ကာယဗလနှင့် လေ့ကျင့်မှု လွန်ကဲခြင်း
Home > General Health > ကာယဗလနှင့် လေ့ကျင့်မှု လွန်ကဲခြင်းဧည့်သည် တင်ဆက်သူ – အောင်အောင်
သူငယ်ချင်းတို.ရေ ခေါင်းစဉ်လေးကို ဖတ်ကြည်.လိုက်ရင် သဘောပေါက်မယ်လို. ထင်ပါတယ်။ ဘာဖြစ်လို. ဒီအကြောင်းလေးကို ရေးဖြစ်သလဲဆိုတော. ဒီနေ. ကျွန်တော် အပါအ၀င် လူငယ်အများစုမှာ မှားနေတဲ. အချက်တစ်ခုကတော. လေ.ကျင်.ခန်းကို များများလုပ်မှ အကြိမ်ရေများများလုပ်မှ ကျွန်တော်တို. တိုးတက်မှုရှိလာမယ် ထင်ပြီး မနိုင်ဝန်ထမ်းနေကြပြီး နောက်ဆုံးမှာတော. တိုးတက်မှုမရှိလာပဲ ဆုတ်ယုတ်မှုတွေနဲ. ပဲရင်ဆိုင်လာရပါတယ်။ ဒါကတော့ လူသဘာဝပါပဲ ကိုယ်ရဲ.အရှေ.က လူတွေကို အားကျလို.ဖြစ်လာရတဲ. အကျိုးဆက်ပါပဲ။ မခံချင်စိတ်လည်းပါတာပေါ.။ တကယ်တော. ကြွက်သားဆိုတာ နေ.ချင်းညချင်း တိုးတက်မှုမရှိသလို အရမ်းကာရော ကစားတိုင်းလည်း တိုးတက်မှုမရှိပါဘူး။
လုံလောက်တဲ. အနားယူချိန်။ ပြည်.၀တဲ.အာဟာရ အစားအသောက်၊ လိုအပ်တဲ. ဆေးဝါးတို.ကို မှီဝဲနိုင်မယ်။ လေ.ကျင်မှုကလည်း ပုံမှန်လေးရှိမယ်ဆိုရင် လိုချင်တဲ. ရည်မှန်းချက်ကိုရမှာပါ။ လေ.ကျင်မှုလွန်ကဲခြင်းကို ကျွန်တော်တို. ဘော်ဒါတို.မပြောနဲ. ထိပ်သီးမောင်အိုလံပီယာတွေတောင် မှားယွင်းတဲ. အထဲမှာပါတယ်လို. ဖတ်ဖူးပါတယ်။ ကြွက်သားကြီးထွားချင်ကြတာ ကျွန်တော်တို. ဘော်ဒါတို.ရဲ. တောင်.တမှု တစ်ခုဆိုရင် မမှားပါဘူး။ နည်းနည်းလေး လေ.ကျင်.လိုက်လို. တိုးတက်မှုရှိလာပြီဆိုရင် လေ.ကျင်.ခန်းတွေကို အချိန်ကြာကြာနှင်. များများလုပ်ချင်လာတယ်၊ များများလေ.ကျင်. များများမရင် ဒီထက်တိုးတက်မှုရှိလာမယ်ဆိုတဲ. အယူအဆတွေဟာ မကောင်းပါဘူး။ ထိုအယူအဆတွေကပဲ ကျွန်တော်တို.ရဲ. အနီးကပ်ဆုံး ရန်သူဖြစ်ပါတယ်။ တိုးတက်မှုကို နှေးကွေးစေတာ ဒီလေ.ကျင်.မှု လွန်ကဲခြင်းတွေလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ် ဆိုတာမိတ်ဆွေမှတ်ထားပါ။
လူတစ်ယောက်ဟာ မည်သည်.အရာမှာ မဆို အတိုင်းအတာလေးတစ်ခုနဲ.သာ ပြုလုပ်သင်.ပါတယ်။ အနေအထိုင် အစားအသောက် ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာလေးကိုသတိရပါ။ ကာယဗလသမား ဆိုရင်လည်း ဒီအတိုင်းပါပဲ လိုအပ်တာထက်ပိုလာရင် မကောင်းပါ။ လေ.ကျင်.မှု လွန်ကဲတယ် ဆိုတာ မိမိလေ.ကျင်.နိုင်သော ပမာဏထက်ပိုပြီး အလေးများကို မတန်တဆထည်.ကာ များများကစားခြင်းဟာ လေ.ကျင်.မှုလွန်ကဲခြင်းပါပဲ။ ကျွန်တော် အောက်မှာ ဖော်ပြပေးလိုက်တဲ. အချက်လေးတွေဟာ လေ.ကျင်.မှုလွန်ကဲရင် ဖြစ်တတ်တဲ. အချက်လေးတွေဆိုရင် မမှားပါဘူး။
၁။ကြွက်သားတိုးတက်မှုမရှိခြင်း
၂။ကြွက်သားများသေးငယ်ကာခွန်အားဆုတ်ယုတ်လာခြင်း
၃။ကစားချိန်တစ်ချိန်ပြီးလျှင်ပြန်လည်အားပြည်.ဖို.ကြာရှည်ခြင်း
၎။နှလုံးခုန်နှုံးပိုမြန်ခြင်း
၅။သွေးပေါင်ချိန်တိုးလာခြင်း
၆။အရိုးအဆစ်ကြွက်သားများ နာကျင်မှု ကြာရှည်ခြင်း
၇။လေ.ကျင်.မှုနှင်. လေ.ကျင်.ချိန်တွင် စိတ်ဝင်စားမှုနည်းကာ အားအင်နည်းလာခြင်း
၈။ခေါင်းမူးခေါင်းကိုက်ဖြစ်လာခြင်း
၉။လက်များတုန်ရီလာခြင်း
၁၀။နားအတွင်းမှလေထွက်ခြင်း
၁၁။စားသောက်မှုခံတွင်းပျက်လာခြင်း
၁၂။အစားအသောက်နည်းလာခြင်း
၁၃။ပင်ပန်းနွမ်းနယ်ကာ မအီမလယ်ဖြစ်ခြင်း
၁၄။စိတ်အာရုံစူးစိုက်မှုပျက်ခြင်း
၁၅။အိပ်မပျော်ခြင်းတို.ဖြစ်လာတတ်ပါတယ်။
နောက်ပိုင်းမှာ လေ.ကျင်မှုလွန်ကဲခြင်းက ရှောင်ရှားနည်းတွေကို အချိန်ရရင် တင်ပြသွားပါမယ်လို. ပြောကြားရင်း ပြန်လည်ဆုံတွေ.ကြပါစို.။
ရေးသားသူ – အောင်အောင်
Related posts:






