အဆစ်နာနေတာ သက်သာအောင်
Home > General Health > အဆစ်နာနေတာ သက်သာအောင်ကျွန်တော့် ဆုံပခုံးတွေနှင့် လက်ကောက်ဝတ်တွေ ဒီရက်ပိုင်းနာနေတယ်။ ဒါပေမယ့် ကျွန်တော် ကစားနေတာကိုလည်း မရပ်ချင်ဘူး။ ကျွန်တော်အဆစ်တွေကို ကာကွယ်ပြီး ကျွန်တော် ဆက်ကစားနိုင်မည့် နည်းလမ်းများရှိမလား?
ပြင်းပြင်းထန်ထန် လေးလေးလံလံကစားဖူးသော သူတိုင်း အချိန်အတော်ကြာကစားလာပါက အဆစ်နာခြင်းသည် အလွန်ရင်းနှီးနေသော ခံစားချက်ဖြစ်တတ်သည်။ သုတေသနတွင် အလေးကြီးမခြင်းသည် အဆစ်အရိုးနုများကိုတောင် ပျက်ဆီးစေသည်ဟု တွေ့ရှိထားကြသည်။ ပြဿနာ၏ အစိတ်အပိုင်းတစ်ခုသည် ပုံသဏ္ဌာန်မမှန်လို့၊ လေ့ကျင့်နည်းမှားလို့ သို့မဟုတ် လေ့ကျင့်မှုလွန်ကဲသွားလို့ စသည်ဖြင့် ဖြစ်နိုင်သည်။ အစားအသောက် ၊ ဆေးဝါးများ ဘယ်လောက်သုံးစွဲကာကွယ်ထားသောလည်း ဖော်ပြခဲ့သည့် အချက်များကို မကျော်လွှားနိုင်ပေ။ ဆိုလိုသည်မှာ ဆေးsupplement များသည် အဆစ်များရှိ ရောင်ရမ်းခြင်းကို လျော့နည်းစေပြီး နာခြင်း၊ ကိုက်ခဲခြင်းကိုသာ သက်သာစေသည်။ နောက်ပြီး အဆစ်နှင့် အရွတ်များကို နောက်ထပ် ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာဖြစ်သည်။
အဆစ်ကျန်းမာရေးအပေါ် ဗီတာမင် စီ၊ အီး စသည့် antioxidant များ၏ အကျိုးသက်ရောက်မှုများအပေါ် ဆယ်နှစ်ကြာ လေ့လာခဲ့သော သုတေသနတစ်ခုတွင် သူတို့ကို အများဆုံးသောက်သုံးသူများသည် အရိုးနုများ ပျက်စီး ယိုယွင်းခြင်း အနှေးကွေးဆုံး၊ အနည်းဆုံးဖြစ်ကြောင်းတွေ့ရသည်။
၎င်းတို့သည် များများသောက်ပါက အဆစ်လှုပ်ရှားမှုကို နည်းနည်းသောက်ခြင်းထက် ပိုကောင်းစေသည်။ ကိုယ်လက်လေ့ကျင့်သူများအတွက် အကြံပြုသည်မှာ ဗီတာမင်စီ တစ်ဂရမ်မှ နှစ်ဂရမ် (1,000mg to 2,000mg)၊ ဗီတာမင် အီး 400-800 international units(IU) တို့ကို တစ်နေ့ နှစ်ကြိမ်ခွဲကာ နေ့စဉ်သောက်သုံးသင့်သည်။
အဆစ်ကာကွယ်ရေးအတွက် နောက်ထပ်စဉ်းစားသင့်တာသည် Glucosamine နှင့် Chondroitin တို့ဖြစ်သည်။ သူတို့ကိုများသောအားဖြင့် ပေါင်းစပ်သုံးစွဲကြသည်။ သို့သော် ခွဲခြားပြီးလည်း သုံးနိုင်သည်။ Glucosamine သည် အဆစ်ကိုက်ခဲခြင်းကို ထိရောက်သက်သာစေသည့်အပြင် ရှိပြီးသား အရိုးနုဆဲလ်များကို လှုံ့ဆော်ခြင်းအားဖြင့် ကျန်းမာသော၊ ကောင်းသော အရိုးနုအသစ်များကိုလည်း ထုတ်လုပ်ပေးနိုင်သည်။ Chrondroitin သည်လည်း glucosamine ကဲ့သို့ပင် ထမ်းဆောင်သည်။ အကြံပြုသည်မှာ glucosamine 1,500-2,000 mg နှင့် chrondroitin 800-1,200 mg နေ့စဉ်သုံးစွဲသင့်သည်။ Glucosamine နှင့် chrondroitin တို့သည် ကာလကြာရှည် သုံးစွဲမှသာ ပိုထိရောက်သည်။ ထို့ကြောင့် ဆေးစွမ်းပြရန် ရှစ်ပတ်ထက်မနည်း သောက်ထားပါ။
ငါးကြီးဆီ(EPA နှင့် DHA ဟုလည်း ခေါ်တတ်ကြသည်) မှာ တွေ့ရသည့် omega-3 fatty acids ကဲ့သို့ essential fatty acids များတွင် အဆစ်များမှာ ရောင်ရမ်းခြင်း သက်သာစေသည့် အစွမ်းသတ္တိများရှိကြောင်း တွေ့ရသည်။ သို့သော် ၎င်းတို့ကို glucosamine နှင့် chondroitin တို့နှင့် တွဲသောက်ပါက စွမ်းအား ပိုထက်လာကြောင်းလည်း တွေ့ရသည်။ နေ့စဉ် ငါးကြီးဆီ 6 to 10 grams မှီဝှဲပါ။ နောက်ဆုံးတွင် အရိုးအဆစ်ဆက်နွယ် တစ်ရှုးများ၏ ဇီဝဖြစ်ပျက်မှုများမှာ ပါဝင်သော သတ္ထုဓာတ်များ အားလုံးခြုံငုံမိအောင် အစွမ်းထက်သော ဗီတာမင်စုံ၊ သတ္ထုဓာတ်စုံ အားဆေးတစ်မျိုးကိုလည်း သုံးစွဲပါ။ အောက်တွင်ဖော်ပြထားသော အဆစ်ဆေးဖုံ ကိုရှုပါ။
Related posts:








If you have tendonitis, you have no choice but have to live with it – it is a pain esp. for wrists. You can wrapped it up but it only helps to some degree.
I would suggest remove the exercise whatever is bothering you most and substitute with different ones – even changing from barbell to dumbbell helps.
For rotator cuff, I would sgguest add some pre-hab or strengthening exercises like external/internal rotation.
And the other advice would be using periodization and cruise/de-load for about one or two weeks.
Of course, you can always add the supplement but I tried glucosamine and chondrontin but not very apparent. From what I understand, you need to take those supplements for about 6 months continuously to notice “some” affects – like you have already mentioned.
Another two joint supplements you can add are MSM and Cissus Quad (cissus quadrangularis).
Good luck and keep up the good work with the blog!!
Thanks…
You are right definitely. In case of joint pain, the best is rest at least of that particular joint movement. If we can’t help but fear to stop training at all for a while, we must train within completely pain free zones: maybe changing exercises or equipments as you said, or maybe partial reps, moving one-third of the movement or we can do only 10% of that exercise movement. Don’t let that particular joint feel even a small kind of tingling sensation which will eventually make the recovery difficult. Wow.. that will be intensely helpful if we can add those two more natural joint supplements. Thanks again!
Cheers!
Naingwai