ကစားတာ တော်တော် ထိနေပြီလား?
Home > Training and Contest > ကစားတာ တော်တော် ထိနေပြီလား?
နှစ်သစ် လူသစ်ဖြစ်တော့မည်လား?။ သတိထားပါ။ သေသေချာချာ စီစဉ်ပြင်ဆင်မထားတဲ့ လေ့ကျင့်နည်းစနစ်နှင့်သာ ကစားမိလျှင် သင့်ကို မကစားခင်ကထက် ခန္ဓာကိုယ်ကို ပိုဆိုးသွားစေလိမ့်မည်။
သို့သော်လည်း ကိုယ့်ရဲ့ ကစားမည့် အစီအစဉ်တွေကို လျှော့မပစ်လိုက်ပါနှင့်ဦး။ လန်ဒန်မြို့  ရဲ့  St. John & St. Elizabeth ဆေးရုံများမှ အားကစားထိခိုက်ဒဏ်ရာ အထူးကျွမ်းသူ သမားတော်များ၏ အကူအညီကိုယူကာ ကာယလေ့ကျင့်ရာတွင် အထိခိုက်ဆုံး ဒဏ်ရာများကို ရှောင်ရှားနိုင်ရန်နှင့် ဘယ်လို ကောင်းကောင်းမွန်မွန်လေ့ကျင့်သင့်သည်ဆိုတာ ဖော်ပြပေးပါမည်။
ဒူးနာခြင်း (Chondromalacia patella or Runner’s knee)
ခံစားပုံ – ဒူးခေါင်းတ၀ိုက်တွင် စူးသလို၊ ထိုးနေသလို နာနေလိမ့်မည်။
ဘာကြောင့်ရသွားလဲ – “ကြွက်သားမညီမျှသောကြောင့် သို့မဟုတ် ဖိနပ်စီးတာ မသေမသပ်ညံ့ဖျင်းတာကြောင့် လမ်းလျှောက်ရာမှာဖြစ်စေ၊ ပြေးရာမှာဖြစ်စေ ပုံသဏ္ဌာန်မကောင်းရာမှ ရခဲ့သော ဒဏ်ရာဖြစ်သည်။” အားကစား physiotherapist Simon Shepard က ပြောသည်။
ဘယ်လိုလေ့ကျင့်ယူရမလဲ – “သင့်ရဲ့ ခြေကြွက်သားများကို သန်မာအောင်လုပ်ပါ။ အကြောဆန့်ပါ။ အဲဒါကို လုပ်ရန် central-health.comမှာ လေ့ကျင့်ခန်းတွေရှိပါတယ်။ စက်ဘီးစီး၊ ရေကူး၊ လှေလှော် စသည့် ပြင်းအားလျှော့သည့် အေရိုးဗစ်လေ့ကျင့်ခန်းများကို လုပ်ပြီး အလေးကြီးများနှင့် ကစားသည်ကို ကြိုးစားရှောင်ပါ။ အကယ်၍ ဆက်နာနေသေးတယ်ဆိုလျှင် အားကစားခြေဖ၀ါးနာကု (sports podiatrist) ဆီသို့ သင့်ဖိနပ်၊ခြေနင်းကို စစ်ဆေးရန်သွားပြပါ။” Shepard ကပြောသည်။
ပေါင်နောက်သားနာခြင်း (Hamstring Strain)
ခံစားပုံ – ပေါင်အနောက်ပိုင်းတွင် အပ်နှင့်ထိုးသလို စူးနာနေခြင်း
ဘာကြောင့်ရသွားလဲ – “ကိုယ်တွင်း ဗဟိုကြွက်သားများအားနည်းသော လူများတွင် အတွေ့များသည်။” အားကစား physiotherapist Natasha Price ကဆိုသည်။ “သင့်မှာ ဗယ်လီခြောက်လုံးရှိလျှင်ဖြစ်စေ၊ ဘီယာဗိုက်လုံးကြီးရှိလျှင်ဖြစ်စေ၊ သင့်မှာ အူတိုင်ကြွက်သားများ၊ ၀မ်းဗိုက်အတွင်းထဲကကြွက်သားများ ထိန်းသိမ်းနိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်းမရှိပါက အဲသည့်နေရာတွင် သင်ထိခိုက်နိုင်သည်။”
ဘယ်လိုလေ့ကျင့်ယူရမလဲ – “Pilates (ကြွက်သားတင်းအားကို အာရုံပြုပြီး အကြောဆန့်သော လေ့ကျင့်နည်းတစ်မျိုး) ကို လုပ်ပါ။ ၎င်းသည် မိန်းကလေးများအတွက်သာ မဟုတ်ပါ။ ၎င်းသည် ဗဟိုကိုယ်တွင်းကြွက်သားများကို ခိုင်မြဲစေသော ကိုယ်ကာပြန်လည်ထူထောင်သည့် အသုံးဝင်သော လေ့ကျင့်နည်းတစ်ခုဖြစ်သည်။” sports physician Dr. Cathy Speed က ဆိုသည်။ “တခြား သန်မာမှုအလေးပေးသည့် လေ့ကျင့်နည်းများဖြစ်သည့် အလေးထမ်းထိုင်ထ၊ အလေးထမ်းလမ်းလျှောက်တို့ကို နာကျင်သည့်အတိုင်းအတာအပေါ် လိုက်၍ အလေးချိန်ထည့်ပြီး ကစားပါ။ တစ်ပတ်လောက်ကြာသည့်အခါ သင်ရေပြန်ကူးနိုင်သင့်ပြီဖြစ်သည်။”
ခါးနောက်နာခြင်း (Lower Back Pain)
