May
1
ကာယဗလနှင့် အာဟာရဓာတ်များ
Home > General Health > ကာယဗလနှင့် အာဟာရဓာတ်များဧည့်သည် တင်ဆက်သူ – အောင်အောင်
မိတ်ဆွေ သင်.အနေနဲ. ကာယဗလအားကစားကိုဝါသနာပါလို.ပဲဖြစ်ဖြစ် ကျန်းမာရေးအရကစားသည်ပဲဖြစ်စေ မသိမဖြစ် သိထားသင်.တာတွေထဲမှာ လိုအပ်တာတစ်ခုက အာဟာရဓတ်တွေပဲဖြစ်ပါတယ် အခြေခံအားဖြင်.တော. အာဟာရဓာတ် (၆)မျိုးပါပဲ
(၁)။ ကာဗိုဟိုက်ဒြိတ်ဓာတ်(carbohydrates)
ကာဗိုဟိုက်ဒြိတ်လို.ခေါ်တဲ. ကစီဓာတ် သည်တစ်ကိုယ်လုံးအတွက်
ခွန်အားပေးသော အာဟာရဓာတ်ဖြစ်သည်။ ကစီဓာတ်ကြွယ်ဝသော အစားအစာတွေက ဆန်၊ ဂျုံ။ ပြောင်း၊ ပဲ ၊ကော်မှုန်. ၊ သကြားနှင်.အမျှင် ဓာတ်ပါသော အစားအစာတို.ပါပဲ ။
ကာဗွန်ဟိုက်ဒြိတ် ကိုပဲ နောက်ထပ် (၂)မျိုးခွဲထားပါတယ်။ ရိုးရိုးကာဗိုဟိုက်ဒြိတ် (simple carbohydrates) နှင်. မျိုးစုံပါ ကာဗိုဟိုက်ဒြိတ် (complexcarbohydrates)တို.ဖြစ်ပါတယ်။
သကြားသည် ရိုးရိုးကာဗိုဟိုက်ဒြိတ်ဖြစ်ပြီး ကျန်ဖော်ပြပါ
အစားအစာတို.ဟာဆိုရင် မျိုးစုံပါ ကာဗိုဟိုက်ဒြိတ်တို.ဖြစ်ပါတယ်။
(၂)။ ပရိုတိန်းဓာတ်(protein)
ပရိုတိန်း သို.မဟုတ် အသားဓာတ်ဟာဆိုရင် ကြွက်သားများကြီးထွားဖို.ကို အများကြီး အကူအညီပေးပါတယ်။ ပရိုတိန်းဓာတ်များစွာ ပါဝင်တာကတော.အသား ငါး။ ပဲအမျိုးမျိုး။ ပုဇွန်။ ဥ အမျိုးမျိုးတို.ဖြစ်ပါတယ်။ ပရိုတိန်းကို လည်းနှစ်မျိုး ခွဲထားပါတယ် အသားပရိုတိန်းနှင်.
ဟင်းသီးဟင်းရွက် ပရိုတိန်းတို.ပါပဲ ။ ပရိုတိန်းမှာပါရှိသော အက်ဆစ်စာတ်ကို အမိုင်နိုအက်ဆစ်လို.ခေါ်ပါတယ်။ လူရဲ.ကိုယ်အတွင်းမှ ထုထ်လုပ်သော အမိုင်နိုအက်ဆစ် (၁၃)မျိုးကို မရှိမဖြစ်မလိုအပ်သော အမိုင်နိုအက်ဆစ်ဓာတ်(non essential aminoacids) လို.ခေါ်ပြီး ကျန်(၉)မျိုးကို မရှိမဖြစ်အရေးပါသော အမိုင်နိုအက်ဆစ်လို. ခေါ်ပါတယ်။ အားလုံးပေါင်းအမိုင်နိုအက်ဆစ်ဓာတ် (၂၂)မျိုးရှိပါတယ်။ ထိုဓာတ်ရရှိဖို. အထက်ဖော်ပြပါ အစားအသာက်တွေကိုဖြည်.စွက် စားသောက်ပေးရပါမယ်။

(၃)။အဆီဓာတ်(fats)
မိတ်ဆွေမှာ ကစီဓာတ်သာ့ကုန်သွားခဲ.ရင် အဆိုပါအဆီဓာတ်က မိတ်ဆွေကို အများကြီး အကူအညီပေးပါတယ်။ လိုအပ်တဲ.အားအင်တွေကို အဆီဓာတ်ကဖြည်.စွမ်း ပေးပါတယ်။ အဆီဓာတ်လည်း နှစ်မျိုးပါ့ပဲ အဓိကအနေနဲ. အသားများမှရသောအဆီ နှင်. ဟင်းသီးဟင်းရွက်အဆီ တို.ပါပဲ။ အဆီဓာတ်ပေါများစွာ ပါဝင်တာကတော. ၀က်သား။ ၀က်ပေါင်ခြောက်။ ၀က်အူချောင်း။ ထောပတ်။ ၀က်ဆီ။ မလိုင် ကြက်ဥအနှစ်။ မြေပဲ။ အချို.မှုန်.ပါပဲ အဆီဓာတ်ကိုလို အပ်တာထက် ပိုမစားရပါဘူး ဟင်းသီးဟင်းရွက် အဆီကတော.များသောအားဖြင်. ဘေးကင်းပါတယ်။ အဆီဓာတ်များရင် ကိုလက်စထရောလ် (cholesterol)များပြီး နှလုံးရောဂါရနိုင်တာမို. မိတ်ဆွေအနေနဲ. လိုတာထက်မပိုပါစေနဲ.
(၄)။ဗီတာမင်ဓာတ်(vitamins)
ဗီတာမင်ဆိုတာရောဂါမ၀င်အောင်ကာကွယ်ပေးတဲ. သက်စောင်.ဓာတ်တစ်မျိုးဖြစ်ပါတယ်
ဗီတာမင် A,B အမျိုးအစားများ D,C,E,K တို.ဖြစ်ပါတယ်။ ဗီတာမင်လည်းနှစ်မျိုးရှိပါတယ်
အဆီတွင်ပျော်ဝင်သော ဗီတာမင်နှင်. ရေတွင် ပျော်ဝင်သော ဗီတာမင်တို.ပါပဲ
A.D,E,Kတို.ဟာ အဆီတွင်ပျော်ဝင်ပြီး ကျန်ဗီတာမင်တွေက ရေမှာ ပျော်ဝင်ပါတယ်။
ကာယဗလ သမားများအတွက်က A,BC.D.Eအုပ်စု နိုင်ယာစင်နှင်.ဖောလစ်အက်ဆစ်(folic
acid)တို. လိုအပ်ပါတယ်။

(၅)။ သတ္တုဓာတ်(minerals)
minerals ဓာတ်(၂၁)မျိုးရှိပါတယ်။ အဓိကလိုအပ်တာကတော. ကယ်လ်စီယံဓာတ် သံဓာတ်။
ဆားဓာတ်။ ပိုတက်ဆီယံဓာတ်။ မက်ဂနီဆီယံဓာတ်။ မီးစုန်းဓာတ်။ ကရိုမီယံဓာတ်။ ကြေးနီဓာတ်။ ကိုဘော.ဓာတ်တို.ပါပဲ အဆိုပါဓာတ်တွေကို ကြက်ဥ နွားနို.။ပဲ။ ဟင်းသီးဟင်းရွက်။ အသားငါး။ အသည်း။ ဂျုံတို.မှာရနိုင်ပါတယ်။
ဆားဓာတ်။ ပိုတက်ဆီယံဓာတ်။ မက်ဂနီဆီယံဓာတ်။ မီးစုန်းဓာတ်။ ကရိုမီယံဓာတ်။ ကြေးနီဓာတ်။ ကိုဘော.ဓာတ်တို.ပါပဲ အဆိုပါဓာတ်တွေကို ကြက်ဥ နွားနို.။ပဲ။ ဟင်းသီးဟင်းရွက်။ အသားငါး။ အသည်း။ ဂျုံတို.မှာရနိုင်ပါတယ်။
(၆)ရေဓာတ်(water)
ရေဟာသက်၇ှိတွေ အတွက် အရေးကြီးဆုံးပါပဲ ရေဟာ လူတစ်ယောက်အတွက် အာဟာရမပေးနိုင်သ်ာလည်း. အာဟာရဓာတ်တွေ အလုပ်လုပ် လုပ်ဖို.ကူညီပေးပါတယ် တစ်နေ.ကို အနည်းဆုံး(၈)ခွက် သောက်ပေးရပါမယ်။ ကစားသည်အတွက် ကုန်ခမ်းသွားသော ရေဓာတ်ကို ပြန်လည်ဖြည်.တင်းပေးရပါမယ် လူတစ်ကိုယ်လုံးအလေးချိန်ရဲ.
၆၀ရာခိုင်နှုန်းဟာ ရေများသာ ဖြစ်ပါတယ် ကလာပ်စည်းအတွင်းကရေနှင်. ကလာပ်စည်းပြင်ပကရေ ဟူပြီး(၂)မျိုးရှိပါတယ်။ ရေဓာတ် အလွန်ခန်းခြေက်မှုကြောင်. အသက်ဆုံးရှုံးခဲ.ရတဲ.ပြိုင်ပွဲဝင် နှုတ်ထွက်ခဲ.ရတဲ. မောင်အိုလံပီယာတွေရှိခဲ.ပါတယ်။ဥပမာ။ ။ မိုဟာမက်ဘင်နာဆီဇာ(သေဆုံး) မြန်မာပြည်က ကိုအောင်ဆွေနိုင်လည်း ပြီးခဲ.တဲ. မောင်မြန်မာပွဲမှာ ရေဓာတ်နည်းမှုကြောင်. ကြွက်တက်ပြီး မူးမေ.မလိုဖြစ်ခဲ.ပါတယ်။
ဒါကြောင်.မိတ်ဆွေတို.အနေနဲ. အားကစားအပေါ်မှာအရမ်းကြီး လောဘမတက်ပဲ
နည်းစနစ်မှန်မှန်ကန်ကန်နဲ.ကစားနိုင်ကြပါစေလို.

ရေးသားသူ – အောင်အောင်
Related posts:

Thumbs up for Aung Aung!
ကာယဗလ သမားတစ်ယောက်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်များ အကြောင်း အချက်အလက် ပြည်စုံစွာ သိရှိခွင့်ရအောင် ပိုစ့်တင်ပေးသွားတဲ့ ကိုအောင်အောင်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့လဲ ဒီဆိုက် http://myanmarfitness.com ရေရှည်တည်တံ့ဖို့ ၊ကာယဗလကို လူသားတိုင်း စိတ်ဝင်စားအောင် တစ်ဖက်တစ်လမ်းကနေပြီ အစွမ်းရှိသလောက် ၀ါသနာတူ ညီအစ်ကိုများ စုပေါင်းပြီး ဒီဆိုက်ရဲ့ admin များဖြစ်တဲ့ ကိုနိုင်ေ၀၀င်း၊ကိုဖြိုးေ၀၀င်း၊ကိုနိုင်ဦးတို့ကို ကူညီသွားကြပါစို့။
Thank you very much, kawhmu!
Indeed, we are brothers with similar pain and feeling.
Right! ကိုkawhmu ပြောတာ မှန်ပါတယ်… ထောက်ခံပါတယ်ဗျိုး…း)
အခုလို အားပေးစကားတွေကြားရတဲ.အတွက် အရမ်းဝမ်းသာပါတယ် ကျွန်တော် ကြိုးစားရကျိုးနပ်တာပေါ. ဘော်ဒါတို.ရေ အခုရက်ပိုင်း အားကစားနဲ.နွယ်နေတဲ. ဆေးပညာပိုင်းလေးတွေ ကျွန်တော် လေ.လာဖူးသလောက် ဖြန်.ဝေပေးပါမယ် ဘော်ဒါတိုအနေနဲ. ကျွန်တော်ရဲ.တင်ဆက်မှုအပိုင်းတွေကိုမကြိုက်ဘူးဆိုရင် ပွှင်.ပွှင်.လင်းလင်း ဝေဖန်လို.ရပါတယ်