Dec
24

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၈

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၈

တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)

အမှား—–8——အဆီကျအောင်ကြိုးစားရင်း ထုတက်အောင် စိတ်ကူးယဉ်ခြင်း

ထိုအမှားသည်လူတိုင်း အချိန်တိုင်း ရူးသွပ်စွာ စိတ်ကူးယဉ်နေသော အမှားတစ်ခု ဖြစ်သည်။ ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အရာ ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ သင်ထုတက်စေရန်အတွက် သင်အသုံးပြုသော ပမာဏထက် ပိုတဲ့ကယ်လိုရီကို စားသုံးရမှာဖြစ်သည်။ ထို့အပြင်အချို့ သော ကောင်းမွန်သောအဆီများကိုလည်း စားသုံးရမှာဖြစ်သည်။ ဥပမာ-သံလွင်ဆီဖြစ်သည်။ သင်သာအဆီကျချင်သူ ဆိုပါကကယ်လိုရီကို လျော့စားရမှာ ဖြစ်ပြီး၊ အဆီကျ လေ့ကျင့်ခန်းကိုလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ပြုလုပ်ပါက ကြွက်သားကွာလတီ ကောင်းမွန်လာပြီး ထုသေးသွားမည် ဖြစ်သည်။ ဒါ့ကြောင့် စဉ်းစားကြည့်ပါ ထိုနှစ်ခုကို တပြိုင်တည်းရအောင် ဘယ်သူလုပ်နိုင်ပါသလဲ၊၊ ခပ်ပေါပေါ အိုင်ဒီယာများကို သင်ခေါင်းအခြောက်ခံပြီး မစဉ်းစားပါနဲ့။ ကျွန်တော်အကြံပြုချင်တာသည် ပထမ-ထုအရင်ရအောင်တင်ပါ။ ထိုအချိန်တွင် သင့်ဝမ်းဗိုက် ကြွက်သားတွေမတွေ့ ရလို့  စိတ်မပျက်ပါနဲ့ ။ နာမည်ကျော် ပရိုအဆင့်ကာယဗလ ချန်ပီယံတွေတောင် ထုတင်ထားချိန်မှာ ဗိုက်ပူကြီးတွေနဲ့ပါ။ အချိန်သုံးလေးလလောက် ထုတင်ပြီးမှ ကြွက်သားကွာလတီအတွက် ပရိုဂရမ်ပြောင်းကစားပါ။ အဆီချလေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ပါ။ ဒါဆိုလျှင် သင်လိုချင်နေတဲ့

ထွားကြိုင်းသန်မာ အချိုးအစားကျတဲ့ဘော်ဒီကိုရလာမှာပါ။

ချင့်ချိန်ကစားနိုင်ကြပါစေ။

ဖော်ပြခဲ့ပြီးသော အမှားတစ်

ဖော်ပြခဲ့ပြီးသော အမှားနှစ်

ဖော်ပြခဲ့ပြီးသော အမှားသုံး

ဖော်ပြခဲ့ပြီးသော အမှားလေး

ဖော်ပြခဲ့ပြီးသော အမှားငါး

ဖော်ပြခဲ့ပြီးသော် အမှားခြောက်နှင့် ခုနှစ်

နိုင်ဦး—-119

နောက်ထပ်အမှားများကိုလဲတင်ပြပါဦးမည်။

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃
  3. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂
  4. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၁
  5. ကိုယ်ကာယ လေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၉