ပန်းသီးနှင့် လိမ္မော်သီးကို ကာယကစားသည့်အခါ ဘယ်အရာက ပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်သည့်အခါ–
Home > Healthy Recipes > ပန်းသီးနှင့် လိမ္မော်သီးကို ကာယကစားသည့်အခါ ဘယ်အရာက ပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်သည့်အခါ–သင့်အမေက သင့်ကို တစ်နေ့ ပန်းသီးတစ်လုံးစားခြင်းသည် ဒေါက်တာများနှင့် ဝေးကွာစေလိမ့်မည့်ဟု ပြောပေလိမ့်မည်။ တကယ်ပဲ အဲသည့်လောက် ကောင်းသလား? ပိုအရေးကြီးသည်မှာ ပန်းသီးနှင့် လိမ္မော်သီး – သူတို့ နှစ်ခု နှိုင်းယှဉ်သည့်အခါ ဘယ်သူသည် ကြွက်သားကို ကြီးထွားနေစဉ်တွင် အဆီကို ကျနေအောင် ပိုပြုလုပ်ပေးနိုင်သလဲ?
ကာယလေ့ကျင့်သူများသည် လေ့ကျင့်ချိန်ဝန်းကျင်များတွင် အသီးများကို ရှောင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် အချိုဓာတ် fructose များသောကြောင် မကောင်းဟုယူဆကြသောကြောင့်ဖြစ်သည်။ ထို အပင်များမှ ရသော သဘာဝ အချိုဓာတ်များသည် ကျွန်တော်တို့ အသည်းတွင် ၀င်ရောက်ပြောင်းလဲခြင်းခံရပြီးမှ ကြွက်သားဆီရောက်နိုင်သော glucose အဖြစ်သို့ ရောက်သည်။ ထို့ကြောင့် ကြားထဲမှ ချိုမြိန်လှသော အချိန်လေးကြန့်ကြာနေသည်။
ပန်းသီးသည် လိမ္မော်သီးထက် ပိုနှေးကွေးစွာ လောင်ကျွမ်းသော အသီးဖြစ်သည်။ ဆိုလိုသည်မှာ ပန်းသီးမှ ထွက်သော ခွန်အားသည် သင်နှင့် အတူ ပိုကြာကြာနေလိမ့်မည်။ လိမ္မော်သီးသည် ပိုလျှင်မြန်စွာ လောင်ကျွမ်းသည်။ သို့သော် သူ့တွင် အာဟာရဓာတ်များ ပိုများသည်။ အထူးသဖြင့် ဗီတာမင်စီ အမြောက်အမြားပိုပါဝင်သည်။
နှစ်ခု ယှဉ်ကြည့်လိုက်ပါက
အတူတူပင်ဖြစ်သည်။
အကြောင်းပြချက်
ပန်းသီးနှင့် လိမ္မော်သီးများသည် မကစားခင်တွင် စားပါက အကောင်းဆုံးဖြစ်ပြီး ကစားပြီးလျှင်ဆိုပါက သိပ်မကောင်းပါ။ သူတို့နှစ်ခုလုံးသည် နှေးကွေးစွာ လောင်ကျွမ်းသော ကာဗိုဟိုက်ဒရိတ် ကဆီဓာတ်များ ဖြည့်ဆည်းနိုင်သောကြောင့် ကစားသည့် အချိန်တွင် အင်ဆူလင် ဟိုမုန်းဓာတ်ကို မြင့်တက်ခြင်း မရှိစေပါ။ (အကယ်၍ မြင့်တက်နေလျှင် အဆီကျခြင်းကို အနှောင့်အယှက် ပေးပေလိမ့်မည်။) ပန်းသီးကတော့ နည်းနည်းလေး အစွန်းထွက် သာသည်။ ပန်းသီးကြီးကြီးတစ်လုံး မကစားခင် စားလိုက်ခြင်းသည် သင်လိုအပ်သော ကဆီဓာတ်ပမာဏ နီးနီး ကွက်တိဝင်သွားလိမ့်မည်။ (၃၀-၄၀ ဂရမ်) ထို့အပြင် သူတို့သည် အစာခြေရာတွင် နည်းနည်းလေးပိုကြာသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် ပက်တင် (pectin အမျှင်ဓာတ်တစ်မျိုး) ပိုပါသည်။ လိမ္မော်သီးတွေကလည်း သူတို့ ဗီတာမင်စီ ပမာဏနှင့် ဘီတာ ကယ်ရိုတင်း (beta-carotene) ပမာဏကို အကြောင်းပြပြီး အမှတ်ယူနိုင်သည်။ ဗီတာမင်စီသည် နိုက်ထရစ် အောက်ဆိုဒ်ကို အားပေးပြီး ကာယဗလသမားများအတွက် အကျိုးထူးဖြစ်စေသည်။ မကစားခင် လိမ္မော်သီးနှစ်လုံးစားခြင်းသည် သင့်အတွက်လိုအပ်သော ကဆီဓာတ်ရစေလိမ့်မည်။
Related posts:









အမြဲတန်း လာရောက်ဖတ်ရှုနေတဲ့ http://myanmarfitness.com ရဲ့ပရိတ်သတ် တစ်ဦးပါ။