အခြေခံကစားနည်းတွေကို အထင်မသေးပါနဲ့ လို့ ပြောတဲ့ချန်ပီယံ
Home > နိုင်ဦး စာမျက်နှာ > အခြေခံကစားနည်းတွေကို အထင်မသေးပါနဲ့ လို့ ပြောတဲ့ချန်ပီယံတင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
ကာယဗလစတင် လေ့ကျင့်သူ လူငယ်အများစုကတော့ သင်တန်းတစ်ခုကို စတင်အပ်နှံတော့မည်ဆိုလျင်ထိုသင်တန်းတွင် စက်ပစ္စည်းအဆန်းများ ဘယ်လောက်ရှိသလဲ ဆိုတာကိုသာ စိတ်ဝင်စားကြသည်။ ထိုသူများအတွက် ifbb -မှကျင်းပသော ပရော်ဖက်ရှင်နယ် ကာယဗလပြိုင်ပွဲခုနှစ်ပွဲတွင် အနိုင်ရထားသော၊ စတီးရွိက်ဆေးလုံးဝ မသုံးစွဲသော သဘာဝ ကာယဗလ ချန်ပီယံစစ်စစ် ဒယ်ရင်ချာလ်း (darrem charles ) ၏အကြံပြုချက်အချို့ ကိုဗဟုသုတ မျှဝေလိုက်ပါသည်။
—–ကျွန်တော်အပါအ၀င် ကာယဗလသမားအများစုသည် စတင်လေ့ကျင့်ခဲ့စဉ်တုန်းက ဘာစက်ပစ္စည်းမှမရှိသော လေ့ကျင့်ရုံများတွင် သာမာန် ဒမ်ဘယ်၊ဘာဘယ် စသည်များနှင့် အလေးပြားများသာရှိသော သင်တန်းများတွင်သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် စပိန်နိုင်ငံဆိပ်ကမ်းအနီးမှာရှိတဲ့ သာမာန်အားကစားရုံငယ်လေး တစ်ခုမှာ ခုနှစ်နှစ်လောက်ကို လေ့ကျင့်ခဲ့ရပါတယ်။ အမေရိကန်မှာရှိတဲ့ ကျန်းမာရေးကလပ်တွေနဲ့ တော့ တစ်ခြားဆီပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုအခြေခံ လေ့ကျင့်ရေးပစ္စည်းများနှင့် လေ့ကျင့်ခဲ့ရခြင်းက ကျွန်တော်ကိုကာရစ်ဘီယန်ပင်လယ်ကွေ့ ကာယပြိုင်ပွဲမှာသုံးကြိမ်တိတိ ချန်ပီယံဖြစ်စေခဲ့တာပါ။ နောက်ဆုံးပေါ် စက်ပစ္စည်းများနဲ့ လေ့ကျင့်ရုံနဲ့ တော့ ချန်ပီယံဖြစ်မလာပါဘူး။ မွေးရာပါခန္ဒာကိုယ်အချိုးအစား၊ ပြင်းပြင်းထန်ထန်လေ့ကျင့်မူ၊ တိကျမှန်ကန် ကောင်းမွန်သော အာဟာရတို့ ကသာ သင့်ကိုအောင်မြင်မူ့ ရစေမှာပါ။
ဒါကြောင့်စက်တွေကိုသိပ်အထင်မကြီးပါနဲ့ ဗျာ။
နိုင်ဦး——119
Email—–intensemuscle@gmail.com
Related posts:







ကိုနိုင်ဦး ပြောတာဟုတ်ပါတယ် အခု ဘော်ဒါအများစုက မေးလိုက်ရင် မင်းတို.၀ိတ်ရုံမှာစက်တွေစုံလားဆိုတဲ.မေးခွန်းကိုပဲမေးပါတယ် တကယ်တော.စက်တွေနဲ.ဘယ်လောက်ပဲကစားနေပါစေ အခြေခံကစားနည်းကိုတော.ကျော်လွားလို.မရပါဘူးနာမည်ကျော် အိုလံပီယာမောင်တွေဖြစ်တဲ. ရွန်နီကိုးမင်းလ် သြစလေးလျနိုင်ငံရဲ.ကျေးရွာဇနပုဒ်လေးမှာ မွေးဖွားတဲ. ယခု ကယ်လီဖိုးနိးယားပြည်နယ်အုပ်ချုပ်ရေးမှုးဖြစ်နေတဲ. အာနိုးရွာဇီနက်ဂါး(ရုပ်ရှင်မင်းသား) စတဲ.သူတွေကော အခြားသော ကာယဗလ အားကစားလိုက်စားသူများဟာ အခြေခံကစားနည်းတွေကိုကင်းကွာလို.မ၇ပါဘူး ဒါကြောင်. စက်တွေစုံမှ ကစားချင်တဲ.ဆိုတဲ. ညီအစ်ကိုတွေအနေနဲ. ဒီအစွဲအလမ်းကြီးကို ဖျောက်စေချင်ပါတယ်စက်တွေနဲ.ကစားတာမကောင်းဘူးလို.မဆိုလိုချင်ပါဘူး တစ်နေ.နေ.တစ်ချိန်ချိန် ကို.အနေနဲ. gym မသွားနိုင်လို.အိမ်မှာပဲကစားရပြီထားပါတော. ဒီအခြေခံကစားနည်းတွေနဲ.ပဲ တွေဆုံရမှာပါ ဒါကြောင်.မို. ဘော်ဒါတို.အနေနဲ. စက်ကိုပဲ အားမကိုးပါနဲ. အခြေခံ့ကစားနည်းတွေကိုလဲလေ.လာထားပါ ကို.အတွက်အကျိုးမယုတ်ပါဘူးလို.ပြောချင်ပါတယ် seeyou again