ကမ္ဘာ့လူတုပ်ကွေး ၏ အမှန် နှင့် ကောလဟာလများ up-to-date
Home > Healthy Recipes > ကမ္ဘာ့လူတုပ်ကွေး ၏ အမှန် နှင့် ကောလဟာလများ up-to-date
အဲဒါ ပြီးသွားပြီ
အမှန် ကောလဟာလ√
“အကယ်၍ ရှိတဲ့ လူဦးရေ၏ လုံလောက်တဲ့ အချိုးအစားသည် ခုခံအားရသွားပြီဆိုမှသာ အဲသည့် ဗိုင်းရပ်စ် ကူးစက်မှုတန့်သွားပါလိမ့်မည်။” The Lancet Infectious Disease ၏ အယ်ဒီတာဖြစ်သူ ဒေါက်တာ ဂျွန် မက်ကိုနယ်က ပြောသည်။ “သို့သော် လာမည့်နှစ်တွေမှာ ခုခံအားမရသေးသည့် သူတွေကို ကူးစက်ပြီး အဲသည့်ဗိုင်းရပ်စ်ပြန်ပေါ်လာပါလိမ့်မည်။”
ရိုးရိုးတုပ်ကွေးက ပိုသေစေနိုင်သည်
အမှန်√ ကောလဟာလ
အင်တာနက်တွင် သည်နှစ်၏ အကြီးမားဆုံး ကျန်းမာရေးပြဿနာနှင့် ပတ်သက်ပြီး အယူအဆအမှားတွေနှင့် ပြန့်နှံ့နေခဲ့သည်။ မှားပါသည်၊ အခုထိ အဲသည့်ဗိုင်းရပ်စ်သည် ရိုးရိုးတုပ်ကွေးထက် ပိုမသေစေနိုင်ပါ။ “ရာသီဥတုအလိုက်ဖြစ်သည့် သာမန်တုပ်ကွေး (Seasonal Flu) သည် အယောက်တစ်ထောင်မှာ သုံးယောက် သို့မဟုတ် လေးယောက် သေနှုန်းရှိပြီး ကမ္ဘာ့လူတုပ်ကွေးသည် အယောက် တစ်သောင်းမှာ နှစ်ယောက်ဝန်းကျင်သာ သေနှုန်းရှိပါသည်။” the World influenza Centre in London မှ အေလန် ဟေးက ဆိုပါသည်။ ကူးစက်မှုကို ကာကွယ်ဖို့ လက်တွေကို သတိထားပါ။ “တုပ်ကွေးသည် လက်တွေမှတဆင့် နှာခေါင်းထဲက နံရံများ မျက်လုံးထဲက မျက်ရည်များကို ထိမိခြင်းဖြင့် ကူးစက်သည်။” infection control specialist at Glamorgan University ဂေးလ် လူဆာဒီက ဆိုသည်။ သာမန်လူတစ်ယောက်သည် တစ်မိနစ်မှာ လေးကြိမ်လောက် နှာခေါင်းနှိုက်သည်၊ မျက်လုံးပွတ်တတ်သည်။ ဤကဲ့သို့ ထိမိ၍ ဗိုင်းရပ်စ်သည်သင့်လက်ပေါ်မှာ ရှိလျှင် Stockholm University research အရ ဗိုင်းရပ်စ်ကူးစက်ရန်အတွက် ၈၃ ရာခိုင်နှုန်း အခွင့်အရေးဖြစ်သည်။ သူတို့ တွေ့ရှိသည်မှာ တစ်ရှုးသုံးခြင်းသည် ကူးစက်မှု အန္တရာယ်ကို ၅% ချနိုင်သည်။ ပြီးလျှင် သုံးပြီး တစ်ရှုးတွေ ကိုယ့်အိတ်ထောင်ထဲ ထည့်မထားပါနှင့်။
ကာကွယ်ဆေး ထိုးလျှင် ဖျားတတ်သည်
အမှန် ကောလဟာလ√
H1N1 သည် စိတ်တိုစရာကောင်းလောက်အောင် နေရာတကာ ကြီးစိုးလာသောကြောင့် ကျွန်ူပ်တို့၏အာရုံသည် ကာကွယ်ဆေးပေါ် ရောက်လာသည်။ ထိုးဖို့ ပထမအုပ်စုသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် အထိတွေ့ဆုံးကျန်းမာရေးဝန်ထမ်းများဖြစ်သော်လည်း သင့်အလှည့်ရောက်လျှင် ဖျားနာမှာကို စိတ်ပူမနေပါနှင့်။ “ကာကွယ်ဆေးသည် ခုခံအားတက်အောင် အဲသည့်ဗိုင်းရပ်စ်နှင့် ပြန်ထည့်ပေးခြင်းမျိုးမဟုတ်။” မက်ကော်နယ်က ပြောသည်။ “ငှင်းသည် ဖျားနာမှုမရှိဘဲ သဘာဝခုခံအားကို ထုတ်ပေးမည့် ဗိုင်းရပ်စ် ပရိုတိန်းတစ်ခုသာဖြစ်သည်။” ဤသည်မှာ တကယ့် သတင်းကောင်းကြီးဖြစ်သည်။ သို့သော် ကျွန်တော်တို့မှာ အဲသည့် ကာကွယ်ဆေးအတွက် စောင့်မျှော်နေရဦးမည်။
