ကိုယ်ကာယ လေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၉
Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကိုယ်ကာယ လေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၉တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—9—-ကြွက်သားထုထည် တည်ဆောက်ရန် မှန်ကန်သော အဟာရကို လုံလောက်စွာ မစားသောက်ခြင်း
ကြွက်သားထုတက်စေရန်အတွက် သင်သည် ကယ်လိုရီပေါင်းများစွာ စားသုံးရန် လိုအပ်ပါသည်။ လေ့လာတွေ့ ရှိချက်များအရ-ဆူမိုနပမ်းသမားများသည် ကယ်လိုရီတန်ဖိုးမြင့်သော အစားအစာများကို ပြိုင်ပွဲဝင် ကာယဗလမောင်များထက် များစွာ ပိုမို စားသုံးသောကြောင့် ၎င်းတို့ သည် ပိုမိုကြီးထွားသော ဘော်ဒီကို ပိုင်ဆိုင်နိုင်ကြသည်။ ထိုသူတို့ ကစားသော အလေးများမှာလဲ ကာယဗလမောင်များထက် များစွာနည်းသည် ကိုတွေ့ ရသည်။ ထို့ကြောင့်သင်ခန်းစားရသည်မှာ-ကြွက်သား ထုထည်တက်လိုလျှင် စနစ်တကျ များများစားသောက်တတ်ရမည်။
များများစားရမည် ဆိုရာတွင် – အားရပါးရ၀မ်းဗိုက် အပြည့်စားခိုင်းသည် မဟုတ်ပါ။ မလိုအပ်သော အဆီပိုများတက်မလာစေရန်၊ ပမာဏနည်းနည်းနှင့် အကြိမ်ပေါင်းများစွာ စားသောက်ခိုင်းခြင်း ဖြစ်ပါသည်။ ထိုသို့ စားသောက်ရာတွင် အဓိကဖြစ်သော ပရိုတိန်းဓာတ် နှင့်ကာဗိုဟိုက်ဒရိတ်ဓာတ်များပါစေရန် ရွေးချယ်စားသောက်ရပါမည်။ သို့ မှသာ သင့်ကြွက်သား တည်ဆောက်ရာတွင် အထောက်အကူဖြစ်သော-အမိုင်နိုဓာတ်နှင့်အင်ဆူလင်ဓာတ်သည် တိုးပွားလာပေမည်။ နှစ်နာရီခြားတစ်ခါ၊ သုံးနာရီခြားတစ်ခါ စားရပါမည်။ သို့ သော် မနက်အိပ်ရာထချိန်နှင့် မကစားမီ၊ ကစားပြီး ထိုသုံးချိန်သည် အလွန်အရေးပါသည်။ အကြိမ်တိုင်းတွင် ကာဗိုဟိုက်ဒရိတ် ပါဝင်စေရန် သတိပြုပါ။ သို့ သော်-ညနေ-6–နာရီကျော်လျှင် အမျှင်ဓာတ်ပါသော ကာဗိုဟိုက်ဒရိတ်ကိုရပ်လိုက်ပါ။ ညအချိန်တွင် သွေးထဲရှိ အင်ဆူလင်ပမာဏ လျော့ကျသွားသောကြောင့် ဖြစ်သည်။ သို့ မဟုတ်ပါက အဆီအဖြစ် ပြောင်းသွားပေမည်။
ကြွက်သားထုတက်လိုသူများသည် မိမိကိုယ်အလေးချိန် တစ်ပေါင်လျင် အနည်းဆုံးပရိုတိန်း-1-ဂရမ် သို့ 1.5ဂရမ် စားသောက်သင့်ပြီး ကာဗိုဟိုက်ဒရိတ်-2.5ဂရမ်နှုန်း စားသောက်သင့်ပါသည်။ ရေများများသောက်သင့်ပါသည်။ တစ်ညလျှင် အနည်းဆုံး8-နာရီ မှ 9-နာရီ အိပ်သင့်ပါသည်။
ဖော်ပြခဲ့ပြီးသော အမှားများ
ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်
နောက်ထပ်အမှားများကိုတင်ပြပါဦးမည်။ နိုင်ဦး (119)
Related posts:








