Dec
13

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ နံပါတ်(၁)

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ နံပါတ်(၁)

1

ဧည့်သည် တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)

ကာယဗလသမားတိုင်း၏ဆန္ဒမှာ မည်သည့်အဆင့်တွင်မဆိုကြီးထွားသည်ထက် ကြီးထွားလိုသည်မှာ သဘာဝ ဖြစ်သည်။သို့သော်ထိုကဲ့သို့ ကြီးထွားစေရန်ကြိုးစားရင်း လောဘနှင့်အမှားများ ပြုလုပ်မိကာ တိုးတက်မူ့ လျော့ နည်းသွားတတ်ကြသည်။ထိုသူတို့ ကျုးလွန်တတ်သော်အမှားများကို ရှာဖွေစုစည်းတင်ပြထားပါသည်။

အမှား-1- မကြာခဏလေ့ကျင့်ခြင်း (training too often)

ခန္ဓာကိုယ်အတက်နှေးသူများ တွင် တွေ့ရတတ်သောနံပါတ်-1-အမှားမှာ မကြာခဏလေ့ကျင့်ခြင်းပင်ဖြစ် သည်။ အချို့သူများမှာ ကြီးထွားမည်ဟု မျှော်လင့်ချက်ဖြင့် သင်တန်းကို တစ်ပတ်လျှင် ခြောက်ရက်လောက် သွားကာ လေ့ကျင့်ကြသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုသူများမှာ ကြီးထွားမလာဘဲ ကြွက်သား များသေးငယ်သွားပြီး ခွန်အားလည်းတိုးတက်မလာဘဲ ဆုတ်ယုတ် သွားလေသည်။ ကျွန်တော့် အယူအဆကတော့ သင်တန်းကိုတစ်ပါတ်လျှင် လေးရက်ထက် ပိုမသွားသင့်ပေ။ အကြောင်းကတော့ နားရက်-3- ရက်က သင့်ကြွက်သားကြီးထွားမူ ကိုများစွာ အထောက်အကူ ပြုပေမည်။ သို့သော် လူများစွာကတော့ များများကစားလေ-ပိုကောင်းလေ ဟူသောအယူအဆဆိုးကြီးကို လက်ကိုင်ထားဆဲ ဖြစ်သည်။ ရက်တွေ လတွေ ကုန်သွားသော်လည်း မိမိတို့ အလိုရှိသော ကြွက်သား ထုထည်ကိုမရရှိသည်မှာထိုအယူအဆ ကြောင့်ဖြစ်သည်။ မကြာခဏလေ့ကျင့်ခြင်းကြောင့်လေ့ကျင့်မှုလွန်ကဲခြင်း (over training)နှင့်ကြုံ တွေ့ ရပေမည်။ လေ့ကျင့်မူလွန်ကဲခြင်းဆိုသည်မှာ-ကြွက်သားများကြီးထွားမလာဘဲ ခွန်အားများလဲ ဆုတ်ယုတ်သွားခြင်းကိုဆိုလိုပေသည်။ထို ကြောင့်မှတ်ထားရမည်မှာ-ကြွက်သားတို့ မည်သည် လေ့ကျင့်ချိန်တွင်ကြီးထွားမလာဘဲ ငှင်းတို့ ကိုအနားပေးချိန်မှာသာကြီးထွားလာခြင်းဖြစ်သည်။ သင့်ခန္ဓာကိုယ်၏ ပင်မအာရုံကြောထိန်းချုပ်မူစနစ် (central nervous system)မှာ ကြွက်သားများ ပြန်လည်အားပြည့်စေရန် ကစားချိန်ထက်ပိုပြီးအချိန်ယူလေ့ရှိကြောင်းသင်မှတ်ထားရပေမည်။ထို့ အပြင်ခန္ဓာကိုယ်နှင့်စိတ်ကို အနားပေးရန်လည်း လိုအပ်ပေသည်။သို့ မှသာ သင်လေ့ကျင့်ချိန်တွင် အင်နှင့်အားနှင့် လေ့ကျင့်နိုင်ပေမည်။ထို့ ကြောင့်အားလုံးကိုအကြံပြုလိုသည်မှာ-တစ်ပတ်လျှင်-3-ရက် သို့ မဟုတ် 4-ရက်ထက်ပိုမကစားပါနှင့်။ နောက်ထပ်အမှားများစွာကိုထပ်မံတင်ပြပါဦးမည်။  - နိုင်ဦး (119)

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ-နံပါတ်(၃)
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၈
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ နံပါတ် (၂)
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၆ နှင့် ၇
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၎