Jun
21

သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ

Home > General Health > သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ

တင်ဆက်သူ – အောင်အောင်

စတီးရွိုက် ဟိုမုန်းဆေးကို ကာယဗလနှင်. ကြွက်သားဖွံထွားလိုသူများ အလွန်အကျွံ သုံးလျှင် အန္တရာယ် ဖြစ်နိုင်ကြောင်း ဗြိတိသျှဆေးပညာအဖွဲ (DrugScope)မှ ဗြိတိန်နိုင်ငံရှိ မြို.ပေါင်း၂၀တွင် လေ.လာ တွေ.ရှိခဲ့.ကြောင်း လူငယ် အများစုသည် ပိုမိုသုံးစွဲကြောင်း ယခင်က စတီးရွိုက် ဆေးဝါးကို ပြေးခုန်ပစ် အားကစားသမားများ အမောခံနိုင်ရန်နှင်. ခွန်အားအတွက် လည်းကောင်း အလေးမသမားများက ခွန်အားနှင်.ကြံ.ခိုင်မှုအတွက် လည်းကောင်း သုံးစွဲခဲ.ကြပြီး ယခုအချိန် ၂၀၀၀ပြည်.နှစ် နောက်ပိုင်းမှ စတင်ကာ လူငယ်အများစုသည် ခန္ဓာကိုယ် လှပမှုအတွက အလွဲသုံးစွဲခဲ.ကြကြောင်း လေ.လာတွေ.ရှိရသည်။ စတီးရွိက်ကို သုံးစွဲမှု များလာပါက လူအသက်ကို ဘေးဖြစ်နိုင်ကြောင်း သုံးစွဲသူတွင် သားသမီးရရန် ခက်ခဲခြင်း၊ ကျောက်ကပ်နှင်. အသည်းရောဂါ ရရှိနိုင်ခြင်း၊ သွေးတိုးရောဂါရနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အသည်းရောင် အသားဝါရောဂါ ရနိုင်ခြင်း တို. တွေ.ရှိရကြောင်း အဆိုပါအဖွဲ.ဧ။် အစီရင်ခံစာတွင် တွေ.ရှိပါတယ်။ ထို့ကြောင်.လည်း ယနေ.တွင် အားကစားသမားများ အထူးသဖြင်. ကာယဗလသမားများ အလေးမသမားများ လောကတွင် တားမြစ်ဆေးအဖြစ် သက်ဆိုင်ရာ အားကစားကြီးကြပ်မှု အဖွဲ.များကလည်း သုံးစွဲခွင်. မပြုသော ဆေးဝါး အဖြစ် ဥပဒေတစ်ရပ် ပြဌန်းလျှက် ရှိပေသည်။ စတီးရွိက်ဆေးသည် အချိန်တို ကာလအတွင်း အားပြည်.ခြင်း၊ စိတ်ကို ကြည်လင်ခြင်း၊ အမောခံနိုင်ခြင်း၊ တို.ကို အကျိုးပြုသယောင် ရှိပြီး နောက်ဆက်တွဲတွင် ဆိုးကျိုး အများကြီးပေးနိုင်ပါတယ် ဆိုတာ တင်ပြရင်း ဆေးဝါး သုံးစွဲမှု အစကို လေ.လာကြပါစို.။

