Dec
3

Gym Bag – အာနိုး၏ လက်မောင်းကစားနည်း လမ်းညွှန်ချက်

Home > Gym Bag > Gym Bag – အာနိုး၏ လက်မောင်းကစားနည်း လမ်းညွှန်ချက်

Arnie's arm training
စူပါဆက် Supersets ဆိုသည်မှာ ဆန့်ကျင်ဘက်ကြွက်သားနှစ်မျိုး(ဥပမာ လက်မောင်းရှေ့သားနှင့် နောက်သား သို့မဟုတ် ရင်အုပ်နှင့် နောက်ကျော) အတွက် လေ့ကျင့်ခန်းနှစ်မျိုးကို ကြားထဲမှာ လုံးဝမနားဘဲ ဆက်ကစားခြင်းကို ဆိုလိုသည်။
“စူပါဆက်များသည် ထူးထူးဆန်းဆန်းကို ကြွက်သားပူလောင်မှုကို ရပါစေလိမ့်မည်။ သို့သော် အဲသည့်ကောင်းသည့် အရာတစ်ခုကို အလွဲသုံးစားမလုပ်မိပါစေနှင့်။ လက်မောင်းရှေ့သားများသည် စူပါဆက်တွေနှင့် ဖောက်ခွဲမှုဒဏ်ကို မခံနိုင်လောက်အောင် သေးငယ်သည်ဟု ကျွန်တော် ယူဆမိသည်။ လက်မောင်းရှေ့သားချည်း နှစ်ကျော့ဆက်တိုက်ကစားလျှင် လက်မောင်းရှေ့သားတွေပဲ ပူလောင် စုတ်ပြတ်သွားလိမ့်မည်။ ထိုအစား လက်မောင်းရှေ့သားလေ့ကျင့်ခန်းတစ်ခုပြီးလျှင် လက်မောင်းနောက်သားလေ့ကျင့်ခန်းတစ်ခုနှင့် စူပါဆက်တွဲပါ။ ဤသည်မှာ လက်မောင်းများအတွက် အကောင်းဆုံးစူပါဆက်အတွဲဖြစ်သည်။ အကောင်းဆုံး လေ့ကျင့်မှု သဘောတရားဟုဆိုသော်လည်း ကိုယ်နှင့် ကိုက်မကိုက် စမ်းသုံးကြည့်ပါဦး။ ကျွန်တော်ကတော့ ကျွန်တော့်လက်မောင်းတွေဟာ ရှေ့သားနှင့် နောက်သားစူပါဆက်တွဲကစားလျှင် အထိရောက်ဆုံးဆိုတာ တွေ့ရှိခဲ့သည်။ ထို့အတွက် သင်လည်း တွေ့ရှိသင့်သည်။” – Arnold Schwarzenegger

သင်လည်း စူပါဆက် ကစားဖူးပါသလား? ဆွေးနွေးပါ၊ Comments?

Related posts:

  1. အဆင့်မကျော်ပါနဲ့
  2. ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်
  3. ရဂ် ပက်ခ် ၂ နှစ်ပြည့် အမှတ်တရ (၁၉၂၈-၂၀၀၇)