ကမ္ဘာ့သမိုင်းသို့
“မြင်ပါ၊ ရယူပါ” – အာနိုးရွှာဇီနက်ဂါး
Posted by Naing Wai | 2 Comments »
“ကျွန်တော်သည် ကွဲပြားခြားနားချင်သည်။ ကျွန်တော်သည် အောင်မြင်ချင်သည်။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျော်ကြားချင်သည်။ လောကကြီးအပေါ် ကောင်းကျိုးတစ်ခုခုတော့ သက်ရောက်သွားချင်သည်။ ဟူ၍ ကျွန်တော့်အတွင်းစိတ်ထဲမှာ အမြဲတမ်းစွဲမြဲနေသည်။ အဲသည့်ဆန္ဒတွေ ဘယ်က ရောက်လာသလဲ? ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်မှာ သြစတီးယား ရွာတစ်ရွာမှာ ယိုင်တိယိုင်တိုင် ကြီးပြင်းလာခဲ့လို့လား?
Continue readingကမ္ဘာ့အကောင်းဆုံး လေ့ကျင့်စဉ် ၇ မျိုး
Posted by Naing Wai | No Comments »
ဤသည်မှာ FLEX မဂ္ဂဇင်းတွင် ဖော်ပြရေးသားခဲ့ဖူးသော အကောင်းဆုံး Workout များထဲမှ အကောင်းဆုံးတွေကို စုစည်းထားပေးခြင်းဖြစ်သည်။ Flex သည် ကမ္ဘာ့နံပါတ်တစ် ကာယဗလမဂ္ဂဇင်းဖြစ်၍ ၎င်းတို့ စုစည်းထားသည်တို့သည် ဆိုးဆိုးရွားရွား မမှားနိုင်။
ကျွန်တော်တို့သည် ကာယဗလ၏ အကြီးကျယ်ဆုံးနှင့် အထွန်းတောက်ဆုံး ကြယ်ပွင့်များ၏ လေ့ကျင့်ချိန်များကို ဖော်ပြဖို့ရန် ဆွေးနွေးတိုင်ပင်ကာ ကြိုးစားခဲ့သည်။
Bodybuilding သည် လူတိုင်းအတွက်ဖြစ်သည်။
Posted by Naing Wai | 3 Comments »
လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က အိုဟိုင်းအိုးမှ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် ခါးအောက်ကစပြီး အောက်ပိုင်းသေသွားခဲ့သည်။ သူ၏ ရေတပ်ဗိုလ်တစ်ယောက်ဖြစ်မည့် အိပ်မက်သည်လည်း ကွဲကျေပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူ နောက်အိပ်မက်တစ်ခုကို အသည်းအသန်ရှာကာ နောက်ဆုံးတော့ တွေ့ရှိခဲ့လေပြီ။ ကာယဗလ ချန်ပီယံ တစ်ယောက် ဖြစ်လာရန်။
Continue readingဒတ်စတာ ဂျက်ဆင်၏ လေ့ကျင့်စဉ်
Posted by Naing Wai | 1 Comment »
ဒတ်စတာ ဂျက်ဆင်
အသက် – ၃၉ နှစ်
အရပ် – ၅ ပေ ၆ လက်မခွဲ
ပြိုင်ပွဲဝင် ကိုယ်အလေးချိန် – ၂၂၀ ပေါင်
မှတ်တမ်း – မောင်အိုလံပီယာ ၉ ပွဲ ဆယ်ယောက်ထဲဝင်၊ တတိယ သုံးကြိမ်၊ ပထမ – ၂၀၀၈
အာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်း
Posted by Naing Wai | No Comments »
ကျွန်တော်တို့ ၁၉၇၃ခုနှစ် ဂျူလိုင်လ ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ် ဂျင်မ် (Gold’s Gym) သို့ သွားကြပါစို့။ အာနိုးရွှာဇီနက်ဂါး၏ ဘ၀နှင့် လေ့ကျင့်မှုထဲသို့ စေ့စေ့စပ်စပ်ဝင်ကြည့်ကြပါစို့။ ကမ္ဘာ့အကျော်ဇေယျကြီးတစ်ဦးကို ပုံသွင်းထုလုပ်ပေးခဲ့သော သွေး၊ ချွေးနှင့် ကြမ်းတမ်းလှသော လေ့ကျင့်ကစားမှုများကို အသက်ပြန်သွင်းကြည့်ကြရအောင်။
