ကမ်းခြေ မာဆယ်လ်များ
Home > Training and Contest > ကမ်းခြေ မာဆယ်လ်များသင်္ကြန်လည်းရောက်ပြီ။ သို့မဟုတ် အားလပ်ရက်တွေ ရောက်ပြီ။ အထုတ်အပိုးတွေ ပြင်ဆင်ထားပြီ။ လှိုင်းတဖွေးဖွေး ကမ်းခြေကြီးက လက်ယက်ခေါ်နေပြီ။ တိုးတက်ဖို့ အချိန်ရှိပါသေးတယ်။ ကိုယ့်ကာယ အကောင်းဆုံးပေါ်လွင်အောင် သည်လေ့ကျင့်စဉ်ကို အရင်လုပ်လိုက်ပါ။ ဘယ်မှာပဲ ပစ်ကနစ်ထွက်ထွက်၊ အပြင်မထွက်ခင် ကိုယ့်ကြွက်သားများကို အောက်ပါ လေ့ကျင့်စဉ်များနှင့် အားဖြည့်သွားနိုင်သည်။
ကမ်းခြေမှာဖြစ်ဖြစ်၊ ပန်းခြံမှာဖြစ်ဖြစ် အင်္ကျီမပါဘဲ ဘောင်းဘီတို ပွပွ ၀တ်ဆင်ရခြင်းသည်ပင် အားလပ်ရက်မတိုင်မီ ကစားချိန်နေ့ရက်များ၌ ပိုပြီး စိတ်ပါလက်ပါကစားစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်စေသည်။ သို့သော် ကိုယ်သွားချင်တဲ့ သုခဘုံကို ရောက်ပြီးလျှင်ရော ဘာဖြစ်သွားလဲ။ ကိုယ့်ကြွက်သားတွေသည် ခရီးပန်းမှုကြောင့် ကြုံလှီသွားသလို ခံစားရသလား? ဆိုလျှင် အဖြေသည် တကိုယ်လုံး အတွက် ဤပေါ့ပေါ့ပါးပါး လေ့ကျင့်စဉ်ပင်ဖြစ်သည်။ ၎င်းသည် Awesome Abs ကိုရေးသားသူ ဆုရ personal trainer Paul Collins ၏ လမ်းညွှန်ချက်ဖြစ်သည်။ ဤလေ့ကျင့်စဉ်သည် ကိုယ့်ကြွက်သားများကို ဖြစ်နေကျ ပေါ်လွင်ပြတ်သားမှုထက် ကျော်လွန်အောင် လှုံ့ဆော်ပေးလိမ့်မည်။ ၎င်းကို ကိုယ့်မှာ ရှိတာတွေ ထုတ်ပြနိုင်အောင် ယုံကြည်မှုတိုးမြင့်သည့် အရာအဖြစ် စဉ်းစားကြည့်ပါ။ ၎င်းသည် ကိုယ်ကာယကို ဖွံ့ဖြိုးအောင်တော့ မလုပ်နိုင်။ သို့သော် ကိုယ့်မှာ ရှိပြီးသား လုပ်ယူပြီးသား ကြွက်သားများကို အ၀တ်အစားနည်းနည်းသာ ၀တ်ဆင်ထားသည့်အချိန်၌ အကောင်းဆုံးပေါ်အောင် ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည်။
