Aug
13

ဂျေးကတ်လာရဲ့  လူသစ်များသို့ အကြံပြုချက်

Home > Gym Bag, နိုင်ဦး စာမျက်နှာ > ဂျေးကတ်လာရဲ့  လူသစ်များသို့ အကြံပြုချက်

တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)

ကာယဗလစတင် လေ့ကျင့်သူ လူသစ်များကို မောင်အိုလံပီယာ သုံးထပ်ကွမ်း ဂျေးကတ်လာ၏

အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါသည်။ ဤဆောင်းပါသည် ဂျေးကတ်လာ၏ ယခုနှစ်

နောက်ဆုံး ထွက်ကစားနည်း အကြံပြုချက်ဖြစ်သည်။ ကစားနည်းသာမက လူသစ်များအတွက်

ဂျေးကတ်လာက သူ၏ဘ၀အမြင်များကို တင်ပြထားပါသည်။ ဂျေးကတ်လာက—-

-လူသစ်များအတွက်အဓိကအရေးအကြီးဆုံးသောလိုအပ်ချက်မှာဇွဲရှိမှု ဖြစ်သည်။သင်လောဘ

ရှိသလောက်အလျင်အမြန်တိုးတက်မှု ကိုမည်သူကမှသင့်ကိုမစွမ်းဆောင်ပေးနိုင်ပါဘူး။ကျွန်

တော်လည်းမစွမ်းဆောင်ပေးနိုင်ပါဘူး။သုံးလသို့ မဟုတ်ခြောက်လအတွင်းဟဲဗီးဖြစ်လာမယ်လို့

ဘယ်တော့မှစိတ်ကူးမယဉ်ပါနဲ့ ။အရင်ထုတင်ဖို့ ကြိုးစားပါ။ပြီးရင်အားနည်းနေတဲ့လိုအပ်ချက်

တွေဖြစ်နေတဲ့ကြွက်သားအစိတ်အပိုင်းတွေကိုပြန်ဖြည့်ပါ။ဒါမှသင်ဟာအချိုးအစားညီညွတ်လှပ

လာမှာပါ။အချို့ သောသူများကသူတို့ ရဲ့ ကျောပြင်တွေနဲ့ ပေါင်တွေဟာတစ်ခြားအစိတ်အပိုင်း

တွေလောက်မတိုးတက်ဘူးဆိုရင်အလွယ်တစ်ကူစိတ်ဓါတ်ကျတတ်ကြပါတယ်။ပြီးတော့အ

လွယ်တစ်ကူတိုးတက်လာတဲ့ကြွက်သားအစိတ်အပိုင်းတွေကိုပဲဖိကစားပြီးအတက်နှေးတဲ့အ

စိတ်အပိုင်းတွေကိုတော့မေ့ထားလိုက်ပါတယ်။အဲ့ဒါလုံးဝမှားတဲအယူအဆပါ။အဲဒီလိုလုပ်ခြင်း

ကသင့်ကိုပိုပြီးအချိုးအစားမညီညွတ်စေမှာပါ။လူသစ်များအနေနဲ့ လေ့ကျင့်နည်းပရိုဂရမ်နဲ့ 

အာဟာရကိုအမြဲတမ်းဂရုစိုက်သင့်ပါတယ်။အတက်နှေးရင်လည်းတစ်နေ့ ကိုတစ်ကြိမ်တော့

ပြင်းပြင်းထန်ထန်းကစားပါ။အာဟာရကိုအထူးဂရုစိုက်ပါ။လုံးဝမှတ်ထားပါ။ကာယဗလကို

သင့်ဘ၀ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ပါ။ဒါပေမဲ့အဲ့ဒါကိုသင့်ဘ၀တစ်ခုလုံးလို့ 

မသတ်မှတ်လိုက်ပါနဲ့ ။ဘ၀မှာကာယဗလထက်အရေးကြီးတာတွေအများကြီးပါ။ကာယဗလ

နှင့်သင့်ဘ၀ဟန်ချက်ညီပါစေ။လူအများစုကတော့ကာယဗလနယ်ပယ်မှာအောင်မြင်ချင်ရင်

တစ်ခြားအရာအားလုံးကိုစွန့် လွတ်လိုက်ပြီးကာယဗလကိုသာတစ်စိုက်မတ်မတ် လုပ်သင့်

တယ်လို့ ဆိုပါတယ်။ကျွန်တော်ကတော့အဲ့ဒီအယူအဆလုံးဝမှားတယ်လို့ ဆိုချင်ပါတယ်။

ဒါကြောင့်သင့်ရဲ့ ဘ၀နှင့်ကာယဗလလမ်းကြောင်းအောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။

စီစဉ်တင်ဆက်သူ—

နိုင်ဦး—119

Email—intensemuscle@gmail.com

Related posts:

  1. ကျောက်ဘီလူးနှင့် ရှောင်ရေး
  2. လီဟေနီ၏ အကောင်းဆုံးအခြေအနေ
  3. နှလုံးခုန်နှုန်းနှင့် အားကစား၏ အကျိုးကျေးဇူး
  4. ဒိုရီယံရိတ်စ်၏ တနေ့တာ စားသောက်ပုံ
  5. သင့် အာဟာရအတွက် ကယ်လိုရီ တွက်တတ်ပြီလား?