ဂျေးကတ်လာရဲ့  လူသစ်များသို့ အကြံပြုချက်
Home > Gym Bag, နိုင်ဦး စာမျက်နှာ > ဂျေးကတ်လာရဲ့  လူသစ်များသို့ အကြံပြုချက်တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ကာယဗလစတင် လေ့ကျင့်သူ လူသစ်များကို မောင်အိုလံပီယာ သုံးထပ်ကွမ်း ဂျေးကတ်လာ၏
အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါသည်။ ဤဆောင်းပါသည် ဂျေးကတ်လာ၏ ယခုနှစ်
နောက်ဆုံး ထွက်ကစားနည်း အကြံပြုချက်ဖြစ်သည်။ ကစားနည်းသာမက လူသစ်များအတွက်
ဂျေးကတ်လာက သူ၏ဘ၀အမြင်များကို တင်ပြထားပါသည်။ ဂျေးကတ်လာက—-
-လူသစ်များအတွက်အဓိကအရေးအကြီးဆုံးသောလိုအပ်ချက်မှာဇွဲရှိမှု ဖြစ်သည်။သင်လောဘ
ရှိသလောက်အလျင်အမြန်တိုးတက်မှု ကိုမည်သူကမှသင့်ကိုမစွမ်းဆောင်ပေးနိုင်ပါဘူး။ကျွန်
တော်လည်းမစွမ်းဆောင်ပေးနိုင်ပါဘူး။သုံးလသို့ မဟုတ်ခြောက်လအတွင်းဟဲဗီးဖြစ်လာမယ်လို့
ဘယ်တော့မှစိတ်ကူးမယဉ်ပါနဲ့ ။အရင်ထုတင်ဖို့ ကြိုးစားပါ။ပြီးရင်အားနည်းနေတဲ့လိုအပ်ချက်
တွေဖြစ်နေတဲ့ကြွက်သားအစိတ်အပိုင်းတွေကိုပြန်ဖြည့်ပါ။ဒါမှသင်ဟာအချိုးအစားညီညွတ်လှပ
လာမှာပါ။အချို့ သောသူများကသူတို့ ရဲ့ ကျောပြင်တွေနဲ့ ပေါင်တွေဟာတစ်ခြားအစိတ်အပိုင်း
တွေလောက်မတိုးတက်ဘူးဆိုရင်အလွယ်တစ်ကူစိတ်ဓါတ်ကျတတ်ကြပါတယ်။ပြီးတော့အ
လွယ်တစ်ကူတိုးတက်လာတဲ့ကြွက်သားအစိတ်အပိုင်းတွေကိုပဲဖိကစားပြီးအတက်နှေးတဲ့အ
စိတ်အပိုင်းတွေကိုတော့မေ့ထားလိုက်ပါတယ်။အဲ့ဒါလုံးဝမှားတဲအယူအဆပါ။အဲဒီလိုလုပ်ခြင်း
ကသင့်ကိုပိုပြီးအချိုးအစားမညီညွတ်စေမှာပါ။လူသစ်များအနေနဲ့ လေ့ကျင့်နည်းပရိုဂရမ်နဲ့ 
အာဟာရကိုအမြဲတမ်းဂရုစိုက်သင့်ပါတယ်။အတက်နှေးရင်လည်းတစ်နေ့ ကိုတစ်ကြိမ်တော့
ပြင်းပြင်းထန်ထန်းကစားပါ။အာဟာရကိုအထူးဂရုစိုက်ပါ။လုံးဝမှတ်ထားပါ။ကာယဗလကို
သင့်ဘ၀ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ပါ။ဒါပေမဲ့အဲ့ဒါကိုသင့်ဘ၀တစ်ခုလုံးလို့ 
မသတ်မှတ်လိုက်ပါနဲ့ ။ဘ၀မှာကာယဗလထက်အရေးကြီးတာတွေအများကြီးပါ။ကာယဗလ
နှင့်သင့်ဘ၀ဟန်ချက်ညီပါစေ။လူအများစုကတော့ကာယဗလနယ်ပယ်မှာအောင်မြင်ချင်ရင်
တစ်ခြားအရာအားလုံးကိုစွန့် လွတ်လိုက်ပြီးကာယဗလကိုသာတစ်စိုက်မတ်မတ် လုပ်သင့်
တယ်လို့ ဆိုပါတယ်။ကျွန်တော်ကတော့အဲ့ဒီအယူအဆလုံးဝမှားတယ်လို့ ဆိုချင်ပါတယ်။
ဒါကြောင့်သင့်ရဲ့ ဘ၀နှင့်ကာယဗလလမ်းကြောင်းအောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
စီစဉ်တင်ဆက်သူ—
နိုင်ဦး—119
Related posts:







likes this… keep it up.. brother!
ဟုတ်တယ် ကိုနိုင်ဦး ကျွန်တော်လဲ ဇွဲကတော့ ၁၀၀% အပြည့်ပဲဗျာ။ အဲ ခက်တာက ထု တင်ဖို့။ အခုအထိတော့ ထုက မတက်သေးဘူး… အိပ်ရေးက ပျက်နေတာကိုး အိပ်ရေးဝအောင် မအိပ်တဲ့အကျင့်ဖြစ်နေတော့ ဒီအကျင့်ဆိုးတွေကို ဖြေဖြောက်ဖို့ ဆေးဝါးကောင်းတော့ လိုနေပြီဗျာ။ ဒါမှမဟုတ် အလုပ်ပဲ ပြောင်းလုပ်ရတော့မှာပဲ…..
ကျွန်တော်ဒီဆိုဒ်လေးကို အခုမှ ၀င်ကြည်.မိတာပါ ကျွန်တော်လည်းကာယဗလ နဲ.ပတ်သက်ရင် ၀ါသနာရှင် တစ်ယောက်ပေါ.ဗျာ လှိုင်မြို.နယ်မှာနေတာပါ ဒီဆိုဒ်ကို ကျွန်တော်အကို ကပြောလို. ကြည်.ဖြစ်တာပါ သူပြောနေတာကြာပါပြီ အဲဒီဆိုဒ်မှာ ငါ.သူငယ်ချင်းအောင်အောင် ရေးတယ် မင်းတို.၀ါသနာပါတဲ.လူတွေဝင်ဖတ်ကြည်.ပါလားဆိုလို.ကျွန်တော်လေ.လာကြည်.တာပါကောင်းပါတယ် ကိုအောင်အောင်ကို ကျွန်တော်တစ်ခါပဲမြင်ဖူးပါတယ် သူနေတာက (၆) ရပ်ကွက် ကျွန်တော်တို.က (၁၂) ရပ်ကွက်ဆိုတော.အလှမ်းဝေးတယ်ဗျ ကောင်းတယ်ဗျာ အကိုတို.သုံးယောက်စလုံးကိုလေးစားပါတယ် ကိုနိုင်ဦး က လေ.ကျင်.ရေးအတွက်ဗဟုသုတတွေပေးသလို ကိုအောင်အောင်နဲ.ကိုနိုင်ေ၀၀င်းတို.ကလည်းလူငယ်တွေအတွက် အကျိုးရှိမဲ. ပြိုင်ပွဲတွေ ဒသန စကားလုံးလေးတွေ ကာယဗလနဲ.ပတ်သက်တဲ.ဗဟုသုတတွေတင်ဆက်ပေးထားတာ ထောင်.စုံပါတယ်ဗျာ ပြောစရာကိုမရှိအောင်ကောင်းမွန်ပါတယ် အရမ်းလည်းကျေနပ်မိပါတယ် ကျွန်တော်တို.နိုင်ငံမှာ အခုလို ဆိုဒ်မျိုး လိုအပ်နေတာ အမှန်ပါပဲ မြန်မာပြည်မှာ ပထမဦးဆုံးနဲ. ပြိုင်ဘက်မရှိအကောင်းဆုံးပါပဲ
အကိုတို.ကိုလေးစားမိတာက တော. လက်ရှိကျွန်တော်တို.ကစားနေတဲ. ဂျင်မ်က နည်းပြတွေတောင် အကိုတို.လောက် ဗဟုသုတရှိမှာမဟုတ်ပါဘူး ကျွန်တော်ရဲရဲ.၀ံ့ဝံ့ကြီး အာမခံပါတယ်အကို တို.ဆိုဒ်ကြီးအောင်မြင်မှာပါ ဒိထက်မက ကြိုက်တယ်ဗျာ ကျွန်တော်တို.မြန်မာ လူမျိုးတွေတောင် ဒီလိုစိတ်ကူးရှိမယ်မထင်ဘူး ဒီဆိုဒ်မျိုးထောင်ဖို. ကျွန်တော်လည်း စိတ်ကူးပဲရှိတာပါ ဗဟုသုတ အပိုင်းဘာမှမရှိတော. အကိုတို.ကို အားကျမိတယ်ဗျာ တော်တော်လေ.လာ ထားတာပဲ နောက်တစ်ခု ထူးခြားချက်က သုံးယောက်စလုံးက မွတ်စလင်မ်တွေနော် ကိုအောင်အောင်ရဲ. profile တော.မတွေ.မိဘူနော် ကျွန်တော်ပဲ မျက်စိရှမ်းတာလားမသိဘူး။အားပေးနေတယ်ဗျာ အမြဲတမ်းဒီနေ. ကစပြီး။အောင်မြင်ပါစေလို.
ကိုနိုင်ဦးရေကျွန်တော့်နာမည်ခင်မောင်ကြီးပါ။အစ်ကိုတို့ ဆိုက်ရဲ့ မင်ဘာတစ်ယောက်ပါ။အခု
လက်ရှိစင်္ကာပူနိုင်ငံမှာအလုပ်လုပ်နေပါတယ်။အစ်ကို့ ရဲ့ ထုတင်နည်းပရိုဂရမ်ကိုကစားကြည့်
တာတိုးတက်မှု့ ရှိပါတယ်။ကျွန်တော်ကအစ်ကို့ ရဲ fan ပါ။အစ်ကို့ ဆောင်းပါးတွေကအင်မတန်
ကောင်းပါတယ်။2008-ခုနှစ်၊ဖေဖော်ဝါရီလလောက်ကကျွန်တော် Gold’s Gym ကိုရောက်ဖူးပါ
တယ်။အစ်ကို့ သူငယ်ချင်းတစ်ယောက်နဲ့ ကစားနေတဲ့အချိန်ပါ။အဲ့ဒီတုန်းအစ်ကို့ ဘော်ဒီကိုသ
ဘောကျမိပါတယ်။မိတ်ဆက်ကြည့်မလို့ ကအစ်ကိုက(စိတ်မဆိုးနဲ့ နော်)နည်းနည်းမာနကြီးတဲ့
ပုံစံဖြစ်နေလို့ ပါ။မျက်နှာကခပ်တည်တည်နဲ့ ဆိုတော့ဗျာ။ကျွန်တော်ကအဲ့ဒီအချိန်ကအစ်ကို
ဘယ်သူဆိုတာမသိပါဘူး။ကိုယ့်ညီနောင်တစ်ယောက်အင်မတန်ကောင်းနေလို့ အားကျမိတာ
ပါ။နောက်မှဒီဆိုက်ကိုဝင်ကြည့်ဖြစ်တော့နိုင်ဦး—119ဆိုတာအစ်ကိုမှန်းသိရတာပါ။ကျွန်တော်
မေးချင်တာကအစ်ကိုဒီလောက်ကောင်းနေအောင်ကစားပြီးပါလျက်နဲ့ ဝင်မပြိုင်ဘဲဘာဖြစ်လို့ 
ဒီလိုဆောင်းပါးတွေပဲရေး၊နည်းပြလုပ်နေရတာလဲပေါ့။
md.ismaile
ညီလေး ထင်လင်း အခုလိုအားပေးစကားပြောတာအရမ်းကို ကျေးဇူးတင်ပါတယ်အကိုတို.လည်း တတ်နိုင်သလောက် အကိုတို. ကာယဗလ လောကကြီးတိုးတက်စေဖို. လူငယ်တွေ စိတ်ဝင်စားလာစေဖို.ကိုရည်ရွယ်ပြီး တစ်ဖက်တစ်လမ်းကနေ အကိုနိုင်ေ၀၀င်းကတည်ထောင်ထားတာပါ သူသာ ဒီလိုမျိုးစိတ်ကူးမရှိရင် အကိုတို.လေ.လာထားတာလေးတွေ အခုလိုဆောင်းပါးမဖြစ်လာနိုင်သလို အခုလိုမျိုးလည်း ညီငယ်တို.လို ၀ါသနာရှင်တွေလေ.လာနိုင်မှာ မဟုတ်ပါဘူးအကိုတို. အကုန်လုံးဟာ အလုပ်တစ်ဖက် ဆိုင်တစ်ဖက် မအားလပ်တဲ.ကြားက အချိန်လေးတွေဖဲ.ထုတ်ပြီးတင်ဆက်တဲ.အခါမှာ တစ်ခါတစ်လေ အမှားပါခဲ.ရင်လဲခွင်.လွတ်ပေးကြပါအခုလိုမျိုး အားပေးတာ အကိုတို.အတွက် အားဆေးတစ်ခွက် တိုက်လိုက်သလို ရှေ.ဆက်ဖို.အတွက် အားအင်တွေရှိလာတာပေါ. ညီလေးရာ။မှန်ပါတယ် သုံးယောက်စလုံးဟာ မွတ်စလင်မ်တွေဖြစ်သလို အကိုရဲ. profile က မတင်ရသေးတာပါ တင်ဖို.တောစိတ်ကူးထားပါတယ် သိပ်မကြာပါဘူးတင်လိုက်ပါမယ်။ညီလေးပေးတဲ. ဆုနဲ. ပြည်.ပါစေလို.လည်း ဆုတောင်းလိုက်ပါတယ်