ကယ်လီဖိုးနီးယာ။က ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ်ဂျင်မ်မှာ သြစတီးယား ၀က်သစ်ချပင်ကြီးဟု အမည်ရသည့် အာနိုး၏လေ့ကျင့်ချိန်သက်သက်ကို ဖော်ပြရုံသာမဟုတ်ဘဲ ထိုနေရာမှာ အာနိုးနှင့်အတူ ဖြစ်ပျက်သွားတာလေးကိုပါ လိုက်ပါကြည့်ရှုရန်ဖြစ်သည်။ အာနိုးသည် သူ၏ မောင်အိုလံပီယာ လေးထပ်ကွမ်းအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
စာဖိုမှုးကြီး၏ လှည့်စားချက်များ
Posted by Naing Wai | No Comments »
ကာယလေ့ကျင့်မှုတွင် အစားအသောက်သည် အလွန်ပင်အရေးကြီး၏။ ကိုယ့်မီးဖိုချောင်ထဲက ကိစ္စတွေသည် ကိုယ့်ကာယကို ထိခိုက်နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့်မိမိတို့၏ ထမင်းစားချိန်လေးများကို အကောင်းဆုံး ဖြစ်အောင် ကမ္ဘာ့စားဖိုမှုးကြီးများ၏ အကူအညီကို ယူကြပါစို့။
Continue readingနပန်း လောက အောင်မြင်မှုနှင့် အတူ
Posted by Naing Wai | No Comments »
WWE စူပါစတား ဂျွန်စီနာ၊ The Marine ဇာတ်ကားက မင်းသားသည် ကာယဗလလောကမှာ စစ်သားတစ်ဦးအဖြစ်ထမ်းဆောင်ပြီး သူ့ကိုယ်ကာယကို သွေးခဲ့သည်။ ဗီးနစ်မြို့မှ ဂျင်မ်ထဲမှာ ကျိတ်ကစားနေသူကောင်လေးက ကမ္ဘာကျော် နပန်းသမားတစ်ဦးဖြစ်သွားပုံဇာတ်လမ်းလေးကို ရှုစားကြည့်ကြပါစို့။
Continue reading၂၀၀၉ မောင်အိုလံပီယာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်နှင့် ဘာကြောင့်လဲ?
Posted by Naing Wai | No Comments »ပဏာမရှေ့ပြေး
မောင်အိုလံပီယာ သမိုင်း ၄၄နှစ်တွင် မောင်အိုလံပီယာဆုကို ဆွတ်ခူးနိုင်တာထက် ရှုံးသွားတာကို ပြန်နိုင်ဖို့က ပိုခက်သည်ဆိုတာ သက်သေပြထားပါသည်။ သည်နှစ်အထိ လေးယောက်သောသူများ ကြိုးစားခဲ့ကြရာမှာ – ဆာဂျီယို၊ ဖရန့်ဇိန်း၊ ဆန်မီယာဘန်နူးနှင့် ရော်နီကိုးလ်မင်းတို့ – သူတို့လေးယောက်စလုံး ရှုံးပြီးလျှင် ပြန်မယူနိုင်ခဲ့ပါ။ ၂၀၀၆ ခုနှစ် ရော်နီကိုးလ်မင်းကို ပြိုလဲစေပြီးကတည်းက ဂျေးကတ်တလာ နှနှစ်ဆက်တိုက်အောင်ပွဲခံခဲ့သည်။ သို့သော် မနှစ်ကတော့ သူ့သရဖူကို လက်လွတ်ခဲ့ရသည်။
ကမ္ဘာ့ပေါင်ကြွက်သားအကောင်းဆုံးကာယဗလမောင်-10-ယောက်
Posted by Phyo Wai Win | 2 Comments »
ဧည့်သည် တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
ကာယဗလလောက၏ပေါင်ကြွက်သားအကောင်းဆုံးမောင်-10-ယောက်၏အမည်များကိုမြန်မာကာယဗလ၀ါသနာ
ရှင်များဗဟုသုတရစေရန်ဖော်ပြလိုက်ပါသည်။
ရဂ် ပက်ခ် ၂ နှစ်ပြည့် အမှတ်တရ (၁၉၂၈-၂၀၀၇)
Posted by Naing Wai | No Comments »
လွန်ခဲ့သည့် နိုဝင်္ဘာ ၂၂ ရက်တွင် ရဂ် ပက်ခ် ဆုံးခဲ့တာ နှစ်နှစ်ပြည့်ခဲ့လေပြီ။
၂၀၀၇ နိုဝင်္ဘာ ၂၂ရက်နေ့ ကြာသပတေးနေ့တွင် ကာယဗလ လောကြီးသည် တကယ့်အထင်ကရ ပုဂ္ဂိုလ်ကြီး ရဂ်ပက်ခ်ဆုံးပြီဆိုသော သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူသည် အသက် ၇၀ ရှိပြီဖြစ်သည်။
သူ့မိသားစုသည် ရဂ် မှာ အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် (metastatic melanoma) ခံစားနေရသည်ကို လအနည်းငယ်လောက်မှ သိထားရသည်ဖြစ်သည်။