ခေတ်သစ် အိုလံပစ်ပြိုင်ပွဲများဧ။် အစနမှုနာ ရှေးဂရိ အားကစားပြိုင်ပွဲများတွင် အနိုင်အရှုံးသည် အဓိက မဟုတ် ယှဉ်ပြိုင်မှုသည်သာ အဓိကလို. ဆိုပါတယ်။ သို.ဖြစ်သောကြောင်. အေသင်မြို. အနီးရှိအိုလံပစ် တောင်ကုန်းတွင် ကျင်းပသော အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသူများကို အဖိုးတန်ရွေ၊ငွေ  များပေးခြင်းမ၇ှိ သံလွင်ရွက်ဖြင်. ပြုလုပ်ထားသော သရဖူကိုသာ ချီးမြှင်.ခဲ.ကြသည်။ သို.၇ာတွင်. ၁၉၇ာစုကုန်ကာနီးတွင် စတင်ကျင်းပပြုလုပ်သော ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲ တစ်ခုစီတွင် အနိုင်ရရှိသော သူများကို ပထမ ရွှေတံဆိပ် ဒုတိယ ငွေတံဆိပ်၊ တတိယ ကြေးတံဆိပ် အသီးသီး ပေးအပ် ချီးမြှင်.ခဲ.ကြသည်။ ထို.ပြင် နိုင်ငံအလိုက် ဆုတံဆိပ်ရသော စာရင်းများကိုလည်း ထုတ်ပြန်ပေးခဲ.သည်။ ၁၉၃၆ ခုနှစ်က ဘာလင်မြို.တွင် ကျင်းပသော world olympic ပြိုင်ပွဲတွင် ဂျာမနီအာဏာရှင် ဟစ်တလာ က သူတို. ဂျာမန် လူမျိုးများသည် စစ်ရေး၊ ပညာရေး၊ စီးပွားရေး နယ်ပယ်မှာသာမက အားကစားတွင်လည်း အခြားနိုင်ငံများထက် သာလွန်ကြောင်း ကြွားလုံးထုတ်ခဲ.ရာ ယင်းနှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမေရိကန်မှ ဂျက်စီအိုဝင်က ပထမရသောအခါ ဟစ်တလာသည် လက်ဆွဲနှုတ်ဆက်ရန်ပင် ငြင်းဆိုခဲ.သဖြင်. သူတွင် လူကြီးလူကောင်း စိတ်ဓာတ်မရှိကြောင်း ထုတ်ဖော်ပြခဲ.သည်ဟု နိုင်ငံခေါင်းဆောင်များအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ.ပါတယ်။ ထို.ကြောင်. world olympicသည် နိုင်ငံကြီးများဧ။်အားပြိုင်ရာလည်း ဖြစ်ကြောင်း ထုတ်ဖော်ပြခဲ.သည်။ ထိုအိုလံပစ်ပြိုင်ပွဲများတွင် အနိုင်ရရှိရန် နည်းမျိုးစုံဖြင်. ကြိုးပမ်းကြရာ တရားသော နည်းများ ပါသလို မတရားသော နည်းလမ်းများလည်း ပါဝင်ရာ တရားသော နည်းလမ်းများမှာ လိုအပ်သော ထောက်ပံ.မှု များ တစ်နှစ်ပတ်လုံး ပေးကာ လေ.ကျင်.ပေးခြင်း ဖြစ်ပြီး မတရားသော နည်းလမ်းများမှာ တားမြစ်ဆေးဝါးများ သုံးစွဲကာ အားအင် ပိုရရှိအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ဆေးဝါးသုံးစွဲမှုအစ

မှန်ပေသည်။ ၁၉၀၄-ခုနှစ် အမေရိကန်ပြည်ထောင်စု စိန်.လူးဝစ်(စ်) မြို.တွင် ကျင်းပသော world olympic ပြိုင်ပွဲ၌ မာရသွန်ပြိုင်ပွဲတွင် ပထမရသော အမေရိကန် အပြေးသမား သောမတ်စ်ဟစ် သည် အာရုံကြောလှုံ.ဆော်သော ဆေး(Strychnine)နှင်.  ဘရန်ဒီအရက်တို. ရောစပ်ထားသော ဆေးကို သောက်ခဲ.သည်။

ထို.အတူ ၁၉၈၆ ခုနှစ်က မက်ဆီကိုမြို.တော်တွင် ကျင်းပခဲ.သည့် world olympic ပြိုင်ပွဲတွင် အမေရိကန် အားကစားသမားတစ်ဦးသည် ရွှေတံဆိပ်ဆုရသောအခါ သူဧ။် ဇနီးလောင်းက အခုရွှေတံဆိပ်ရမှပဲ လက်ထပ်လို.ရမှာ နောက်မို.ဆို သူ့ ဟာက အသုံးမ၀င် အလကားပဲဟု သူခင်ပွန်း လောင်း ဆေးကြောင်. ပန်းသေနေသည်ကို ရည်ညွှန်း ပြောဆိုခဲ.သည်။ မှန်ဧ။် အားသန်ဖို. ကြွက်သားများထွားကျိုင်းဖို. စတီးရွိက်ဆေးများ သုံးစွဲနေသူတွေဟာ ပန်းသေရောဂါရတတ်ပေသည်။
၁၉၇၆-  ခုနှစ်က ကနေဒါနိုင်ငံ မွန်ထရီ အောမြို.တွင် ကျင်းပ သော world olympic ပြိုင်ပွဲတွင် ဖင်လန်မှ တာဝေး အပြေးသမား လပ်(စ်) ဗီရင်သည် သိုလှောင်ထားသော သွေးနီဥများကို သူ.ကိုယ်ထဲသွင်းခြင်း (Blood Doping)ဖြင်. အားအင်ပိုရကာ မာရသွန်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရခဲ့သည်။ ထို.သို. မိမိသွေးနီဥများကို သိုလှောင်ထားပြီး အားကစားပြိုင်ပွဲ မကျင်းပမှီကလေးမှ ကိုယ်ထဲပြန်သွင်းခြင်းဖြင်. အောက်ဆီဂျင် သယ်ယူမှု နှုန်းသည် ၂၀ ရာခိုင်နှုန်းပို မြန်လာကြောင်း အခြားသူများထက် အမောခံနိုင် အပြေးမြန်နိုင် အားသန်နိုင်ကြောင်းတွေ.ရှိခဲ.သည်။

ဆေးဝါးသုံးစွဲမှုအပြစ်ဒဏ်

၁၉၈၈- ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ဘင်ဂျွန်ဆင်သည် မီတာ၁၀၀ ကို စံချိန်သစ် တင်ကာ ရွှေတံဆိပ်ရခဲ. သော်လည်း စတီးရွိက်ဆေးဝါး သုံးစွဲ ခဲ.သဖြင်.ေ၇ွှတံဆိပ် ပြန်အသိမ်း ခံခဲ.ရသည်။ မှန်ပေသည် အိုလံပစ်ပြိုင်ပွဲများတွင် အားကစားသမား အချို.သည် အားသန်စေသော ဆေးဝါးများ သို.မဟုတ် စိတ်ငြိမ်ဆေးများ သုံးစွဲကာ ဆေးမသုံးသူများထက် တစ်ပန်းသာ နေတတ်သည်။ တရားသော ယှဉ်ပြိုင်မှုကို မဖြစ်စေသည့်အပြင် အနိုင်ရသူမှာလည်း ဆေးဝါးဧ။် အကူအညီ ကြောင်.နိုင်ခြင်း ဖြစ်သဖြင်. သဘာဝကျသော နိုင်ခြင်းမဟုတ်ပေ။ ထို.ကြောင်. အားကစား အဖွဲ.အစည်းများက အားကစားသမားများ ဆေးဝါးသုံးစွဲမှုကို တရားဝင် တားမြစ်ခဲ. ကြပါတယ်၊ သုံးစွဲကြောင်း သိရလျှင် ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း၊ ပြိုင်ပွဲပြီးမှ သိရလျှင် ဆုတံဆိပ်များ ပြန်သိမ်းခြင်း၊ ရှေ. အားကစား ပြိုင်ပွဲများတွင် ၀င်ရောက်ခွင်. မပြုခြင်းတို.ကို ပြုလုပ်ခဲ.ကြပါသည်။ တာတို အပြေးသမား ဘင်ဂျွန်ဆင် သည် အပြေးပြိုင်ခြင်းကို တစ်သက်တာ အပိတ်ခံရသလို နာမည်ကျော် အာဂျင်တီးနား ဘောလုံးသမား မာရာဒိုနာမှာလည်း နှစ်ရှည် ဘောလုံးကစားခြင်းမှ အပိတ်ခံခဲ.ရပါတယ်။

အသုံးများသောတားမြစ်ဆေးဝါးများ

၁) စတီးရွိက်ဆေးဝါးများ

ဖိုဟိုမုန်း တက်စတိုစတီရုန်းနှင်. အလားတူသော ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည်။ ခန္ဓာကိုယ် တည်ဆောက်သော စတီးရွိက် ဟိုမုန်းတုများမှာ အားကစားလောကတွင် အသုံးများလှသည်။ ယင်း ဟိုမုန်းဆေးများကို Winstrol , Dianabol, Durabolin အဖြစ် ဆေးဝါး company များက ရောင်းချ နေကြသည်။ ထို ဆေးဝါးများမှာ ပုံမှန်အားဖြင်. ဖိုဟိုမုန်းချို.တဲ.သူများ၊ ကိုယ်လုံး သေးညှက်သူများ၊ နာတာရှည် ရောဂါများမှ နာလန်ထစ လူမမာများ၊ မိန်းမများတွင် ရင်သားကင်ဆာ ပျံ.နှံနေသူများ၊ အရိုးပျော. ရောဂါရှိသူများ၊ သွေးအားနည်း ရောဂါရှိသူများ အသုံးပြုရန် ဖြစ်ပြီး အားကစားသမားများ အသုံးပြုပါက ကြွက်သား ကြီးထွားသန်မာခြင်း၊ ထွားကျိုင်းလာခြင်း၊ ရဲစိတ်ရဲမာန်များ ၀င်လာခြင်း တို.ကြောင်. အလေးမ သူများနှင်. အပြေးသမား၊ ကာယဗလ လိုက်စားသူများ သုံးစွဲကြတာများပါတယ်။

မကောင်းသော ဘေးဥပါဒ် အာနိသင်များမှာ အမျိုးသားများတွင် ဝှေးစေ.သိမ်သွားခြင်း၊ ပန်းသေခြင်း၊ ရင်သားစူလာခြင်း၊ အမျိုးသမီးများတွင် နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး ပေါက်လာခြင်း ရာသီမလာဖြစ်တတ်ခြင်းနှင်. အခြားသော ဆိုးကျိုးများမှာ အသည်းနှင်. ကျောက်ကပ် ထိခိုက်ခြင်း၊ နှလုံး ထိခိုက်ကာ သွေးကြောကျဉ်းခြင်း၊ သွေးတိုး ရောဂါရရှိခြင်း။ ပန်းသေခြင်း။ မြုံခြင်းနှင်. စိတ်မတည်ငြိမ်ခြင်းတို. ဖြစ်နိုင်ပါတယ်။

၂) လူကြီးထွားဟိုမုန်း


လူကြီးထွားဟိုမုန်းမှာ အလွန်ဈေးကြီးသည် တစ်ခါထိုးဆေးကို အမေရိကန် ဒေါ်လာ ၃၀၀ မှ ၃၅၀ ကြားရှိသည်။ ပုံမှန်အားဖြင်. အသက် (၁၈) နှစ် မကျော်သေးသော ကြီးထွား ဟိုမုန်းချို.တဲ.သူများ လူပုကလေးများကို ထိုးပေးလျှင် အရပ်ရှည်ထွက်လာဧ။် အခြားအကြောင်းကြောင်. အရပ်ပုလျှင်မူ အကျိုးမရှိပေ။ ထိုစွမ်းအင်ကိုယူကာ အားကစားသမားများ အချို.တွင် အရပ်ရှည်ခြင်း ကြွက်သားများဖွံ.ဖြိုးခြင်း တို.ရရှိကာ အချို.တွင် မရရှိတတ်ပေ။ ပြိုင်ပွဲဝင်သူများ အနေနှင်. ထိုဆေးကို ထိုးထားလျှင် စမ်းသပ်ခန်း ထဲတွင် လွယ်လွယ် ရှာမရပေ။ သို.သော် ထိုဆေး သုံးစွဲသူများတွင် အရပ်မရှည်လာဘဲ မေးကြီးလာခြင်း၊ အဆစ်အမြစ်တုတ်လာခြင်း နှင်. ခါးကိုင်းလာတတ်သည်။

၃) ဘီတာပိတ်ဆေးများ

သွေးတိုး ရောဂါကျဆေး တစ်မျိုးဖြစ်သော ထိုဆေးကို စားထားလျှင် လူမှာ စိတ်ငြိမ်ပြီး ရုတ်တရက် စိတ်မတိုတတ် အာရုံစိုက်ပြိုင်ရသော သေနပ်ပစ်နှင်. မြှားပစ် ပြိုင်ပွဲဝင်သူများ အသုံးများကြပါသည်။ ထိုဆေးများကို Propanolol (Inderal) Metoprolol (Looressor) စသည်ဖြင်. ၀ယ်ယူနိုင်သည်။ ပန်းနာရောဂါသည်များနှင်. မတည်.ပေ။ ဆေးခန်းတွင် အလွယ်တစ်ကူ စစ်ဆေးနိုင်သဖြင်. ယခု သိပ်မသုံးစွဲကြတော.ပေ။

၎) လှုံဆော်သောဆေးများ

ပန်းနာရောဂါတွင် အသုံးပြုသော အက်ဖီဒရင်း (Ephidrine) သည် လေပြွန်များကို ကျယ်စေရုံမက စိတ်ကိုလည်းလန်းဆန်းစေသဖြင်. ရှေးအခါက အားကစားသမားများသည် အက်ဖီဒရင်းကို သုံးစွဲခဲ.ကြသည်။ အလားတူ အက်ဖီတမင်း(Amphetamine or Dexedrine) ဆေးများကိုလည်း သုံးကြဧ။် သို.ရာတွင် အလွယ်တစ်ကူ စစ်ဆေးနိုင်သဖြင်. ယခု သိပ်မသုံးစွဲကြတော.ပေ။

၅) သွေးနီဥပြန်ထိုးခြင်း


မိမိဧ။် သွေးနီဥများကို ခွဲထုတ်ကာ သိုလှောင်ထားပြီး ပြိုင်ပွဲကျင်းပခါနီးမှ ထိုသွေးနီဥများကို မိမိကိုယ်ထဲ ထိုးထည်.ရသည်။ ထိုအခါ အောက်ဆိဂျင် သယ်ယူမှု ပိုကောင်းကာ ပိုမို အမောပန်းခံနိုင်ပြီး ပိုအပြေးသန်သည်။ ပိုအောင်မြင်သည်။ သို.သော် အသည်းေ၇ာင် အသားဝါ ဘီပိုးဝင်နိုင်ခြင်း၊ အခြားမှ သွေးမှ တစ်ဆင်. ကူးဆက်နိုင်ခြင်း တို.ကြောင်. ယခု သိပ် အသုံးမပြုကြတော.ပေ။

ထို.ကြောင်. ကျွန်တော်တို. အနေနဲ. ကိုယ်တိုင်လည်း တားမြစ်ဆေးဝါး မသုံးစွဲကြဖို.အခြားသော လူငယ်ပိုင်းလေးတွေကို လည်း မသုံးစွဲကြဖို. သတိပေးကြဖို.တော. လိုပါမယ်။  ကျွန်တော်တို. Gym မှာလည်း လက်ရှိ တစ်ချို. လူငယ်ပိုင်းလေးတွေဟာ  တက်စတိုရုန်း တိုး ဒက်ကာ ဂျူရာဘိုလင် စသည်. ဆေးဝါးတွေကို သုံးစွဲပြီး ကစားနေကြပါတယ်။ ကျွန်တော်လည်း သတိတော.ပေးပါတယ်။ လိုက်နာရမှာတော. သူတို.ရဲ.အပိုင်းပေါ.ဗျာ။ ဘေးကလူက ဘယ်လောက်ပဲ သီချင်းဆို သိပ်သိပ် ကိုယ်တိုင်အိပ်မှပဲ အိပ်ပျော် ဆိုတဲ.  စကားလေးလိုပဲ ကျွန်တော်တို. အနေနဲ. တားမြစ်ဆေးဝါးတွေကို ရှောင်ကြဉ်ကြပါစို.။

တင်ဆက်သူ။         ။ အောင်အောင်(aungaung.aung24@gmail.com)

Related posts:

  1. ကာယဗလသမားတိုင်း လိုက်နာ သင့်သော အကောင်းဆုံး အကြံပြုချက် -၂၀- အပိုင်း၂
  2. ကမ္ဘာကာယဗလ ရှေ့ဆောင် ယူဂျင်း ဆန်ဒို
  3. တားမြစ်ဆေးရဲ့ သားကောင် ဖြစ်ခဲ့ရသော မွန်ဇာ
  4. အားကစားနှင့် အကြောလျှော့ခြင်း
  5. ကာယဗလနှင့် လေ့ကျင့်မှု လွန်ကဲခြင်း