ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—15—၂-လသို့ မဟုတ်၃-လလောက် ကစားပြီး တစ်ပတ်လောက် အနားမယူခြင်း
ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်၊ သင့်ကြွက်သားများကို အနားပေးရန်မှာ လိုအပ်ချက်ဖြစ်သည်။ ထိုသို့  အနားပေးခြင်းဖြင့် သင့်ကိုမတော်တဆဖြစ်ခြင်းများမှ ကာကွယ်ပေးပြီး ကြွက်သားများ တိုးတက်ကြီးထွားစေရန် အထောက်အကူများစွာ ပြုသည်။ လူအတော်များများသည် ကစားကောင်းတုန်း၊ အရှိန်ရတုန်းမနားချင်ကြပေ။ နားလိုက်လျှင် တိုးတက်မှုများ ရပ်တန့်သွားမည်ကို စိုးရိမ်ကြသည်။ အမှန်မှာတော့၊ ထိုသို့ နားမှသာ သင့်အတွက် အကျိုးရှိပေမည်။ မယုံပါက အထောက်အထားပြမည်။ နာမည်ကျော် ကာယဗလချန်ပီယံ နာဆာအလ် ဆွန်ဘက်တီသည် တစ်နှစ်လျှင် တစ်လ လုံဝအနားယူလေ့ရှိသည်။ ထို့အပြင် 3-ထပ်ကွမ်းမောင်အိုလံပီယာ ချန်ပီယံ-ဖရင့်ဇိန်းသည်၊ တစ်နှစ်လျှင် သုံးလလောက်- ကာယဗလ မလေ့ကျင့်ဘဲ ရေကူး၊ မြှားပစ်၊ စက်ဘီးစီး အစရှိသဖြင့် လူပ်လူပ်ရှားရှား နေလေ့ရှိသည်။ ကိုင်းထိုမျှလောက်ဆိုလျှင် လုံလောက်ပြီဟု ယူဆပါသည်။ တစ်နှစ်လျင် 52-ပတ်ရှိသည်။ ကြွက်သားသည် သုံးလလောက် လေ့ကျင့်ပြီးပါက အတော်ပန်းသွားပြီ ဖြစ်သည်။
အချို့ သော အသက် 35-နှစ်အထက်ရှိ အတက်နှေးသူ ကစားသမားများကို ခြောက်ပတ်မှ ရှစ်ပတ်လောက် အထိအနားယူပြီး ပြန်လည်လေ့ကျင်ခိုင်းသောအခါ သိသိသာသာတိုးတက်မူများကို အံ့သြစွာတွေ့ရသည်။ ထို့ ကြောင့် အားလုံးကို နောက်ဆုံး ပြောချင်သည်မှာ-၃-လလောက် ကစားပြီးပါက တစ်ပတ်လောက် အနားယူဖြစ်
အောင် ယူလိုက်ပါ။
———ကဲအခုတော့ ကျွန်တော့်ရဲ့ အခန်းဆက် လေ့ကျင့်နည်းသဘောတရားများ ပြီးပါပြီ။နောက်ထပ် အကောင်းဆုံးသော လေ့ကျင့်နည်းသဘောတရားများ နှင့် ချန်ပီယံကာယဗလသမားများ၏ လေ့ကျင့်နည်းစားသောက်ပုံ နှင့် ကာယဗလပြိုင်ပွဲ သတင်းရလဒ်များ၊ ပရော်ဖက်ရှင်နယ်အဆင့် ကာယဗလမောင်များ၏
အင်တာဗျုးများ အပြင် အမျိုးသားများအတွက် ကျန်းမာရေးဆောင်းပါးများ နှင့် အမျိုးသမီးလေ့ကျင့်နည်း၊ အဆီချဆောင်းပါးများကိုလည်း ကျွန်တော်တို့ ၏ဆိုက် www.myanmarfitness.com တွင် ဆက်လက်တင်ပြသွားရန်ရှိပါသည်။ ထို့ အပြင် personal training များနှင့် program များအတွက်လည်း ဆက်သွယ်နိုင်ပါသည်။ GYM-ပိုင်ရှင်များ၊ လုပ်ငန်းရှင်များအနေနှင့် မိမိတို့ ၏ကြော်ငြာများကိုကျွန်တော်များ၏ ဆိုက်တွင် ကြေငြာလိုပါက-email—nww@myanmarfitness.com သို့ ဆက်သွယ် နိုင်ပါသည်။
ဖော်ပြခဲ့ပြီးသော အမှားခြောက်နှင့် ခုနှစ်
ဖော်ပြခဲ့ပြီးသော အမှား ဆယ့်တစ်
ဖော်ပြခဲ့ပြီးသော အမှား ဆယ့်နှစ်
ဖော်ပြခဲ့ပြီးသော အမှား ဆယ့်သုံး
ဖော်ပြခဲ့ပြီးသော အမှား ဆယ့်လေး
ကာယဗလလေ့ကျင့်ကစားသူ အားလုံးမိမိတို့ ၏ လိုအပ်ချက်များ အားလုံးပြည့် ဝကြပါစေ။
နိုင်ဦး—–119
Related posts:







ကိုနိုင်ေ၀၀င်း ကို ၁ ခုလောက်မေးချင်ပါသည်။ ကျွန်တော်သည် ၀ိတ်မချင်းကိုနှစ်သက်ပါသည်။ professional မဟုတ်ပါ။ အလုပ်အားသည့်အချိန်တွင်ကစားခြင်းဖြစ်ပါသည်။ ယခုကျွန်တော် gym တွင်ကစားနေသည်မှာ ၄ လ ခန့်ရှိနေပါပီ။ ယခုကျွန်တော် မ သည့်ပုံစံမှာ
MON: chest n back, TUE: shoulder n biceps, WED: lower portion, TURS:rest , FRI : chest n back, SAT: off. အတိုင်းဖြစ်သည်။ အဆိုပါပုံစံနဲ့ မရာ ၄ လအတွင်း ၁၅ ပေါင်ခန့်တက်လာပါသည်။ အရင်က ပုံစံထက်စာရင်တော်တော်ကြည့်ကောင်းလာပါသည်။ သို့သော် ပြသနာမှာ ယခုအထိ belly ပုံစံပြောင်းလဲမလာပါ။ သင်တန်းဆရာမှ bellyတနေ့အခါ ၆၀ ရိုက်ခိုင်းပါသည်။ ဗိုက်ခေါက်ကထွက်မြဲထွက်လျက်ရှိပါသည်။ ကျမသွားသေးပါ။ သို့ဖြစ်လျက် တနေ့အခါ ၁၀၀ ရိုက်ကြည့်ပါသည်။ ဗိုက်ခေါက် ကတော့ဘယ်လိုမှမနေပါ။ ဒါပေမဲ့ အရင်ရက်များကဆော့ပီးတက်လာသော body wt. များဆက်တက်မလာတော့ပါ။ တန့်နေပါသည်။ ကျွန်တော်သိချင်သည်မှာ belly လဲလှအောင်၊ wt. လဲပုံမှန်အတိုင်းတက်အောင်မည်သို့ဆက်ကစားရမည်ကိုသိချင်ပါသည်။ ပြန်လည်ဖြေကြားပေးစေလိုပါသည်။ ကျေးဇူးတင်လျက်………..
brother… belly တစ်နေ့ကို အကြိမ် ၆၀ ကောင်းကောင်းရိုက်နေတယ် ဆိုရင် ဒါသည် ဗိုက်ကြွက်သားအတွက် လုံလောက်နေတဲ့ အနေအထားပါ။ အဲသည့် ဗယ်လီရိုက်သည်ဆိုသည်မှာ ဆိုခဲ့သည့်အတိုင်း ကြွက်သားကို ရိုက်နေခြင်းသာဖြစ်၏။ ပြဿနာက ကြွက်သားတွေအပေါ်က ဖုံးနေတဲ့ အဆီ.ဗိုက်ခေါက်… အဲသည့်အဆီကြောင့် ခင်ဗျား ပြင်းပြင်းထန်ထန် ဇွဲနဲ့ ရိုက်ထားတဲ့ ဗယ်လီတွေ ငုတ်နေတာပါ။ ဗိုက်တ၀ိုက် အဆီတွေကျဖို့ဆိုသည်မှာ တကိုယ်လုံးက အဆီတွေနဲ့ ဆိုင်တယ်။ တကိုယ်လုံးက အဆီတွေချမှ ကျမည်ဖြစ်သည်။ ဗိုက်ခေါက်ကျဖို့ ဗယ်လီတွေချည်းရိုက်ရမည်ဆိုသည့် အယူအဆသည်မှားနေ၏ ။ bodyfat percentage ကို လျော့စေဖို့ဆိုလျှင် 3 C နည်းလမ်းနှင့် သွားရမည်ဖြစ်သည်။ Cardio, Calorie, Crunch..
၁) Cardio အကြောင်းကတော့ http://myanmarfitness.com/7-ways-to-do-cardio-effectivel တွင် ကြည့်ပါ။ ၎င်းသည် အမေ့လျော့ဆုံးနှင့် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။
၂) Calorie ကို ထိထိရောက်ရောက် လျှော့ချချင်လျှင် http://myanmarfitness.com/simple-but-greatest-diet-plan အတိုင်း စားပါ။
၃) Crunch ကတော့ ဗယ်လီရိုက်တာ.. ဒါကို ပုံမှန်လေးသာ လုပ်သွားပါ။ အလွန်အကျွံလုပ်စရာမလိုပါ။ အကြိမ် ၆၀လောက်ကို ညှစ်ပြီး ကစားနိုင်ရင်တော်ပြီ။
ဖော်ပြခဲ့တာတွေသည် ခင်ဗျားရဲ့ six packs တွေ ပေါ်လာအောင်တော့ အထောက်အကူပြုလိမ့်မည်။ Bodyweight လဲတက်ရမည်ဆိုလျှင်တော့ နည်းနည်းလေးပိုအားစိုက်ရတော့မည်။ ကမ္ဘာ့ချန်ပီယံကြီးတွေ ပြောတာကို ကြည့်ပါ။ http://myanmarfitness.com/20-answers-to-the-big-question
မောင်မောင်သည် ရင်အုပ်နှင့်နောက်ကျောကို ပိုကစားထားတာ ဘာလို့လဲ.. and where is triceps training? ၄ လအတွင်း ၁၅ပေါင်တက်လာတာကတော့ ကောင်းနေပါပြီ။ ဒါနဲ့ ဘယ်နှပေါင်ရှိလို့လဲ။ အဲသည်လို ဗိုက်ခေါက်ကြီးနဲ့ ဆက်တက်မနေတာလည်း ကောင်းနေပါသေးတယ်။ ဖော်ပြခဲ့တာတွေကို သေချာဖတ်ပါဦး.. Knowledge is Power!.
Yours, Naingwaiwin
အစ်ကိုနိုင်ဝင်း ခင်ဗျာ ကျွန်တော်လဲတစ်ခုလောက်မေးချင်ပါတယ် ကျွန်တော် အရပ်က သိပ်မရှည်ဖူးခင်ဗျ ကျွန်တော် အရပ်က အခု ဆို 5′6” ပဲရှိပါတယ်ခင်ဗျာ ကျွန်တော် အရပ်ရှည်ချင်တာကြောင့် တန်းခို ဘားတန်း
ခိုခြင်းပြုလုပ်ပါတယ် တစ်နေ့ ကို မနက် ၁၀ခါ နေ့ လည် ၁၀ခါ ညနေ့ ၁၀ ခါ အခါ (၃၀) တော့အနည်းဆုံးလုပ်ပါတယ်ခင်ဗျာ နွားနို့ ကိုလဲ နှစ်ရက် တစ်ခါလောက်တော့သောက်ဖြစ်ပါတယ် တစ်လလောက် လုပ်ကြည့်ပေမယ့် သိပ်မထူးခြား သလိုပဲ ကျွန်တော် လဲ အဲဒါနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်း
လာပြီး မလုပ်ဖြစ်တော့ပါဖူး ပုံစံ နည်းလမ်းမကျလို့ လား မသိဖူး ခင်ဗျာ ကျွန်တော် အသက်က ၁၇နှစ်ပါ
အသက် ၂၀ ဆိုအရပ်မထွက်တော့ဖူးဆိုလို့  ကျန်တဲ့  ၃နှစ်အချိန်လေးမှာ ကျွန်တော် အရပ်ရှည်ချင်ပါတယ်
ဘယ်လိုဆောင်ရွက်ရမလဲ ဘယ်လို အစားအစာတွေစားရမလဲ ဘာဆေးတွေသောက်ရမလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ ကျေးဇူးပြု၍ ဖြေကြားပေးပါ
