Book of Champions

၁၉၆၅ခုနှစ် စက်တင်ဘာ ၁၈ရက် ညမှာ နယူး ယောက်မြို့ရှိ ဘရွက်ကလင် ဂီတခန်းမကြီးတွင် လယ်ရီစကော့ထ်သည် ကမ္ဘာ့သမိုင်း၏ ပထမဆုံး မောင်အိုလံပီယာအဖြစ် အနိုင်ရရှိခဲ့သည်။ ထိုမှစ၍ ကမ္ဘာ့ရည်မှန်းချက် အကြီးမားဆုံး ကာယဗလမောင်များသည် ထိုမောင်အိုလံပီယာဆိုသော ဘွဲ့အတွက် အလုအယက် ကြိုးစားလာကြသည်။ အာနိုး ရွှာဇီနက်ဂါး၊ ဖရန်ကို ကိုလံဘူ၊ ဖရန့်ဇိန်း၊ လီဟေနီ၊ ဒိုရီယံ ရိတ်စ်နှင့် ယနေ့ခေတ် မောင်များဖြစ်သည့် ရော်နီကိုးလ်မင်း၊ ဂျေးကတ်တလာ နှင့် ဒတ်စတာ ဂျက်ဆင် စသူတို့ အပါအ၀င် မောင်အိုလံပီယာ ၁၂ ဦးတို့၏ လေ့ကျင့်နည်းစနစ်များသည်လည်း သူတို့ ကဲ့သို့ပင် ကျော်ကြားထင်ရှားပါသည်။ မောင်အိုလံ ပီယာဆုအတွက် သူတို့ လေ့ကျင့်ပြင်ဆင်ခဲ့သော နည်းစနစ်များသည် သာမန် လေ့ကျင့်ခန်း၊ လေ့ကျင့်ချိန်များ သက်သက်မဟုတ်ပါ။ ကမ္ဘာ့ အဖွံဖြိုးဆုံး၊ အကြီးထွားဆုံး၊ အချိုးအစားအလှပဆုံး ကိုယ်ကာယများတည်ဆောက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် သူတို့ပေးဆပ်ခဲ့ကြသည့် ကြမ်းတမ်းပြင်းထန်သော တာဝန်စနစ် ဇယားများဖြစ်သည်။ နှစ်ပေါင်း လေးဆယ်ကျော် စုဆောင်းလာခဲ့သည့် မောင်အိုလံပီယာများ၏ လေ့ကျင့်နည်းစနစ်လျှို့ဝှက်ချက်များနှင့် ကာယဗလချန်ပီယံများ စာအုပ်တွင် Bodybuilding ၏ ထိပ်ဆုံးကဆုအတွက် ဘယ်လိုကြိုးစားခဲ့ကြသည်၊ ဘယ်လောက် ပေးဆပ်ခဲ့ရသည်တို့၏ ရှားရှားပါးပါး မြင်ကွင်းကို တွေ့ရမှာ ဖြစ်သည်။

မာတိကာ ၁

မာတိကာ ၂

Jay Cutler
မကြာမီလာမည်။ မျှော်…
e-mail – nww@myanmarfitness.com





this is truly magnificent! i believe this is the most outstanding book about bodybuilding ever established in burmese . i m gettting one right away ,so should all lovers of bodybuilding!!
This is really a cup of tonic for me!!
Thanks!
ဟေ့ ကိုယ့်လူ
င်ါက ဒါတွေနားမလည်ပေမယ့် ဒီစာအုပ်အတွက်မင်းဘယ်လောက် ဒုက္ခ ခံထားလဲဆိုတာ ဓာတ်ပုံကြည့်ရင်ကို သိနိုင်ပါတယ်
ဈေးကွက်ထဲမှာရောက်နေပြီလား
@Aung Ko Ko Han ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းကြီး အောင်ကိုကိုဟန်လို့ ယူဆပါတယ်။ ဟုတ်ပါတယ် ကျွန်တော့်အဲသည့်စာအုပ်ကို တစ်လနဲ့ အပြီး ရေးပါတယ်။ တနေ့ကို အနည်းဆုံး၁၀နာရီလောက်ကို အချိန်ဖြုန်းပြီး မီးကုန်ယမ်းကုန်ပြင်ဆင်ခဲ့ပါတယ်။ သို့သော် ပြီးသည့်အခါကျတော့ အိမ်ကလူတွေရော ရှိရှိသမျှ၊ မိန်းမရော ယောက္ခမရော အို ကွမ်းယာဆိုင်က ငယ်သူငယ်ချင်းကစ ဟေ့ကောင် မင်းအခုဖြတ်သွားတဲ့ လူတွေထဲက ၁၀ ယောက်ကို ဒီစာအုပ်ဝယ်မလားမေးကြည့်။ တစ်ယောက်မှ ၀ယ်မှာမဟုတ်ဘူးတဲ့။ ဒါလည်း ကျွန်တော် မလျှော့သေးဘူး။ အနီးနားက မဂ္ဂဇင်းအယ်ဒီတာကြီးဆီလည်း တပည့်သွားခံ အကူအညီတောင်းလေတော့ မင်းရူးနေလားတဲ့။ ဟုတ်ပြီ ရသေးတယ်။ တခြားထုတ်ဝေသူတွေလိုက်စုံစမ်းလေတော့ ဆယ့်နှစ်ယောက်လောက်ရှိမယ်။ တစ်ယောက်မှ လက်မခံပါ။ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် နည်းနည်းပဲထုတ်ကြည့်ဖို့ အကြံပေးလေကြတော့ ပထမဆုံးအဆင့် အိမ်ဘက်ကို ပြန်ရောက်သွားလေရော။ ကိုယ်ကိုယ်တိုင်ကလည်း ပိုက်ဆံမရှိလေတော့ ဘာမှလည်း မရှုံးစေချင်ဘူးဆိုတာနဲ့ပဲ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ကြီးကို ဒီအတိုင်းပဲ ထားခဲ့ရလိုက်လေပြီပေါ့။ တချိန်ချိန်တော့ ငယ်ငယ်က စာအုပ်လေးတစ်အုပ်ဆိုပြီး ထုတ်ကြည့်ဖို့တော့ ရည်မှန်းချက်ရှိပါတယ်။ သင်္ခန်းစာတစ်ခုကို လက်ဆင့်ကမ်းချင်ပါတယ် သူငယ်ချင်း။ အရင်ဆုံး ဈေးကွက်အရင်ဆင်းပြီးမှ အလုပ်စလုပ်ပါ။