Jan
3

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—14—-လေ့ကျင့်နည်း သဘောတရားများကို ပတ်လည်အောင် မကစားခြင်း

ယခုဆိုလျင် ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးများကို သင်လေ့လာခဲ့ပြီး သင်သည် ပိုမိုထွားကျိုင်သန်မာစေရန် တစ်ပတ်လျင် သုံးလေးရက်ထက် ပိုမကစားရန်၊ ကစားချိန်တစ်ချိန်လျင် 45-မိနစ်ထက် ပိုမကြာရန်နှင့်10-ကျော့မှ16-ကျော့အတွင်းသာကစားရန် ဟူသောအရေးကြီးပြီး အခြေခံကျသော သဘောတရားများကို သင်နားလည်သဘောပေါက်လောက်ပြီဟု မျှော်လင့်မိပါသည်။ သို့ သော် ကြွက်သားထုကြီးထွားရန် အတွက်နောက်ထပ် အရေးကြီးသော သဘောတရားတစ်ခုကို တင်ပြချင်ပါသည်။ ထိုသဘောတရားအကြောင်း အနည်ငယ်ရှင်းပြချင်ပါသည်။ ကြွက်သားဟူသည်မှာ-ပုံစံအမျိုးမျိုးနှင့် တည်ဆောက်ထားပါသည်။ ထို့ကြောင့်၎င်းတို့  အားလုံးကို လှုံ့ဆော်ရန်အတွက် ပုံစံတစ်မျိုးတည်းဖြင့် မလုံလောက်ပါ။ အကြိမ်နည်နည်းဖြင့် ကစားလျှင် အချို့ သော ကြွက်သားအမျှင်များအတွက် ထိရောက်သော်လည်း အချို့  ကြွက်သားများမှာမူ အကြိမ်များများဖြင့် ကစား
မှထိရောက်သည်။ ထို့ အတူ အချို့ ကြွက်သားများမှာ အာနိုးကစားသကဲ့သို့ အကြိမ်များများ ကစားမှ ထိရောက်ပြီး အချို့ ကြွက်သားများမှာ ဒိုရီယံရိတ် ကစားသကဲ့သို့ အကျော့နည်းနည်းနှင့် ညှစ်ကစားမှ ထိရောက်မည် ဖြစ်သည်။ သင့်အနေနှင့် ထိုနည်းစနစ်နှစ်မျိုးလုံးကို တစ်ချိန်တည်းကစားလို့ မရနိုင်ပါ။ ကစားခဲ့ပါက- လေ့ကျင့်မူ့ လွန်ကဲခြင်းနှင့် မလွဲမသွေ ကြုံတွေရပေမည်။ ထို့ကြောင့် လေ့ကျင့်မူလွန်ကဲခြင်းနှင့် လုံလောက်စွာ မလေ့ကျင့်ခြင်း ဟူသော အမှားနှစ်ခုစလုံးကို ရှောင်နိုင်ရန်အတွက် ထိုသဘောတရားနှစ်ခုကို ပတ်လည် လေ့ကျင့်ပေးပါ။ သို့မှသာ သင်လိုချင်သော ပန်းတိုင်ကို အမြန်ရောက်နိုင်ပေမည်။

နောက်ဆုံးအမှားကို ထပ်မံတင်ပြပါဦးမည်။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှားသုံး

ဖော်ပြခဲ့ပြီးသော အမှားလေး

ဖော်ပြခဲ့ပြီးသော အမှားငါး

ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်

ဖော်ပြခဲ့ပြီးသော အမှား ရှစ်

ဖော်ပြခဲ့ပြီးသော အမှား ကိုး

ဖော်ပြခဲ့ပြီးသော အမှား တစ်ဆယ်

ဖော်ပြခဲ့ပြီးသော အမှား ဆယ့်တစ်

ဖော်ပြခဲ့ပြီးသော အမှား ဆယ့်နှစ်

ဖော်ပြခဲ့ပြီးသော အမှား ဆယ့်သုံး

စနစ်တကျကစားနိုင်ကြပါစေ။ နိုင်ဦး — ၁၁၉

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၀