ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ-နံပါတ်(၃)
Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ-နံပါတ်(၃)
ဧည့်သည်တင်ဆက်သူ – နိုင်ဦး(119) (intensemuscle@gmail.com)
အမှား-3- ကစားချိန်တစ်ချိန်တွင် အကျော့ပေါင်းများစွာ ကစားခြင်း (training too much in a workout)
လူအတော်များများသည် သင်တန်းသို့ သွားကာကစားချိန်တစ်ချိန်လျှင်အကျော့ပေါင်း 20-နှင့် 30-အကြား ကစားကြ၏။ ဘာ့ကြောင့် ကစားကြသည်ကို မေးချင်စမ်းပါသည်။ ဘာ့ကြောင့် မိမိတို့ ၏ အဖိုးထိုက်တန်သော အဆစ်အမြစ်များကို အကျော့များများက စားကာ ဒဏ်ရာရ စေချင်ကြပါသနည်း။ ကြွက်သားညှစ်အားကစားနည်း(highIntensity training) ကိုအထင်သေးလို့ လား ဒါမှမဟုတ် ထိုကစားနည်းဖြင့် အောင်မြင်ခဲ့သော 6-ထပ်ကွမ်းမောင်အိုလံပီယာ ဒိုရီယံရိတ်ကို အထင်သေးလို့ လား ဒါမှမဟုတ် အကျော့ပေါင်းများစွာကစားခဲ့သော မောင်အိုလံပီယာ အာနိုး၏ ရှေးဟောင်းကစားနည်းကို အားကျလို့ လား?၊၊ အကျော့ပေါင်းများစွာကစားပါက၊ အကျော့တိုင်းကိုအင်နှင့်အားနှင့် ကစားနိုင်မည်မဟုတ်ပေ။ ထို့ ကြောင့် သင်ထွားကျိုင်းသန်မာစေရန်နှင့် ကြီးထွားလာစေရန် ကျွန်တော်အကြံပြုလိုသည်မှာ-ကစားချိန်တစ်ချိန်တွင် 10ကျော့မှ 16-ကျော့ ထက်ပို မ ကစားပါနှင့်။ သင်သည် ကာယဗလကိုစတင်ကစားမည့်သူ သို့မဟုတ် အလယ်အလတ်အဆင့်(1-နှစ်မှ 2-နှစ်ကစားဖူးသူ) ဆိုပါကတစ်ပတ်လျှင် 3-ရက် သို့မဟုတ် 4-ရက် သာကစားပြီး ၊ ကစားချိန်တစ်ချိန်လျင် 45-မိနစ်ထက်မပိုစေဘဲ၊ 10-ကျော့မှ 16-ကျော့သာကစားပါ။ သာမန်ထက် ထူးခြားသောရလဒ်များ ရရှိစေရမည်ဟု ကျွန်တော်အာမခံပါသည်။ စနစ်တကျကစားနိုင်ကြပါစေ။ ။
Email——intensemuscle@gmail.com
နောက်ထပ်အမှားများကိုလည်းတင်ပြပါဦးမည်။ ။
Related posts:





