ဒက်တာဂျက်ဆင်၏ ရင်အုပ်ကစားနည်း
Home > နိုင်ဦး စာမျက်နှာ > ဒက်တာဂျက်ဆင်၏ ရင်အုပ်ကစားနည်းတင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
ယခုတစ်ခေါက်တော့ 2008- မောင်အိုလံပီယာချန်ပီယံဒက်တာဂျက်ဆင်၏ရင်အုပ်ကစားနည်း နှင့်လေ့ကျင့်နည်း အယူအဆများကို လက်ဆင့်ကမ်းလိုက်ပါတယ်။ ဒက်စတာသည် မောင်အိုလံပီယာဆုရှင် ဖြစ်သော်လည်း အလွန်အကောင်သေးသော မောင်တစ်ယောက်ဖြစ်သည်။ သို့သော် ထုထည်အကောင်းဆုံးသော ဂျေးကတ်လာကိုပင် အနိုင်ယူနိုင်ခဲ့သည်မှာ၊ အင်မတန်ကောင်း မာဆယ်ကွာလတီကြောင့်ဖြစ်သည်။ ကြွက်သားကောင်းမကောင်းသည်အာဟာရနှင့်ဆိုင်သလို
ကစားနည်းနှင့်လည်းဆိုင်သည်။ကာယဗလသမားအတော်များများသည်လေ့ကျင့်ရာတွင်အ
လေးကိုအဆင်းတွင်သိပ်အားမစိုက်ပဲအတက်တွင်သာညှစ်တွန်းတတ်ကြသည်။လည်းကောင်း
အယူအဆများမှားကြောင်းဒက်တာကတင်ပြခဲ့သည်။သူ၏အကြံပြုချက်ကိုကျွန်တော်တို့ မောင်
များဗဟုသုတရစေရန်တင်ပြပေးလိုက်ပါသည်။
ဒက်စတာက—-ကျွန်တော်ကထုထည်အကြီးစားမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော့်ထုထည်ကိုကျွန်
တော်ကတစ်နှစ်ပါတ်လုံးအလေးများများဖြင့်လေ့ကျင့်ပြီးတည်ဆောက်ထားတာပါ။ခင်ဗျားတို့ 
သိလားလူအတော်များများကအလေးကိုအဆင်းမှာသိပ်ဂရုမစိုက်ပဲအတွန်းကိုပဲအာရုံစိုက်ကြ
တယ်ဗျ။တစ်ကယ်တော့ကျွန်တော့်ခံယူချက်ကအလေးကိုအဆင်းမှာလည်းဖြည်းဖြည်းချင်း
ထိန်းပြီးဆင်းသင့်တယ်ဗျ။ဘာဖြစ်လို့ လည်းဆိုတော့အဆင်းကလည်းအကြိမ်တစ်ကြိမ်ရဲ့ 
တစ်ဝက်ပဲမဟုတ်လား။အဆင်းကိုညှစ်ပြီးကစားမှသာသင်ပိုပြီးကြီးထွားရန်အထောက်အကူပြု
မှာပါ။အကယ်၍အဆင်းကိုသတိမထားပဲအတက်ကိုသာမတရားညှစ်တွန်းပါကသင်တစ်ဝက်ပဲ
အကျိုးရှိမှာပါ။
ဒက်တာဂျက်ဆင်၏ရင်အုပ်ကစားနည်းပရိုဂရမ်
လေ့ကျင့်ခန်း အကျော့ အကြိမ်
ဘားရှည်ရင်အုပ်တွန်း 4 6-10
45ဒီဂရီဘားတိုရင်အုပ် 4 8-10
အပေါ်သားတွန်း
ဘားတိုဘေးခွဲမ 4 8-10
ကေဘယ်ကြိုးဖြင့်ရင်အုပ်ကစား 3 10-12
Cable cross over
တင်ပြသူ—–
နိုင်ဦး—–119
Email—–intensemuscle@gmail.com
Related posts:








