May
27

ကာယဗလ ဝေါဟာရများ

Home > Training and Contest > ကာယဗလ ဝေါဟာရများ

ဤသည်မှာ ကျွန်တော့် “ကာယဗလ ချန်ပီယံများ” စာအုပ်မှ နောက်ဆုံးအခန်းကို ကောက်နှုတ်ထားခြင်းဖြစ်သည်။ ၎င်းသည် မူရင်းစာအုပ် Book of Champion တွင် မပါဝင်ပါ။ ကျွန်တော်မြန်မာပြန်သူက ဖြည့်စွက်ထားသော အခန်းများထဲမှ တစ်ခန်းဖြစ်သည်။ မူရင်း အင်္ဂလိပ်ကာယဗလ စာအုပ်များကို ဘာသာပြန်ရာတွင် အဓိက ကြုံတွေ့ရသည်မှာ ဝေါဟာရများဖြစ်သည်။ ကျွန်တော်တို့မှာ ဤစာအုပ်များနှင့် အလှမ်းဝေးခဲ့သောကြောင့် ဘာကို ဘယ်လိုခေါ်ရမှန်းပင် သတ်သတ်မှတ်မှတ်မရှိ။ ဥပမာ တချို့သည် Sets နှင့် Reps ကိုပင် မြန်မာလို သေချာ ခွဲခြား မပြောဆိုနိုင်ကြ။ သို့ရာတွင် ကာယဗလသည် စကားများသော အားကစားမဟုတ်။ ကစားဖို့ ထိရောက်ဖို့သာ အဓိကဖြစ်သည်။ ဝေါဟာရများကို သိပ်အားကိုးလို့မရပါ။ မိတ်ဆွေတချို့ဆို လေ့ကျင့်ခန်းတစ်ခုကို – အင်ကလိုင်း (incline) ခုံစောင်းရင်ဘတ်တွန်းဆိုပါစို့။ တချို့က ရင်အုပ်အပေါ်သားတွန်းလို့လည်း ဆိုနိုင်သည်။ တချို့က တစောင်းတွန်း ဆိုကြသည်။ တချို့ကလည်း ဖော်တီဖိုက်တွန်းလို့သာ ခေါ်ကြသည်။ တချို့ဆို ဘယ်လိုမှ ခေါ်မနေ။ ဟန်အမူအရာ လက်ဖြင့်သာ လုပ်ပြလိုက်ကြသည်။ သို့သော် စာရေးသားရာတွင်တော့ တချို့စာလုံးများသည် လူသစ်ကစားသမားများအတွက် မျက်စိလည်နားရှုပ်စရာ ဖြစ်နေတတ်သည်။ ထို့ကြောင့် ထိုအခန်းကို ဖော်ပြပါရစေ။

သည်နေရာမှာ download ဆွဲနိုင်သည်။

Related posts:

  1. ကာယဗလ စတင်လေ့ကျင့်တော့မည်ဆိုလျှင် e-book
  2. ဖလှက်ဝှီးလား ၏ ကာယဗလ ဒဿန အပိုင်း(၁)
  3. ကမ္ဘာ့ ကာယဗလ လောကမှ ထင်ရှားသော အမွှာ ညီအစ်ကိုများ
  4. အမျိုးသမီးများနှင့် ကာယဗလ လေ့ကျင့်ခန်းများ
  5. Gym Bag – ကာယဗလ နှင့် အလေးမ