2010- Mr.Crusher ပြိုင်ပွဲကို ကြိုတင် ခံစားကြည့်ခြင်း
Home > Training and Contest, နိုင်ဦး စာမျက်နှာ > 2010- Mr.Crusher ပြိုင်ပွဲကို ကြိုတင် ခံစားကြည့်ခြင်းတင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
မြန်မာနိုင်ငံ ကာယဗလ လောက၏ ဒုတိယ အကြီးကျယ်ဆုံးဟု အများက သတ်မှတ်ထားသော
အိုလံပစ်မောင် (mr.crusher) ပြိုင်ပွဲကို နှစ်စဉ် ဂျွန်လတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ
ဂျူလိုင်လ၊17-ရက်နေ့ စနေနေ့ တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။ထို့ ထက်ပိုစော
လျင်လည်းတစ်ပါတ်လောက်စောနိုင်သည်။နောက်ကျရန်တော့မဖြစ်နိုင်ပေ။ပြိုင်ပွဲကိုနှစ်စဉ်
ကျင်းပမြဲအတိုင်းအမျိုးသားအငယ်တန်း၊အကြီးတန်းနှင့်သက်ကြီးတန်းတို့ နှင့်အမျိုးသမီးများကို
မူအငယ်တန်း၊နှင့်အကြီးတန်းနှစ်တန်းသာခွဲထားကာယှဉ်ပြိုင်စေမည်ဖြစ်သည်။သို့ သော်တ
ဖြည်းဖြည်းအမျိုးသမီးပြိုင်ပွဲဝင်များနည်းလာသည်နှင့်အမျှအတန်းမခွဲတော့ပဲအလွတ်တန်းအ
နေနှင့်အားလုံးရောကာယှဉ်ပြိုင်စေမည်ဆိုလျင်လည်းမည်သူမျှစောဒကတက်လို့ မရပါ။အခြေ
အနေအရဖြစ်ပါသည်။အမျိုးသမီးပြိုင်ပွဲဝင်အများစုမှာကာယအလှကိုစနစ်တကျတစ်စိုက်မတ်
မတ်လေ့ကျင့်ထားသူများသာပြိုင်သင့်ပါသည်။ဒါပေမဲ့ယခုနောက်ပိုင်းပင်ကိုယ်အချိုးအစားလှ
သည်ကိုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက၀ိုင်းပြီးတိုက်တွန်းသောကြောင့်ဝင်ရောက်ယှဉ်ပြိုင်သူ
အရေအတွက်များလာသည်ကိုတွေ့ ရပေသည်။ဒါပေမဲ့စင်ပေါ်မှာသိပ်သိသာပါသည်။လေ့ကျင့်
ကစားထားသူများနှင့်ယှဉ်လျင်မိုးနှင့်မြေ၊ဆီနှင့်ရေသာဖြစ်ပါသည်။ပရိတ်သတ်ကသိပါသည်။
ထို့ ကြောင့်အားကစားပြိုင်ပွဲဖြစ်သည့်အားလျော်စွာစနစ်တကျလေ့ကျင့်ထားသူများသာဝင်
ရောက်ယှဉ်ပြိုင်ရန်တိုက်တွန်းပါသည်။အမျိုးသားပြိုင်ပွဲဝင်များကိုသုံးသပ်ရမည်ဆိုပါ၊အငယ်
တန်းတွင်ယခင်နှစ်ကချန်ပီယံထွန်းဝင်းနိုင်မှာမြန်မာ့လက်ရွေးစင်ဖြစ်သွားသောကြောင့်ပြည်
ပပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ရမည်ဖြစ်သောကြောင့်ဝင်ရောက်ယှဉ်ပြိုင်ရန်မသေချာပေ။
ယခင်နှစ်ကဒုတိယရရှိသူမျိုးဆန်းလွင်မှာလည်းဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟုပြောပါသည်။
ထို့ ကြောင့်ယခုနှစ်အငယ်တန်းတွင်တစ်ကယ်ကြိုးစားထားသောလူသစ်မှန်သမျှချန်ပီယံဖြစ်ရန်
အခွင့်အရေးကိုယ်စီရှိပါသည်။ကျွန်တော်မြင်သည်ကတော့ဆလိုင်းကျော်မင်း၊မောင်မျိုး၊သံမဏိ
မောင်တို့ သုံးဦးသည်ချန်ပီယံဖြစ်ရန်ပိုနီးစပ်သည်ဟုဆိုချင်ပါသည်။အကြီးတန်းကိုဝေဖန်သုံး
သပ်ရမည်ဆိုလျင်နည်းနည်းတော့ရှုပ်သည်ဟုဆိုချင်ပါသည်။
လက်ရှိမောင်မြန်မာချန်ပီယံအောင်ဆွေနိုင် ကတော့ဝင်ပြိုင်ရန်မှာအသေအချာဖြစ်သည်။
