Dec
31

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—11—–သင်၏ တန်ဖိုးရှိသောငွေများကို ဖြည့်စွက်အာဟာရများအတွက် အလွန်အကျုးသုံးစွဲခြင်း

လူသားဆန်ဆန် မြန်နိုင်သမျှ မြန်မြန်ကြီးထွားလိုသူတိုင်းသည် မိမိတို့ ၏ ရှိစုမဲ့စုပိုက်ဆံလေးများကို ဖြည့်စွက်အာဟာရများကို ၀ယ်ယူသုံးစွဲကြသည်။ သို့ သော်တစ်ခုမေးချင်ပါသည်။ သင့်ငွေထောင်သောင်းများစွာကုန် သွားသော်လည်း သင်လိုချင်သော ကြွက်သားကြီးထွားမှု ရပါရဲ့ လား။ သင်သုံးသောsupplement များထက် များပြားသော supplement များကို ကျွန်တော်သုံးခဲ့ပါ၏။ ထိုအမျိုးအစားများကိုဖော်ပြပါမည်။

Growth hormone booster

HMB

Vanadyl sulphate

Ribose

Pro Hormones

Amino acid pills

Creatine booster

Weight  gain powder စသည်ဖြင့်သုံးခဲ့ပါသည်။ သို့ သော်၎င်းတို့ ချည်းသက်သက်ဖြင့် ကျွန်တော့်ရည်မှန်းချက်ပန်းတိုင် မရောက်ခဲ့ပါ။

97-ရာခိုင်နှုန်းသောယနေ့ ခေတ် supplement များမှာ လုံးဝအသုံးမ၀င်သော၊ အကျိုးမရှိသောအရာများ ဖြစ်သည်။

FDA  ထောက်ခံချက်မပါသော supplement များကို လုံးဝမသုံးရပါ။ ထိုဆေးများကို သုံးပါက–သင့်ကျန်းမာရေးကိုထိခိုက်စေပါသည်။

-တက်(စ)စတိုစတီရုန်း ထုတ်လွတ်မှုကို အဟန့် အတားဖြစ်စေသည်။

-အီစတိုဂျင်ဓါတ် များပြားလာမည်။

-သိုင်ရွိက် ဟိုမုန်းထုတ်လွတ်မူ လျော့နည်းသွားခြင်းစေသော ဆိုးကျိုးများကို ဖြစ်စေသည်။ သုံးသင့်သော ဆေးအမျိုးအစားများကိုလည်း ညွှန်းပေးပါမည်။

-Protein powder

-Creatine

-Omega 3 fish oil

-Digestive enzyme တို့ ဖြစ်သည်။

ထို့ ကြောင့် အလွန်အကျုးကြော်ငြာထားသော supplement များကိုဆင်ခြင်ကာ ရှောင်ကျဉ်ကြပါစို့ ။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှားသုံး

ဖော်ပြခဲ့ပြီးသော အမှားလေး

ဖော်ပြခဲ့ပြီးသော အမှားငါး

ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်

ဖော်ပြခဲ့ပြီးသော အမှား ရှစ်

ဖော်ပြခဲ့ပြီးသော အမှား ကိုး

ဖော်ပြခဲ့ပြီးသော အမှား တစ်ဆယ်

နောက်ထပ်အမှားများကိုလည်း တင်ပြပါမည်။ နိုင်ဦး (119)

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၀
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