သင်နှစ်ခါ မိနိုင်သည်
အမှန်√ ကောလဟာလ
အကယ်၍ အချိန်ကြာလာလျှင် ဗိုင်းရပ်စ်သည် ဇီဝပြောင်းလဲမှုဖြစ်ပြိး နောက်တစ်ကြိမ်ထပ်ကူးစက်ဖို့ ဖြစ်နိုင်သည်။ “သင့်ခန္ဓာကိုယ်သည် ပထမကူးစက်ရာမှ ခုခံအားဖွံ့ဖြိုးခဲ့မည် ဖြစ်သော်လည်း အဲသည့်ခုခံအားသည် ဗိုင်းရပ်စ်ဇီဝပြောင်းလဲသွားပါက ဘာမှ မတတ်နိုင်ပါ။”Nottingham University’s Institute for Science and Society ဒါရိုက်တာဖြစ်သူ ရောဘတ် ဒင်းဝလ်က ဆိုသည်။ The Royal College of GPsကလည်း ဇီဝပြောင်းလဲမှုကြောင့် ဗိုင်းရပ်စ်သည် နောက်ထပ် ငါးဆလောက် ပိုပြင်းထန်လာလိမ့်မည်ဟု သတိပေးသည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ဆေးကန်တွေကို သေချာပြင်ဆင်ထားကြစို့။ “စီးနေသည့် ရေအောက်မှာ လက်ဆေးခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားပစ်လိမ့်မည်။” the Tadworth Medical Centre မှ ဒေါက်တာ ပီတာ စတော့တ်က ပြောသည်။ “သို့သော် လက်ကောက်ဝတ်တွေကို သတိထားပါ။ ငှင်းသည် ဗိုင်းရပ်စ်အရှိနိုင်ဆုံးနေရာဖြစ်သည်။ ပြီးတော့ ဗိုင်းရပ်စ်တွေ အဲသည့်အပေါ်သွားမစုမိအောင်လည်း သေချာအခြောက်ခံပါ။”
ကမ္ဘာ့အကြမ်းဖက်ဝါဒထက် တုပ်ကွေး ကမ္ဘာ့အနှံ့ပြန့်နှံ့ခြင်းသည် ပိုပြီး ဒုက္ခပေးမည့် ဟန်ဖြစ်သည်
အမှန်√ ကောလဟာလ
အိုဆာမာနှင့် ထိပ်ဆုံးမှာ ရှိလိမ့်မည်ဟု သင်ထင်ခဲ့မည်မဟုတ်။ သို့သော် ၂၀၀၄ မှာ ကမ္ဘာအနှံ့ပြန့်ခဲ့ဖူးသည့် တုပ်ကွေးကြောင့် အစီအစဉ်တွေ၊ စီမံကိန်းတွေ အဲသည့်ကတည်းက ကြိုဆွဲထား၊ ကာကွယ်ထားပြီးဖြစ်ခဲ့သည်။ “အဲသည့်တုန်းက ဒုက္ခသည် အကြမ်းဖက်တိုက်ခိုက်ခံရသည်ထက် ဆိုးခဲ့သည်။” ဒင်းဝလ်က ပြောသည်။ “အဲသည်တုန်းက လူပေါင်း ၇၅၀၀၀၀ သေဆုံးသည်ကို ကိုင်တွယ်နိုင်ခဲ့သော စနစ်သည် ယခု ၂၀၀၀၀၀ ဦးလောက်ကိုတော့ ထိန်းချုပ်ကာကွယ်နိုင်ပြီဖြစ်သည်။” ပရိုတိန်းများများစားဖို့သာ အသင့်ပြင်ထားပါ။ “အကယ်၍ လုံလုံလောက်လောက်စားမထားဘူးဆိုလျှင် သင်သည် တုပ်ကွေးကို ခုခံတိုက်ခိုက်ဖို့ သွေးဖြူဥ နည်းနည်းသာထုတ်နိုင်ပါလိမ့်မည်။” ဟု University of California မှ သိပ္ပံပညာရှင် ဒေါက်တာ ချားလ်စ် စတီဖင်စင်က ဆိုထားသည်။ သူသည် ခုခံအားလုံလုံလောက်လောက် အရန်သင့်ဖြစ်အောင် ကိုယ့်ခန္ဓာကိုယ် အလေးချိန်၏ တစ် ကီလိုဂရမ်ကို ပရိုတိန်း ၀.၈-၁ ဂရမ်လောက်စားပါဟု အကြံပေးခဲ့သည်။
အသက်ကြီး ပုဂ္ဂိုလ်များကို ပိုကူးစက်နိုင်သည်
အမှန် ကောလဟာလ√
“အသက် ၆၀ ကျော်လျှင် ထိခိုက်လွယ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ၁၉၅၇ က H1N1 ပျံ့နှံ့တုန်းက ထိတွေ့မိ၍ ခုခံအား တချို့ရထားပြီးဖြစ်တယ်။” ဟေးက ပြောသည်။ တကယ်စိုးရိမ်ရမှာက ကလေးတွေဖြစ်သည်။ ငါးနှစ်အောက်ကလေးများသည် အကူးစက်ခံရဆုံးအုပ်စုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခုခံအားစနစ်သည် ကောင်းကောင်းမဖွံ့ဖြိုးသေးပါ။ နောက်ပြီး သူတို့သည် လက်ကောင်းကောင်းဆေးဖို့လည်း အလေးထားဆုံးမဟုတ်ကြပါ။ “အကယ်၍ သင်ဟာမိဘတစ်ယောက်ဆိုလျှင် လက်နှင့်ထိတွေ့ရမည့် နေရာအားလုံးကို သတိဝီရိယထားကာ သန့်သန့်ရှင်းရှင်း ထား၊ ရောဂါပိုးသတ်ထားရပါမယ်။” ဟု ဂေလီ လူဆာဒီက ဆိုသည်။ အထူးသဖြင့် ၀ီ(Wii) ဗီဒီယို ဂိမ်း။ University of Southern California မှ သုတေသနတစ်ခုတွင် ဗီဒီယိုဂိမ်း လက်ကိုင်များသည် တံခါးလက်ကိုင်များနှင့် ဖုန်းလက်ကိုင်များပြီးလျှင် တတိယ အများဆုံးဗိုင်းရပ်စ်ကို သယ်ဆောင်ထားသည်ဟု တွေ့ရှိရသည်။ စူပါမာရီယိုကို အခု နည်းနည်းရှောင်ထားလိုက်ပါဦး။
နောက်တစ်ကြိမ် ပေါ်လာလျှင် သည်ထက်ပိုဆိုးနိုင်ပါသည်။
အမှန်√ ကောလဟာလ
ကမ္ဘာ့အနှံ့ ပြန့်နှံ့သွားခြင်းသည် ကြိုတင်ခန့်မှန်း၍ မရနိုင်ပါ။ ရှောင်လွှဲလို့လည်း မရနိုင်ပါ။ “ကမ္ဘာအနှံ့ပြန့်နှံ့ခြင်း (pandemic) သည် ဘတ်စကားများနှင့် တူသည်။ နောက်တစ်စီး ဘယ်အချိန်လာမယ်ဆိုတာ သင်မသိနိုင်သလို ဘယ်လောက်ဆိုးတဲ့ ဘတ်စ်ဖြစ်မလဲဆိုတာလဲ မခန့်မှန်းနိုင်ပါ။” ဒင်းဝလ်က ပြောသည်။ “၂၁ရာစု၏ အစောပိုင်း ကမ္ဘာအနှံ့ပြန့်နှံ့မှုများသည် အခုထိ တော်တော် ပျော့နေ၍ ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင် ကံကောင်းနေပါသည်။” ကူးစက်သွားသော်လည်း ကမ္ဘာ့လူတုပ်ကွေးသည် လူသန်းချီသတ်နိုင်သည့် အမျိုးအစားတစ်မျိုးသို့ ဇီဝသန္ဓေပြောင်းလဲမသွားခဲ့ပါ။ “သို့သော် ကြောက်စရာ အကောင်းဆုံးတစ်ခုမှာ ကမ္ဘာ့လူတုပ်ကွေးသည် ပိုပြင်းထန်သည့် ကြက်ငှက်တုပ်ကွေးနှင့် မျိုးရိုးဗီဇချင်းရောထွေးသွားမှာကိုပင်ဖြစ်၏။” James Cook University, Australia မှ pandemic expert ဒေါက်တာ ဂရေဟမ် ဘာဂရတ်စ်က ပြောသည်။ “အဲဒါသည် ပိုကူးစက်လွယ်ပါလိမ့်မည်။ နောက်ပြီး ဒုတိယအဆင့်ရောက်လျှင် ကုသနေစဉ် ရောဂါအသစ်တွေလည်း ပိုမိုများပြားထပ်တိုးလာပါလိမ့်မည်။ အားလုံး ဖရိုဖရဲတွေဖြစ်ကုန်ပါလိမ့်မည်။” တုပ်ကွေး၏ ကြီးကျယ်သော ၀ိပါက်သည် ဆပ်ပြာနှင့် ရေဖြစ်သည်။ သို့သော် သင်အပြင်ထွက်မည်ဆိုလျှင်လည်း အရက်ပျံဆောင်သွားပါ။ “အရက်ပျံသည် ချက်ချင်းတော့ မထိရောက်ပါ။ ဗိုင်းရပ်စ်ကို သတ်ဖို့ တစ်မိနစ်လောက်တော့ အချိန်ပေးပါ။” လူဆာဒီက ဆိုသည်။ ခေါင်းဖီးဖို့တော့ အချိန်များများပေးထားရတော့မည်။
လေကြောင်းခရီးသွားခြင်းသည် ပိုကူးစက်နိုင်သည်။
အမှန် ကောလဟာလ√
လေယာဉ်ပျံများသည် တုပ်ကွေးနှင့်ပတ်သက်လာလျှင် ကြောက်စရာမရှိပါ။ “လေယာဉ်ထဲမှာ တစ်ခုခုမကောင်းတာရှိလျှင် အဲဒါသည် တစ်တန်းထဲမှာသာ ရှိလိမ့်မည်။ စွမ်းအားမြင့် လေစစ်ထားမှုကြောင့် ကူးစက်တာကို အတော်ကို လျော့နည်းစေသည်။” the Aerospace Medical Association မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ရူဆယ် ရေးမန်းက ဆိုသည်။World Health Organisation (WHO) သုတေသနအရ သင်သည် လေထဲမှာထက် အခန်းထဲမှာ ရှိလျှင် ဗိုင်းရပ်စ်ကို မိဖို့ အခွင့်အရေး သုံးဆပိုများသည်။
သတိပေး နှိုးဆော်သည့် အဆင့်သည် သေဆုံးမှု ကပ်ဆိုက်တာတွေ များလွန်းလာပြီဆိုတာ ပြနေခြင်းဖြစ်သည်
အမှန် ကောလဟာလ√
အဆင့်ခြောက် – ကမ္ဘာ့အနှံ့ အပြန့်နှံ့ဆုံးဖြစ်နေပြီဆိုသော အဆင့်သို့ ရောက်ပြီဟု ကြေငြာသောအခါ သင်ဘယ်မှာ ရှိနေလဲ မှတ်မိပါသလား? WHO မှ ကြေငြာသော သတိပေးနှိုးဆော်ချက်အဆင့်များကို တုပ်ကွေးက ဘယ်လောက်ထိ သေစေနိုင်သည်ဟု တိုင်းတာချက်များအဖြစ် တလွဲ မှတ်ယူနေကြသည်။ “Pandemic ဆိုသည်မှာ ကျန်းမာရေး ပြောဆိုခွင့်ရှိသူများအတွက် ‘ဒါနှင့်ပတ်သက်ပြီး အများအပြားရှိနေပြီ’ ဟု ဆိုလိုခြင်းသာဖြစ်သည်။” ဒင်းဝလ်က ပြောသည်။ “ဘယ်လောက် အန္တရာယ်ရှိနေပြီဆိုတာနှင့် ဘာမျှ မဆိုင်ပါ။” ငှင်းသတိပေးချက်များသည် သင်ကူးစက်ခံရဖို့ အခွင့်အရေးနှင့် ပတ်သက်ပြီး စိုးရိမ်ဖို့သာဖြစ်သည်။ နောက်လာမည့် ပျံ့နှံ့မှုများတွင် အဆင့် ၅ ဆိုသည်မှာ ဗိုင်းရပ်စ်ကို ဒုက္ခပေးမည့် အရာအဖြစ်မှတ်ယူပြီး အပြင်းအထန် နှိမ်နှင်းကြဖို့ ဆိုလိုခြင်းဖြစ်သည်ဟု မှတ်ယူထားရန်ဖြစ်သည်။ အဆင့် ၅ ဆိုသည်မှာ လူတွေကြားမှာ လွယ်လွယ်ကူကူ ပြန့်နှံ့နေပြီဟုဆိုလိုခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးပျံ့နှံ့အံ့ဆဲဆဲ ဖြစ်တော့မည့် သတင်းပို့ချက် တစ်ခုဖြစ်သည်။ သို့မှသာ သင့်အိမ်က ရေတိုင်ကီထဲ ရေအပြည့်ထည့်ထားနိုင်မည်ဖြစ်သည်။
၂၀၀၉ ဒီဇင်ဘာထုတ် Men’s Health မဂ္ဂဇင်းမှ ကောက်နုတ်ထားခြင်းဖြစ်သည်။
ကမ္ဘာ့လူတုပ်ကွေးကို ချေဖျက်နိုင်မည့် အစားအစာများကို www.menshealth.co.uk/flufoods တွင်ကြည့်ပါ။
ွှ့
No related posts.





