Jan
1

အစားအသောက်ဆိုင်ရာ ပဟေဠိ ၃ ခုအတွက် အဖြေများ

Home > Healthy Recipes > အစားအသောက်ဆိုင်ရာ ပဟေဠိ ၃ ခုအတွက် အဖြေများ

၁) ကျွန်တော် ဖြည်းဖြည်းစားဖို့ ကြီုးစားကြည့်သေးတယ်။ ဒါပေမဲ့ စားပြီဆိုလျှင် ၀ံပုလွေတစ်ကောင်လိုပဲ အမြဲတမ်းဖြစ်ဖြစ်သွားတယ်။ တချို့က ကျွန်တော့်ကိုပြောတယ်။ ဒါသည် ၀ိတ်တတ်ဖို့အတွက် လုံးဝသေချာတဲ့ နည်းစနစ်ဖြစ်နေတယ် ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ လျှင်မြန်နေတဲ့ အရသာခံခြင်းက ကျွန်တော့်ကို ၀ စေပါသလား?

တိုတိုဖြေရလျှင် ဟုတ်တယ်။ ၀ ပါတယ်။ လက်နဲ့ ပါးစပ်နဲ့ လျှင်မြန်နေအောင် ဆက်သွယ်ခြင်းသည် မလိုအပ်တဲ့ ၀ိတ်တက်ခြင်းဖြစ်စေပါလိမ့်မည်။ တိုကျို National Institute of Health and Nutrition က တွေ့ရှိသည်မှာ အမြန်စားသည့် ပုဂ္ဂိုလ်များသည် ဗီဝဖြစ်ပျက်မှု ပြဿနာများ ကပိုကြုံတွေ့ရလေ့ရှိပြီး ဖြေးဖြေးအချိန်ယူဝါးစားသူများထက် ပိုအလေးချိန်စီးတတ်သည်ဟူ၍။ ဤသည်ကို preventative Medicine ဂျာနယ်မှ နောက်ထပ်သုတေသနတစ်ခုက ထပ်အားဖြည့်ထားသည်မှာ မြန်မြန်စားသူများသည် ခန္ဓာကိုယ်အဆီ ရာခိုင်နှုန်းပိုများသည်ဟု ဆိုထားသည်။ ထို့ကြောင့် စားဖို့ အချိန်ရောက်လျှင် ဗရိတ်အုပ်ထားပါ။ အစားကို ဖြည်းဖြည်းဝါးစားပါ။ တီဗီကို ပိတ်ပါ။ စားပွဲမှာ ထိုင်ပါ။ ဧည့်သည် စားဖော်ရှိလျှင် ပိုကောင်း၏။ ပါးစပ်ထဲ အပြည့်တစ်ခါထည့်ပြီးလျှင် ဇွန်းနဲ့ခရင်းကို ပြန်ချထားပါ။ ဇွန်းခရင်းတော့ သေချာပေါက်သုံးရပါလိမ့်မည်။

၂) ကျွန်တော်ဝိတ်ကျအောင် စားသင့်တဲ့ အရေးအကြီးဆုံး အစားအသောက် ငါးမျိုးကို ဖော်ပြပါ။

၁) ဂရိတ်ဖရုသီး Louisiana State University မှ လေ့လာမှုတစ်ခုမှ တွေ့ရှိသည်မှာ ဂရိတ်ဖရုသီးကို ၁၂ပတ်ထက် ပိုကြာအောင် နေ့စဉ်သုံးစွဲနေသူများသည် ထိုချဉ်သော အသီးကို ရှောင်ရှားကြသူများထက် ၄ ပေါင် (၁.၈ကီလို)ကျသွားသည်ဟူ၍ ဖြစ်သည်။

၂) ဥများ မနက် breakfast ကို ဥစားခြင်းသည် နေ့လယ်စာ၌ နည်းနည်းသာ စားဝင်စေပြီး တနေကုန်တလျှောက်လုံး ဗိုက်ဆာလောင်ခြင်းကို လျော့နည်းစေသည်ဟု Journal of the American College of Nutrition က ဖော်ပြထားသည်။

၂) စွပ်ပြုတ် Journal of Human Nutrition and Diabetics မှ လေ့လာမှုတစ်ခုတွင် တစ်ပတ်ကို စွပ်ပြုတ် ငါးကြိမ်လောက် သောက်သူများသည် BMI 23 အောက် ရှိကြသည်ဟု ဖော်ပြထားသည်။ ၎င်းသည် ပိန်သည်ဟု ယူဆနိုင်သည်။

၎) ငါး ၀ိတ်ကျခြင်းကို လုံးဝကို အားပေးသော omega-3 နှင့် ပရိုတိန်းတို့သည် ငါးတွင် အလွန်အကျုးကို ပါဝင်သည်ဟု American Journal of Clinical Nutrition ကဖော်ပြထားသည်။

၅) Whey protein မကြာသေးမီက the University of Toronto မှ သုတေသနတစ်ခုတွင် ယောက်ျားများအား သူတို့စားနိုင်သလောက် စားကြဟု ဘူဖေးတစ်ခုကျွေးရာ ဝှေးပရိုတိန်းဖျော်ရည်ကို နှစ်နာရီလောက် စောသောက်ထားသူများသည် မသောက်သူများထက် ကယ်လိုရီ ၂၀၀လောက် လျှော့စားကြသည်ကို တွေ့ရသည်။

၃) ကျွန်တော့် ၀ိတ်တက်ချင်လို့ ကယ်လိုရီ အများဆုံးသွင်းနိုင်အောင် အကောင်းဆုံး ကဆီဓာတ်သည် ဘာပါလဲ?

ရွှေချီမှုန့်။ ၎င်းမှုန့်သည် အီစိမ့်နေသော အမှတ်တရများကို ပြန်ဖော်လိုက်သလိုပင်။ သို့သော်လည်း ၎င်းတွင် ကာဗိုဟိုက်ဒရိတ် အထူအထဲကိုပါသည်။ ၇၃ရာခိုင်နှုန်းပါသည်။ သင့်ကယ်လိုရီလိုအပ်ချက်ကို ချက်ချင်းဖြည့်ပေးနိုင်သည်။ ခွန်အားတွေ ရုတ်တရက် တက်သွားစေသည်။ သင်ကစားတဲ့အချိန် ကုန်သွားတဲ့ ခွန်အားတွေကို ချက်ချင်း ပြန်ဖြည့်ပေးနိုင်သည်။ သင်ဝိတ်တက်ချင်လို့ သောက်နေတဲ့ ဖျော်ရည်တွေထဲ ရွှေချီမှုန့်တွေထည့်၊ ရောမွှေသောက်လိုက်လျှင် မကြာခင်မှာပဲ ၀ လုံး တက်လာပါလိမ့်မည်။ အိမ်က ၀၀ မမကြီးတွေ တစ်ခါမှ မပြောပါဖူးသေးသော အဖြေဖြစ်လိမ့်မည်။

Related posts:

  1. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း
  2. ထိပ်ဆုံးက အစားအသောက် ၄၀
  3. ပရိုတိန်းအကြောင်း သိကောင်းစရာများ
  4. သင်ဥကြိုက်လား
  5. သင်နေတဲ့ အခန်းအပူချိန်က အဆီကျခြင်းနဲ့ ဆက်စပ်နေတာ ယုံပါသလား?