Sep
4

လီဟန်နီ၏ လက်မောင်း(ရှေ့/နောက်) လေ့ကျင့်ခန်း

Home > Gym Bag > လီဟန်နီ၏ လက်မောင်း(ရှေ့/နောက်) လေ့ကျင့်ခန်း

တင်ဆက်သူ — အောင်အောင်

ကျွန်တော် ပြီးခဲ.တဲ. တစ်ခေါက်တုန်း က လီဟန်နီရဲ. ဗယ်လီ လေ.ကျင်ခန်း ဆိုတဲ. ဆောင်းပါးလေးကို တင်ဆက်ခဲ.ပြီး ဒီတစ်ခေါက်မှာတော. လီဟန်နီရဲ. လက်မောင်း ရှေ့/နောက် လေ.ကျင် ပုံလေး ကို တင်ဆက် ပေးလိုက်ပါတယ်။ လီဟန်နီရဲ. လေ.ကျင်. နည်းတွေ ဟာ ရိုး၇ိုးလေးနဲ. သင်ခန်းစာယူ စရာလေးတွေပါတာကို သတိထားမိရင် တွေ.နိုင်ပါတယ်။ ကြွက်သားတစ်ခုကို လေ.ကျင်.ခန်းတွေ အများကြီး မကစားဘူး။ ပျမ်းမျှ (၃)ခု ကနေ(၄) ခုလောက်နဲ. ကြွက်သားထောင့်စုံ ထိနေ အောင် ကစားတယ်။ လက်မောင်း လေ.ကျင်.၇ာမှာ  လက်မောင်းနောက်သား (ထရိုင်ဆက်) တွေက ပိုပြီး ကြွက်သားများပေမယ်. လက်မောင်းရှေ.သား (ဘိုင်ဆက်) ထက် ပို မကစားဘူး။

လီဟန်နီရဲ. လက်မောင်း ကြွက်သားများဟာ သူခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားတွေထက် ယှဉ်လိုက်ရင် နည်းနည်း အားနည်းတယ်။ ဒါကြောင်. သူ.လက်မောင်းဟာ ပြိုင်ပွဲဝင်တွေထဲမှာ ဝေဖန်စရာ တစ်ခုဖြစ်ခဲ.တယ်။ ဒါကြောင်.လည်း ပဉ္စမမြောက် မောင်အိုလံပီယာ ပြိုင်ပွဲအပြီးမှာ သူ.အားနည်းချက်တွေကို ပြုပြင်ပြီးကစားခဲ.တယ်။ အဲဒီအခါမှာ သူ. လက်မောင်းဟာ (၂၁) လက်မ အထိကြီးထွားခဲ.ပြီး ဆဌမ မြောက် မောင်အိုလံပီယာ ဘွဲ. ကိုလည်း ဆက်လက်ရရှိ ခဲ.ပြီး မောင်အိုလံပီယာ ပြိုင်ပွဲ တစ်လျှောက်မှာ ပထမဦးဆုံး (၈)ကြိမ်ဆက်တိုက် ရခဲ.တဲ မောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လီဟန်နီ ဟာ လက်မောင်းကစားနည်းကို သုံးမျိုးသုံးစား ခွဲကစားတယ်။ အဲဒါတွေကတော.==

(၁) ကြွက်သား ထုကြီးထွားရေး အတွက်လေ.ကျင်.ခန်း

(၂) ကြွက်သား ပုံဖော်လေ.ကျင်.ခန်း

(၃) ကြွက်သား ပေါ်လွင်လှပမှု လေ.ကျင်.ခန်း—— တို.ဖြစ်တယ်

(၁) ကြွက်သား ထုကြီးထွားရေး အတွက် လေ.ကျင်.ခန်း

လက်မောင်းရှေ.သားများ ကြီးထွားရေးအတွက် အဓိကအနေနဲ. လေ.ကျင်.ခန်း(၂) ခု ကို အဓိကထား ကစားတယ်။ ဘားတိုလက်မောင်းကွေး (dumbell curls)နဲ. ဘားရှည် လက်မောင်းကွေး (barbell curls) တို.ဖြစ်ပြီး  ဘားရှည် လက်မောင်းကွေး လေ.ကျင်.ခန်းဟာ အလေးများများနဲ. ကစားနိုင်လို. ကြွက်သား ပိုမိုကြီးထွားမှုကို အထောက်အကူပြုသည်။ ဘားတို လက်မောင်းကွေး လေ.ကျင်.ခန်း ဟာ လက်ကောက်ဝတ်ကို မိမိ စိတ် တိုင်းကျ လှည်.ပြောင်းကစားနိုင်တဲ.အတွက် လက်မောင်း ကြီးထွားမှု ကိုရော လက်မောင်းလှပမှု အတွက်ရော တစ်ပြိုင်တည်း ရရှိစေတယ် လို. အကြံပေးထားတာ ကို တွေ.ရပါတယ်။

(၂) ကြွက်သား ပုံဖော်လေ.ကျင်.ခန်း

လက်မောင်း ရှေ.သားရဲ. အလှကို ဖော်ပေးတဲ. နေရာမှာ ကြွက်သားဟာ လက်မောင်းရှေ.သားနဲ. တံတောင်ကြားမှာ နေတတ်တယ်။ အဲဒိနေရာမှာ ကြွက်သားဟာ မို.မောက်ပြီး လက်မောင်းရှေ.သား ပုံသဏ္ဌာန် လှပဖို.အတွက် ဒေါင်.ပြောင်းပြီး ကစားတဲ. လေ.ကျင်.ခန်းအဖြစ် ခုံစောင်းတင် လက်မောင်းကွေး ခေါ် ပရီချားလ် ကားလ် (preacher curl) တစ်ခုတည်းကို ကစားတယ်။

(၃) ကြွက်သား ပေါ်လွင်လှပမှု လေ.ကျင်.ခန်း

လက်မောင်း ရှေ.သား ပြည်.ဖြိုး ကြီးထွားလာရုံနဲ. မပြီးပါဘူး။ လက်မောင်းရှေ.သား ကို ညှစ်ထုတ် ပြလိုက်ရင် လုံးတစ်ပြီး မောက်နေအောင် ကြွက်သား လှပဖို.အတွက်လည်း အရေးကြီးပါတယ်လို့ ပြောထားပြီး ပြိုင်ပွဲ ၀င်ခါနီး အဲဒီလို လက်မောင်း ရှေ.သားတွေ လုံးမောက်ပြီး လှပ ဖို.အတွက် လေ.ကျင်.ခန်းနှစ်မျိုး ကို ကစားပါတယ်—

(၁)ခါးကုန်းပြီး လက်မောင်း တစ်ဖက်ချင်း ဘားတိုနဲ. ညှစ်ကစားတဲ.လေ.ကျင်ခန်း

(concentration  dumbell curls)နှင်.

(၂)မတ်တတ်ရပ်လျှက် ပူလီကြိုး ကို လက်တစ်ဖက်ချင်းဆွဲပြီး လက်မောင်းကွေးခြင်း

(standing single arm cable curls)တို.ဖြစ်ပါတယ်။

လီဟန်နီရဲ.ထင်မြင်မှု

လီဟန်နီ လက်မောင်းနောက်သားတွေဟာ လက်မောင်းရှေ.သားထက်ပိုပြီး ကောင်းတာကို တွေ.ရပါမယ်။ အဲဒိအပေါ်မှာ လီဟန်နီရဲ. ထင်မြင်မှုက ကျွန်တော်အနေနဲ. ရင်အုပ်နဲ. ပခုံးကြွက်သားတွေကို အလေးများများနဲ. ကစားတဲ.အတွက် ကျွန်တော်ရဲ. လက်မောင်းနောက်သားတွေ ဟာ ပိုပြီးကောင်းလာတယ်လို. ထင်ပါတယ် လိုပြောခဲ.ပြီး ကျွန်တော်အနေနဲ. လက်မောင်း နောက်သား ကို ရိုးရိုးလေး နဲ. အခြေခံတွေ နဲ.ပဲ ကစားခဲ.တယ်။ လက်မောင်း တစ်ခုလုံးမှာ  နောက်သားက ရှေ. သား ထက် နှစ်ဆ ပိုကြီးပေမယ်. သူဟာ နောက်သားကိုလည်း ရှေ.သား လိုပဲ  လေ.ကျင်.ခန်းတစ်ခုကို (၄)ကျော.နဲ. (၃) ခု ဆို (၁၂) ကျော.ပဲ ကစားတယ်။ ပိုပြီးလည်း မကစားဘူး။ ဘာဖြစ်လို.လဲဆိုတော. ရင်အုပ်နဲ. ပခုံး ကြွက်သားတွေကို လေ.ကျင်တဲ.အခါမှာ  လက်မောင်း နောက်သား ကို ပါ ထိရောက်မှုရှိတယ်ဆိုတာ ကာယဗလ သမား တော်တော် များများ ဟာမသိကြဘူး။ အဲဒါကြောင်. သူတို.ဟာ လက်မောင်း နောက်သားတွေကို တစ်အား ဖိကစားကြတော. လေ.ကျင်.မှု လွန်ကဲပြီး ကြွက်သားထု မကြီးထွားတဲ. အပြင်လျှော.တောင် သွားစေတယ်လို. ဆို ပါတယ်။ လီဟန်နီဟာ လက်မောင်းနောက်သားကိုလည်း ရှေ.သား လိုပဲ အပိုင်းသုံးပိုင်း ခွဲပြီးကစားပါတယ်။ သူ.ရဲ. လေ.ကျင်.မှု အစီအစဉ်လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

လက်မောင်းရှေ.သားလေ.ကျင်.ခန်း

စဉ်         လေ.ကျင်.ခန်း                        အကြိမ်          အကျော.

(၁)      ဘားရှည် လက်မောင်းကွေး            ၆-၈                 ၎

(၂)    ခုံစောင်းတင် လက်မောင်းကွေး         ၆-၈                 ၎

(သို.)ပူလီ လက်မောင်းကွေး

(၃)   မတ်တတ်ရပ်လျက် ပူလီ                     ၈                    ၎

လက်မောင်းကွေး

(၁) ဘားရှည် လက်မောင်းကွေး

ဘားတို လက်မောင်းကွေး

(၂) ခုံစောင်းတင် လက်မောင်းကွေး

Concentration-curls

လက်မောင်းနောက်သားလေ.ကျင်.ခန်း

စဉ်             လေ.ကျင်ခန်း                     အကြိမ်                  အကျော.

(၁)   ပက်လက်အိပ် လက်မောင်း              ၈-၁၀                        ၎

နောက်သားဆန်.

(၂)   မတ်တတ်ရပ်လျက်ပူလီ                   ၈ -၁၀                       ၎

ခေါင်းနောက်ဆွဲဆန်.

(၃)လက်တစ်ဖက်ချင်း နောက်သားဆန်.     ၈-၁၀                       ၎

(သို.)စုံပူလီကြိုးဆွဲချ

(၁) ပက်လက်အိပ် လက်မောင်းနောက်သား ဆန့်

(၃) လက်တစ်ဖက်ချင်း နောက်သားဆန့်

စသည်တို.ဖြစ်ပြီး လီဟန်နီ က သူ.အရင်မောင်အိုလံပီယာတွေထဲမှာသူ.အကြိုက်ဆုံးလက်မောင်းသား အလှပိုင်ရှင်ကတော. အာနိုးဖြစ်တယ်လို. ပြောကြားထားပါတယ်။ ဘော်ဒါတို.ရော ဘယ်သူ. လက်မောင်းသား ကို အကြိုက်ဆုံးလဲဗျ။

တင်ဆက်သူ။  ။အောင်အောင်(aungaung.aung24@gmail.com)

Related posts:

  1. ကမ္ဘာ့ လက်မောင်း အကြီးဆုံးပိုင်ရှင် ဘယ်သူလဲ?
  2. ၈ ထပ်ကွန်း လီဟေနီ၏ ၀မ်းဗိုက်လေ့ကျင့်ခန်း
  3. လီဟေနီ ၏ လူသစ်များအတွက် ပေးသော အကြံညဏ် အပိုင်း(၁)
  4. လီဟေနီရဲ့ ပေါင်ကြွက်သား ကစားနည်း
  5. လီဟေနီ ၏ လူသစ်များအတွက် ပေးသော အကြံညဏ် အပိုင်း(၂)