Jan
3

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃

တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)

အမှား—၁၃—လုံလုံလောက်လောက် မအိပ်ခြင်း

သင်ရဲ့ကြွက်သားများ ကြီးထွားရန် အဓိကကျသော အချက်မှာ-သင် လုံလုံလောက်လောက် အိပ်ရန် အရေးကြီးဆုံးဖြစ်သည်။ အကြောင်းမှာ-လေ့ကျင့်ချိန်တွင် ပျက်စီးသွားသော ကြွက်သားအမျှင်များကို အိပ်စက်ချိန်တွင် အကောင်းဆုံးပြန်လည် တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။ သင်အလျင်မြန်ဆုံး ကြီးထွားစေရန် တစ်နေ့ လျင် အနဲဆုံး8-နာရီမှ 10-နာရီ အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရန် အရေးကြီသည်။ ညဖက်တွင် 8-နာရီအိပ်စက်ရန် မလွယ်ကူပါက နေ့ ခင်းဖက်တွင် တစ်ရေးတစ်မောအိပ်စက်ကာ အိပ်ရေးဝအောင် ကြိုးစားသင့်သည်။ အိပ်ရေးမ၀ခြင်းသည် သင်၏ကြွက်သားများ ကြီးထွားစေရန် အထောက်အကူပြုသော တက်စတိုစတီရုန်း ထုတ်လွတ်မှုကို လျော့ကျစေကာ ကြွက်သားအမျှင်များကို ပျက်စီးစေသော၊ အဆီသိုလှောင်မှု များလာစေသော၊ ကောတီဆောလ်ဓာတ် များပြားလာသည်။ ထို့ အပြင်အိပ်ရေးမ၀ခြင်းက သင့်ကိုယ်တွင်းရှိ အင်ဆူလင် နိုးကြားမှုကို လျော့ကျစေသည်၊၊ ထိုဓာတ်သည် သင်စားသုံးသော ကာဗိုဟိုက်ဒရိတ်များကို အဆီမပါဘဲ ထုတက်စေရန် အထောက်အကူ ပြုသောဓာတ်ဖြစ်သည်။ အိပ်ရေး၀၀အိပ်ရန်မကြိုးစားဘဲ၊ gym-သွားကာ သင်ဘယ်လောက်ပဲ အပင်ပန်းခံကာ ကြိုးစားကြိုးစား သင်လုံးဝတိုးတက်မှုရမည်မဟုတ်ပေ။ အမေရိကန်ကာယဗလ လောကတွင် ကျော်ကြားသော အဆိုတစ်ခုမှာ- More sleep equals more muscle

ထို့ ကြောင့်အားလုံး အိပ်ရေး၀၀ အိပ်နိုင်ကြပါစေ။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှားသုံး

ဖော်ပြခဲ့ပြီးသော အမှားလေး

ဖော်ပြခဲ့ပြီးသော အမှားငါး

ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်

ဖော်ပြခဲ့ပြီးသော အမှား ရှစ်

ဖော်ပြခဲ့ပြီးသော အမှား ကိုး

ဖော်ပြခဲ့ပြီးသော အမှား တစ်ဆယ်

ဖော်ပြခဲ့ပြီးသော အမှား ဆယ့်တစ်

ဖော်ပြခဲ့ပြီးသော အမှား ဆယ့်နှစ်

နောက်ထပ်အမှားများကိုလည်းတင်ပြပါဦးမည်။  နိုင်ဦး—–119

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၀