Dec
19

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၎

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၎

4

ဧည့်သည်တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—4–ကြွက်သားအုပ်စုတိုင်းကို အပြည့်အ၀ မကစားခြင်း

ကာယဗလပရိုဂရမ်အတော်များများမှာ သင့်ကိုတစ်ပတ်မှာကြွက်သားအုပ်စုတစ်ခုကို တစ်ကြိမ်သာ ကစားရန် တိုက်တွန်းထားတာကို တွေ့ရပါလိမ့်မည်။ဥပမာ-တနင်္လာနေ့မှာ-ရင်အုပ်၊ပခုံး၊ လက်မောင်းနောက်၊ ဗုဒ္ဓဟူးနေ့မှာ-ပေါင်၊ ခြေသလုံး၊ သောကြာနေ့ မှာ- ကျောပြင်၊ လက်မောင်းအရှေ့ ဆိုပါစို့။ ဒါပေမဲ့ဒါဟာအချိန် အတိုအတွင်းမှာ ဖြစ်နိုင်သလောက် မြန်မြန်ကြီးချင်တဲ့သူတွေအတွက်တော့ စံပြပရိုဂရမ် မဟုတ်ပါဘူး။ ဥပမာ-သင်ဟာဂစ်တာတီး စသင်သူတစ်ယောက်ဆိုပါဆို့ ။ တစ်ပတ်ကိုတစ်ကြိမ်သာ အတီးလေ့ကျင့်တာက ပိုအကျိုးရှိမလား၊၊ အကြိမ်ပေါင်းများစွာ လေ့ကျင့်တာက ပိုအကျိုရှိမလား။ စဉ်းစားကြည့်ပါ။ သင်ရင်အုပ်ကို တစ်ပါတ်တစ်ကြိမ် လေ့ကျင့်ပါက တစ်နှစ်လျှင် 52-ကြိမ်၊ နှစ်ကြိမ်လေ့ကျင့်ပါက တစ်နှစ်လျှင် -104ကြိမ်၊ သုံးကြိမ် လေ့ကျင့်ပါက 156-ကြိမ် လေ့ကျင့်ဖြစ်မည်။ ထို့ ကြောင့် သင်ကစားနေသော ပရိုဂရမ်ကို တစ်ပတ်လျှင် ကြွက်သားအုပ်စုတစ်ခုကို သုံးကြိမ်ကစားသော စနစ်ကိုပြောင်းကြည့်ရန် တိုက်တွန်းချင်ပါသည်။

နားရူပ်မသွားပါနှင့်ဦး။ အမှား-1-တွင် မကြာခဏ လေ့ကျင့်ခြင်းကြောင့် လေ့ကျင့်မူလွန်ကဲခြင်း (over training) ဖြစ်နိုင်သည်ဟု ပြောခဲ့၏။ ယခုတစ်ခါတစ်ပတ်လျှင် ကြွက်သားအုပ်စုတစ်ခုကို သုံးကြိမ်ကစားပါက ကြီးထွားလာစေရန် အထောက်အကူပြုသည်ဟု ပြော၏။ သေချာရှင်းပြပါမည်။ အမှား-1တွင်ပြောခဲ့သည်က (high intensity +high volume)နှင့် လေ့ကျင့်ခြင်းကို ဆိုလိုသည်။ high intensity ဆိုသည်မှာ-ကြွက်သားတင်းညှစ်အားနှင့် ပြင်းထန်စွာကစားခြင်းကိုဆိုလိုသည်။ high volume ဆိုသည်မှာ-အကြိမ်၊ အကျော့များစွာ ကစားခြင်း ကိုဆိုလိုသည်။ ယခုတစ်ပါတ်လျှင် သုံးကြိမ်ကစားခိုင်းသည်မှာ-(low  intensity + low volume)နှင့် ကစားစေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- ကြွက်သားအုပ်စုတစ်ခုကို လေ့ကျင့်ခန်းတစ်မျိုး၊ နှစ်မျိုးသာကစားစေပြီး လေ့ကျင့်ခန်းတစ်မျိုးလျှင် 3-ကျော့လောက်သာ ကစားခြင်းဖြစ်သည်၊၊

တစ်ပါတ်လျှင် တစ်ကြိမ်ကစားပြီး မတိုးတက်သူများအား တစ်ပါတ်လျှင် သုံးကြိမ်ကစားကြည့်ရန် တိုက်တွန်းပါသည်။ Low intensity + low volume-နှင့် တစ်ပါတ်သုံးကြိမ် လေ့ကျင့်လိုသူများအတွက် အရှေ့ တောင်အာရှ ကာယဗလ(70-kg)ချန်ပီယံ  မောင်မြန်မာအောင်ခိုင်ဝင်း ရေးဆွဲပေးထားသော ပရိုဂရမ်ကို ဖော်ပြပေးလိုက် ပါသည်။

Aung Khaing Win's Low intensity training Day 1

Aung Khaing Win's low intensity training Day 2

ယခုပေးထားသောပရိုဂရမ်အတိုင်းကစားပါ။ တိုးတက်မူများကိုတွေ့ ရပါလိမ့်မည်။ နောက်ထပ်အမှားများကိုတင်ပြပါဦးမည်။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှား သုံး

အားလုံးစနစ်တကျကစားနိုင်ကြပါစေ။

Related posts:

  1. ကာယဗလလေ့ကျင့်ခြင်း၏ သမားရိုးကျ အမှားဆယ်ခု
  2. Volume ကစားနည်းပဲ ကြိုက်တယ်ဆိုရင်တော့
  3. သွေးပူ ဘယ်လိုလုပ်မလဲ
  4. ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း
  5. သူတို့ ရဲ့ ဆန့် ကျင်ဖက် သီအိုရီများ