Mar
2
သင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါ
Home > နိုင်ဦး စာမျက်နှာ > သင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါတင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
“ကျွန်တော် ကာယဗလ စတင်လေ့ကျင့်စဉ်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပုံကျအောင် ဘယ်လိုကစားရမလဲ ဆိုတာပါဘဲ။ ဒါ့ကြောင့် ကျွန်တော် အာနိုးရဲ့ ကစားနည် ဗီဒီယို pumping iron ကိုနေ့ တိုင်း ကြည့်ပါတယ်။ ပြီးတော့ ကျွန်တော် ကစားတဲ့ gym မှာ တခြားသူတွေ ကစားတဲ့ပုံကို လေ့လာကြည့်ပါတယ်။ သေသေချာချာ လေ့လာကြည့်တော့မှ ဒီလူတွေ ဘာကြောင့် တိုးတက်မူ့မရှိလဲဆိုတာ သိလာပါတော့တယ်။ သူတို့ ဟာ လေ့ကျင့်ရာမှာ အလေးများများ ကစားဖို့ ပဲ အာရုံရိုပြီး ပုံကျပန်းကျ ဖြစ်အောင် ကစားဖို့ စိတ်မ၀င်စားသူတွေ ဖြစ်နေပါတယ်။ ရင်အုပ်ကစားသည်ပဲ ဆိုပါစို့ ။ သူတို့ ဟာ ဘားတန်းကို တစ်ဝက်တစ်ပျက် လောက်သာ ရင်အုပ်ပေါ် ချပြီး ပြန်တွန်းတင်ကြပါတယ်။ အာနိုးကတော့ ဘားတန်းကို ရင်အုပ်နဲ့ ထိအောင်ချပြီး အပေါ်ကို အဆုံးပြန်တင်လေ့ရှိပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်လဲ အာနိုးအတိုင်းပဲ လေ့ကျင့်ခန်းအားလုံးကို အဆုံးအထိ ညှစ်ကစားသောစနစ်( full range of motion ) ကိုပဲသုံးပါတယ်။ ပြီးတော့ ကျွန်တော်အစ အဆုံးညှစ် မကစားနိုင်တဲ့ အလေးကို ဘယ်တော့မှ မကစားပါဘူး။ ဒါ့ကြောင့် လူသစ်တွေ အနေနဲ့ အလေးများများ ကစားဖို့ ထက် မိမိကစားသော ပုံစံကို စနစ်ကျအောင် ဂရုစိုက်သင့်ပါတယ်။”
-ဗစ်တာမာတီးနက်စ်—- 2007-အာနိုးကလပ်စစ်ချန်ပီယံ
စီစဉ်တင်ပြသူ
နိုင်ဦး—–119
Email—–intensemuscle@gmail.com
Related posts:







အကိုရေ… အကိုပြောတာ မှန်ပါတယ်… ဒီမှာလဲ ဆော့တဲ့သူတချို့က စစချင်းမှာ အလေးတွေ အများကြီးကို မ နေကြတယ်.. (သူတို့ မ နိုင်တယ်ဆိုတာ ပြတာလားတော့ မသိဘူး)… ပြီးတော့ ဘာမှ မတိုးတက်လာဘူး… ဒီအတိုင်းပဲ… များများ မ မှ မြန်မြန်တက်မယ်လို့ ထင်နေကြတာ… အဲဒါမှားနေတယ်လို့တော့ ကျနော်လဲ သိသလောက်ပြောပြပါတယ်… စကားမစပ်အကိုရေ… ကျနော် googlr crome သုံးတာ အကိုတို့ ဆိုက်ရဲ့ (ပထမစာမျက်နှာ) ဆိုတာကို ဝင်လို့ မရဘူး… mozilla firefox မှာတော့ ဝင်လို့ ရတယ်… ပြောပြတာပါအကို… နောက်တခုမေးပါရစေအကို… ဖိုရမ်က ဘယ်မှာဝင်ရမလဲ အကို…
ကိုနိုင်ဦး ပြောတာမှန်တယ်လို.ထင်ပါတယ် အလေးမကစားတဲ.နေရာမှာ အလေးအများကြီးမနိုင်ဖို.ထက် စနစ်တကျနဲ.မနိုင်ဖို. ကိုယ်ကစားတဲ.muscleကိုညှစ်ကစားနိုင်တာအကောင်းဆုံးလို.ထင်ပါတယ်ကျွန်တော်တို.gymမှာလဲ ကောင်လေးတစ်ချို.တစ်လေဟာ ကိုယ်မနိုင်သလောကအလေ်းမထည်.ဘဲ ပိုထည်.ပြီး အနောက်ကထိန်းပေးတဲ.လူကသာ လက်မောင်းကြီးသွားတယ် သူတိုရဲ. body ကမတိုးတက်လာပါဘူး အလေးအများကြီးမပြီ်းကုန်ဆုံးသွားတဲ.ကယ်လိုရီအတွက်အာဟာ၇တို. ဆေးဝါး တို.မလိုက်နိုင်၇င် ပလိုင်းပေါက်နဲ. ဖားကောက်သလိုပါအချိန်ကုန် ငွေကုန် အလကားပါဘဲ အဲဒါကြောင်.အလေးအများကြီးထည်.ပြီး အောက်ကနေ ကော.ပြန်လန်မဲ.ရွဲ.ပြီးမနိုင်မနင်းမလုပ်ဘဲ ကိုယ်နိုင်သလောက်ထည်.ပြီး အသက်မှန်မှန်လေးရှုသွင်းရှုထုတ် muscleကိုညှစ်ကစား၇င်ကျွန်တော်တို.လိုချင်တဲ.bodyလေးဖြစ်လာသလို ကျန်းမာေ၇း နဲ.လည်းညီညွတ်လာမယ်ထင်ပါတယ် ဘော်ဒါတိုအနေနဲ.gymမှာ ပိုက်ဆံပေးပြီး ရောဂါမ၀ယ်ပါနဲ.ဖြည်းဖြည်းမှန်မှန်လေးသာမပါ စိုးပိုင်သီချင်းလိုပဲ တစ်နေ.တော.ဖြစ်လာမှာပါ
ကျေးဇူးပါ !
ကျေးဇူးပါအကိုရေ…
Ko Shan Lay,
Which version of Google Chrome did you use?
Thanks.
ကျေးဇူးပါ အစ်ကိုရာ ဒီဆိုက်က စာရေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ကျနော် အားလုံးကို ဖတ်ကြည့်ပါတယ် တစ်ချို့ဟာလေးတွေ မအားလပ်လို့ Comment မရေးဖြစ်တာပါ ။အားလုံးပဲ ဆက်ပြီးရေးကြပါဦးလို့
ကျနော်က နယ်မှာ ကာယဗလနည်းပြလုပ်နေပါတယ် ဆရာ..မရှိတဲ့နောက်ဒါမျိုးတွေမဖတ်ရတော့ဖူးထင်နေတာဒီဆိုက်ဒ်ကိုတွေ့တာကျေးဇူး
ါကျနော်က နယ်မှာ ကာယဗလနည်းပြလုပ်နေပါတယ် ဒါမျိုးတွေအများကြီးဖတ်ချင်ပါတယ်..