနိုင်ေ၀၀င်း က အခုလိုမျိုး အကောင်အထည် ဖော်လိုက်တာဟာ, မှတ်တမ်းဝင် သမိုင်းတွင်ကျန်ခဲ.မဲ. အရာတစ်ခုပါ ကိုနိုင်ေ၀၀င်း။ အဲဒီအချိန်က, စပြီး ညတိုင်းလိုလို အင်တာနက်ဆိုင် ရောက်တာနဲ. ပထမဦးဆုံး ၀င်ကြည်.တာ အကို, ဆိုဒ်ပါပဲ ကွန်မန်းတွေလည်း ရေးရတာ အမောပေါ.ဗျာ။ ဘော်ဒါတို.လည်း အရင်, ကိုနိုင်ေ၀၀င်း တို. ကိုနိုင်ဦး တို.ရဲ. ပို့စ်အဟောင်းတွေမှာ ကျွန်တော်, ကွန်မန်း တွေကို တွေ.ရမှာပါ။ ဒီလိုနဲ. တစ်နေ. ကိုနိုင်ေ၀၀င်းက ကျွန်တော်ကို, ပိုစ် ရေးပေးဖို. ကမ်းလှမ်းလာပါတယ်။ ကျွန်တော်ကလည်း ပြန်ပြောခဲ.ပါတယ်။ ကျွန်တော် ၀ါသနာရှင်အဆင်.ပါ။ ဖြစ်ပါ.မလား ဆိုတော.ဖြစ်ပါတယ် ကျွန်တော်တို. ဆိုဒ်မှာ ရေးပေးပါ ဆိုပြီး ကမ်းလှမ်းတာနဲ. ကျွန်တော်, တော်တော် စဉ်းစားခဲ.ပါတယ်။ ငါအနေနဲ. ဖြစ်နိုင်ပါ.မလား။ ငါ, လေ.လာထားတာလေးကို တင်ပြရမှာ ငါ့ဘက်က အမှားပါသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး, ကျွန်တော် တော်တော် လန်.လန်.နဲ. အရဲစွန်.ပြီး မေလ(၁)ရက်နေ.မှာ, ကာယဗလနှင်. အာဟာရဓာတ်များ ဆိုတဲ. ဆောင်းပါးလေးကို, စတင်ရေးသားခဲ.ပြီး ဆိုဒ်မှာ တင်ဆက်ပေးခဲ.ပါတယ်။ ကျွန်တော်ကိုလည်း အားလုံးက ကြိုဆိုကြပါတယ်။ အားပေးစကားလည်း ပြောကြားကြတာ တွေ.ရတော. ကျွန်တော်ရေးသား တင်ဆက်တဲ.နေရာမှာ, အားရှိသွားခဲ.ပါတယ်။

ဒါပေမယ့်လည်း ဘယ်အရာပဲဖြစ်ဖြစ်, အနှောင်.အယှက် အတိုက်အခံရှိမှ အောင်မြင်မယ် ဆိုသလို ကျွန်တော်ရေးသားမှုကို, ကျွန်တော်မေးလ်ထဲ အထိ လိုက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ.ပါတယ်။ ဒါတွေကို, ကျွန်တော်ဂရုမစိုက်ပါဘူး။ ကျွန်တော် ပို့စ် စရေးဖို. ကမ်းလှမ်းခံရပြီး, ညဘက်ကတည်းက ငါဒီအားကစားကို လေ.လာတဲ. လူငယ်တွေကို ငါ သိသလောက် တင်ပြမယ်။ ငါ, သိသလောက် ရှင်းပြပေးမယ်။ ဘယ်သူတွေ ဘယ်လိုဝေဖန်ပါစေ၊ ဂရုမစိုက်ဘူးဆိုတဲ. စိတ်ကို ဆုံးဖြတ်ပြီး ကျွန်တော် အခုချိန်ထိ ဆောင်းပါးတွေ တင်ဆက်ဖြစ်နေတာပါ။ နောင်ကိုလည်း ကျွန်တော်ဘက်က အချိန် ရနေသရွှေ. ကျွန်တော် တတ် စွမ်းသမျှ ဒီအားကစားကို တစ်ဖက်တစ်လမ်းက ကူညီဖို. အသင်.ပါပဲ။ ကိုနိုင်ဦး, ပြောခဲ.သလိုပါပဲ ကျွန်တော်တို. မြန်မာပြည်က နည်းပြတွေဟာ ကိုယ်တိုင်လည်း, ဒီအားကစားကို တစ်ဖက်တစ်လမ်းက တိုးတက်အောင် ဆောင်ရွက်မယ်မရှိ၊ ကိုယ်ထက် လေ.လာအားကောင်းတဲ. သူတွေပြောတာ နည်းလမ်းတကျ, ရှင်းပြတာတွေကိုလည်း လက်မခံနိုင်ကြပါဘူး။ သူတို.ရဲ. ရှေးရိုးစွဲ, အယူဝါဒတွေကို လက်ကိုင်ထားပြီး ဘုတောတော တတ် တာသူတို.၇ဲ. အကျင်.ပေါ.ဗျာ။ အဒီအထဲမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ.ဖြစ်တဲ. ကျွန်တော်လက်ဦးဆရာ ဦးသာအောင်လည်း တစ်ယောက် အပါအ၀င်ပေါ.ဗျာ။ ကျွန်တော် ဒီဆိုဒ်မှာ အခုလို ဆောင်းပါးရေးတာကို ၀ါသနာရှင် လူငယ်တစ်ယောက်က ကျွန်တော်တို. သုံးယောက်စလုံးရဲ. မေးလ် ထဲကို လှမ်းမေးပါတယ်။ အကိုတို.အနေနဲ. အကျိုးအမြတ် ဘယ်လောက် ရသလဲပေါ.။ ကိုနိုင်ေ၀၀င်းတို. ကိုနိုင်ဦးတို.က ဘယ်လိုဖြေလိုက်သလဲတော. မသိပါဘူး။ ကျွန်တော်ကတော. ရှင်းပြလိုက်ပါတယ်။ ကျွန်တော်တို. သုံးယောက်စလုံးက အကျိုးအမြတ် တစ်စုံတစ်ရာ မျှော်ကိုးပြီး လုပ်တာ တစ်ယောက်မှမပါဘူးလို.။ ကျွန်တော်တို.ကတောင် အချိန်တွေ၊ ငွေတွေ ပေးဆပ်ပြီး ကိုယ်တိုင်လည်း ၀ါသနာပါလို. ကိုယ်.လိုပဲ ၀ါသနာပါတဲ. လူတွေ လေ.လာလို.ရအောင် ကိုယ်တတ်စွမ်းသလောက် ပြန်ပြီး ဖြန်.ဝေပေးနေတာပါလို. ဖြေကြားပေးလိုက်ပါတယ်။ နောက်ထပ်လည်း မေးလ်ထဲကို မေးတဲ.စာတွေ လာပါတယ်။ အားဆေး အကြောင်းတွေ။ နောက်ဆုံးအဆင်. ဘယ်ဂျင်မ် ကောင်းသလဲဆိုတာပါ လှမ်းမေးတယ်ဗျာ။ အဲဒိလောက် အထိကတော. လွန်တာပေါ.။ ကျွန်တော်လည်း ဘယ်သိပါ.မလဲ။ ဂျင်မ် ဘယ်လောက် ကောင်းကောင်း ကိုယ်ကိုတိုင်က စိတ်ပါ ၀င်စားမှုမရှိရင် အလကားပါပဲ။

ကျွန်တော်အနေနဲ. ဒီလိုမေးတာကိုလည်း ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ ကျွန်တော် သိသလောက်တော. ဖြေကြားပေးပါတယ်။ တစ်ခါတစ်လေ အပြစ်တင်စာတွေလည်း လာပါတယ်။ ကျွန်တော် မပြောတော.ပါဘူး။ အဲဒီလူကို သူကိုယ်တိုင်က ပြိုင်ပွဲဝင် မောင်လောင်း တစ်ယောက်ပါ။ ဘာပြောသလဲဆိုတော. မင်းတို.အားနေလို. အဲဒီဆိုဒ် ထောင်တာလားတဲ. ကျွန်တော်လည်း ပြောလိုက်ပါတယ်။ ပညာသားပါပါလေးပေါ.။ အေးပေါ.ဗျာ လို. မြန်မာပြည်က မောင်တွေက (အားလုံးကိုမဆိုလို) ဒီအားကစားနဲ့တာ အသက်မွေးဝမ်းကြောင်း ပြုနေတာ မောင်အိုလံပီယာပြိုင်ပွဲတို.၊ အာဟာရ စားယောက်ပုံတို.တောင် ဖြစ်မြောက်အောင် မသိတော. ကျွန်တော်တို.လည်း လေ.လာ ထားတာလေးတွေ တင်ပြရတာပေါ.ဗျာလို. ပြောပြီး ထွက်လာခဲ.တယ်။ နောက်နေ. လမ်းမှာတွေ.တော စကားတောင် မပြောတော.ဘူးဗျာ။ သူဘာသာသူ ရှက်သွားတာပေါ.။ အဲဒီလိုမျိုးဗျ။ ကိုယ်တိုင်လည်း မလုပ် သူများ လုပ်တာကိုလည်း ဝေဖန်နေတာ ဘာနဲ.တူသလဲ ဆိုတော့

မျောက်တစ်ကောင်ဟာ အုန်းပင်တက်ပြီး အုန်းသီးခူးနေတာ
မရတရ ဖြစ်နေတယ်။ အဲဒါကို အောက်က ကျားတစ်ကောင်က
ထိုင်ကြည်.ပြီး ပြက်ရယ်ပြုတယ်၊ ဒီမျောက် ဒီအုန်းသီးလေးတောင်
ရအောင် မယူနိုင်ဘူးဆိုပြီး တကယ်တော. အဲဒီကျား ကိုယ်တိုင်ကလည်း
အုန်းသီးခူးဖို. မပြောနဲ. အုန်းပင်ပေါ်တောင် ဖြစ်မြောက်အောင် မတက်နိုင်ဘဲနဲ့
မျောက်ကို ဝေဖန်နေတယ်
——စကားလေးကတော. ရိုးရိုးလေးပဲ မှတ်သားစရာတော. ပါတယ်။ ကျွန်တော့်ကို ဘယ်သူက ပြောသွားတာလဲ ဆိုတော့ ကွယ်လွန်သွားတဲ. နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ ဦးသုမောင် ကျွန်တော်တို. အနားက ချစ်တီးဘုရား ကွင်းထဲမှာ စာပေဟောပြောပွဲ လုပ်တော. သူအလှည်. မရောက်ခင်ပေါ.၊ ကျွန်တော်နားလာပြီး ကောင်လေး ဦး လေး အပေါ.သွားချင်လို. လိုက်ပြပါ ဆိုတော. လိုက်ပြရင်းနဲ. သူကမေးပါတယ်။ လမ်းမှာ ကျွန်တော့် အကြောင်း မေးရင်းနဲ. အားကစား ဘာလုပ်တာလဲ ၀ိတ်မတာလားတဲ. ကျွန်တော်ကို ကြည်.ပြီး ဟုတ်တယ်လို. ပြောတော. ကောင်းတယ်။ သူများမလုပ်တဲ. အလုပ်ကိုလုပ်တာ။ ကျွန်တော်ကလည်း ပြောလိုက်တယ်။  ဦးလေးရယ်လို. ကျွန်တော်က အိမ်က ဆူတယ်လို. ၀ိတ်မတာ ခိုးမနေတာလို. ပြောတော. အပေါ်က ဥပမာလေး ပေးပြီး ပြောပါတယ်။ လောကမှာ ဒိလိုပဲကွ။ လူတွေက ကိုယ်တိုင်လည်း မလုပ် အပေါ်ယံကြည်.ပြီး ဝေဖန်နေကြတာ ဆိုပြီးပြောကာ မင်း လည်း မင်းဝါသနာပါတဲ. အလုပ်ကို လုပ်သလို ငါလည်းဝါ ၀ါသနာပါတဲ့ အလုပ်ကို လုပ်တာ အားလုံးဟာ ကိုယ်ပိုင် လွတ်လပ်ခွင်. ရှိတယ်။ ကိုယ်လုပ်တဲ. အလုပ်က အများကို အကျိုးပြုရင် ပိုကောင်းတယ် လို့လည်း ပြောခဲ.ပြီး ငွေကြေး မရရင် နေပါစေ၊ ကိုယ်လုပ်တဲ. အလုပ်မှာ ကိုယ်နာမည် သေသည်အထိ ကျန်ခဲ.ရင် အောင်မြင်မှုကို ရတာပဲလို. ပြောခဲပါတယ်။ အဲဒီ စကားလေးကို မှတ်သားပြီး ကျွန်တော် ကိုနိုင်ေ၀၀င်း က ပိုစ်ရေးဖို. ကမ်းလှမ်းတဲ. အချိန်မှာ ကျွန်တော် တော်တော် လေးလည်း ပျော်သွားပါတယ်။ ငါ ဦးသုမောင် ပြောသလို ငါ သိထားတာလေးတွေ ငါအများကိုအကျိုးပြုနိုင်ပြီး ငါအတွက် ဘာ အကျိုးအမြတ်မှ မရရင် နေပါစေ။ အင်တာနက် ပေါ်မှာ ငါတို. သေတဲ. အထိ နာမည်ကျန်နေခဲ.ရင် ငါ ဂုဏ်ယူတယ် ဆိုပြီး ကျွန်တော်တွေးပြီး တင်ဆက်ခဲ.တာပါ။ နောင်လည်း တင်ဆက်အုံးပါမယ် ဆိုတာ ပြောကြားရင်း===

ပထမဦးဆုံး ကျေးဇူးတင်ချင်တာက ကျွန်တော့် လက်ဦးဆရာ ဦးသာအောင် (ကွယ်လွန်) ကောင်းရာဘုံဘ၀ ရောက်ပါစေ လို. ဆုတောင်းပေးပါတယ် ဆရာ။
ကျွန်တော် အခုလိုမျိုး ဒီဆိုဒ်မှာ ၀င်ရေးသားနိုင်အောင် ဖိတ်ခေါ်တဲ. ကိုနိုင်ေ၀၀င်း၊ တစ်ချိန်က ကျွန်တော့်ကို ကွန်ပျူတာ သုံးပါလား ဆိုပြီး သင်ကြားဖို. အကြံပေးတာ ကျွန်တော်ရဲ.ဆရာ သမား တစ်ဦးလို.တောင် ပြောလို.ရတဲ. ကိုနိုင်ဦး သူ.ပြောကြားမှုကြောင်. ကျွန်တော် ကွန်ပျူတာ သင်ဖြစ်တာပါ။ ကိုနိုင်ဦး ကျေးဇူး ကမ္ဘာပါဗျာ။ နောက်ဆုံးအနေနဲ. ကျွန်တော်ရဲ. ပိုစ် တွေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မှတ်သားစရာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ယနေ.အချိန်ထိ ဖတ်ရှု လေ.လာနေသော သူငယ်ချင်း ရောင်းရင်းများ ကွန်မန်း ရေးသားပေးသော သူငယ်ချင်းများ အားလုံးအားလုံးကို ကျေးဇူးအနန္တပါလို. နှုတ်ဆက်ပါတယ်။

အမည်။            ။ အောင်အောင် (ခ) အောင်အောင်ဦး
အဖအမည် ။         ။ဦးလှမြင်. (ကရင် ဗုဒ္ဒဘာသာ)
အမိအမည်။          ။ဒေါ်အုန်းခင်(အစ္စလာမ်ဘာသာ)
မွေးချင်း၊            ။ နှစ်ယောက်( ကျွှန်တော်ညီ အမည်။ မောင်ဖြိုးအောင်)
မွေးသက္ကရာဇ်။   ။ ၆.၅.၁၉၈၄ (တနဂ်နွေ)
ပညာအရည်အချင်း။    ။B.A (Eco)
အိမ်ထောင် မရှိ (ရှားရှားပါးပါး ရည်းစား တစ်ယောက်တော.ရှိ လက်ထပ်ဖို.တော့ ရည်ရွယ်ထား)
နေရပ်လိပ်စာ။   ။အမှတ်(၁၀၇) (င) လမ်း (၆) ရပ်ကွက်လှိုင်မြို.နယ်။

အကြိုက်ဆုံး ပြည်ပ မောင်အိုလံပီယာ။   ။ရွန်နီကိုးလ်မင်းလ် (အောက်ခြေအဆင်.ကနေ တက်လာသူ အားကျလောက်ဖွယ် အရည်အသွေးရှိသောကြောင်.)

ပြည်တွင်း အကြိုက်ဆုံးမောင်။   ။ကိုအောင်ခိုင်ဝင်း (မည်သူ၏ အထောက်အပံ.မှ မရှိပဲ  ထိပ်ဆုံးနေရာကို တက်လှမ်းလာသောကြောင်.)

လေးစားဖွယ်ကောင်းသော ပြည်တွင်း မောင်တစ်ဦး။   ။ကျွန်တော်တို.ဆိုဒ်ရဲ. ဦးစီးပဲ.ကိုင် ကိုနိုင်ေ၀၀င်း (ဘယ်သူ.မှ မလုပ်သော အလုပ်ကို လုပ်သော စွန်.ဦး တည်ထောင်သူ ပေါ.ဗျာ)

အားလုံးပဲ ကျွန်တော်သိသလောက် ကျွန်တော် အကြောင်းလေးကို အခုလို စိတ်ရှည်လက်ရှည် ဖတ်ကြားပေးတာ ကျေးဇူးပါခင်ဗျာ

Related posts:

  1. အဆင့်မကျော်ပါနဲ့
  2. မြန်မာ့ အားကစား ဖခင်ကြီး ဦးရှိန်
  3. ဒိုရီယံပြောသော သူ့ ခံယူချက်
  4. ကာယဗလနှင့် ကြည့်မှန် တစ်ချပ်
  5. အလေးဖြင့် လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး