Bulking-up!
Home > General Health, Healthy Recipes, နိုင်ဦး စာမျက်နှာ > Bulking-up!Post written by Naing Oo (119) (intensemuscle@gmail.com)
ယနေ့ ခေတ်မည်သည့် ကမ္ဘာကျော်ကာယဗလမဂ္ဂဇင်း ကိုပင်ကြည့်ကြည့်ခန္ဓာကိုယ် ထုတက်လိုသူ
ကစားသမားများကို ထိုမဂ္ဂဇင်းများကထုတက်စေရန် ၊ဖြည့်စွက်ဆေးဝါးပေါင်းစုံကို အမည်အမျိုးမျိုးတပ်
ကာကြော်ငြာနေကြပြီးရောင်း ချနေကြသော်လည်း ထိုဆေးဝါးများကိုအားကိုးပြီး ထိုသူများပေးသောအ
ကြံပြုချက်များအတိုင်း လိုက်လံတုပလေ့ကျင့်နေကြသော ကမ္ဘာတစ်လွှားမှစတီးရွိုက်လုံးဝ မသုံးသော
Natural ကစားသမားများအတွက် ကားကြွက်သားထုတက်ရေးသည် လိုက်လေဝေးလေသာဖြစ်နေ
မည်မှာအသေအချာပင်ဖြစ်သည်။ထို့ အပြင်အင်မတန်ဆိုးဝါးသည့်အလွယ်အကြံပြုချက်ကိုပေးကာ
ငွေကိုအလွယ်ရှာနေသောထိုမဂ္ဂဇင်းများကအသုံးပြုတတ်ကြသည့်ဝေါဟာရတစ်ခုမှာ-Bulking-up ဆို
သည့်ဝေါဟာရပင်ဖြစ်သည်။***ထိုသူများက Bulking-upဆိုသည့်ဝေါဟာရကိုကယ်လိုရီအလွန်အ
ကျူးအသုံးပြုပြီးကိုယ်အလေးချိန်တင်ခြင်းဟုဖွင့်ဆိုကြသည်။***
ထိုသူများ၏အကြံပက်စက်ပုံမှာ
ကိုယ်အလေးချိန်တက်လာစေရန်လည်းကောင်းတို့ ထုတ်လုပ်ရောင်းချသောဖြည့်စွက်အာဟာရများ
နှင့်အခြားသောကယ်လိုရီသိပ်သည်းသည့်အစားအစာများ(ကျန်းမာရေးနှင့်ညီညွတ်သည်မညီညွတ်
သည်ကိုဖော်မပြထားပေ။)ကိုတွဲဖက်ပြီးစားသောက်နည်းပရိုဂရမ်များထုတ်ပေးတတ်ကြသည်။
လည်းကောင်းတို့ တင်ပြကြသည့်အတိုင်းလည်းကိုယ်အလေးချိန်တက်လာကြပါသည်။သို့ သော်
ကျွန်တော်တစ်ခုမေးချင်ပါသည်။ထိုကိုယ်အလေးချိန်တက်လာသူများသည်အဆီတက်လာသည်လား
ကြွက်သားစစ်စစ်တက်လာသည်လား။တစ်ကဲ့အမှန်တရားမှာထိုကိုယ်အလေးချိန်တက်လာသူတစ်ရာ
လျင်တစ်ရာလုံးအဆီတက်လာခြင်းပင်ဖြစ်သည်။ထိုအချိန်တွင်ကိုယ်အလေးချိန်တင်လိုက်နိုင်သော
ကစားသမားများအားလုံး၏အဓိကရည်ရွယ်ချက်မှာအဆီချလိုခြင်း(မြန်မာအခေါ်မာဆယ်ခွဲလိုခြင်း)ပင်
ဖြစ်သည်။ထိုအချိန်တွင်ဆေးကုမ္ပဏီများ၏အဆီကျမာဆယ်ပေါ်စေရန်အမည်အမျိုးမျိုးတပ်ကာ၊သု
တေသနအမျိုးမျိုးကိုတင်ပြပြီးရာဂဏာန်းနီးပါးများပြားလှသောဆေးများကိုတစ်မျိုးပြီးတစ်မျိုးမရိုးရ
အောင်ဝယ်သုံးရပြန်လေသည်။ထိုသို့ လုံးလည်ချာလည်ဖြစ်နေရင်းနောက်ဆုံးတွင်တော့လည်းကောင်း
တို့ ၏ပိုက်ဆံအိတ်ကလေးမှာပြားပြီးသာကျန်ခဲ့ရပေသည်။ဤဆောင်းပါးကိုဆက်မဖတ်ခင်ကျွန်တော်
တစ်ခုမေတ္တာရပ်ခံချင်ပါသည်။စက္ကန့် အနည်းငယ်လောက်သေသေချာချာစဉ်းစားပေးပါ။ထိုဆေးဝါး
ထုတ်သောကုမ္ပဏီများရော၊ပရော်ဖက်ရှင်နယ်မောင်များရောကျွန်တော်နှင့်မည်သို့ မျှမပါတ်သက်ပါ။
ရန်ငြိုးလည်းလုံးဝမရှိပါ။
ဒါဆိုသူတို့ မကောင်းကြောင်းပြောနေသောကျွန်တော်သည်လည်းကောင်းတို့ 
၏အောင်မြင်ချမ်းသာမှုများကိုမနာလိုသူဖြစ်နေခြင်းဖြစ်ပါလိမ့်မည်။အကယ်၍သင်ဤသို့ တွေးတောပါ
ကကျွန်တော်အကြံပြုပါသည်။သင်ဤဆောင်းပါးကိုဆက်မဖတ်ပါနှင့်။ထိုသို့ မဟုတ်ကျွန်တော်သည်
အကြောင်းအရာတစ်ခုခုကိုတင်ပြလိုခြင်းဖြစ်သည်ဟုသင်ထင်မြင်မိပါကဤဆောင်းပါးကိုသင်ဆက်
ဖတ်ပါ။
ကျွန်တော်နိုင်ဦး—119 သည်မိမိလေ့လာမိသမျှကိုဘ၀တူကစားသမားများအတွက်လည်းအကျိုးပြုစေ
ရန်သာရည်ရွယ်ပြီးတင်ပြလိုခြင်းသာဖြစ်ပါသည်။တစ်ခါတစ်ရံကျွန်တော့်စေတနာကစာဖတ်သူကိုနား
ဝင်ဆိုးစေနိုင်သည်။တစ်ခါတစ်ရံမြင်ပြင်းကတ်စေနိုင်သည်။တစ်ခါတစ်ရံနားခါးစေနိုင်သည်။သို့ သော်၊
မိတ်ဆွေ !ထိုခါးသောဆေးကပင်ရောဂါပျောက်စေသည်မဟုတ်ပါလား။ကျွန်တော်တို့ သည် natural
ကစားသမားများဖြစ်သည်။ထို့ ကြောင့်ပရော်ဖက်ရှင်နယ်(စတီးရွိုက်ဘီလူးကြီးများ)ကဲ့သို့ လုံးဝလိုက်
လံတုပမလေ့ကျင့်သင့်ပါ။ထိုပရော်ဖက်ရှင်နယ်များသည်တစ်နှစ်လျင်ဒေါ်လာခြောက်သောင်းဖိုး
လောက်စတီးရွိုက်သုံးသည်ကိုသင်သိပါသလား။ထိုပမာဏမျှသောစတီးရွိုက်သုံးသူများသည်မိမိတို့ ၏
ကိုယ်ခန္ဓာဇီဝဖြစ်စဉ်ကိုကောင်းစွာလွှမ်းမိုးချုပ်ကိုင်ထားနိုင်သူများဖြစ်သည်။Bulking-up ဟူသော
ဝေါဟာရနှင့်ဖြစ်စဉ်မှာလည်းကောင်းတို့ နှင့်သာသက်ဆိုင်ပါသည်။ကျွန်တော်တို့ ခင်ဗျားတို့ 
လို natural ကစားသမားများသည်ကားလည်းကောင်းတို့ နှင့်လုံးဝဆန့် ကျင်ဖက်သာလေ့ကျင့်
သင့်သည်။ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုထိန်းချုပ်နိုင်မှုမှာမိုးနှင့်မြေပင်ဖြစ်သည်။ထို့ ကြောင့်မိမိအိုးနှင့်
မိမိဆန်တန်သလောက်သာချင့်ချိန်အသုံးပြုနိုင်ရန်တင်ပြပေးလိုက်ပါသည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-1
Bulking-up လုပ်သည့်အာဟာရပရိုဂရမ်သည်သင့်ခန္ဓာကိုယ်ကစုပ်ယူခြေဖျက်ပေးနိုင်သည့်ပမာဏ
ထက်ပိုပြီးလုံးဝကြွက်သားထုမတက်စေနိုင်ပါ။မဟားဒယားစားခြင်းဖြင့်ထုမတက်ပဲအဆီတက်ခြင်းနှင့်
အခြားသောကျန်းမာရေးပြသနာများသာကြုံတွေ့ ရနိုင်ပါသည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-2
Bulking-up လုပ်ခြင်းကခန္ဓာကိုယ်တွင်းအင်ဆူလင်ခုခံအားကိုတိုးတက်လာစေပြီးကြွက်သားထုတက်
စေရန်အဟန့် အတားဖြစ်စေနိုင်သည်။ထိုဖြစ်စဉ်ကသင်စားသမျှသောကာဗိုဟိုက်ဒရိတ်များသည်
သင့်ကြွက်သားများအတွင်းတွင်မသိုလှောင်စေဘဲ၊အဆီဆဲလ်များအတွင်းတွင်သာသိုလှောင်စေသည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-3
Bulking-up သင့်ကိုယ်တွင်းတွင်အင်ဆူလင်ခုခံအားတိုးတက်လာပြီးသင့်ကိုအဆီကျသွယ်လျစေ
ခြင်းမှလည်းတားဆီးနိုင်ပါသည်။သင်ဟာကိုယ်အလေးချိန်(အဆီိ)တိုးလာလေလေသင်မာဆယ်ခွဲ
ဖို့ ခက်လာလေလေပါပဲ။ဤအချက်ကိုပရော်ဖက်ရှင်နယ်အမျိုးသမီးကစားသမားများကအမျိုးသား
မောင်များထက်ပိုပြီးသတိထားမိသောကြောင့်လည်းကောင်းတို့ တွင် Bulking-up ဟူသောအချိန်
နှင့်ဝေါဟာရလုံးဝမရှိတတ်ကြပါ။ဒါကြောင့်natural ပြိုင်ပွဲဝင်ကစားသမားများအနေနှင့်မာဆယ်ကွာ
လတီပေါ်လွင်ရန်အင်မတန်ခက်ခဲစေနိုင်သော Bulking-up လုပ်ခြင်းကိုရှောင်ကြဉ်သင့်ပါသည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-4
သင့်ကိုယ်အလေးချိန်(အဆီ)တက်လာလေလေသင့်ကိုယ်တွင်းတွင် aromatase enzyme များလာ
လေလေဖြစ်သည်။ထိုအင်ဇိုင်းများကသင့်ကိုယ်တွင်းမှကျားဟိုမုန်းတက်စတိုစတီရုန်းများကိုမဟိုမုန်း
Estrogen အဖြစ်သို့ ပြောင်းလဲစေနိုင်ပြီးသင့်ကိုမလိုလားအပ်သောဘေးထွက်ဆိုးကျိုးများနှင့်သင်ရင်
ဆိုင်ရနိုင်ပါသည်။ဘေးထွက်ဆိုးကျိုးများကတော့ဥပမာ-သင့်ရင်အုပ်များသည်ပျော့တွဲတွဲနှင့်ဗိုက်ခေါက်
ထူလာကာသင့်ကိုယ်မှအမွှေးနည်းလာပြီးသင်သည်ဂျနီဖာလိုပက်စ်ထက်စီရော်နယ်ဒိုကိုပိုမိုခင်တွယ်
လာမည်ဖြစ်သည်။(အခြောက်ဖြစ်သွားမည်ဟုမဆိုလိုပါ)။ကိုယ်တွင်းဟိုမုန်းပြောင်းလဲမှုများကအိမ်
ထောင်သည်ဆိုပါကလုံးဝမလွယ်ပါ။ကျွန်တော်ဆိုလိုရင်းကိုသဘောပေါက်မည်ထင်သည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-5
အဆီများလာခြင်းကသင့်ကိုယ်တွင်းမှသိုင်းရိွုက်ဟိုမုန်းများထွက်ရှိမှုကိုများစွာအနှောင့်အယှက်ပြုစေ
နိုင်သည်။ထိုအရာကကောင်းသောအရာမဟုတ်ပါ။ကိုယ်တွင်းမှသိုင်းရွိုက်ဟိုမုန်းများထွက်ရှိမှုကသင့်
ကိုယ်တွင်းမှအဆီလောင်ကျွမ်းစေနိုင်မှုနှင့်တိုက်ရိုက်ဆက်စပ်နေသည်။ဒါကြောင့်သင့်ဝမ်းဗိုက်ထပ်ပူ
လာလေလေသင့်ကိုယ်တွင်းဇီဝဖြစ်စဉ်ရောသိုင်းရွိုက်ဟိုမုန်းထွက်ရှိမှု့ ပါထိခိုက်လေလေဖြစ်သည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-6
သင့်ကိုယ်တွင်းမှအဆီနည်းလေလေသင့်ခန္ဓာကိုယ်သည်သင်စားသုံးသမျှသောအာဟာရများကိုပိုမို
စုပ်ယူနိုင်လေလေဖြစ်သည်။ထိုကြောင့်ကိုယ်တွင်းအဆီပမာဏနည်းသောသူများစားသောအာဟာရများ
သည်ကြွက်သားမျှင်များနှင့်အသည်းတွင်ဂလိုက်ကိုဂျင်အဖြစ်ပိုမိုသိုလှောင်နိုင်ခြင်းဖြစ်သည်။အဆီများ
သူများဆိုပါကစားသမျှသည်ယေဘူယျအားဖြင့်အဆီအဖြစ်သာသိုလှောင်မှု့ ဖက်အားပိုတတ်သည်ကို
သတိပြုသင့်သည်။
Bulking-up လုံးဝမလုပ်သင့်သောအချက်အမှတ်-7
ကယ်လိုရီတိုင်းသည်မတူညီပါ။အကယ်၍တူညီသည်ဆိုပါကသင့်ကိုကန်စွန်းဥမစားဘဲဘီယာသောက်၊
ပီဇာစားရန်သာဆရာဝန်များက တိုက်တွန်းမည်ဖြစ်သည်။ကယ်လိုရီတိုင်းသည်တူညီသည်ဟူသော
ဆင်ခြေပေးကာပါးစပ်အလိုလိုက်နေကြသောအနောက်တိုင်းသားအများစုသည်ဆီးချိုနှင့်အခြားသော
ရောဂါဆိုးများကိုခံစားနေရခြင်းဖြစ်သည်။
မိတ်ဆွေ-ကာယဗလကိုသင်လေ့ကျင့်နေခြင်းဖြစ်ပါသည်။ကာယဒုက္ခကိုသင်လေ့ကျင့်နေခြင်းမဟုတ်
ပါ။ကျွန်တော့်အမြင်ကတော့ကျန်းမာရေးကအဓိကဖြစ်သည်။ကျန်းမာမှချမ်းသာမည်ဖြစ်သည်။ဒါ
ကြောင့်သင့်ခန္ဓာကိုယ်ကြီးထွားလိုဇောနှင့်အဆင်အခြင်မဲ့သောလုပ်ရပ်မျိုးမပြုလုပ်ပါရန်မေတ္တာရပ်ခံ
အပ်ပါသည်။
တင်ဆက်သူ—
နိုင်ဦး—119
Related posts:















ကျေးဇူးကမ္ဘာပါ အကိုရေ … အကို့စာတွေမှာ အကို့စေတနာကို မြင်နေရပါတယ်
နားဝင်မဆိုးပါဘူး အကို ခေါင်းထဲကို ပိုတောင်စွဲသွားစေပါသေးတယ် … အကို့စေတနာတွေ အမြန်ဆုံး တန်ပြန်အကျိုးပေးပါစေ … အောင်မြင်တဲ့ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ …
ကျေးဇူးတင်ပါတယ်ကိုနိုင်ဦး
ကိုနိုင်ဦးကိုတစ်ခုလောက်မေးခွင့်ပြုပါကျွန်တော်တို့ကာယဗလကစားသမားလူငယ်တွေကို masturbate ကိုဘယ်လိုအကြံပေးချင်ပါသလဲခင်ဗျာ။
Thank you a lot for Ko Naing Oo .
More successful myanmarfitness wedsite.
Your data are very useful for our beginners.
Please give us more knowledge about bodybuilding .
Happy & joyful for Ko Naing Oo.
I think that masturbation is very important for men.
Without it , we all man are meaningless in life.
But I don`t know about in Bodybuilding .
So , pls tell me about masturbation Ko Naing Oo
ကိုနိုင်ဉီးဆက်ပြီးများများရေးပါ
Mtko ရေကျေးဇူးပါ သူငယ်ချင်း။ ကိုကျော်ဇေယျလည်း ကျေးဇူးပါ။ပြည့်ဖြိုးသူနဲ့  ဗိုလ်အောင်ဒင်ရေ- မာစတာဘေးရှင်း လုပ်လို့ ဘာမှမဖြစ်ပါဘူး။ ကိုယ်အဲဒီ အကြောင်းကိုဆောင်းပါး အဖြစ်ရေးချင်နေတာပါ။ ဆိုက်မှာ ကမင်ဘာ အမျိုးသမီးတွေလည်း ရှိနေလို့ ပါ။ နောင်ကို လိင်မှုသုတနဲ့ ပါတ်သက်ပြီး သိချင်ရင် ကိုယ့်မေလ်းထဲ ကိုမေလ်းပို့ ပြီးမေးပါ။ အဲဒါက ပိုကောင်းပါတယ်။ အကျဉ်းရှင်းပြ ရယင်တော့-ဘာသာရေး ရှုထောင့်ကနေ မကြည့်ဘဲခေတ် အနေအထားအရ ကြည့်ယင်တော့ လေ့လာတွေ့ ရှိချက်များက အမျိုးသားများသာမက အမျိုးသမီးများပါ မာစတာဘေးရှင်း လုပ်တတ်ကြတာကို တင်ပြထားပါတယ်။ ညီလေးတို့ မာစတာဘေးရှင်း လုပ်လို့ နောက်ဆုံး orgasm ဖြစ်သွားတဲ့အခါ အမျိုးသားရဲ့  ရွှေဖြူလို့ တင်စားတဲ့ sperm တွေ ထုတ်လွှတ်လိုက်တဲ့အခါမှာ၊ ကိုယ်တွင်းက ဇင့်ဓါတ်တွေ ထွက်သွားပါတယ်။ အဲဒီဇင့်က ကိုယ်တွင်းဟိုမုန်း ထုတ်လွှတ်မှုကိုရော၊ ကြွက်သား ထုတ်လွှတ်မှုကိုပါ လွှမ်းမိုးထားပါတယ်။ ဒါကြောင့်ုကုန်ဆုံးသွားတဲ့ ဇင့်ဓါတ်ကိုပြန်ဖြည့် နိုင်ရင်တော့ကြောက်စရာ မလိုပါဘူး။ နောက်ပြီး ယုံတမ်းစကားတွေ ဖြစ်တဲ့— အိမ်ထောင်ကျသွားရင် သုတ်လွှတ်မြန်တာတွေ ဖြစ်မယ်ဆိုတာက သိပ်တော့မမှန်ပါဘူး။ နောက်ပြီး မာစတာဘေးရှင်း လုပ်တဲ့လက်က သာမန်လက်ထက်ပိုကြီးတယ် ဆိုတာမမှန်ပါဘူး။ မာစတာဘေးရှင်းလုပ်လို့ ကျား အင်္ဂါမသန်တော့ဘဲ အိမ်ထောင်ရေးသုခ မရနိုင်ဘူးဆိုတာလည်း မမှန်ပါဘူး။ မာစတာဘေးရှင်းလုပ်ရင် ကျားအင်္ဂါကြီးစေတယ် ဆိုတာလည်း မမှန်ပါဘူး။ (အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာ ဆိုရင်တော့ မလုပ်ပါနဲ့ တော့။ အလကား အားကုန်ပါတယ်။) ပြောရမယ်ဆိုရင်တော့ စာတစ်စောင်ပေ တစ်ဖွဲဖြစ်သွားနိုင်ပါတယ်။ အချုပ်ပြောရယင်တော့ လူသည် ဆန္ဒ၏ သားကောင်ဖြစ်သည့် အားလျော်စွာ အင်မတန်လိုလားသည့်အခါတွင် ထိုအလုပ်ကိုလုပ်ပါ။ ပြီးလျင်လည်း မိမိကိုယ်ကို မကောင်းသူအဖြစ် မမြင်ပါနှင့်။ သဘာဝတရား၏ လိုအပ်ချက်တစ်ခုကို ဖြည့်စည်း လိုက်သည်ဟု အကောင်းမြင် ခံစားတတ်ပါစေ။
တန်လျင်ဆေးလွန်လျင် ဘေးဆိုတာလေး ကိုလည်း သတိချပ်စေ ချင်ပါတယ်။
နိုင်ဦး—119
ကျေးဇူးပါကိုနိုင်ဦး၊နောက်မှသိချင်တာလေးကို အိကို့မေး(လ်)ထဲကိုလှမ်းမေးပါမယ်။
WOW!IT’S AMAZING.LET’S DO FINGER WORKOUTS. REALLY GOOD WHOLE BODY TRAINING.HOW MANY REPS AND SETS?HE HE
DR NAING WAI WIN’S( BOOK OF CHAMPIONS) IS VERY NICE.PLEASE PUBLISH SOME MORE BOOKS.
pardon me, bro. U Kyi Htwe told me the book will be in bookstores in around first week of February. Is that already out? Did you read the book? Anyway, thank you.
YES KO KYI GIVE ME ONE.VERY NICE. STAY HEALTHY AND TRAIN HARD BRO!
Thank you, Ko Zayar Tun Phyu.