ကမ္ဘာ့သမိုင်းသို့
Book of Champions and a Teaser for my Next Book
Posted by Naing Wai | 8 Comments »
ကျွန်တော့်ရဲ့ ကာယဗလ ချန်ပီယံများ စာအုပ်လေး။ စာအုပ်ဆိုင်လေးများရောက်ရင် ဘာညာ မွှေနှောက် အားပေးသွားကြပါဦး။
Continue readingမောင်အိုလံပီယာ ဆုတံဆိပ် ဖြစ်ပေါ်လာပုံ
Posted by Phyo Wai Win | 2 Comments »
Post written by Aung Aung (aungaung.aung24@gmail.com)
မောင်အိုလံပီယာဆု တံဆိပ် အကြောင်းကို ပြောရင် ဆန်ဒို အကြောင်းကနေ စပြီး ပြောရမလို ဖြစ်နေတယ်။ ဒါပေမယ့် ဆန်ဒို အကြောင်း အကျဉ်းချုပ်ကို ကျွှန်တော် အရင်က ရေးပြီးသား ဖြစ်တဲ့အတွက် ဖတ်ပြီးသား သူတွေအနေနဲ့ မစိမ်းပါဘူး။ မဖတ်ရသေးသူတွေလည်း ကမ္ဘာကာယဗလ ရှေ့ဆောင် ယူဂျင်း ဆန်ဒို ဆိုတဲ့ ဆောင်းပါးမှာ လေ့လာ ဖတ်ရှုနိုင်ပါတယ်။
Continue readingဖီလ်းဟိသ် ဗိုလ်စွဲတဲ့ 2011- မောင်အိုလံပီယာပြိုင်ပွဲ
Posted by Phyo Wai Win | 2 Comments »
Post written by Naing Oo (119) (intensemuscle@gmail.com)
နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလဆိုလျင် ကမ္ဘာတစ်ဝှမ်းမှ ကာယဗလ၀ါသနာအိုးများ ရင်ခုန်စွာ
စောင့်မျှော်နေကြသည်ကတော့ ယခုနှစ်အတွက် မည်သူသည် ကမ္ဘာ့အမြင့်ဆုံး ကာယဗလချန်ပီယံ
ဖြစ်မည်နည်းဟု စဉ်းစားနေကြခြင်း ဖြစ်သည်။
လီိဟေနီနဲ့ မောင်အိုလံပီယာ ပြိုင်ပွဲအပေါ် သူ့သဘောထား
Posted by Phyo Wai Win | 2 Comments »
Post written by Aung Aung (aungaung.aung24@gmail.com)
ကျွန်တော်တို့ မျှော်လင့်နေကြတဲ့ ကမ္ဘာဆုကြေးစား ကာယဗလ ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ မောင်အိုလံပီယာ ပြိုင်ပွဲကြီးကတော့ ရောက်ရှိလာပါပြီ။ အခုချိန်လောက်ဆို တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာယဗလ ပရိသတ်တွေအနေနဲ့ ဘယ်သူနိုင်မယ် ၊ဘယ်သူ ဘယ်အဆင့်ရမယ် ဆိုတာကို ကြိုတင် ခန့်မှန်းရင်း ပွဲစဉ်ရဲ့ ရလဒ်ကို မျှော်နေကြပါပြီ။ ကျွန်တော်တို့လည်း အပါအ၀င်ပေါ့ဗျာ။
Continue reading2011- မောင်အိုလံပီယာ ပြိုင်ပွဲ
Posted by Phyo Wai Win | 7 Comments »
Post written by Naing Oo (119) (intensemuscle@gmail.com)
စက်တင်ဘာလ ရောက်ပြီဆိုရင်တော့ ရင်ခုန်နေကြသည့် ကာယဗလ၀ါသနာရှင် သူငယ်ချင်းတို့ ရေ
ဒီနှစ်တော့ အားလုံးစောင့်မျှော်နေကြသည့် ဆရာကြီးဂျိုးဝီဒါ၏ 46-နှစ်မြောက် မောင်အိုလံပီယာပြိုင်
ပွဲသည် နှစ်စဉ်နှစ်တိုင်းထက် နှစ်ပါတ်ခန့် စောပြီး ကျင်းပမည်ဖြစ်သည်။
သခင် ကိုယ်တော်မှိုင်းနှင့် ကာယဗလအပေါ် သူ့အမြင်
Posted by Phyo Wai Win | No Comments »
Post written by Aung Aung (aungaung.aung24@gmail.com)
သခင် ကိုယ်တော်မှိုင်းသည် လှည်းသမား တဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်း အဆက်ဆက်တို့၏ လွတ်လပ်သော မြန်မာ နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ် စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့ အတိုင်း ငယ်စဉ်က မိမိဖွားရာ ဇာတိရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ပညာ သင်ခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက် ပညာ သင်ယူခဲ့၏။
Continue readingကမ္ဘာကာယဗလ ရှေ့ဆောင် ယူဂျင်း ဆန်ဒို
Posted by Phyo Wai Win | 1 Comment »
တင်ဆက်သူ — အောင်အောင် (aungaung.aung24@gmail.com)
ကာယဗလ အားကစားနည်းသည် ကိုယ်ကာယကြွက်သားများ ကိုလေ့ကျင့်သည့် အားကစားနည်း ဖြစ်သည်။ ကာယဗလ အားကစားနည်းကို ၁၉ရာစုနှစ်အလွန်ခန်.တွင် လူအများက အထူးပို၍ စိတ်ဝင်စားလာခဲ့ကြသည်။ ကာယဗလအားကစားနည်း စိတ်ဝင်စားလာကြပုံမှာ မိမိတစ်ကိုယ်လုံးရှိ ကြွက်သားများ ၏ခွန်အားကို အသုံးပြုပြီး မိမိဘ၀ အသက်ရှင်သန်ရေးနှင့် ခုခံကာကွယ်ရေး တို.အတွက် အသုံးပြုနိုင်ရန် မဟုတ်ခဲ့ပါ။ ရှေးခေတ်ဂရိ အားကစားသမားများကဲ့သို. အချိုးအစားကျနပြီး လှပသော ယောင်္ကျားတို.၏ ကိုယ်ခန္ဓာကြွက်သားများ ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်ဖော်ပြကာ အောင်ပွဲခံရန် ဖြစ်ခဲ.သည်။
Continue readingကာယဗလ ဘယ်အချိန်ကတည်းက စခဲ့သလဲ?
Posted by Phyo Wai Win | 1 Comment »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ကမ္ဘာတစ်လွားမှ ကာယဗလ ၀ါသနာရှင်များ အားလုံးကို မေးကြည့်ပါ။ သင်တို့ အရူအမူး စွဲလမ်းနေ
သော ကာယဗလ အားကစားသည် မည်သည့်အချိန် ကတည်း စတင်ခဲ့ပါသနည်း။ အတိအကျဖြေ
နိုင်သူမှာ အင်မတန် နည်းပါးပါလိမ့်မည်။
တားမြစ်ဆေးရဲ့ သားကောင် ဖြစ်ခဲ့ရသော မွန်ဇာ
Posted by Phyo Wai Win | 3 Comments »
တင်ဆက်သူ — အောင်အောင် (aungaung.aung24@gmail.com)
တားမြစ်ဆေး ဒီအခေါ်အဝေါ် လေးကို အားကစား သမားတိုင်း ရင်းနှီးပြီး သားပါ။ အထူးသဖြင်. ဆုကြေးစား အားကစား သမားတွေ ဆိုပိုလို.တောင် သိကြပါတယ်။ ဒီနေ. ဈေးကွက် မှာလည်း တံဆိပ်မျိုးစုံ၊ အရောင် အသွေးမျိုးစုံ၊ ဒီဇိုင်း မျိုးစုံနဲ. ထိုးဆေး ၊အရည်၊ အတောင်.၊ အပြား၊ အမှုန်. စသည်ဖြင်. မျိုးစုံနဲ. ရောင်းချ နေကြပါတယ်။ ဒီလို တားမြစ် ဆေးတွေကိုလည်း ဘယ်လို လူမျိုးတွေ အသုံးများ သလဲဆိုတော. အားကစား သမားပါပဲ။
Continue reading



