ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၆ နှင့် ၇
Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၆ နှင့် ၇တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)
အမှား—6—–တဖြည်းဖြည်း အလေးတိုးပြီး ကစားသော သဘောတရားကို လျစ်လျုရူခြင်း
ကာယဗလလောက၏ အလေးတိုးကစားခြင်း သဘောတရားတွင် တဖြည်းဖြည်းချင်း အလေးတိုးကစားခြင်း သဘောတရား(progressive overload principle)မှာ အကျော်ကြားဆုံးဖြစ်သည်။ (progressive overload principle) ဆိုသည်မှာ-အကျော့တိုင်းတွင် အလေးတိုးတိုးသွားပြီး အကြိမ်လျော့လျော့ကာ ကစားသွားခြင်း ကိုဆိုလိုသည်။ ဥပမာ-သင်ယနေ့ ရင်အုပ်ကစားပါက အလေးပေါင်-100 ဖြင့် 6 ကြိမ်ရသည် ဆိုပါဆို့ ။ နောက်ရင်အုပ်ကစားမည့်နေ့ တွင် ပေါင်-100 ဖြင့် 8-ကြိမ်ရအောင်ကစားပါ။ သို့ မဟုတ် တစ်ဖက်လျှင် 5- ပေါင်တိုးကာ ပေါင် 110 ဖြင့် 6 ကြိမ်ရအောင် ကစားပါ။ အလေးသို့ အကြိမ်ကိုတိုးတိုးပြီး ကစားသွားပါ။ သို့ မှသာ ကြွက်သားခံနိုင်ရည် တိုးတက်လာပြီး ကြီးထွားမူကို အထောက်အကူပြုပေမည်။ ဒါ့ကြောင့်ကြီးထွားချင်သူအားလုံး- progressive overload principle ဖြင့်ကစားပါဟု အကြံပြုလိုက်ပါသည်။
အမှား—7—-အခြေခံကျသောလေ့ကျင့်ခန်းများကိုမကစားခြင်း
အခြေခံကျသောလေ့ကျင့်ခန်းများကို မကစားခြင်းဆိုသည်မှာ- ဆိုပါဆို့ -လက်မောင်းနောက်သားအတွက် လက်မောင်းနောက် အကျဉ်းတွန်း(close grip bench press)ကိုမကစားဘဲ၊ ဘားတိုတစ်ဖက်ခြင်း လက်မောင်းနောက်သားဆန့်  နှင့် စက်သီးကြိုးဖိချ (dumbell kickback +cable push down)တို့ကိုသာ အဓိကထားပြီး ကစားခြင်းကို ဆိုလိုသည်။ ထို့ပြင် ရင်အုပ်အတွက် ကေဘယ်ကြိုးနှင့်ကစားခြင်း ပေါင်ကြွက်သားအတွက် ပေါင်ရှေ့ ကန်ခြင်း (leg extension)၊ ကျောပြင်အတွက် စက်သီးကြိုးခေါင်းနောက်ဖိချ( lat pulldown)ကိုသာ ဦးစားပေးကစားခြင်းတို့ ဖြစ်သည်။
ဒါ့ကြောင့် အခြေခံကျသော လေ့ကျင့်ခန်းများဖြစ်သော-
-အောက်ပိုင်းအပြည့် ထိုင်ထခြင်း ( full squat )
-ဘားရှည်ရင်အုပ်သားတွန်းခြင်း (barbell bench press )
-ဘားရှည်ဆုံ့သားတွန်းခြင်း (military press )
-ဘားရှည်ခါးကိုင်းဆွဲတင် (bent over barbell row)
-ကြမ်းပြင်တွင် အသေချထားသော အလေးမခြင်း(dead lift)
-တန်းခိုခြင်း (chin up)
-နှစ်တန်းဘားတွန်းတင်ခြင်း (parallel bar dip)
-ဘားရှည်လက်မောင်းကြွက်သားကွေး (barbell bicep curl)
-ပက်လက်အိပ် လက်မောင်းနောက်သား အကျဉ်းတွန်းတင် (close grip bench press)
တို့ ကိုသာရွေးချယ် ကစားရန် တိုက်တွန်းပါသည်။ ထိုလေ့ကျင့်ခန်းများသည် သင့်ကိုထွားကျိုင်းသန်မာစေရန် အကူအညီပေးပါလိမ့်မည်။
နောက်ထပ်အမှားများကိုလည်းထပ်မံတင်ပြပါဦးမည်။
နိုင်ဦး—119
Related posts:









