Dec
31

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၀

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၀

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—10—ကာယဗလမဂ္ဂဇင်းများတွင် ပါသော အကြံပေးချက်များကို အားကိုးလွန်းခြင်း

ကမ္ဘာကျော် ကာယဗလမဂ္ဂဇင်းများတွင် ပါသောအကြံပေးချက် အများစုမှာ လူတိုင်းအတွက် မသင့်လျော်သော အမှားများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမဂ္ဂဇင်းများတွင် အကြံပေးရေးသားထားသည်မှာ ကမ္ဘာကျော် ပရော်ဖက်ရှင်နယ်အဆင့် ကာယဗလသမားများ၏ ကစားနည်းများ ဖြစ်သည်။ ထိုသူများသည် စတီးရွိုက်ဆေးများကို အလွန်အကျုး မှီဝဲသူများ ဖြစ်သည်။ ထို့ အပြင် အထောက်အကူပြု ဆေးဝါးကုမ္ပဏီများ (supplement companies)မှ စပွန်ဆာပေးထားသူများ ဖြစ်သည်။ ထို့ ကြောင့် ဆေးဝါးများများကိုလည်း ဖောဖောသီသီသုံးနိုင်သူများ ဖြစ်သည်။ ထို့ အချက်များကြောင့် သာမန် ကာယဗလသမားများသည် ထိုသူများ၏ အကြံပြုချက်များကို အထင်မကြီးသင့်ဘဲ မိမိတို့ နှင့်သာ ကိုက်ညီသော လေ့ကျင့်နည်းပရိုဂရမ်များကိုသာ လိုက်နာသင့်သည်။ ထို့ အပြင်ထိုကာယဗလမဂ္ဂဇင်းများကို ထုတ်ဝေသူများမှာလည်း ဆေးကုမ္ပဏီများသာ ဖြစ်သည်။ ထိုသူတို့ က၎င်းးတို့ ၏ဆေးများ ရောင်းရစေရန် ကြော်ငြာပုံစံအသစ် ဖြင့်ကြော်ငြာခြင်းသာ ဖြစ်သည်။ သင်မယုံပါက ကျွန်တော်သက်သေပြမည်။

Muscle and fitness  magazine  ကို Joe Weider ပိုင်ဆိုင်သည်။ ထို့ အပြင် Flex  magazine ကိုလည်း Joe Weider  သာပိုင်ဆိုင်၏။

Iron man magazine ကို Muscle Linc ကပိုင်၏။

Muscular development magazine  ကို Twin Lab ပိုင်၏။

နာမည်ကျော်မဂ္ဂဇင်းများကို နာမည်ကျော်ဆေးကုမ္ပဏီများက ပိုင်သည်ကို ကျွန်တော်သက်သေပြပြီးပြီ။  ကဲအခုကော နာမည်ကျော်မဂ္ဂဇင်းတွေက ပေးတဲ့အကြံတွေကို အထင်ကြီးကြဦးမှာလား။ ဒီလောက်ဆိုလျှင်  လုံလောက်ပြီဟု ယူဆမိပါသည်။ ထို့ ကြောင့် မိမိနှင့်ကိုက်ညီသော ပရိုဂရမ်ကို ရှာတွေ့ နိုင်ကြပါစေ။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှားသုံး

ဖော်ပြခဲ့ပြီးသော အမှားလေး

ဖော်ပြခဲ့ပြီးသော အမှားငါး

ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်

ဖော်ပြခဲ့ပြီးသော အမှား ရှစ်

ဖော်ပြခဲ့ပြီးသော အမှား ကိုး

နောက်ထပ်အမှားများကိုလည်းတင်ပြပါဦးမည်။  နိုင်ဦး (119)

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