အရပ်ရှည်ခြင်းမရှည်ခြင်းတွင် အဓိကအကြောင်းက ဗီဇနှင့် ဆိုင်ပါသည်။ ကိုယ့်genetic က အရှည်မျိုးမဟုတ်လျှင် ဘယ်လိုပဲ ကြိုးစားကြိုးစား အရပ်ကို ရှည်လာအောင် အများကြီး ပြုလုပ်နိုင်မည်မဟုတ်။ အဲသည်တော့ ညီလေး စိတ်လျှော့ထားလိုက်ပါ။ အရပ်ကို အနည်းငယ်ပြောင်းလဲနိုင်သော အခြေအနေများကတော့ ရှိပါတယ်။ ရေကူးတတ်ရင် အားလပ်ရက်တိုင်း ရေသွားကူးပါ။ ရေကူးခြင်းဟာ အကြောအခြင်တွေ ဆန့်ထုတ်စေပြီး အရပ်ရှည်စေနိုင်သလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။
ပြီးတော့ အဲသည့်လောက်ကြီး နေ့တိုင်း တန်းခိုစရာတော့မလိုပါ။ ဘာလို့ဆို လေ့ကျင့်မှုလွန်ကဲပြီး နောက်ကို ကစားချင်စိတ်မရှိတော့ ဖြစ်တတ်လို့ပါ။ တပတ် လေးရက်လောက်ဆို လုံလောက်ပါပြီ။ နွားနို့ကတော့ နေ့တိုင်းသောက်သင့်ပါတယ်။ အစားအသောက်ကို မျှမျှတတ စားသောက်ပါ။ တက်စထရိုစတီရုန်း ဟော်မုန်းဆေးမှီဝဲရင်တော့ အစပိုင်းမှာ အရပ်ရုတ်တရက်ရှည်လာပြီး နောက်ပိုင်းမှာတော့ လုံးဝကို တန့်သွားပါသည်။ ပြီးတော့ တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိသည့်အတွက် မသောက်သင့်ပါ။ ထို့ကြောင့် အရပ်ရှည်စေသော ဆေးမရှိဟု မှတ်ထားသင့်ပါသည်။ တကိုယ်ရေကျန်းမာရေး ကောင်းမွန်မျှတ၊ အအိပ်အနေ၊ အစားအသာက် မှန်ကန် သင့်မြတ်သောသူသည် သူ့အထွာနှင့် သူ အရပ်အရှည်နိုင်ဆုံးကို ရောက်ရှိနိုင်ပါသည်။ ညီလေး ဘာမှ ယုံကြည်မှုနည်းစရာမလိုပါ။ ပုံမှန်လေး ကစားသွားပါ။ ရေကူးပါ။ အစားအသောက် မှန်ကန်မျှတအောင် လေ့ကျင့်ပါ။ အာဟာရမဖြစ်တဲ့ အရာတွေ စားလျှင် ကိုယ့်အရပ်ရှည်မည့်ဟာ တန့်သွားစေနိုင်သည်။ ဥပမာ ဖျားနေတဲ့ကလေးတစ်ယောက်နှင့် အစာအာဟာရ ပြည့်ဝနေတဲ့ ကလေးတစ်ယောက် ယှဉ်ကြည့်လျှင် သိသာနေတာပဲ။ အရပ်ရှည်တဲ့ ဘာလျှို့ချက်မှ မရှိပါ။ ယောက်ျားလေးတွေသည် အသက် ၂၃နှစ် ထိ အရပ်ရှည်နိုင်ပါသည်။ ၅ ပေ ၆ လက်မ ဆိုတာကလည်း မြန်မာလူမျိုးများအနေနှင့် ပုလွန်းတဲ့အထဲမှာ မပါပါဘူး။ အရပ်ပုတဲ့အတွက်လည်း ဘာမှ စိတ်အားငယ်စရာမရှိသင့်ပါဘူး။ အရပ်ရှည်နေတဲ့လူကလည်း အရပ်ပုချင်ဖူးခဲ့မှာပါ။ ဘာမှ မထူးပါဘူး။
Keep training,
Naing Wai Win