ခံစားပုံ – ခါးနောက်မှာ ထိုင်းထိုင်းကြီးနာနေခြင်း
ဘယ်လိုရသွားလဲ – “သုတေသနက ဖော်ပြသည်မှာ ခါးနောက်နာခြင်း၏ အဓိကတရားခံသည် စားပွဲမှာ ငြိမ်ငြိမ်ထိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် သင့်ကို ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းမှ မတားစေသင့်ပါ။” ကြောရိုး ခွဲစိတ်ဆရာဝန် Mo Akmal က ပြောသည်။
ဘယ်လို လေ့ကျင့်ယူရမလဲ – “ပြင်းအားများသည့် ပြေးခြင်းတို့၊ ခုန်ပေါက်ကစားခြင်းတို့ကို ရှောင်ပါ။ ကိုယ်တွင်း ဝမ်းဗိုက်ကြွက်သားများ အားကောင်းစေမည့် ကစားနည်းမျိုးကို ကစားပါ။ Pilates နှင့် လေ့ကျင့်မှု ရာဘာဘောလုံးကြီးတွေနှင့် ကစားခြင်းသည် ဤအနာကို သက်သာစေပြီး သင့်နောက်ကျောလှုပ်ရှားမှုကို ပိုကောင်းစေပါလိမ့်မည်။” Akmal ကဆိုသည်။
ပခုံးနာခြင်း (Rotator cuff tendonitis)
ခံစားပုံ – ပခုံးတွင် ထိုးကိုက်နေခြင်း
ဘာကြောင့်ရသွားလဲ – “နံရံကို ဘောလုံးရိုက်ရသော အားကစားနှင့် တင်းနစ်အားကစားများတွင် ကိုယ်ကာယလေ့ကျင့်မှုမရှိဘဲ ပြင်းပြင်းထန်ထန်ကစားလိုက်လျှင် ရတတ်သည်။ ထိုနည်းတူ အလေးများနှင့်လေ့ကျင့်ရာတွင် အလေးအလွန်အကျွံဖြင့် လေ့ကျင့်လိုက်လျှင် သို့မဟုတ် ပုံသဏ္ဌာန်မမှန်ဘဲ လေ့ကျင့်လိုက်လျှင် ရတတ်သည်။” ပခုံး ခွဲစိတ်ဆရာဝန် Steve Corbett ကဆိုသည်။
ဘယ်လို လေ့ကျင့်ယူရမလဲ – “သင့်ရဲ့  အောက်ပိုင်းနှင့် ဝမ်းဗိုက်ကြွက်သားများကို ကောင်းကောင်းလေ့ကျင့်ခြင်းဖြင့်လည်း ကုစားနိုင်သလို ပခုံးကို နိမ့်ချီမြင့်ချီမဖြစ်စေသော စက်ဘီးစီးကဲ့သို့ အဆီချ ကစားနည်းများဖြင့်လည်း ကုစားနိုင်သည်။ သင်ရေကူးလျှင် ပခုံးနာနေပါက လက်ပစ်ကူးထက် ဖားကူးနှင့် ကူးပါ။” Corbett ကပြောသည်။
ခြေကျင်းဝတ်နာခြင်း (Achilles tendonitis)
ခံစားပုံ – မနက်ခင်းပိုင်း အိပ်ရာထပြီး လမ်းလျှောက်လိုက်သည့်အခါ ခြေကျင်းဝတ် စူးနေအောင်နာခြင်း
ဘာကြောင့်ရသွားလဲ – “ပြင်းအားများ လေ့ကျင့်ခန်းများ ဥပမာ ပြေးခြင်း စသည်တို့ကြောင့် ခြေကျင်းဝတ်တွင် အကြောပျော့အား နည်းသွားခြင်းကြောင့်ဖြစ်သည်။” ခြေထောက် နှင့် ခြေကျင်းဝတ် ခွဲစိတ်ဆရာဝန် Mark Davies က ပြောသည်။
ဘယ်လိုလေ့ကျင့်ယူရမလဲ – “နောက်ထက်ပြဿနာများနှင့် အရွတ်ပြဲခြင်းများဖြစ်ပေါ်စေမည့် ပြေးခြင်းကို ရှောင်ရှားပါ။ ကိုယ်ကာယ fitness အတွက် စက်ဘီးစီးခြင်း ရေကူးခြင်းတို့ကို လုပ်ပါ။ သို့သော်လည်း ဖြေးဖြေးချင်းသာ စလုပ်ပါ။ နောက်ပြီး လှေကားထစ်တစ်ခုမှာ ခြေဖျားထောက်ကြွလေ့ကျင့်ခန်းများလည်း လုပ်ပါ။ ၎င်းသည် အရွတ်များကို သန်မာစေပြီး ခြေထောက်၏ ဒဏ်ခံနိုင်ရည်ကို တိုးတက်စေပါလိမ့်မည်။” Davies က ဆိုသည်။
Related posts:






To,
Ko Naing Oo
I wanna know about the address of medicine shops in Mandalay in which there are Whey protein, Creatine, ZMA, Beta-aline,especially Whey protein and other protein. Please!
I’m live in Meikhtila.
Thank you very so much.
With best wishes.
hein soe