ကမ်းခြေအောက် ပြေးမဆင်းမီ ဤတွင်ဖော်ပြထားသော လေ့ကျင့်ခန်းများကို ဆက်တိုက်လှည့်ပြီး မြန်မြန်လုပ်ပါ။ လေ့ကျင့်ခန်းတစ်ခုနှင့်တစ်ခုကြား မနားပဲ ဆက်တိုက်ကစားပါ။ လေ့ကျင့်ခန်းအားလုံး တစ်ပတ်ပြည့်တိုင်း နှစ်မိနစ်နားပါ။ နောက်ထပ်နှစ်ပတ်လည်း အဲသည့်အတိုင်းဆက်ကစားပါ။ စုစုပေါင်း ၎င်းသည် မိနစ်၂၀ထက် ပိုမကြာသင့်ပါ။ ကိုယ့်ဟိုတယ်အခန်းထဲ check in လုပ်နေတာထက် ပိုမကြာနိုင်ပါ။ ထို့ကြောင့် ကစားကြည့်ပါ။ ကိုယ့်ရဲ့အားကျစရာ ခန္ဓာကိုယ်ပုံစံသည် နောက်ဆုံးအကြိမ်ကစားပြီးသည့် နောက်မှာ ရှိနေသည်။
The Holiday Workout
၁) လက်မောင်းနောက်သား နိမ့်ချ ပြန်တင်
ကစားမည့် ကြွက်သား – ဆုံ၊ လက်မောင်းနောက်သား
အိပ်ရာအစွန်းကို ကိုင်ပါ။ တံတောင်ကို ဖြောင့်ပါ။ ကိုယ့်ရှေ့မှာ ခြေထောက်တွေကို ဆန့်ထားပါ။ သို့မဟုတ် အိပ်ရာနှင့် အမြင့်တူ ခုံတစ်လုံးပေါ် ခြေထောက်တင်ပါ။ နောက်ကျောကို ဖြောင့်အောင်ထားပြီး အိပ်ရာနှင့် ကပ်ထားပါ။
A) တံတောင်များကို ကွေးပြီး လက်မောင်းများကြမ်းပြင်နှင့် တပြေးတည်းဖြစ်သည်အထိ ကိုယ်ကိုနှိမ့်ချပါ။ ကိုယ်အပေါ်ပိုင်းကို ဖြောင့်ထားသင့်သည်။
B) ခေတ္တ ရပ်ပါ။ ထို့နောက် လက်မောင်းများကို မူလအနေအထားသို့ ပြန်ဖြောင့်ပါ။ နာရီကိုကြည့်ပြီး လက်မောင်းနောက်သားနိမ့်ချပြန်တင်ကို စက္ကန့်လေးဆယ်ပြုလုပ်ပါ။ ဤကစားနည်းသည် လက်မောင်းနောက်က ကြွက်သားခေါင်းသုံးခုစလုံးကို ထိသည်။ နောက်ပြီး ထိုလေ့ကျင့်ခန်းသည် လက်မောင်းအပေါ်ပိုင်း သုံးပုံနှစ်ပုံကျော်ကို တစ်မိနစ်အောက်အတွင်း ထုထည်ပိုကြီးလာသော မြင်ယောင်မှုကို ဖန်တီးပေးလိမ့်မည်။
၂) သေတ္တာ အပေါ်တည့်တည့် မေးစေ့ထိမြှောက်
ကစားမည့် ကြွက်သား – ဆုံ
ကိုယ့်ရှေ့မှာ သေတ္တာထောင်ထားပြီး ခြေထောက်များကို ပခုံးအကျယ်ချဲ မတ်တတ်ရပ်ပါ။ (အကယ်၍ သေတ္တာလေးလွန်းနေလျှင် ၁၂ ကြိမ်လောက် ကောင်းကောင်းမွန်မွန် ကစားနိုင်သည့် အလေးချိန်သို့ လျှော့လိုက်ပါ။) သေတ္တာ လက်ကိုင်ကို ကိုယ့်လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပါ။ ပြီး ကြမ်းပြင်မှ မ ပါ။ လက်ဖ၀ါးများကို ကိုယ့်ဖက်လှည့်ကိုင်ထားလျှက်က သေတ္တာကို ပေါင်ရှေ့မှာ လက်တဆန့် မထားပါ။
A) နောက်ကျောကို မတ်မတ်ထားပြီး လက်များကို မေးစေ့အောက်ထိ ရောက်အောင် ဆွဲမပါ။
B) ထိပ်ဆုံးမှာ တစ်စက္ကန့်လောက် ရပ်ထားပြီး သေတ္တာကို မူလအနေအထားသို့ ဖြည်းဖြည်းချင်း ပြန်ချပါ။ သွက်လက်သော နှုန်းနှင့် ၁၂ကြိမ် ဆက်ကစားပါ။ ဤကစားနည်းသည် ဂုတ်သားများကိုလည်း ထိရောက်စေလိမ့်မည်။ ထို့ကြောင့် ပခုံးတပြင်လုံးနှင့် လည်ပင်းတ၀ိုက်တွင် အထင်ကြီးစရာ ကြည့်ကောင်းနေလိမ့်မည် ဖြစ်သည်။
၃) လမ်းညွှန်စာအုပ် ဒိုက်ထိုး
ကစားမည့် ကြွက်သား – ရင်အုပ်၊ ဆုံ၊ လက်မောင်းနောက်သား
ခြေထောက်များကို ခုံတစ်လုံးပေါ်တင်ပြီး ဒိုက်ထိုးမည့် အနေအထား နေရာယူပါ။ ကိုယ့်ညာဖက်လက်ကို ဟိုတယ်အခန်းထဲက လမ်းညွှန်စာအုပ်ဖြစ်စေ၊ ထိုကဲ့သို့ ထူသော စာအုပ်ဖြစ်ဖြစ် တခုခုပေါ် တင်ပါ။
A) လက်များကို ဆန့်ထားသော်လည်း တံတောင်ဆစ်များကို ဖြောင့်မထားပါနှင့်။ နောက်ကျောကို ဖြောင့်ဖြောင့်ထားလျှက် ရင်ဘတ်နှင့် စာအုပ်ထိခါနီးထိ တံတောင်များ ကွေးပြီး ကိုယ်ကို နှိမ့်ချပါ။
B) ရုတ်တရက် အားနှင့် အပေါ် ဘေးတစောင်းကို တွန်းတင်လိုက်ပါ။ သို့မှသာ ခန္ဓာကိုယ်သည် စာအုပ်ကို ကျော်ပြီး ဘယ်ဖက်လက်နှင့် အဲသည့်စာအုပ်ပေါ် တင်မိသွားမည်ဖြစ်သည်။
C) ထို့နောက် အပေါ်တည့်တည့် ညှစ်တွန်းပါ။
D) တစ်ဖက်ကို ခြောက်ကြိမ်စီနှင့် စုစုပေါင်း ၁၂ကြိမ်ကစားပါ။ ဘေးတိုက်ရွေ့လျားခြင်းသည် ဆုံများ၊ ကိုယ်အပေါ်ပိုင်းနှင့် ရင်အုပ်တို့ကို ထိရောက်စေပြီး ကိုယ်ရှေ့ပိုင်းနှင့် လက်မောင်းများကို ကောင်းကောင်း ပူထူကြွတက်စေမည်ဖြစ်သည်။
၎) ချိန်သီး ဗယ်လီရိုက်
ကစားမည့်ကြွက်သား – ဗိုက်ခါး
အိပ်ရာပေါ်တွင် လက်နောက်ပစ် အပြင်ထုတ်ကာ ပက်လက်အိပ်ပါ။ မွေ့ယာအစွန်း သို့မဟုတ် ကုတင်အစွန်းကို ကိုင်ပါ။ ခြေထောက်များကို အပေါ်တည့်တည့် ဖြောင့်ဖြောင့်မြှောက်ထားပါ။ သို့မှသာ တင်ပါးများသည် ကြမ်းပြင်နှင့် ထောင့်မှန်ကျနေမည်ဖြစ်သည်။
A) ဒူးများကို ကိုယ့်ဘယ်ဖက်သို့ နိမ့်ချပါ။ သက်သောင့်သက်သာ နိမ့်ချနိုင်သလောက် သွားပါ။ သို့သော် ကြမ်းပြင်ကိုတော့ မထိပါစေနှင့်။
B) ခဏရပ်ပြီး အလယ်သို့ ပြန်သွားပါ။ ပြီးတော့ ညာဖက်သို့ ထိုအတိုင်း ဆက်သွားပါ။
C) တစ်ဖက်စီကို ၈ ကြိမ်စီလုပ်ပါ။ ဤလေ့ကျင့်ခန်းသည် ကမ်းခြေဆင်းသည့်အခါ ဗယ်လီခြောက်လုံးပြူးလာအောင် ဗိုက်နှင့် ခါးဘေးသားကြွက်သားများကို ထိရောက်စေသည်။
၅) သေတ္တာ လက်မောင်းကွေး
ကစားမည့် ကြွက်သား – လက်မောင်းရှေ့သား၊ လက်မောင်းနောက်သား
ပခုံးအကျယ်ချဲ မတ်တတ်ရပ်ပါ။ ရှည်ထုတ်လို့ရသည့် သေတ္တာ၏ လက်ကိုင်ကို လက်တစ်ဖက်ဖြင့် လှန်ကိုင်ပါ။
A) ကစားနေစဉ်တလျှောက် ပခုံးများ ညီနေရန်နှင့် မှန်မှန်ကန်ကန် ကစားနိုင်ရန် မှန်ရှေ့တွင် နေရာယူထားပါ။ လက်မောင်းရှေ့သားကို ပခုံးဆီသို့ မြှောက်တင်ရန် တံတောင်ကွေးမပါ။
B)ခါးကုန်းခြင်း၊ ကော့ခြင်းမရှိစေရန် သတိထားပါ။
C) ပြီး သေတ္တာကို ပြန်ချပါ။
D) လက်တစ်ဖက်ကို စက္ကန့်၄၀ ကစားပါ။ ထို့နောက် လက်ပြောင်းလိုက်ပြီး ထပ်လုပ်ပါ။ ထိုနှစ်မျိုးပြီးမှ တစ်ကျော့မည်သည်။ တံတောင်ဆစ်များသည် မြန်မြန် ဖွင့်နိုင်၊ ပိတ်နိုင်သောကြောင့် လက်မောင်းရှေ့သားကွေး အကျော့ အများစုသည် များသောအားဖြင့် စက္ကန့် နှစ်ဆယ်သာ ကြာသည်။ ဤကဲ့သို့ စက္ကန့် ၄၀ အကျော့များ ကစားခြင်းသည် လက်မောင်းရှေ့သားများကို သွေးများနှင့် ပြည့်လျှံသွားစေပြီး သဲပြင်ပေါ်လမ်းလျှောက် နေစဉ်တွင် လက်မောင်းများကို ပူထူကြီးထွားစေလိမ့်မည်။
၆) သေတ္တာ ဆုံတွန်း
ကစားမည့် ကြွက်သား – ရင်အုပ်၊ ဆုံ
သေတ္တာအစွန်းနှစ်ဖက်ကို ကိုင်ပါ။ (သေတ္တာရှည်လွန်းနေလျှင် အလယ်က လက်ကိုင်များမှ ပခုံးအကျယ်ကိုင်ပါ။) မတ်တတ်ရပ်လိုက်ပြီး ပခုံးရှေ့ဆီသို့ မတင်ထားပါ။
A) သေတ္တာကို ခေါင်းပေါ်သို့ မြှောက်တွန်းလိုက်ရန် တံတောင်များကို ဆန့်လိုက်ပါ။ လက်များဆန့်ခါနီးထိ တွန်းတင်ပါ။ သို့သော် တံတောင်ဆစ်များ ဖြောင့်မသွားပါစေနှင့်။
B) လာရန်လမ်းအတိုင်းပဲ ဖြည်းဖြည်းချင်းပြန်ချပါ။ ဖြေးဖြေးနှင့် မှန်မှန် ၁၀ ကြိမ်လုပ်ပါ။ ဆုံများ၏ ကြွက်သားခေါင်း သုံးခေါင်းလုံးကို ထိရောက်စေပြီး ရင်အုပ်အပေါ်သားကိုလည်း လှုံ့ဆော်ပေးသည့်အတွက် ဟာဝိုင်အီ အကီင်္ျီထဲမှ ရင်အုပ်နှင့် ဆုံများ မို့မောက်နေပေလိမ့်မည်။
၇) မတ်တတ်ရပ် ခြေဖျားထောက်ကြွ
ကစားမည့် ကြွက်သား – ခြေသလုံး
လမ်းညွှန်စာအုပ်၊ ဖုန်းစာအုပ်ဖြစ်ဖြစ်၊ တခြား ခုစရာတစ်ခုခုဖြစ်ဖြစ်ပေါ် ခြေချောင်းများတင်ပါ။ ပခုံးအကျယ်နီးပါး ချဲရပ်ပါ။ ခြေချောင်းများသာတင်ပါ။ သို့မှသာ ခြေဖနောင့်များ လေထဲလွတ်နေမည်ဖြစ်သည်။
A) ကိုယ်ဟန်ချက်ထိန်းရ ခက်နေလျှင် ကိုင်မှီစရာ တစ်ခုခု ကိုင်ထားပါ။ ဖနောင့်များကို ကိုယ်ချနိုင်သလောက် ချပြီး ပြန်မြင့်တင်ပါ။
B) အကြိမ် ၁၀၀ ကစားပါ။ ဤနည်းသည် ကိုယ့်ခြေသလုံးများကို သွေးများနှင့် ဆူပွက်စေပြီး ဘောင်းဘီတိုနှင့် နေသည့်အခါ တောင့်တင်းသန်မာသော ကိုယ်ဟန်ဖြစ်ပေါ်နေစေမည်။
၈) သဘက် ဖလိုင်း
ကစားမည့် ကြွက်သား – ဗိုက်၊ ရင်အုပ်၊ ဆုံ
ချောမွေ့သော မျက်နှာပြင်မှာ ဒိုက်ထိုးသည့် ပုံစံ နေရာယူပါ။ ခြောက်သွေ့သော မျက်နှာသုတ်ပ၀ါ တစ်ထည်စီကို လက်တစ်ဖက်စီအောက်ထားပါ။
A) ပ၀ါများကို အပြင်ဖက်သို့ လျှောသွားလိုက်ပါ။ သို့မှသာ ရင်အုပ်များ ကြမ်းပြင်ဆီသို့ နိမ့်သွားမည်ဖြစ်သည်။
B) ရင်အုပ်များ ကြမ်းပြင်နှင့် တစ်လက်မခွဲလောက် အလိုရောက်သည်နှင့် မျက်နှာသုတ်ပ၀ါများကို မူလအနေအထားသို့ ပြန်ဆွဲယူပါ။ နောက်ကျောကို ဖြောင့်ဖြောင့်ထားပါ။ လေ့ကျင့်စဉ်တလျှောက် ဗိုက်ကြွက်သားများကို တင်းထားပြီး ဘော်ဒီဝိတ်တစ်ခုလုံးကို ရင်အုပ်ကြွက်သားများဆီရောက်အောင် ကြိုးစားကာ ရင်အုပ်အလယ်သားများကို ညှစ်ကစားပါ။ ဆယ့်နှစ်ကြိမ်ကစားပါ။
ပြီးပြီ။ ကမ်းခြေဆင်းမည့်သူများ အဆင်သင့်ဖြစ်ပြီလားဟေ့ ဟု မေးဖို့သာ ကျန်တော့သည်။
Related posts:

















Good workout routines there. Thanks bro. Yes.. there’s still time for “Thingyan muscles” haha…
ဒီပို့စ်လေးကို အရမ်းသဘောကျတယ်ဗျာ… သေချာ ကော်ပီကူးပြီး သိမ်းထားမယ်ဗျို့….း)
Thank you,brother. It’s a very useful topic for me. Please also let me know how to loose my belly fat in a short time.
Thanks again.
သိပ်သဘောကျတယ်ဗျာ