Dec
9

စက်တွေနှင့်သာ အဆီချမည်ဆိုလျှင်

Home > Weight Loss > စက်တွေနှင့်သာ အဆီချမည်ဆိုလျှင်

Fat burning machine

သင်သည် အစားအသောက်ကိုလည်း ထိန်းခဲ့ပြီ။ ဂျင်မ်ကောင်းကောင်းတစ်ခုမှာလည်း အသင်း ၀င်ထားပြီ။ အဲသည့်က ၀ိတ်ပြားတွေနှင့် ကစားတာထက် လမ်းလျှောက်၊ ပြေး၊ စက်ဘီးစက် စသည်ဖြင့် စက်ကြီးတွေကို ကောင်းကောင်းအသုံးချချင်သည်ဖြစ်စေ၊ အပြင်ထွက်လမ်းလျှောက်၊ ပြေးဖို့ အချိန်မရ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဤတွင်ဖော်ပြမည်မှာ ၄၅ မိနစ်အတွင်း သင့်ဂျင်မ်မှ စက်တွေထဲက ၁၀၀% အကျိုးဖြစ်ထွန်းအောင် အသုံးချနည်းဖြစ်သည်။
Stationary bike

၁.    Stationary bike (စက်ဘီးစက်)

စုစုပေါင်း အချိန် ၁၀ မိနစ်

ဘယ်လို လုပ်မလဲ – ပျော့ပျော့လေးနှင့် သွေးပူအောင် ၆ မိနစ်လောက်နင်းပါ။ နောက်လာမည့် ၄ မိနစ်မှာတော့ စက္ကန့် ၂၀ ကို ၁၀၀% အားစိုက်ပြီး အသားကုန် နင်းပါ။ ပြီးတော့ ၁၀ စက္ကန့်ကို အနားပေးသည့် သဘောဖြင့် ဖြည်းဖြည်းသာနင်းပါ။ အဲသည်အတိုင်း ၈ ကြိမ်လုပ်လျှင် ၄ မိနစ်ပြည့်ပြီ။

ဘာကြောင့်လဲ – ပြင်သစ်က စက်ဘီးပြိုင်ပွဲကြီးတွေလို ကျွန်တော်တို့ တသတ်မတ်တည်း ခြေတွေခွင်လာသည့်အထိ နင်းစရာမလိုပါ။ European Journal of Applied Physiology တွင် ဖော်ပြထားသည့် ၁၉၉၆ က လေ့လာမှုတစ်ခုတွင် “၂၀ စက္ကန့်ကစား၊ ၁၀ စက္ကန့်နား} ကစားနည်းသည် လေး မိနစ်အတွင်း ကာဒီယို ဗတ်စ်ကူလာ ဖစ်တ်နတ်စ် (Cardiovascular fitness) ကောင်းကောင်းရစေမည့် အမြန်ဆုံး အထိရောက်ဆုံးနည်းလမ်းဖြစ်သည် ဟုတွေ့ရှိခဲ့သည်။ “ဒါကို the Tabata Protocol လို့ ခေါ်ပြီး ဂျပန် အမြန် စကိတ်စီးအဖွဲ့မှာ တစ်မိနစ်အတွင်း သူတို့ ခန္ဓာကိုယ်တွင် အောက်စီဂျင် အများဆုံး အသုံးပြုနိုင်ရန်အတွက် (VO2 Max) တီထွင်ဖန်တီးထားသော နည်းဖြစ်သည်။” Fitness programme  ၏ အယ်ဒီတာလည်းဖြစ်၊ ဖန်တီးသူလည်းဖြစ်သူ ခရစ်ရှီရန် ဖင်းက ပြောခဲ့သည်။ “သင်ရဲ့ အဆီကျတဲ့နှုန်းမြန်ချင်တယ် ဆိုလျှင် တော့ သင် အဲသည့်နည်းလမ်းကို ကျင့်သုံးသင့်တယ်။”
Rowing machine

၂.    Rowing machine (လှေလှော်စက်)

စုစုပေါင်း အချိန် ၂၀ မိနစ်

ဘယ်လို လုပ်မလဲ – သင့်စက်သည် ခုခံအား ၁၀ ရှိတယ်ဆိုခဲ့လျှင် ၆ သို့မဟုတ် ၇ စသည်ဖြင့် အလယ်အလတ်လောက်မှာ ထားပါ။ ၁၅ စက္ကန့်ကို ၁၀၀% အပြည့်ဖြင့် ကစားပါ။ ပြီးလျှင် ၄၅ စက္ကန့်ကို ပြန်လည်အားယူဖို့ အနေဖြင့် ၅၀% သာ အားစိုက်သုံးပါ။ အဲသည့်အတိုင်း ၁၀ ကြိမ်လုပ်ပါ။ ၁၀ မိနစ်ပြည့်မည်။

ဘာကြောင့်လဲ – ဤနည်းလမ်းသည် သင့်ခန္ဓာကိုယ်မှ အဆီများ ပျော်ကျသွားစေမည့် ‘လုပ်ပြီးနား’သည့် နည်းစနစ်ကို သုံးထားသည်။ European Journal of Applied Physiology  မှာ ဖော်ပြထားသည့် လေ့လာမှုများတွင် ဤကဲသို့ ခွဲကစားသည့်အချိန်လေးများ တိုးတိုးသွားခြင်းသည် သင့်ခန္ဓာကိုယ်မှ အဆီလောင်စေသော အင်ဇိုင်းများကို ပိုထွက်စေသည်ဟု တွေ့ရှိခဲ့သည်။ “ဤနည်းသည် သင်ကစားနေသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ အဆီ ကယ်လိုရီ အရေအတွက် ပိုများများလောင်စေမည့် နည်းစနစ်ဖြစ်သည်။” ဟု ဖင်း က ဆိုခဲ့သည်။
Treadmill

၂.    Treadmill (လမ်းလျှောက်စက်/ ပြေးစက်)

စုစုပေါင်း အချိန် ၃၀ မိနစ်

ဘယ်လို လုပ်မလဲ – ခုခံအားများများဖြင့် ၂ မိနစ် ကစားပါ။ ပြီးလျှင် ခုခံအားနည်းနည်းဖြင့် ၂ မိနစ်ကစားပါ။

ဘာကြောင့်လဲ – တိုတိုလေးနှင့် ပြင်းပြင်းထန်ထန် လုပ်ဖို့ အချိန်လေးတွေသည် ပြေးစက်နှင့် မကိုက်ညီပါ။ အကောင်းဆုံးရလဒ်ရချင်လျှင်တော့ လေ့ကျင့်ခန်း၏ ပြင်းအားတွေကို တိုးဖို့ လျှော့ဖို့ အလွန်လျှင်မြန်စွာ ပြောင်းရန် လိုအပ်ပါသည်။ ပြေးစက်တွေသည် မြန်ဖို့ နှေးဖို့ လုပ်ရာမှာ အချိန်ဆွဲတတ်သည်။ “သည် ပြဿနာကို ဖြေရှင်းဖို့ လုပ်တဲ့အချိန်နှင့် နားတဲ့အချိန်တွေသည် တခြားစက်တွေမှာထက် ပိုကြာရမည် ဖြစ်သည်။” ဖင်းကပြောသည်။ အကယ်၍ စက်မှာ ခုခံအား ၁ ကနေ ၁၀ အထိရှိသည်ဆိုလျှင် ခုခံအားများများဆိုလျှင် ၉ ထားပြီး နည်းနည်းဆိုလျှင် ၅ ထားပြီး ကစားပါ။
ellipitical machine

၎.    Elliptical machine  (လက်ကိုင် လျှောက်စက်)

စုစုပေါင်း အချိန် ၄၀ မိနစ်

ဘယ်လို လုပ်မလဲ – နောက်ဆုံး ၁၀ မိနစ်အတွက် ကစားလိုက် နားလိုက် လုပ်မနေပါနှင့်တော့။ ပြင်းအား ၇ လောက်ထားပြီး တသမတ်တည်း ၁၀ မိနစ်လုပ်သွားပါ။

ဘာကြောင့်လဲ – သင့်ခန္ဓာကိုယ်က ထုတ်လွှင့်နေသော သတင်းပို့ချက်တွေကို သင်မပြတ်နားစွင့်နေသင့်သည်။ မောဟိုက်ပင်ပန်းလွန်းလာခြင်းသည် ဆက်ကစားသင့်သည်ဆိုသော သတင်းပို့ချက် လုံးဝမဟုတ်ပါ။ တကယ်က ပြောင်းပြန်သတင်းကို ပို့နေခြင်းဖြစ်သည်။ Journal of Sports Science တွင် ၁၉၉၉ က သုတေသနတစ်ခု၌ ဖော်ပြထားသည်မှာ ပြင်းပြင်းထန်ထန်ကစားတာကို လေ့ကျင့်ချိန်တစ်ချိန်ရဲ့ နောက်ဆုံးမှာကစားတာထက်စာလျှင် ရှေ့ဆုံးမှာ ကစားတာက အဆီတွေကို ၂၃% ပိုလောင်ကျွမ်းစေသည်ကို တွေ့ရသည်ဟူ၍ ဖြစ်သည်။ ဖင်းကပြောသည် – “သင် ဘယ်လောက်ကြာကြာကစားသည်ဖြစ်စေ၊ ဘယ်လောက်ပြင်းပြင်းထန်ထန်ကစားသည်ဖြစ်စေ သင့်ရဲ့ လေ့ကျင့်ချိန်တွေကို လိမ္မာပါးနပ်စွာ ဖွဲ့စည်းထားခြင်းကသာ သင့်ဗိုက်ဗယ်လီ ဖောင်းခြင်း၊ ချပ်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။” ဟူ၍။

No related posts.