Jul
8

မောင်အိုလံပီယာ ပေါ်ပေါက်လာပုံ အကျဉ်းချုပ်

Home > ကမ္ဘာ့သမိုင်းသို့ > မောင်အိုလံပီယာ ပေါ်ပေါက်လာပုံ အကျဉ်းချုပ်

တင်ဆက်သူ — အောင်အောင်

ကျွန်တော် အခု တင်ပြမှာကတော. ယနေ.ကမ္ဘာပေါ်မှာ ကာယဗလနှင်. ပတ်သက်ရင် အကြီးကျယ်ဆုံး ပြိုင်ဘက်မရှိတဲ. မောင်အိုလံပီယာ (MR.Olympia) ပေါ်ပေါက်လာပုံ၊ အောင်မြင်မှု ရရှိလာပုံလေးကိုပါ။ သင်တို.အနေနဲ. သိပြီးသားဖြစ်လည်း ထပ်မှတ်ထား လိုက်ပေါ.ဗျာ မသိသေးတော.လည်း ဗဟုသုတ တစ်ခုပေါ.ဗျာ ယနေ.အချိန်ထိဆိုရင် မောင်အိုလံပီယာ ပြိုင်ပွဲ ကျင်းပလာတာ နှစ်ပေါင်းလေးဆယ် ကျော်လာပါပြီ။ ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာတာပါ ကမ္ဘာကာယဗလ ဖခင်ကြီး လို. တင်စားခံရတဲ.မစ္စတာ ဂျိုးဝီဒါ (JoeWeider) ဧ။် ဦးဆောင်လမ်းပြမှုနှင်. စတင်ကျင်းပခဲ.တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော. မောင်အိုလံပီယာပြိုင်ပွဲဟာ အိုင် အက်ဖ် ဘီ ဘီ (I.F .B.B)ဆိုင်ရာ (၀ါ) ကမ္ဘာကာယဗလအဖွဲ.ချုပ် (InternationaL Federation of Body Building) ဧ။် အဆင်.အမြင်.ဆုံးနဲ. အကြီးကျယ်ဆုံး ကာယဗလပြိုင်ပွဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ.အစည်းကမှ အံမတုနိုင်တဲ.ပြိုင်စံကင်း ကာယဗလ ပြိုင်ပွဲတစ်ခုဆိုရင်လည်း မမှားပါဘူး စတင် ပေါ်ပေါက် လာတာကလည်း အဖွဲ.အစည်း အချင်းချင်း ယှဉ်ပြိုင်ရာမှ ပေါ်ပေါက်လာတာ ဆိုရင်မမှားပါဘူး သမိုင်းကြောင်း အတိုချုပ်ကို ကျွန်တော် သိသလောက် တင်ပြပေးပါမယ်။

ကမ္ဘာမှာကာယဗလ အားကစားနည်း စတင် ပေါ်ပေါက်လာတာ ၁၉၂၀ ပြည်.နှစ် လောက်မှ ဖြစ်ပြီး ၁၉၃၇ ခုနှစ် ဗြိတိန် မောင်ပြိုင်ပွဲနှင်. ၁၉၃၉ မောင်အမေရိကပြိုင်ပွဲ တွေ ဟာဆိုရင် ပထမဦးဆုံးနှင်. ထင်ရှားခဲ.တဲ. ပြိုင်ပွဲတွေ ဖြစ်ပါတယ် ။ဒီနေရာမှာ ကြားဖြတ် ကြော်ငြာတစ်ခု ၀င်ချင်ပါတယ် တခြားတော မဟုတ်ပါဘူး မြန်မာနိုင်ငံမှာ ပထမဆုံး ကာယဗလ မောင်ပြိုင်ပွဲ ၁၉၃၇ခုနှစ်ကို ဗြိတိန်မောင်ပြိုင်ပွဲထက် စောပြီး ကျင်းပနိုင်ခဲ.ပုံ လေးပါ ရှားရှားပါးပါး ဂုဏ်ယူစရာလေးပေါ.ဗျာ အဲဒီတုန်းက မောင်မြန်မာလို. မခေါ်သေးပါဘူး မောင်ပြိုင်ပွဲလို. ဘဲ ခေါ်ပါတယ်။ မြို.မ ကျောင်းသား ကိုမောင်မာင် (ကွယ်လွန်သူ စစ်သံမှုး ဗိုလ်မှုးကြီးမောင်မောင် ရေ) ကရရှိခဲ.ပါတယ်။ နောင်မှာတော. ဦးမောင်မောင် ဟာ မြန်မာပြည်ရဲ. ပထမဦးဆုံး မောင်ဖြစ်ခဲ.ပါတယ်။ ဗြိတိန်နှင်. အမေရိက ဦးဆောင် ဒုတိယကမ္ဘာစစ် အပြီးမှာတော. ကမ္ဘာ. ကာယဗလ အားကစားနည်းဟာ ဗြိတိန်နှင်. အမေရိကန်နီုင်ငံတွေမှာ စတင် ရေပန်းစားလာခဲ.ပြီး ၁၉၄၇ မှာ ပထမဦးဆုံး မောင်စကြ၀ဠာ ပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ စတင်ကျင်းပခဲ.ပါတယ်။ အေအေယူ (AAU)လို.ခေါ်တဲ. အမေရိကအပျော်တမ်း အဖွဲ.အစည်းတစ်ခု (National Amateur Body Builders Association)က ဦးဆောင်ကျင်းပခဲ.တာပါ အဆင်.အတန်း မြှင်.ပေမယ့် ကမ္ဘာက သိပ်မသိခဲ.ပါဘူး။

ဗြိတိန်နိုင်ငံမှာ နာဘာ (NABBA)လို. ခေါ်တဲ. ကာယဗလအဖွဲ.ချုပ်က ၁၉၄၈ ခုနှစ် လန်ဒန် အိုလံပစ် အားကစားပြိုင်ပွဲနှင်. အတူ ပူးတွဲကျင်းပ ပေးခဲ.တဲ. အပျော်တမ်း မောင်စကြ၀ဠာ ပြိုင်ပွဲ (Amature Universe)ဟာ ၁၉၄၇ အမေရိကန် မောင်စကြ၀ဠာ ပြိုင်ပွဲထက် လူသိများ ထင်ရှားခဲ.ပြီး အမေရိကန်မှ ကာယဗလ မောင်တွေ လာရောက်ယှဉ်ပြိုင်ခဲ.ပြီး ၁၉၄၀-၄၁ အမေရိကန်မောင် ၂ထပ်ကွမ်းရ ဂျွန်ဂရင်းမက (John Grimek)်က ဗိုလ်စွဲခဲ.ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော. မကျင်းပဖြစ်ခဲ.ပါဘူး နောင်မှာ ဟာကြူလီ မင်းသားဖြစ်လာမယ်. လူချောလေး စတီးရိဗ် (Steeve Reeves)က ဗိုလ်စွဲခဲ.ပါတယ်။ ၁၉၅၁ မှာ အင်္ဂလန်မှ ရက်ခ်ျပတ်ခ် (Regpark)ဟာ ပထမဦးဆုံး ဗြိတိန်နိုင်ငံမှာ မောင်စကြ၀ဠာဆုကို ရရှိခဲ.ပါတယ်။ ရက်ခ်ျပတ်ခ် ဟာ စတီးရိဗ်ကို ၁၉၅၀ မှာရှုံးခဲ.ပြီးမှ ဗိုလ်စွဲခဲ.တာဆိုတော. ဗြိတိန်နိုင်ငံအတွက် ဂုဏ်ယူစရာဇြစ်ခဲ.ပါတယ်။ အဲဒီနောက်မှာ အမေရိကန်မောင်တွေ ဗိုလ်စွဲခဲ.ပါသေးတယ်။ ၁၉၅၃ခုနှစ်မှ စပြီး နာဘား မောင်စကြ၀ဠာ ပြိုင်ပွဲကို အပျော်တမ်း (Amateur )နဲ. ဆုကြေးစား (Professional) ပြိုင်ပွဲဆိုပြီး နှစ်မျိုးခွဲခြားခဲ.ပါတယ်။ အီဂျစ်နိုင်ငံမှ မိုဟာမက်နာဆာ ဟာ ပထမဦးဆုံးဆုကြေးစား မောင်စကြ၀ဠာ ဖြစ်လာခဲ.ပါတယ်။ ဒါပေမယ်.၁၉၅၇ ခုနှစ်မှာ အင်္ဂံလန်မှ ဂျွန်လီး(John lees)နှင်. ပြင်သစ်မှ အာသာရော်ဘင် (Arthur Robbins)တို. နိုင်ခဲ.ချိန်မှ စတင်ကာ ကမ္ဘာကာယဗလ ဖခင်ကြီး လို. တင်စားခံရတဲ.မစ္စတာ ဂျိုးဝီဒါက နာဘားကို ပြင်းပြင်းထန်ထန် စတင် ထိုးနှက်ဝေဖန်ခဲ.ပါတယ်။

ထိပ်တန်းမှ(၂)ဦးသား ယှဉ်ပြိုင်မှု

ဂျိးဝီဒါဟာ အဲဒီအချိန်က (Muscle Power) နဲ(Mr Universe). ကာယဗလဂျာနယ်ကို ထုတ်ဝေနေတဲ. ၀ီဒါအလေးနဲ. အင်အားမြှင်. ကာယဗလအာဟာရ ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီး ခေတ်မီ ကာယဗလသုတေသနနဲ. နည်းစနစ်အသစ်တွေကို ဖော်ထုတ်ပေးနေတဲ. ကာယဗလ ဆရာကြီး တစ်ယောက် ဖြစ်နေချိန်ပါ။ သူနဲ.မဟာပြိုင်ဘက်ကတော.ဘော.ဗ်ဟော.ဖ်မင်(Bob Hofmann) ဖြစ်ပြီး ယော.ခ် အလေးမပစ္စည်းများနဲ. အာဟာရထုတ်လုပ်သူ တစ်ဦးဖြစ်သလို ယော.ခ် အလေးမပစ္စည်း ကုမ္ပဏီ (York barbell company)ရဲ. ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ. စွမ်းအား (Health and Strength)၊ အလေးနဲ.ကာယဗလ ဂျာနယ်တွေကို ထုတ်ဝေနေတဲ. အမေရိကန် အိုလံပစ် အလေးမအသင်းရဲ. ပင်တိုင်နည်းပြဆရာ ဖြစ်သလို ၁၉၅၆ခုနှစ်မှာ မြန်မာပြည်ကို အမေရိကန်အလေးမ အဖွဲ.နှင်.အတူ လာေ၇ာက်ဖူးပါတယ်။ သူတို.နှစ်ဦးရဲ.ကြီးမားတဲ. ကွာခြားမှုက ဂျိုးဝီဒါက ကာယဗလကို ဦးစားပေးတယ် ဟော.ဖ်မင် က အလေးမ အားကစား ကို ဦးစားပေးတယ်။ ဒါကြောင်. သူတို.နှစ်ဦးဟာ အဘက်ဘက်မှာ တန်းတူလို.တူနေတဲ. ပြိုင်ဘက် ရန်သူတွေဖြစ်ခဲ.ပြီး ဂျိုးဝီဒါနဲ.ဲ. ညီဖြစ်သူ ဘင်ဝီဒါ (Ben Weider)တို.ဟာ ဗြိတိန်အပျော်တမ်း အားကစားအဖွဲ.နဲ. ယှဉ်ပြိုင်ဖို.အတွက် ရည်ရွယ်ပြီး ၁၉၄၇ ခုနှစ်မှာ အိုင်အက်ဖ်ဘီဘီ အဖွဲ.ကို စတင် တည်ထောင်ခဲ.တယ်။ အစပိုင်းမှာ အမေရိကန်နဲ. ကနေဒါ နှစ်နိုင်ငံတည်းသာ အဖွဲ.၀င် ဖြစ်ခဲ.ပြီး တစ်ဖက်က ကြည်.မယ်ဆိုရင် ဒီအဖွဲ.အစည်းဟာ အစ္စရေး အနွယ်ဖွားကနေ ဆင်းသက်လာကြတာ ဖြစ်လို.မ၀င်ကြဘဲ ကိုယ်သဘောနဲ. ကိုယ်ဖွဲ.တဲ. အဖွဲ.အစည်းလို. ဝေဖန်ခဲ.ကြပါတယ်။

အိုင်အက်ဖ်ဘီဘီ အဖွဲ.က သီးခြားကာယဗလမောင် ပြိုင်ပွဲတွေ ကျင်းပပေး ခဲ.ပေမယ် နာဘား နဲ. အေအေယူ အဖွဲ.တွေကို မကျော်လွား နိုင်ခဲ.ပါဘူး။ ထိုအချိန်တွင်းမှာပဲ အေအေယူ မှ ကျင်းပသော မောင်အမေရိက ပြိုင်ပွဲတွေဟာ အပြစ် ပြောစရာတွေ ဖြစ်လာခဲ.ပြီး။ တစ်ဖက်မှာလည်း ၀ီဒါ ညီအစ်ကို နှစ်ယောက် ဟာ ကာယဗလသမားတွေကို စည်းရုံးရေး အင်အား ပိုကောင်းလာပြီး နိုင်ငံတစ်ကာသို.လည်း လှည်.လည် စည်ရုံးမှုတွေကြောင်. အိုင်အက်ဖ်ဘီဘီ အဖွဲ.မှာ အမေရိကတိုက်တွေက အဖွဲ.၀င်နိုင်ငံတွေ များလာခဲ.ပါတယ်။ ၁၉၅၉ခုနှစ်မှာတော.  အိုင်အက်ဖ်ဘီဘီက ကြီးမှုးပြီး နာဘား နဲ. အေအေယူ တို.နဲ. အပြိုင် သီးခြား မောင်အမေရိကနှင်. ပြိုင်ပွဲတွေကို ကနေဒါနိုင်ငံမှာ စတင်ပြုလုပ်ခဲ.ပြီး ပြိုင်ပွဲကျင်းပပုံကတော. အဆင်.မြှင်.ပေမယ် ပြိုင်ပွဲဝင်တွေရဲ. အရည်အသွေးကတော. သိပ်မကောင်းခဲ.ပါဘူး။ အဆိုပါပွဲမှာ မက္ကဆီကို နိုင်ငံသား အက်ဒီဆီလ်ဖက်စတား ကဗိုလ်စွဲ ခဲ.တော့ ကာယဗလ အားကစားနည်းဟာ လက်တင် အမေရိက နိုင်ငံတွေမှာ ခေတ်စားလာခဲ.သည်။ အိုင်အက်ဖ်ဘီဘီ မောင်အမေရိကဘွဲ.ရ လယ်ရီစကော. ၊ ဟာရိုးပူလ်နဲ. မောင်စကြ၀ဠာ ချပ်ဆိုက်စ် စတဲ.ကာယဗလ မောင်တွေ ပေါ်ထွန်းလာခဲ.ပြီး အိုင်အက်ဖ်ဘီဘီ ရဲ. ပြိုင်ပွဲတွေကို နိုင်ငံ တကာက အသိအမှတ်ပြုခဲ.ပြီး လယ်ရီစကော. ဟာဆိုရင် ဒုတိယ စတီးရိဗ် လို. ထင်ရှားတဲ. လူချော မောင် တစ်ဦးဖြစ်ခဲ.ပါတယ်။

တစ်ဖက်မှာလည်း အေအေယူ က ကျင်းပတဲ. မောင်အမေရိကပြိုင်ပွဲတွေ ဟာ ၀ီဒါ ညီနောင် လို ငွေကြေး မသုံးစွဲနိုင်တဲ. အတွက် တစ်နှစ်ထက် တစ်နှစ် အား နည်းလာပြီး နောက်ထပ်တစ်ဖွဲ.ဖြစ်တဲ. နာဘာ မောင်စကြ၀ဠာပြိုင်ပွဲကတော. အဆင်.အတန်းမြှင်.တဲ. ရက်ခ်ျပတ် နှင်. ဘီလ်ပါးလ် လို ကမ္ဘာ အကောင်းဆုံး ကာယဗလမောင်တွေက ဆုဆက်ရခဲ.ပေမယ် ဂျိုးဝီဒါ ဟာ ၁၉၅၆ ခုနှစ်မှာ ကမ္ဘာ ကာယဗလ လောကအတွက် စွန်.စားမှုတစ်ခုဖြစ်တဲ. မောင်အိုလံပီယာ ပြိုင်ပွဲကို စတင်ကျင်းပ ပေးခဲ.သည်။ သူမွေးထုတ်ပေးခဲ.တဲ. လယ်ရီစကော.နဲ. ဟာရိုးလ်ပူလ် တို.ကို လာရောက်ယှဉ်ပြိုင်ကြပါလို. နာဘား မောင်စကြ၀ဠာအဖွဲ.နှင်. အေအေယူ မောင်အမေရိကန်တွေ ကို စိန်ခေါ်ခဲ.ပြီး ဖိတ်စာတွေပေးခဲ.ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ အကောင်းဆုံးမောင်တွေက ဘာမှမတုံ.ပြန်ပဘဲ ဘာသိဘာသာ နေခဲ.ကြပါတယ်။ လယ်ရီစကော.ဟာ မောင်အိုလံပီယာ (၂)ထပ်ကွမ်း ရခဲ.ပြီး အနားယူခဲ.ပေမယ် ဂျိုးဝီဒါက သူကို ဆက်မွေးခဲ.ပြီး ၀ီဒါရဲ. ကာယဗလ သံတမန် အဖြစ် နိုင်ငံတကာ သို. စေလွတ်ခဲ.ပါတယ် လယ်ရီစကော. အနားယူသွားပေမယ် မောင်အိုလံပီယာ ပြိုင်ပွဲအဓွန့် ရှည်.ဖို. ချန်ပီယံအသစ်တွေ ပေါ်ထွန်းခဲ.ပါတယ်။ အကျဉ်းချုပ် ရေးပြရရင်တော. ၁၉၆၅ ခုနှစ်မှ လက်ရှိ ဂျေကက်တလာ ခေတ်အထိ မောင်အိုလံပီယာ ၁၁ ဦး ပေါ်ထွန်းခဲ.ပါတယ်။ ခ၇စ္စကာဒင်၊ လက်ဘနွန်နိုင်ငံသား ဆင်မီယာ ဘန်နူး၊ ဒက်စတာဂျက်ဆင် တို.သုံးဦးကလွဲရင် ကျန်တဲ.မောင်တွေက အနည်းဆုံး ၂ထပ်ကွမ်းနှင်. အများဆုံး (၈)ထပ်ကွမ်းတွေဘဲ ဖြစ်ပါတယ် ရရှိခဲ.တဲံ. ခုနှစ်တွေကို တင်ပြပေးလိုက်ပါတယ်။

မောင်အိုလံပီယာ (၁၃)ဦး

၁။လယ်ရီစကော. — ၁၉၆၅-၁၉၆၆ (၂)ကြိမ်

၂။ဆာဂျီယိုအော်လီဗာ — ၁၉၆၇-၆၈-၆၉(၃)ကြိမ်

၃။အာနိုးလ် — ၁၉၇၀-၁၉၇၅၊ ၁၉၈၀ (၇)ကြိမ်

၎။ဖရင်.ဇိန်း — ၁၉၇၇-၁၉၇၈-၁၉၇၉-(၃)ကြိမ်

၅။ဖရန်ကိုကိုလံဘူ —  ၁၉၇၆၊၁၉၈၁(၂)ကြိမ်

၆။ခရစ္စဒစ်ကာဆင် — ၁၉၈၂(၁)ကြိမ်

၇၊ဆင်မီယာဘာနူး — ၁၉၈၃(၁)ကြိမ်

၈။လီဟန်းနိး — ၁၉၈၄-၁၉၉၁(၈)ကြိမ်

၉။ရွန်နီကိုးလ်မင်း — ၁၉၉၈-၂၀၀၅(၈)ကြိမ်

၁၀။ဂျေကက်တလာ — ၂၀၀၆-၂၀၀၇၊၂၀၀၉(၃)ကြိမ်

၁၁။ဒက်တာဂျက်ဆင် — ၂၀၀၈ (၁)ကြိမ်

မိတ်ဆွေ သင်တို.အနေနဲ. ဒီဆောင်းပါးလေးကိုဖတ်ပြီး မောင်အိုလံပီယာ ဘယ်လိုပေါပေါက်လာတယ် ဆိုတာ အကျဉ်းချုပ်လောက်တော. သိသွားမယ်လို.ထင်ပါတယ်။ ကျွန်တော်တို.ဆီမှာလည်း ဒီလိုမျိုးအားပေးတဲ. အဖွဲ.အ.အစည်းတွေ ပေါ်ပေါက်လာရင် ဘယ်လောက် ကောင်းမလဲဗျာ။ ကျွန်တော်ကတော. ကွယ်လွန်သွားတဲ.ဆရာ ကျောက်ဘီလူး ဦးတင်မောင်ဆွေ သာရှိရင် အရမ်းကောင်းမယ်လို. ထင်ပါတယ်။ ဆ၇ာ ကောင်းရာဘုံ ဘ၀ရောက်ပါစေလို. ဆုတောင်းရင်း

တင်ဆက်သူ အောင်အောင် (aungaung.aung24@gmail.com)း

Related posts:

  1. မောင်အိုလံပီယာ ဆုတံဆိပ် ဖြစ်ပေါ်လာပုံ
  2. လီိဟေနီနဲ့ မောင်အိုလံပီယာ ပြိုင်ပွဲအပေါ် သူ့သဘောထား
  3. ၂၀၀၉ မောင်အိုလံပီယာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်နှင့် ဘာကြောင့်လဲ?
  4. လေးထပ်ကွမ်း မောင်အိုလံပီယာ ဂျေးကတ်လာ၏ ပေါင်ကြွက်သား ကစားနည်း
  5. အစဉ်အဆက် မောင်အိုလံပီယာ ချန်ပီယံများ