ယခင်သုးံနှစ်ဆက်တိုက်ခရက်ရှာချန်ပီယံမောင်မြန်မာအောင်ခိုင်ဝင်းအနေနှင့်ကတော့ပြည်ပ
ပြိုင်ပွဲအတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်နေသောကြောင့်ဝင်ပြိုင်ရန်မှာသိပ်မသေချာ
သေးပေ။သို့ သော်ပုံသေပြောလို့ တော့မရပေ။
ကိုခိုင်လင်းအနေနှင့်ကတော့တစ်ကျော့ပြန်ဝင်လာကတည်းကမောင်မြန်မာပြိုင်ပွဲကိုသာဝင်
ရောက်လေ့ရှိသောကြောင့်သူလည်းမသေချာပါ။အားလုံးရဲ့ စတားကိုဇော်သိန်းနိုင်ကတော့ယခု
လက်ရှိတရုတ်နိုင်ငံရှိကာယဗလသင်တန်းတွင်နည်းပြအဖြစ်လုပ်ကိုင်နေသောကြောင့်ဝင်ပြိုင်
မည်မဟုတ်ပါ။ကြားရသည်ကတော့ယခင်အာရှကာယဗလချန်ပီယံဟောင်းမောင်မြန်မာစိုးမိုး
အောင်လည်းတစ်ကျော့ပြန်အနေနှင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဟုကြားသိရပါသည်။2006-
mr.crusherအကြီးတန်းချန်ပီယံမြန်မာ့လက်ရွေးစင်ဟောင်းကိုထွန်းထွန်းဦးလည်းပါဝင်လာနိုင်
ပါသည်။
ကိုမင်းဇော်ဦးအနေနှင့်လည်းစီးပွားရေးကိုအာရုံစိုက်လုပ်ကိုင်နေရသောကြောင့်သိပ်မလေ့ကျင့်
ဖြစ်ပေ။ထို့ ကြောင့်သူလည်းဝင်ပြိုင်ရန်မှာမသေချာပါ။ယခင်နှစ်ကတတိယဆုရှင်
ကျော်ဆန်းမောင်လည်းဝင်ပြိုင်ရန်မသေချာပါ။ထူးခြားသည်ကတော့ကိုကျော်ဆန်းမောင်၏
အစ်ကိုဇော်ဝင်းမောင်သည်အဖက်ဖက်မှတိုးတက်လာကာယခုနှစ်တွင်အကြီးတန်းမှပါဝင်
ယှဉ်ပြိုင်မည်ဟုသိရပါသည်။သတိထားစောင့်ကြည့်ရမည့်သူတစ်ဦးဖြစ်ပါသည်။
(ခ)ထွန်းမင်းမှာလည်းမာဆယ်ကွာလတီအလွန်ကောင်းလာကာယခင်နှစ်များထက်ကိုယ်အ
လေးချိန်ငါးကီလိုလောက်ပိုတင်ထားသောကြောင့်ယခုနှစ်တွင် top-3 အတွင်းဝင်နိုင်သည်ဟု
ခန့် မှန်းမိပါသည်။ဒါပေမဲ့သူ့ လမ်းကြောင်းကိုပိတ်ထားမည့်သူမှာခင်မောင်ကျော်ဖြစ်သည်။
ယခုနှစ်အတွက်ကျွန်တော်သဘောအကျဆုံး၊တိုးတက်မှု့ အကောင်းဆုံးဟုမြင်မိသူမှာခင်မောင်
ကျော်ပင်ဖြစ်သည်။သူသည်ယခင်နှစ်များထက်ပိုကောင်းအောင်ပြုလုပ်ထားပါကယခုနှစ်အခြေ
အနေအရကိုအောင်ဆွေနိုင်နှင့်အကြိတ်အနယ်ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ဟုထင်ပါသည်။ဒါဆို
သူ့ အခြေအနေကိုမှန်းဆနိုင်ပြီဟုထင်ပါသည်။ပျောက်ချက်သားကောင်းနေသော2009-မောင်
မြန်မာအငယ်တန်းချန်ပီယံအောင်ချမ်းလင်းလည်းအပီအပြင်လေ့ကျင့်ပြင်ဆင်ထားသော
ကြောင်သူ့ကိုလည်းစောင့်ကြည့်ရမည့်သူဟုထင်ပါသည်။့ယခုပွဲမှာနာမည်ကြီးများမပါ
သော်လည်းပထမခြောက်ရောက်ထဲဝင်ရန်ပင်မလွယ်အောင်ခက်ခဲသောပွဲကြီးပွဲကောင်းဖြစ်
မည်ဟုထင်ပါသည်။အသက်ကြီးတန်းတွင်မူဦးပြားသာပြိုင်ပါကသူ့ ကိုနိုင်မည့်သူမမြင်သေးပါ။
မည်သို့ ပင်ဆိုစေကာမူကာယဗလပြိုင်ပွဲငတ်နေသောကျွန်တော်တို၊့ ခင်ဗျားတို့ အတွက်တော့
မလွတ်တမ်းစောင့်ကြည့်ရမည့်ပွဲကောင်းတစ်ခုဖြစ်ပါသည်ဟုဖောက်သည်ချလိုက်ရပါသည်။
စီစဉ်တင်ပြသူ—-
နိုင်ဦး—119
Email—–intensemuscle@gmail.com
Related posts:










